ပြည်တွင်းရွှေဈေး ကျပ်တစ်သောင်းကျော် မြင့်တက်

ပြည်တွင်းရွှေဈေး ကျပ်တစ်သောင်းကျော် မြင့်တက် - Property News in Myanmar from iMyanmarHouse.com
23 Jul 2018 10:27 am တွင် တင်ခဲ့သည်
1935 ကြိမ် ကြည့်ရှု့ပြီး
ပြည်တွင်းရွှေဈေးသည် တစ်လကျော်အတွင်း ကျပ်တစ် သောင်းကျော်တက်လာပြီး ဇူလိုင် ၂၁ ရက်တွင် အခေါက်ရွှေတစ် ကျပ်သားလျှင် ကျပ် ၉၄၆,၀၀၀ ပေါက်ဈေးရှိလာသည်။

ပြည်တွင်းအခေါက်ရွှေဈေး သည် ဇွန်လ ၁၄ ရက်တွင် တစ် ကျပ်သားလျှင် ကျပ် ၉၃၅,၀၀၀ မှ တစ်လကျော်အတွင်း ကျပ်တစ် သောင်းကျော်မြင့်တက်လာခြင်း ဖြစ်သည်။

‘‘ကမ္ဘာ့ရွှေဈေးကျလို့ ပြည် တွင်းရွှေဈေးက ၉၄၀,၀၀၀ ကျော် မှာရှိနေတာပါ။ ကမ္ဘာ့ရွှေဈေးသာ ပုံမှန်ဆိုရင် အခုဒေါ်လာဈေး ၁,၄၀၀ ကျော်အရ ပြည်တွင်းရွှေ ဈေးက ၉၈၀,၀၀၀ ကျော်လောက် ရှိမှာပါ’’ ဟု တိတ်စိန်ရွှေဆိုင်ပိုင် ရှင်ဦးဇော်အောင်က ပြောသည်။

ဒေါ်လာပေါက်ဈေးသည်ဇွန် လ ၁၄ ရက်တွင် ပြင်ပပေါက်ဈေး ၌ အမြင့်ဆုံးတစ်ဒေါ်လာ ၁,၃၂၅ ကျပ်ပေါက်ဈေးရှိပြီး ဇူလိုင် ၂၁ ရက်၌ ၁,၄၂၅ ကျပ်ရှိသည်။ ထို့ကြောင့် တစ်လကျော်အတွင်း တစ်ဒေါ်လာလျှင် ၇၃ ကျပ်မြင့် တက်သည်။

ရွှေဈေးမြင့်တက်လာသော် လည်း မိုးတွင်းကာလဖြစ်၍ ရွှေ အရောင်းအ၀ယ်နည်းပါးကြောင်း အောင်သမာဓိရွှေဆိုင် အထွေ ထွေမန်နေဂျာဦးမော်က ပြော ကြားသည်။

ပြည်တွင်းရွှေဈေးကွက်တွင် လက်ရှိ၌ အရောင်းအ၀ယ်ပါးပြီး တိုင်းပြည်စီးပွားရေးမကောင်း၍ လက်ဝတ်ရတနာ အပါအ၀င် ရွှေဝယ်ယူမှုနည်းနေသည်ဟု ရွှေ ဆိုင်ပိုင်ရှင် ဦးမြိုင်ကပြောသည်။

‘‘ရွှေဝယ်တာများတဲ့တော သူတောင်သားတွေ လုပ်ငန်းခွင် ၀င်တဲ့ကာလလည်းဖြစ်တယ်။ ပွဲ လမ်းသဘင်နည်းတဲ့ကာလဖြစ် တော့ ရွှေဈေးကျပေမယ့်ဝယ်သူ မရှိဘူးဖြစ်နေတယ်’’ ဟု ၎င်းက ဆက်လက်ပြောသည်။

ကမ္ဘာ့ရွှေဈေးသည် ဇူလိုင် ၂၀ ရက်က တစ်အောင်စလျှင် ၁,၂၃၁ ဒသမ ၈၅ ဒေါ်လာဖြင့်ဈေး ပိတ်ခဲ့သည်။ ဇွန်လ ၁၄ ရက်တွင် ကမ္ဘာ့ရွှေဈေးတစ်အောင်စလျှင် ၁,၂၉၆ ဒသမ ၉ ဒေါ်လာရှိသည်။ ကမ္ဘာ့ရွှေဈေးလည်း တစ်လကျော် အတွင်း တစ်အောင်စလျှင် ၆၅ ဒေါ်လာကျဆင်းခဲ့သည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းနိုင်ငံရဲ့ ထိပ်တန်းလည်ပတ်ဖွယ်နေရာ အစည်းကားဆုံး အန်းဖဝ ရေပေါ်ဈေး

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လာခဲ့ပြီး Elon Musk ထက်ပင် နေ့ချင်းညချင်း ရုတ်တရက် ချမ်းသာသွားသည့် ဖြစ်ပုံ...

အမေရိကန်ပြည်တွင် စမတ်ဖုန်းနှင့် ဝိုင်ဖိုုင်အသုံးပြုခွင့် တားမြစ်ပိတ်ပင်ထားသော မြို့ငယ်လေးအကြောင်း...

စာဆိုတော်ကျူးယွမ်၊ ဝက်သားကောက်ညှင်းထုပ်နှင့် နဂါးလှေပွဲတော်တို့၏ ဒဏ္ဍာရီ (သို့မဟုတ်) မေလ ၃၁ ရက်တွင် ကျင်းပမည့် တရုတ်ရိုးရာ နဂါးလှေပွဲတော်အကြောင်း...

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဝေဖန်မှု မြင့်တက်လျက်ရှိ၊ သို့သော် လျှောက်ထားသူ ၁၉၀၀ ကျော်ရှိနေ...

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

သြစတေးလျမှ Virgin လေကြောင်းလိုင်း၏ စီအီးအိုဖြစ် ဆောင်ရွက်ခဲ့သော အမျိုးသမီးက ဒေါ်လာ ၁၇ သန်းဖြင့် ဝယ်ယူထားသည်မှာ လပိုင်းသာရှိသေးသည့် စံအိမ်ကြီးကို ဖြိုချရန် စီစဉ်...

စီရော်နယ်ဒိုအတွက် စံအိမ်သစ်ကြီးကို Veliz Arquitecto ဗိသုကာအဖွဲ့က ဒီဇိုင်းရေးဆွဲပေးထားပုံ

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင် ပြန်လည်သတိလည်လာသည့်ဖြစ်ရပ် ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီးနေ...

ပြင်သစ်နိုင်ငံတွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု၌ ဂရက်ဖိုက်သိုက်ကြီး ရှာဖွေတွေ့ရှိခဲ့သော ဆောက်လုပ်ရေးလုပ်သားများ ဆုကြေးငွေ ဒေါ်လာ သောင်းချီ ရရှိကြ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ

ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ

ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service