လူသားဆန်သော နှလုံးသားများ (သို့မဟုတ်) လေဖြတ်နေသော သားဖြစ်သူကို ၁၅ နှစ်တိုင်တိုင် ပြုစုစောင့်ရှောက်ခဲ့သူ ချွေးမလေးကို သနားသောကြောင့် ယောက္ခမများက သားကိုယ်စား ကွာရှင်းပြတ်စဲပေး

လူသားဆန်သော နှလုံးသားများ (သို့မဟုတ်) လေဖြတ်နေသော သားဖြစ်သူကို ၁၅ နှစ်တိုင်တိုင် ပြုစုစောင့်ရှောက်ခဲ့သူ ချွေးမလေးကို သနားသောကြောင့် ယောက္ခမများက သားကိုယ်စား ကွာရှင်းပြတ်စဲပေး - Property News in Myanmar from iMyanmarHouse.com
29 Mar 2023 11:13 am တွင် တင်ခဲ့သည်
1370 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

တရုတ်ပြည်အရှေ့မြောက်ပိုင်းတွင် သက်ကြီးရွယ်အို ဘိုးဘွားစုံတွဲတစ်တွဲက ၎င်းတို့၏ သားနှင့် ချွေးမဖြစ်သူ တို့၏ အိမ်ထောင်ရေးကို အဆုံးသတ်စေရန် ဥပဒေကြောင်းအရ လျှောက်ထားတင်ပြမှုတစ်ရပ် ပြုလုပ်ခဲ့သည်။

ထိုဘိုးဘွားတို့၏ သားဖြစ်သူသည် လွန်ခဲ့သော ၁၅ နှစ်လုံးလုံး vegetative state ဟုခေါ်သော နိုးနေ သော်လည်း အသိမရှိမှု ဝေဒနာမျိုး ခံစားနေခဲ့ရသည်။

 

(မှတ်ချက်။ ဦးနှောက်ထိခိုက်ဒဏ်ရာရခြင်း၊ ဦးနှောက်သွေးမလျှောက်ခြင်း (လေဖြတ်ခြင်း)၊ ဦးနှောက်ရောင် ရောဂါများ ဖြစ်ပြီး သတိလစ်သွားရာမှ ပြန်လည်နိုးကြားလာချိန်တွင် အသိမရှိတော့သူများအဖြစ် ရာသက်ပန် ဖြစ်သွားတတ်သည့် အခြေအနေကို vegetative state ဟု ခေါ်သည်။)

ထို့ကြောင့် ဘိုးဘွားတို့က အသိမဲ့နေသောသားမှာ ချွေးမအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေလိုတော့ကြောင်း ပြောသည်။

ယခုလ အစောပိုင်းတွင် တရုတ်ပြည်၊ ကျီလင်းပြည်နယ်မှ တရားရုံးတစ်ခုက ဘိုးဘွားတို့တင်ပြလာသော ကွာရှင်းပြတ်စဲခွင့်ကို ကြားနာခဲ့ကြသည်။

အဆိုပါဘိုးဘွားတို့သည် လျိုဟု အမည်ရသော သားဖြစ်သူ၏ တရားဝင်အုပ်ထိန်းခွင့်ရသူများလည်း ဖြစ်ကြောင်း Jiupai News သတင်းဌာနက ဖော်ပြသည်။

လျိုသည် မျိုးရိုးအမည် ကျန်းဟု အမည်ရသော မိန်းကလေးနှင့် ၂၀၀၂ ခုနှစ်တွင် လက်ထပ်ခဲ့ပြီး ထိုနှစ်အတွင်း တွင်ပင် သမီးတစ်ဦး ထွန်းကားခဲ့သည်။

၂၀၀၈ ခုနှစ်တွင် လျိုသည် ရောဂါတစ်မျိုးကြောင့် vegetative state အခြေအနေသို့ ရောက်ရှိသွားသည်။

ထိုသတင်းဌာန၏ သတင်းတွင်မူ မည်သည့်ရောဂါဖြစ်သည်ကို ဖော်ပြခြင်း မရှိချေ။

ခင်ပွန်းဖြစ်သူ၏ ကျန်းမာရေးအခြေအနေကြောင့် မိသားစုကို ထောက်ပံ့ရန်အတွက် ကျန်းသည် အနီးရှိ မြို့တစ်မြို့သို့ သွားရောက်ကာ အလုပ်လုပ်ကိုင်ခဲ့ရသည်။

အိပ်ယာထဲလဲနေသော ခင်ပွန်းဖြစ်သူကိုမူ သူ၏ မိဘများက စောင့်ရှောက်ကာ ဇာတိမြို့တွင် ကျန်ရစ်ခဲ့သည်။

 

(၎င်းတို့မိသားစု၏ အခြေအနေကို စုံစမ်းစစ်ဆေးပြီးနောက်ပိုင်း တရားရုံးက ဘိုးဘွားတို့တင်ပြသော သားဖြစ်သူနှင့် ချွေးမတို့ ကွာရှင်းပြတ်စဲခွင့်ကို သဘောတူခဲ့သည်။ Photo: Weibo)

 

လျို၏ မိဘများက ပြောသည်မှာ သားဖြစ်သူ၏ ကျန်းမာရေးအခြေအနေမှာ မကြာသေးမီနှစ်များအတွင်း ပိုမိုဆိုးရွားလာနေကြောင်း၊ သားဖြစ်သူကြောင့် ချွေးမကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေလိုတော့သဖြင့် ၎င်းတို့၏ အိမ်ထောင်ရေးကို အဆုံးသတ်စေလိုကြောင်း ပြောသည်။

“ချွေးမလေးရေ … ကျေးဇူးပြုပြီး သွားပါတော့ကွယ်။ သမီးက ငယ်သေးတယ်။ တို့မြေးလေးလည်း အရွယ်ရောက်နေပြီ မဟုတ်လား။ သမီးကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်တော့ပါဘူးကွယ်။”ဟု ဘိုးဘွားစုံတွဲက ကျန်းကို ပြောသည်။

လျိုတို့ မိသားစု၏ နောက်ခံအခြေအနေများကို စုံစမ်းစစ်ဆေးပြီးနောက်ပိုင်း ကွာရှင်းပြတ်စဲရန် တင်ပြမှုကို တရားရုံးက ခွင့်ပြုခဲ့သည်။ ကွာရှင်းပြတ်စဲမှု သဘောတူညီချက်တွင် အနာဂတ်၌ ဘိုးဘွားများ အိုမင်းမစွမ်းဖြစ်လာပါက ကျန်းက ပြုစုစောင့်ရှောက်မည် ဖြစ်ကြောင်း သဘောတူထားသည်။

ကျန်းတို့ မိသားစု၏ အဖြစ်အပျက်သည် တရုတ်ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများအကြား ပျံ့နှံ့ခဲ့ပြီး Douyin လူမှုကွန်ရက်တွင် ဖတ်ရှုမှု အကြိမ်ရေ ၄ သန်းနှင့် Weibo လူမှုကွန်ရက်တွင် ဖတ်ရှုမှုအကြိမ်ရေ ၂ သန်းအထိ ရှိခဲ့သည်။

“သူတို့လိုမျိုး ယောက္ခမ မိဘတွေအားလုံးကို လေးစားမိပါတယ်။ အသိမဲ့နေတဲ့ လူတစ်ယောက်နဲ့ ဆယ်နှစ်ကျော် နေနိုင်တဲ့လူ ဘယ်လောက်ရှိလို့လဲ။ ဒီမိန်းကလေးရော သူရဲ့ယောက္ခမတွေရော စိတ်ကောင်းနှလုံးကောင်းရှိကြတယ်။ သူရဲ့ခင်ပွန်းဖြစ်သူ ပြန်လည်ကျန်းမာလာစေဖို့ ဆုတောင်းပါတယ်။ ဒီမိန်းကလေးလည်း ကံကောင်းပါစေလို့ ဆုတောင်းပါတယ်။”ဟု လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက မှတ်ချက်ပြုသည်။

 

(တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် ဥပဒေရေးရာ အမှုများနှင့် အလွန်ချစ်ခင်ကြသော စုံတွဲတို့ အကြောင်းများမှာ မကြာခဏ ဂယက်ရိုက်လေ့ရှိသည်။ ဓာတ်ပုံ- Getty Images)

 

“ဒီလိုကြင်နာတတ်တဲ့ မိန်းမမျိုးရတာ ဒီလူကံကောင်းပါတယ်”ဟု အခြားသူတစ်ဦးက မှတ်ချက်ပြုသည်။

မိမိတို့၏ မကျန်းမာသော အိမ်ထောင်ဖက်များကို ပြုစုစောင့်ရှောက်ကြသည့် ဇာတ်လမ်းများမှာ တရုတ်ပြည်မကြီးရှိ လူမှုကွန်ရက်သုံးစွဲသူများ၏ နှလုံးသားများကို မကြာခဏ ကိုင်လှုပ်လေ့ရှိသည်။

တရုတ်ပြည်တောင်ပိုင်း ဟူနန်ပြည်နယ်တွင် မသန်စွမ်းဖြစ်သွားသည့် ဇနီးဖြစ်သူကို နှစ်ပေါင်း ၃၀ ကျော် ပြုစုစောင့်ရှောက်ခဲ့သော အမျိုးသားတစ်ဦးအား ဒေသတွင်း အာဏာပိုင်အဖွဲ့က ဆုချီးမြှင့်မှုများပြုလုပ်ခဲ့ဖူးသည်။

၁၉၈၀ ပြည့်လွန်ကာလများအတွင်း ဓားကိုင်လုယက်သူများကြောင့် သူ၏ ဇနီးမှာ အပြင်းအထန် ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။

တရုတ်ပြည် အနောက်တောင်ပိုင်းတွင်လည်း အက်ဆီးဒင့်တစ်ခုကြောင့် လေဖြတ်သွားသည့် ခင်ပွန်းဖြစ်သူကို နှစ်ပေါင်း ၄၀ နီးပါး ပြုစုစောင့်ရှောက်ခဲ့သည့် အမျိုးသမီးတစ်ဦးအား ပြည်သူများက ချီးမွမ်းဂုဏ်ပြုခဲ့ကြသည်။

ထိုအမျိုးသမီးက အချိန်ပိုင်းအလုပ်များလုပ်ကာ မိသားစုကို ထောက်ပံ့ခဲ့ခြင်း ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

Ref: Can’t be a burden any longer’: Chinese parents file divorce on behalf of paralysed son to ‘free’ his devoted wife after 15 years of caring for him (scmp)

 

 

 

 

[Zawgyi]

လူသားဆန္ေသာ ႏွလံုးသားမ်ား (သို႔မဟုတ္) ေလျဖတ္ေနေသာ သားျဖစ္သူကို ၁၅ ႏွစ္တိုင္တိုင္ ျပဳစုေစာင့္ေရွာက္ခဲ့သူ ေခၽြးမေလးကို သနားေသာေၾကာင့္ ေယာကၡမမ်ားက သားကိုယ္စား ကြာရွင္းျပတ္စဲေပး

 

တရုတ္ျပည္အေရွ႕ေျမာက္ပိုင္းတြင္ သက္ၾကီးရြယ္အို ဘိုးဘြားစံုတြဲတစ္တြဲက ၎တို႔၏ သားႏွင့္ ေခၽြးမျဖစ္သူ တို႔၏ အိမ္ေထာင္ေရးကို အဆံုးသတ္ေစရန္ ဥပေဒေၾကာင္းအရ ေလွ်ာက္ထားတင္ျပမႈတစ္ရပ္ ျပဳလုပ္ခဲ့သည္။

ထိုဘိုးဘြားတို႔၏ သားျဖစ္သူသည္ လြန္ခဲ့ေသာ ၁၅ ႏွစ္လံုးလံုး vegetative state ဟုေခၚေသာ ႏိုးေန ေသာ္လည္း အသိမရွိမႈ ေဝဒနာမ်ဳိး ခံစားေနခဲ့ရသည္။

 

(မွတ္ခ်က္။ ဦးေႏွာက္ထိခိုက္ဒဏ္ရာရျခင္း၊ ဦးေႏွာက္ေသြးမေလွ်ာက္ျခင္း (ေလျဖတ္ျခင္း)၊ ဦးေႏွာက္ေရာင္ ေရာဂါမ်ား ျဖစ္ျပီး သတိလစ္သြားရာမွ ျပန္လည္ႏိုးၾကားလာခ်ိန္တြင္ အသိမရွိေတာ့သူမ်ားအျဖစ္ ရာသက္ပန္ ျဖစ္သြားတတ္သည့္ အေျခအေနကို vegetative state ဟု ေခၚသည္။)

ထို႔ေၾကာင့္ ဘိုးဘြားတို႔က အသိမဲ့ေနေသာသားမွာ ေခၽြးမအတြက္ ဝန္ထုပ္ဝန္ပိုးမျဖစ္ေစလိုေတာ့ေၾကာင္း ေျပာသည္။

ယခုလ အေစာပိုင္းတြင္ တရုတ္ျပည္၊ က်ီလင္းျပည္နယ္မွ တရားရံုးတစ္ခုက ဘိုးဘြားတို႔တင္ျပလာေသာ ကြာရွင္းျပတ္စဲခြင့္ကို ၾကားနာခဲ့ၾကသည္။

အဆိုပါဘိုးဘြားတို႔သည္ လ်ဳိဟု အမည္ရေသာ သားျဖစ္သူ၏ တရားဝင္အုပ္ထိန္းခြင့္ရသူမ်ားလည္း ျဖစ္ေၾကာင္း Jiupai News သတင္းဌာနက ေဖာ္ျပသည္။

လ်ဳိသည္ မ်ဳိးရိုးအမည္ က်န္းဟု အမည္ရေသာ မိန္းကေလးႏွင့္ ၂၀၀၂ ခုႏွစ္တြင္ လက္ထပ္ခဲ့ျပီး ထိုႏွစ္အတြင္း တြင္ပင္ သမီးတစ္ဦး ထြန္းကားခဲ့သည္။

၂၀၀၈ ခုႏွစ္တြင္ လ်ဳိသည္ ေရာဂါတစ္မ်ဳိးေၾကာင့္ vegetative state အေျခအေနသို႔ ေရာက္ရွိသြားသည္။

ထိုသတင္းဌာန၏ သတင္းတြင္မူ မည္သည့္ေရာဂါျဖစ္သည္ကို ေဖာ္ျပျခင္း မရွိေခ်။

ခင္ပြန္းျဖစ္သူ၏ က်န္းမာေရးအေျခအေနေၾကာင့္ မိသားစုကို ေထာက္ပံ့ရန္အတြက္ က်န္းသည္ အနီးရွိ ျမိဳ႕တစ္ျမိဳ႕သို႔ သြားေရာက္ကာ အလုပ္လုပ္ကိုင္ခဲ့ရသည္။

အိပ္ယာထဲလဲေနေသာ ခင္ပြန္းျဖစ္သူကိုမူ သူ၏ မိဘမ်ားက ေစာင့္ေရွာက္ကာ ဇာတိျမိဳ႕တြင္ က်န္ရစ္ခဲ့သည္။

 

(၎တို႔မိသားစု၏ အေျခအေနကို စံုစမ္းစစ္ေဆးျပီးေနာက္ပိုင္း တရားရံုးက ဘိုးဘြားတို႔တင္ျပေသာ သားျဖစ္သူႏွင့္ ေခၽြးမတို႔ ကြာရွင္းျပတ္စဲခြင့္ကို သေဘာတူခဲ့သည္။ Photo: Weibo)

လ်ဳိ၏ မိဘမ်ားက ေျပာသည္မွာ သားျဖစ္သူ၏ က်န္းမာေရးအေျခအေနမွာ မၾကာေသးမီႏွစ္မ်ားအတြင္း ပိုမိုဆိုးရြားလာေနေၾကာင္း၊ သားျဖစ္သူေၾကာင့္ ေခၽြးမကို ဝန္ထုပ္ဝန္ပိုး မျဖစ္ေစလိုေတာ့သျဖင့္ ၎တို႔၏ အိမ္ေထာင္ေရးကို အဆံုးသတ္ေစလိုေၾကာင္း ေျပာသည္။

“ေခၽြးမေလးေရ … ေက်းဇူးျပဳျပီး သြားပါေတာ့ကြယ္။ သမီးက ငယ္ေသးတယ္။ တို႔ေျမးေလးလည္း အရြယ္ေရာက္ေနျပီ မဟုတ္လား။ သမီးကို ဝန္ထုပ္ဝန္ပိုး မျဖစ္ေစခ်င္ေတာ့ပါဘူးကြယ္။”ဟု ဘုိးဘြားစံုတြဲက က်န္းကို ေျပာသည္။

လ်ဳိတို႔ မိသားစု၏ ေနာက္ခံအေျခအေနမ်ားကို စံုစမ္းစစ္ေဆးျပီးေနာက္ပိုင္း ကြာရွင္းျပတ္စဲရန္ တင္ျပမႈကို တရားရံုးက ခြင့္ျပဳခဲ့သည္။ ကြာရွင္းျပတ္စဲမႈ သေဘာတူညီခ်က္တြင္ အနာဂတ္၌ ဘိုးဘြားမ်ား အိုမင္းမစြမ္းျဖစ္လာပါက က်န္းက ျပဳစုေစာင့္ေရွာက္မည္ ျဖစ္ေၾကာင္း သေဘာတူထားသည္။

က်န္းတို႔ မိသားစု၏ အျဖစ္အပ်က္သည္ တရုတ္ျပည္မၾကီး လူမႈကြန္ရက္သံုးစြဲသူမ်ားအၾကား ပ်ံ႕ႏွံ႔ခဲ့ျပီး Douyin လူမႈကြန္ရက္တြင္ ဖတ္ရႈမႈ အၾကိမ္ေရ ၄ သန္းႏွင့္ Weibo လူမႈကြန္ရက္တြင္ ဖတ္ရႈမႈအၾကိမ္ေရ ၂ သန္းအထိ ရွိခဲ့သည္။

“သူတို႔လိုမ်ဳိး ေယာကၡမ မိဘေတြအားလံုးကို ေလးစားမိပါတယ္။ အသိမဲ့ေနတဲ့ လူတစ္ေယာက္နဲ႔ ဆယ္ႏွစ္ေက်ာ္ ေနႏိုင္တဲ့လူ ဘယ္ေလာက္ရွိလို႔လဲ။ ဒီမိန္းကေလးေရာ သူရဲ႕ေယာကၡမေတြေရာ စိတ္ေကာင္းႏွလံုးေကာင္းရွိၾကတယ္။ သူရဲ႕ခင္ပြန္းျဖစ္သူ ျပန္လည္က်န္းမာလာေစဖို႔ ဆုေတာင္းပါတယ္။ ဒီမိန္းကေလးလည္း ကံေကာင္းပါေစလို႔ ဆုေတာင္းပါတယ္။”ဟု လူမႈကြန္ရက္သံုးစြဲသူတစ္ဦးက မွတ္ခ်က္ျပဳသည္။

 

(တရုတ္ျပည္မၾကီး လူမႈကြန္ရက္တြင္ ဥပေဒေရးရာ အမႈမ်ားႏွင့္ အလြန္ခ်စ္ခင္ၾကေသာ စံုတြဲတို႔ အေၾကာင္းမ်ားမွာ မၾကာခဏ ဂယက္ရိုက္ေလ့ရွိသည္။ ဓာတ္ပံု- Getty Images)

“ဒီလုိၾကင္နာတတ္တဲ့ မိန္းမမ်ဳိးရတာ ဒီလူကံေကာင္းပါတယ္”ဟု အျခားသူတစ္ဦးက မွတ္ခ်က္ျပဳသည္။

မိမိတို႔၏ မက်န္းမာေသာ အိမ္ေထာင္ဖက္မ်ားကို ျပဳစုေစာင့္ေရွာက္ၾကသည့္ ဇာတ္လမ္းမ်ားမွာ တရုတ္ျပည္မၾကီးရွိ လူမႈကြန္ရက္သံုးစြဲသူမ်ား၏ ႏွလံုးသားမ်ားကို မၾကာခဏ ကိုင္လႈပ္ေလ့ရွိသည္။

တရုတ္ျပည္ေတာင္ပုိင္း ဟူနန္ျပည္နယ္တြင္ မသန္စြမ္းျဖစ္သြားသည့္ ဇနီးျဖစ္သူကို ႏွစ္ေပါင္း ၃၀ ေက်ာ္ ျပဳစုေစာင့္ေရွာက္ခဲ့ေသာ အမ်ဳိးသားတစ္ဦးအား ေဒသတြင္း အာဏာပိုင္အဖြဲ႔က ဆုခ်ီးျမွင့္မႈမ်ားျပဳလုပ္ခဲ့ဖူးသည္။

၁၉၈၀ ျပည့္လြန္ကာလမ်ားအတြင္း ဓားကိုင္လုယက္သူမ်ားေၾကာင့္ သူ၏ ဇနီးမွာ အျပင္းအထန္ ဒဏ္ရာရရွိခဲ့ျခင္း ျဖစ္သည္။

တရုတ္ျပည္ အေနာက္ေတာင္ပိုင္းတြင္လည္း အက္ဆီးဒင့္တစ္ခုေၾကာင့္ ေလျဖတ္သြားသည့္ ခင္ပြန္းျဖစ္သူကို ႏွစ္ေပါင္း ၄၀ နီးပါး ျပဳစုေစာင့္ေရွာက္ခဲ့သည့္ အမ်ဳိးသမီးတစ္ဦးအား ျပည္သူမ်ားက ခ်ီးမြမ္းဂုဏ္ျပဳခဲ့ၾကသည္။

ထိုအမ်ဳိးသမီးက အခ်ိန္ပိုင္းအလုပ္မ်ားလုပ္ကာ မိသားစုကုိ ေထာက္ပံ့ခဲ့ျခင္း ျဖစ္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

Ref: Can’t be a burden any longer’: Chinese parents file divorce on behalf of paralysed son to ‘free’ his devoted wife after 15 years of caring for him (scmp)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service