MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ် - Property News in Myanmar from iMyanmarHouse.com
28 Jul 2025 10:27 am တွင် တင်ခဲ့သည်
1377 ကြိမ် ကြည့်ရှု့ပြီး

မလေးရှားတွင် ကွန်ဒိုတစ်ခု၏ လုံခြုံရေးဝန်ထမ်းက MMA လက်ဝှေ့သမားကို ရန်သွားစသည့် ဖြစ်ရပ်တစ်ခု ပေါ်ပေါက်ခဲ့သည်။

အဆိုပါ ကွန်ဒိုလုံခြုံရေးသည် လူမိုက်ဆန်ဆန် ပြုမူနေသူ ဖြစ်သည်ဟု ဆိုသည်။

ကွန်ဒို အဆောက်အအုံပြင်ပတွင် ၎င်းတို့နှစ်ဦး ဖြစ်ပွားခဲ့သောရန်ပွဲကို ရိုက်ကူးထားသည့် ဗွီဒီယိုဖိုင်မှာ မလေးရှား လူမှုကွန်ရက် သုံးစွဲသူတို့ကြား ဟိုးလေးတကြော် ဖြစ်နေသည်။

လူမှုကွန်ရက်တွင် ပျံ့နှံ့နေသော ဗွီဒီယိုတွင် တွေ့ရမှုအရ ကွန်ဒိုလုံခြုံရေးနှင့် MMA လက်ဝှေ့သမားတို့ စကားအချေအတင်ဖြစ်ကြရာမှတဆင့် ထိုးကြိတ်သည့်အခြေအနေသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

ဇူလိုင် ၁၀ ရက် ညပိုင်းတွင် ဖြစ်ပွားခဲ့သော အဆိုပါဖြစ်ရပ်နှင့် ပတ်သက်ပြီး အသက် ၂၂ နှစ်အရွယ် MMA အပျော်တမ်းလက်ဝှေ့သမား တိုနီလင်းက သတင်းမီဒီယာများသို့ ပြောပြခဲ့သည်။

((ကွန်ဒိုလုံခြုံရေးမှာ ကွန်ဒိုတွင်နေထိုင်သူ အခြားတစ်ဦးကို ကိုယ်ထိလက်ရောက်ထိုးကြိတ်ဖူး))

တိုနီလင်း၏ ပြောပြချက်အရ မိမိနှင့်ဖြစ်ပွားခဲ့သူမှာ မလေးရှားနိုင်ငံ၊ ဆလင်ဂေါပြည်နယ်တွင် မိမိနေထိုင်သော ကွန်ဒို လုံခြုံရေးအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း ပြောသည်။

မိမိနှင့် ထိပ်တိုက်မတွေ့မီ ရက်ပိုင်းအလိုက ယခုလုံခြုံရေးသည် ကွန်ဒိုတွင် နေထိုင်သော အခြားတစ်ဦးကို ထိုးကြိတ်ခဲ့ဖူးကြောင်း တိုနီလင်းက ပြောသည်။

MMA ဖိုက်တာက ဗွီဒီယိုရိုက်ထားသည့် ကိစ္စနှင့် ပတ်သက်ပြီး လုံခြုံရေးက ခြိမ်းခြောက်စကားပြောခဲ့ပြီးနောက် အပြင်ထွက်ကာ စာရင်းရှင်းမည်ဟု MMA လက်ဝှေ့သမားကို ပြောခဲ့သည်။

၎င်းတို့နှစ်ဦး အခြေအတင်ဖြစ်နေပုံကို တိုနီလင်းနှင့်အတူပါလာသော ချစ်သူမိန်းကလေးက ဗွီဒီယိုရိုက်ထားခဲ့ခြင်းဖြစ်သည်။

တိုနီလင်းက ပြောသည်မှာ ယခုပြဿနာကို ထိုးကြိတ်ဖြေရှင်းရန် ရည်ရွယ်ချက်မရှိခဲ့ဘဲ ညှိနှိုင်းဆွေးနွေးမှု လုပ်ရန်သာ လိုလားခဲ့ကြောင်း၊ သို့သော် လုံခြုံရေးဝန်ထမ်းက အတင်းလိုက်လံ ရန်ရှာနေသောကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“လမ်းပေါ် ရန်ဖြစ်တာတွေကု ကျွန်တော် အားမပေးပါဘူး။ ဒါပေမယ့် ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ လိုအပ်လာတဲ့အချိန်မှာ ကိုယ့်ကိုယ်ကို ကာကွယ်ရမှာပဲ ဖြစ်ပါတယ်” ဟု တိုနီလင်းက ပြောသည်။

တိုနီလင်းသည် ကွန်ဒိုရှေ့ ပန်းခြုံထဲသို့ လုံခြုံရေးဝန်ထမ်းကို တွန်းလှဲလိုက်ပြီး အပေါ်မှ တက်ခွထားကာ လက်နှစ်ဘက်ကို ချုပ်ထားခဲ့သည်။

ထိုအချိန်တွင် အခြားလုံခြုံရေးဝန်ထမ်းများရောက်လာကာ တိုနီလင်းကို ဆွဲကြသည်။

ထို့နောက် လုံခြုံရေး ဝန်ထမ်း ပြန်ထလာပြီး တိုနီလင်းကို လိုက်လံရန်ပြုပြန်သည်။

ထိုအခါ တိုနီလင်းက ညာဖြောင့်လက်သီးတစ်ချက်ထိုးလိုက်ရာ လုံခြုံရေးမှာ ပစ်လဲကျသွားပြီး ခေါင်းနှင့် သံတိုင်တို့ တိုက်မိကာ ဒိန်ကနဲ အသံကြားလိုက်ရသည်။

ရန်မဖြစ်လိုသောကြောင့် ယခုနေရာမှ ထွက်ပြေးသွားရန်လည်း မဖြစ်နိုင်ကြောင်း၊ အဘယ်ကြောင့်ဆိုလျှင် ချစ်သူမိန်းကလေး ပါလာသောကြောင့်ဖြစ်ကြောင်း တိုနီလင်းက ရှင်းပြသည်။

ရန်ပွဲပြီးသောအခါ နှစ်ဦးလုံး ရဲစခန်းသို့ သွားခဲ့ကြပြီး ရဲစခန်းသို့ ရောက်ချိန်တွင် ပြဿနာကို ငြိမ်းချမ်းစွာ ဖြေရှင်းခဲ့ကြကြောင်း တိုနီလင်းက ပြောသည်။

“ကျွန်တော်တို့ လက်ဆွဲနှုတ်ဆက်ခဲ့ကြပါတယ်။ ဗွီဒီယိုဖျက်ပေးမယ်ဆိုတဲ့ စကားနဲ့ အမှုပိတ်သိမ်းခဲ့တယ်”

သို့သော် ကံမကောင်းစွာဖြင့်ပင် အဆိုပါဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက် ပျံ့နှံ့နေခဲ့ပြီး ဖြစ်သည်။

တိုနီလင်းက လုံခြုံရေးအပေါ် လှောင်ပြောင်ခြင်း မလုပ်ကြပါရန် လူမှုကွန်ရက်သုံးစွဲသူတို့အား တောင်းဆိုထားပြီး ကွန်ဒိုလုံခြုံရေးအဖွဲ့တွင်လည်း အဆိုပါလုံခြုံရေးဝန်ထမ်းမရှိတော့ကြောင်း ပြောပြသည်။

လုံခြုံရေး အမျိုးသား၏ အမည်မှာ မူဟာမက် အက်ဒ်နီဇမ်ဟု သိရပြီး အသက် ၂၄ နှစ်အရွယ်ဖြစ်သည်ဟု ဆိုသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: MMA fighter knocks out Malaysia security guard outside condo after alleged provocation

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service