ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး

ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး - Property News in Myanmar from iMyanmarHouse.com
21 Jul 2025 11:00 am တွင် တင်ခဲ့သည်
296 ကြိမ် ကြည့်ရှု့ပြီး

အိန္ဒိယနိုင်ငံ ဒေလီမြို့၏ လမ်းများမှာ ကြက်ပျံမကျ စည်ကားလှသည်။ သို့သော် တစ်ခုသောနေရာတွင်မူ သစ်ရိပ်ဝါးရိပ်တို့ဖြင့် အုပ်ဆိုင်းမှောင်မိုက်သော နေရာတစ်ခုရှိနေပြီး အကာလညအခါများတွင် သဘာဝလွန်ဖြစ်ရပ်ဆန်းများ ပေါ်ပေါက်လေ့ရှိသည်။

ဒေလီမြို့မှ ဒွါရ်ကာ အပိုင်း ၉ ခုခေါ်သော ဒေသတွင် ရထားဘူတာအနီး၌ နတ်ကွန်းတစ်ခု တွေ့ရမည်ဖြစ်သည်။

ဒေသခံများစွာ၏ပြောဆိုမှုအရ ဘူတာကြီးမှာလည်း သရဲခြောက်သည်ဟုဆိုသည်။

ထို့ထက်ဆိုရလျှင် ထိုဒေသဝန်းကျင်မှာ သရဲအလွန်ခြောက်သောဒေသဖြစ်သည်ဟုဆိုလျှင် ပိုမိုပြည့်စုံမည်။

နတ်ကွန်း၏ အပြင်ဘက်တွင် သရဲအလွန်ခြောက်သည်ဟု နာမည်ကြီးနေသော ဗောဓိညောင်ပင်ကြီးရှိနေသည်။

ဗောဒိညောင်သည် ဟိန္ဒူနှင့် ဗုဒ္ဓဘာသာတို့တွင် အထွတ်အမြတ်ထားသော အပင်ဖြစ်သည်။

ဟိန္ဒူတွင် ဗောဓိညောင်သည် ဗိဿနိုး၊ သိဝနှင့် ဗြဟ္မာမင်းတို့၏ ဗိမာန်ဖြစ်သည်ဟု ယုံကြည်ကြပြီး ဗုဒ္ဓဘာသာတွင်လည်း ဂေါတမဗုဒ္ဓသည် ဗောဓိညောင်ကို အမှီပြုကာ ဘုရားဖြစ်ခဲ့ခြင်းဖြစ်သည်။

အိန္ဒိယ ခရီးသွားဘလော့ဂါတစ်ဦးဖြစ်သူ နကူးလ် ချာဘရား ဒီဟာဘီက သရဲခြောက်သော ဗောဓိညောင်ပင်ကြီးကို ဗွီဒီယိုရိုက်ကူးကာ သရဲခြောက်ခံရပုံဖြစ်ရပ်များအကြောင်း ပြောပြခဲ့ကာ အင်စတာဂရမ်တွင် မျှဝေခဲ့ရာ အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ရိုက်ပျံ့နှံ့နေသည်။

(▲ Dwarka Sector 9 ဘူတာမှာလည်း သရဲခြောက်သည်။ သရဲခြောက်သော အဓိကနေရာမှာမူ ဗောဓိညောင်ပင်ကြီးဖြစ်သည်။ ဓာတ်ပုံ- Source: Wikimedia)

ဗောဓိညောင်နှင့် ပတ်သက်သည့် ယုံတမ်းစကားတစ်ခုရှိသည်။

ဗောဓိညောင်ပင်အောက်တွင် အိပ်လျှင် ညဘက်၌ သရဲမြင်ရသည်ဟုဆိုသည်။ ထိုအချက်မှာ ယခုဗောဓိညောင်ပင်ကြီးတစ်ခုအတွက်သာ မဟုတ်ချေ။

သက်တမ်းရင့် ဗောဓိညောင်ပင် များစွာတွင် သရဲဇာတ်လမ်းကိုယ်စီရှိနေသည်။

((အသတ်ခံရသော ကျောင်းသူလေး))

ဒေသခံတို့၏ ပြောကြားမှုများအရ ဘူတာရုံကြီး သရဲခြောက်ခြင်းမှာ အသတ်ခံရသော ကျောင်းသူလေးတစ်ဦးနှင့် ဆက်နွှယ်နေသည်ဟု ဆိုသည်။

၂၀၀၄ ခုနှစ်အတွင်း ကျောင်းသူလေးတစ်ဦးသည် ဘူတာရုံသို့လာစဉ် ကားတိုက်ခံရကာ သေဆုံးသွားပြီးနောက်ပိုင်း သရဲခြောက်သည့်ဖြစ်ရပ်များ ပေါ်ပေါက်လာခြင်းဖြစ်သည်ဟု ဆိုကြသည်။

ကြုံတွေ့ခဲ့ရသူတစ်ဦး၏ ပြောပြချက်အရမူ ခြောက်လှန့်သောသရဲမှာ ကျောင်းသူလေးမဟုတ်ဘဲ အသက်ကြီးပိုင်း အမျိုးသမီးတစ်ဦးဖြစ်ပြီး အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသည်ဟု ဆိုသည်။

ထိုအမျိုးသမီးကို ဘူတာအနီး လမ်းအလယ်တွင် တွေ့ရပြီး ရုတ်တရက်ပျောက်ကွယ်သွားသည်ဟု ဆိုသည်။

ထိုနေရာတွင် လမ်းဖောက်စဉ်က ကန်ထရိုက်တာတစ်ဦး ကြုံရသည့်အဖြစ်တစ်ခုလည်း ရှိသည်။

ထိုသူက လမ်းနှင့် မလွတ်သည့် ဗောဓိညောင်ကို ခုတ်လှဲလိုနေသည်။ ၎င်းအမျိုးသားကို အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသော အမျိုးသမီးက အိပ်မက်ထဲတွင် လာရောက်ခြောက်လှန့်ခဲ့သည်ဟု ဆိုသည်။

ဆောက်လုပ်ရေးလုပ်သားများလည်း ခြောက်လှန့်ခံရမှုများ ရှိလာနေရာ ဗောဓိပင်ကြီးကို မခုတ်ဘဲထားရန် ဆုံးဖြတ်လိုက်ပြီး ဗောဓိပင်အနီးတွင် နတ်ကွန်းတစ်ခု ဆောက်လုပ်ပေးခဲ့ကြသည်။

(▲ သရဲခြောက်သော ဗောဓိညောင်ပင်ကြီး)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: This Tree In Delhi’s Dwarka Sector 9 Is ‘Haunted’. Beneath Its Concrete Base Lies A Buried...

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service