တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင် ပြန်လည်သတိလည်လာသည့်ဖြစ်ရပ် ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီးနေ

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင် ပြန်လည်သတိလည်လာသည့်ဖြစ်ရပ် ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီးနေ - Property News in Myanmar from iMyanmarHouse.com
28 May 2025 12:14 pm တွင် တင်ခဲ့သည်
3149 ကြိမ် ကြည့်ရှု့ပြီး

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးသည် လမ်းလျှောက်တတ်စ သမီးငယ်လေးကို အုပ်ထိန်းရင်း ကင်ဆာရောဂါခံစားနေရသော ဇနီးဖြစ်သူအား ယွမ် ၂ သန်း (ကန်ဒေါ်လာ ၂၈၀၀၀၀) အကုန်အကျခံ ကုသပေးနေပုံဖြစ်ရပ်မှာ ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူ သန်းပေါင်းများစွာ၏ နှလုံးသားကို လှုပ်ခတ်စေလျက် ရှိသည်။

(ဆက်စပ်သတင်း)

လူသားဆန်သော နှလုံးသားများ (သို့မဟုတ်) လေဖြတ်နေသော သားဖြစ်သူကို ၁၅ နှစ်တိုင်တိုင် ပြုစုစောင့်ရှောက်ခဲ့သူ ချွေးမလေးအား သနားသောကြောင့် ယောက္ခမများက သားကိုယ်စား ကွာရှင်းပြတ်စဲပေး

https://www.imyanmarhouse.com/news/read/1060117

တရုတ်ပြည်တောင်ပိုင်း ကွမ်ရှီးပြည်နယ်တွင် နေထိုင်သော အသက် ၃၀ အရွယ်ရှိ တိန့်ယိုထိုင်ဟူသော အမျိုးသားသည် ရဲ့မေဒီအမည်ရှိ မိန်းကလေးကို ၂၀၁၆ ခုနှစ်အတွင်း သူငယ်ချင်းတစ်ယောက်၏ မင်္ဂလာဆောင်တွင် တွေ့ကာ မြင်မြင်ချင်း ချစ်မိသွားခဲ့သည်။ တိန့်၏ မိဘများမှာ ၎င်းငယ်စဉ် ကလေးဘဝအရွယ်တွင် ကွာရှင်းခဲ့ကြပြီးနောက် ပြန်လည်အိမ်ထောင်ပြုခဲ့ကြသည်။

တိန့်သည် ငယ်စဉ်ကတည်းက ကျောင်းထွက်လိုက်ပြီး မြို့ကြီးပြကြီးသို့ သွားကာ အလုပ်လုပ်ခဲ့သည်။

တိန့်နှင့် ဆုံစည်းခဲ့သော မေဒီမှာ ဦးနှောက်တွင် အကျိတ်တွေ့ပြီးနောက် တက္ကသိုလ်မှ ကျောင်းထွက်ခဲ့သည်။

(▲ရဲ့မေဒီ အိပ်ယာထဲတွင် လဲနေစဉ် တိန့်နှင့် သမီးငယ် ဟန်ဟန်တို့က ကြည့်ရှု့စောင့်ရှောက်ခဲ့ကြသည်။ ဓာတ်ပုံ-Douyin)

မေဒီ ကင်ဆာရောဂါခံစားနေရမှန်း သိသော်လည်း တိန့်က ချစ်ရေးဆိုရန် ဆုံးဖြတ်ခဲ့သည်။

မေဒီက ကနဦးတွင် ငြင်းပယ်ခဲ့သည်။

သို့သော် တိန့်က မေဒီနှင့်အတူ ကင်ဆာကို ရင်ဆိုင်မည် ဖြစ်ကြောင်း ပြောခဲ့သောကြောင့် မေဒီက လက်ခံခဲ့သည်။

၂၀၁၉ ခုနှစ်တွင် လက်ထပ်ခဲ့ကြပြီး တိန့်က မေဒီအား “ကမ္ဘာပေါ်မှာ အကောင်းဆုံးနေ့ရက်တွေ ပိုင်ဆိုင်နိုင်အောင် စောင့်ရှောက်ပေးပါ့မယ်”ဟု ပြောဆိုခဲ့သည်။

၂၀၂၁ ခုနှစ်တွင် ဟန်ဟန်အမည်ရှိ သမီးလေး ထွန်းကားလာသည်။

ယင်းနောက် တစ်နှစ်အကြာတွင် မေဒီ၏ ဦးနှောက်အကျိတ် အခြေအနေမှာ ဆိုးရွားလာခဲ့သည်။

မေဒီက သတိမေ့မြော မသွားမီတွင် တိန့်ကို ပြောခဲ့သည်မှာ ကုသမှုစရိတ် တတ်နိုင်မည် မဟုတ်သောကြောင့် မိမိအား ဆေးမကုဘဲ ပြစ်ထားလိုက်ရန် ပြောဆိုခဲ့သည်။

(▲မေဒီမှာ သေမင်း၏ လက်အတွင်းသို့ သက်ဆင်းလု အခြေစိုက်ခဲ့သော်လည်း တိန့်က အသက် ပြန်လုပေးခဲ့ကာ နောက်ဆုံးတွင် မေဒီမှာ လမ်းပြန်လျှောက်နိုင်ခဲ့သည်။ ဓာတ်ပုံ-Douyin)

မေဒီမှာ ဦးနှောက်အကျိတ် ၂ ကြိမ်ခွဲစိတ်မှု ပြီးသည့်တိုင် vegetative state (နိုးထနေသော်လည်း သတိမရှိသည့် အခြေအနေ ) ရှိနေပြီး ဆရာဝန်တို့က မိမိတို့ လက်လျှော့ပြီဖြစ်ကြောင်း ပြောခဲ့သည်။

တိန့်လည်း လက်လျှော့ရလု နီးပါး ခံစားခဲ့ရသည်။

မေဒီကို အိမ်ပြန်ခေါ်လာခဲ့သည်။

ဆရာဝန် လက်လျှော့လိုက်ပြီးဖြစ်သောကြောင့် ဆွေမျိုးများက နောက်ဆုံးအနေဖြင့် နှုတ်ဆက်ရန် ရောက်လာကြသည်။

သမီးလေး ဟန်ဟန်က မိခင်ဖြစ်သူကြီးအား ပါးကို နမ်းကာ နှုတ်ဆက်သည်။

တိန့်က ထိုမြင်ကွင်းကို ဗွီဒီယို ရိုက်ကူးထားခဲ့ပြီး လူမှုကွန်ရက်တွင် တင်ခဲ့ရာ ဂယက်ရိုက် ပြန့်နှံ့သွားခဲ့ကာ များစွာသော သူတို့က အားပေး ဆုတောင်းစကားပြောခြင်း၊ ငွေလှူဒါန်းခြင်းများ ပြုလုပ်ခဲ့ကြသည်။

သို့သော် တိန့်က လက်မလျှော့သေး။

မေဒီကို ဆေးရုံသို့ ပြန်ခေါ်သွားခဲ့သည်။

ယင်းနောက် ၃ လအကြာတွင် မေဒီမှာ အံ့အားသင့်ဖွယ် သတိပြန်လည်လာသည်။

ယင်းနောက် ၂ လ အကြာတွင် စကားပြန်ပြောလာသည်။

မေဒီ စကားပြောနိုင်ချိန်တွင် တိန့်ကို ပထမဆုံး ပြောသည်မှာ ရှဲရှဲ (ကျေးဇူးတင်ပါတယ်) ဟု ဖြစ်သည်။

တိန့်သည် မေဒီကို စောင့်ရှောက်ရန်အတွက် အလုပ်မှ နှုတ်ထွက်ခဲ့သည်။

မေဒီနှင့် နေ့တိုင်း လမ်းကူလျှောက်ပေးသည်။

ထို့အပြင် မကြာခဏ သီချင်းဆိုပြ၊ ကပြသည်။

(▲အိမ်အလုပ်များ ကူလုပ်နေသော သမီးငယ်လေးကို မေဒီက စောင့်ကြည့်နေပုံ။ ဓာတ်ပုံ-Douyin)

ယခုအခါ မေဒီမှာ မိမိဘာသာ လမ်းလျှောက်နိုင်နေပြီ ဖြစ်ပြီး လမ်းဘေးဈေးဆိုင်တစ်ခုပေါ်တွင် စီမံကွပ်ကဲပေးနေသည်။

တိန့်တို့ ဇနီးမောင်နှံ၏ လူမှုကွန်ရက်အကောင့်များမှာ Follower ၂ သန်းနီးပါး ရှိသည်။ ၎င်းတို့သည် Live လွှင့် ဈေးရောင်းခြင်းဖြင့် ရပ်တည်ကြသည်။

လူမှုကွန်ရက် သုံးစွဲသူတစ်ဦးက မှတ်ချက်ပြုသည်မှာ “ကျန်းမာပေမဲ့ မပျော်ရွှင်တဲ့ စုံတွဲတွေ အများကြီး ရှိပါတယ်။ ဒီနှစ်ယောက်ကတော့ ဒုက္ခတွေ အများကြီး ရင်ဆိုင်ရပေမယ့် ချစ်ခြင်းတွေ မျှော်လင့်ချက်တွေ အပြည့်နဲ့ ရှင်သန် နေထိုင်ကြတယ်”ဟု ဆိုသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com 

Ref: Chinese husband sings, dances for vegetative wife every day, finally awakening her Photo Credit-Douyin

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...
အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော
အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
Emerald Bay Condo
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service