ရန်ကုန်မြို့တွင် တိုက်ခန်းများထက် မီနီကွန်ဒိုများ အရောင်းသွက်နေ

ရန်ကုန်မြို့တွင် တိုက်ခန်းများထက် မီနီကွန်ဒိုများ အရောင်းသွက်နေ - Property News in Myanmar from iMyanmarHouse.com
17 Dec 2018 10:14 am တွင် တင်ခဲ့သည်
1681 ကြိမ် ကြည့်ရှု့ပြီး

လတ်တလော ရန်ကုန် အိမ်ခြံမြေဈေးကွက်တွင် တိုက်ခန်းများထက် မီနီကွန်ဒိုများက ပိုမိုအရောင်းဖြစ်နေသည်ဟု အိမ်ခြံမြေလုပ်ငန်းရှင်များက ပြောသည်။

လူနေထိုင်မှုအဆင့်အတန်း မြင့်မားလာသည်နှင့်အညီ အိမ်ရာဝယ်ယူသူများကလည်း ဓာတ်လှေကားဝန်ဆောင်မှု၊ အထွေထွေဝန်ဆောင်မှုများ ပါဝင်ပြီး ထိန်းသိမ်း မှုရှိသည့် မီနီကွန်ဒိုများကို ပိုမို စိတ်ဝင်စားလာသည်။

ရန်ကုန်မြို့ရှိ တိုက်ခန်းအများစုသည် မီနီကွန်ဒိုများနှင့် ဈေးနှုန်းအများအပြားကွာခြားမှုမရှိ သော်လည်း သက်တမ်းကြာလာသဖြင့် ပိုမိုဟောင်းနွမ်းလာပြီး ဝန်ဆောင်မှုများ မပါဝင်ခြင်းကြောင့် အဝယ်နည်းလာသည်ဟု စိုးစံလင်း အိမ်ခြံမြေဝန်ဆောင်မှု ကုမ္ပဏီလီမိတက်မှ ဒေါ်မေသူက ဆိုသည်။

လက်ရှိတွင် ဝယ်ယူသူများ က အထပ်နိမ့်တိုက်ခန်းအဟောင်း များ ဝယ်ယူမည့်အစား ဈေးနှုန်းတူညီသည့် ဝန်ဆောင်မှုပါဝင်သော အထပ်မြင့် မီနီကွန်ဒိုအခန်းများကို ဝယ်ယူရန် ပိုမိုရွေးချယ်သည်ဟု အိမ်ခြံမြေလုပ်ငန်းရှင်များက ပြောသည်။

‘‘အလွှာချင်းတူမယ်ဆိုရင် ဈေးက ပျမ်းမျှ ၂၀၀၊ ၃၀၀ လောက်ကွာမယ်။ ရိုးရိုးတိုက်ခန်းကို ပထမထပ်ဆိုရင် (၂၅ ပေ × ပေ ၅၀) ကို သိန်း ၁,၀၀၀၊ ၁,၅၀၀ ကြား သူတို့ (ပိုင်ရှင်)တွေက ရောင်းချင်တယ်။ မီနီကွန်ဒို ပထမထပ်ဆိုရင်လည်း ဈေးက သိပ်မကွာတော့ဘူး။ အဲဒီလောက်ဝန်းကျင်ပဲ ရှိတယ်။ အလွှာမြင့်ဆိုရင်တော့ နည်းနည်းကွာမယ်’’ဟု ရွှေဥဒေါင်းမင်း အိမ်ခြံမြေဝန်ဆောင်မှု မန်နေဂျာ ဒေါ်သင်းသင်းကဆိုသည်။

တိုက်ခန်းတွင် နေထိုင်ရသည်မှာ အဆင်မပြေပုံကို တောင်ဥက္ကလာပမြို့နယ်နေ ဒေါ်ယုယုအေးက ‘‘တိုက်ခန်းတွေက အထပ်နိမ့်တော့လည်း ပိုက်ဆံ မတတ်နိုင်ဘူး။ မြင့်တော့လည်း လူကြီးတွေအတွက် တက်ရတာ အဆင်မပြေဘူးလေ။ အဲဒါကြောင့် မီနီကွန်ဒိုတွေကို ပိုကြိုက်ပါတယ်’’ဟု ဆိုသည်။

စမ်းချောင်း၊ ကြည့်မြင်တိုင်၊ အလုံကဲ့သို့ Downtown မြို့နယ် များမှ မီနီကွန်ဒိုများကို ကျပ်သိန်း ၁,၀၀၀ မှ ၁,၅၀၀ အတွင်း ရောင်း ချနေပြီး တောင်ဥက္ကလာပမြို့နယ် တွင်မူ ကျပ်သိန်း ၈၀၀ ခန့်ရှိသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဒေါက်မြင့်ဖိနပ်စီးလိုသူများ အထူးပါမစ်လျှောက်ထားရသော ကယ်လီဖိုးနီးယားပြည်နယ်က မြို့လေး၊ ရေခဲမုန့်စားခြင်းကိုလည်း ထိုမြို့တွင် တားမြစ်ထား...

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရိုက်ရာ ခြင်မည်သို့ရှိသည်မသိရသော်လည်း တန်ဖိုးကြီး ရုပ်သံစက် ဆုံးရှုံးခဲ့ရပုံ...

တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု နာမည်ကြီးနေ...

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်ကျဲနေရာ အုတ်အော်သောင်းတင်းဖြစ်ကာ အနီးဝန်းကျင်ရှိ လူအုပ်ကြီးက ဝိုင်းဝန်းလုယက်ခဲ့ကြ...

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသည်ဟု သားပုပ်လေလွင့် စွပ်စွဲပြီး Facebook တွင် ဓာတ်ပုံများတင်ခဲ့ရာ ဒေါ်လာ ၁၀၀,၀၀၀ နစ်နာကြေးပေးလိုက်ရပုံ...

Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...

တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ

ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ

အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်

မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ

အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ

[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ

တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ

အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်

imyanmarmarket
The Rich Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service