ပြည်ပ အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
အခုအချိန်မှာ လာဘူဘူအရုပ်တွေ မယုံနိုင်လောက်အောင် ရောင်းအားကောင်းနေပါတယ်။
အရုပ်ဆိုင်တွေရှေ့မှာ လူတန်းရှည်ကြီးဖြစ်တဲ့အထိ တန်းစီစောင့်ဆိုင်း ဝယ်ယူနေကြပြီး မိနစ်ပိုင်းအတွင်း ပစ္စည်းပြတ်သွားလေ့ ရှိပါတယ်။
အရုပ်တွေကို ဝယ်ပြီး ပြန်ရောင်းသူတွေဆိုရင် ဝယ်ရင်းဈေးထက် ၂ ဆ၊ ၃ ဆလောက် အမြတ်ရနေကြတယ်။
ဒီတော့ ရလဒ်က ဘယ်လိုဖြစ်နိုင်လဲ။
ရလဒ်ကတော့ အရုပ်တွေ ထုတ်တဲ့ Pop Mart International Group ရဲ့ ပိုင်ရှင် ဝမ်နင်ဆိုတဲ့သူတစ်ယောက် တရုတ်ပြည်က အချမ်းသာဆုံးသူဌေးကြီးတွေစာရင်းမှာ နံပါတ် ၁၀ ကို ရောက်လာတဲ့အထိ ကျိကျိတက်ချမ်းသာလာတာပါ။
အာရှ၊ ဥရောပနဲ့ အမေရိကန်နိုင်ငံတွေက အရောင်းဆိုင်တွေရဲ့ စင်တွေပေါ်မှာ လာဘူဘူအရုပ်တွေ ရောင်းမလောက်ဖြစ်လာလေ ဝမ်နင်တစ်ယောက် ချမ်းသာသည်ထက် ချမ်းသာလာလေပါပဲ။
Forbes မဂ္ဂဇင်းကြီးရဲ့ Real-Time Billionaires List မှာ ဖော်ပြထားချက်အရ ဝမ်နင်ရဲ့ ကြွယ်ဝမှုဟာ ကန်ဒေါ်လာ ၂၂ ဒသမ ၇ ဘီလီယံရှိတယ်လို့ ဖော်ပြထားပါတယ်။
ဒီစာရင်းမှာ တရုတ်ပြည်က တခြားဘီလျံနာကြီးတွေလည်း ပါဝင်နေပြီး ByteDance ရဲ့ တည်ထောင်သူ ကျန်းယိမျင်၊ Nongfu Spring ရဲ့ ဥက္ကဌ ကျုံးရှန်းရှန်းနဲ့ Tencent ရဲ့ ပူးတွဲတည်ထောင်သူ မာဟွထန်တို့လည်း ဖော်ပြခံထားပါတယ်။
(အရုပ်ဆိုင်ငယ်လေးကနေ ဘီလျံနာဘယ်လိုဖြစ်လာတာလဲ))
ဝမ်နင်ဟာ သာမန်ဘဝကနေ လာသူတစ်ဦးပါ။ သူဟာ အထက်တန်းကျောင်း ပြီးသွားတဲ့နောက်ပိုင်း အရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခု ချခဲ့ပါတယ်။
ဟီနန်ပြည်နယ်၊ ကျန်းကျိုးမြို့မှာရှိတဲ့ ကျန်းကျိုးတက္ကသိုလ်ကနေ ၂၀၀၉ ခုနှစ်မှာ ကြော်ငြာနဲ့ ပတ်သက်တဲ့ ဘွဲတစ်ခုရခဲ့ပြီးတဲ့နောက် ပေကျင်းမြို့တော်၊ ကျုံကွမ်းစွမ်ဆိုတဲ့အရပ်မှာ Pop Mart ဆိုတဲ့နာမည်နဲ့ အရုပ်ဆိုင်လေးတစ်ခု ဖွင့်ခဲ့ပါတယ်။ ဒါက သူ့ကို ဘီလျံနာဖြစ်စေမယ့် လမ်းပေါ် စရောက်လာတာလို့ ပြောလို့လည်း ရပါတယ်။
ပေကျင်းမြို့တော်၊ ကျုံးကွမ်းစွမ်အရပ်ကို လူတွေက တရုတ်ပြည်ရဲ့ ဆီလီကွန်တောင်ကြားလို့လည်း တင်စားကြတယ်။
အဲဒီမှာ Lenovo, Baidu, Tencent တို့လို နည်းပညာကုမ္ပဏီကြီးတွေ အခြေစိုက်လို့ပါ။ သူ့ဆိုင်မှာ အရင်ဆုံးစရောင်းတာက အရုပ်တွေနဲ့ ဖုန်း accessories တွေပါ။
ဒါပေမယ့် collectible toys တွေရဲ့ ဈေးကွက်အားကောင်းလာတာကို ဝမ်က ၂၀၁၄ လောက်မှာ သတိထားခဲ့မိတယ်။
(ရိုးရိုး toys တွေက ကလေးတွေ ကစားဖို့ ရည်ရွယ်ထုတ်လုပ်တာဖြစ်ပြီး collectible toys တွေကတော့ လူကြီးတွေအတွက် ရည်ရွယ်ထုတ်လုပ်တာပါ။ ရိုးရိုး toys တွေက အလုံးအရင်းထုတ်တယ်။ လိုသလောက် ဝယ်လို့ရတယ်။ collectible toys တွေက အကန့်အသတ်နဲ့ပဲ ထုတ်တယ်။ ရိုးရိုး toys တွေက အရုပ်က ဘယ်လိုဆိုတာ မဝယ်ခင်ကတည်းက သိနိုင်ပြီး collictible toys တွေကတော့ အများအားဖြင့် blind box တွေနဲ့ လာပါတယ်)
၂၀၁၆ မှာတော့ ဟောင်ကောင်က artist တစ်ယောက်ဖြစ်တဲ့ Kenny Wong နဲ့ လက်တွဲပြီး designer toys တွေ စပြီး ထုတ်လုပ်ပါတယ်။
ဟောင်ကောင်က artist ဖြစ်တဲ့ Kasing Lung စပြီး ဖန်တီးခဲ့တဲ့ လာဘူဘူအရုပ်တွေဟာ တစ်ကမ္ဘာလုံးကျော်ကြားလာပြီး Rihanna တို့၊ BLACKPINK က လီဆာတို့လို Cele fan တွေ ရှိလာတယ်။
သူတို့ကြောင့်လည်း လာဘူဘူတွေက ဆိုရှယ်မီဒီယာမှာ viral ဖြစ်လာပြီး ဝယ်လိုအားက ကြောက်ခမန်းလိလိ ဖြစ်လာခဲ့ပါတယ်။
အရုပ်ဆိုင်တွေရှေ့မှာ လူတန်းရှည်ကြီးတွေဖြစ်ကုန်ပြီး ဆိုင်တွေမှာ ခဏလေးနဲ့ ပြိုက်ခနဲ ကုန်သွားပြီး လာဘူဘူဟာ အချိန်တိုအတွင်းမှာပဲ တစ်ကမ္ဘာလုံး အုတ်အုတ်ကျက်ကျက်ဖြစ်စေတဲ့အထိ အောင်မြင်မှုကြီး ရလာခဲ့ပါတယ်။
ဒီလို ကြောက်ခမန်းလိလိ အောင်မြင်မှုကြီးကြောင့် Pop Mart စီအီးအိုဟာလည်း ဘီလျံနာဖြစ်လာခဲ့ပြီး ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်တွေစာရင်းမှာ တန်းဝင်လာပါတော့တယ်။
မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: From Ugly-Cute to Billion-Dollar icon! How Labubu turned Pop Mart’s Wang Ning into China’s youngest top 10 billionaire