အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ

အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ - Property News in Myanmar from iMyanmarHouse.com
9 Jul 2025 11:46 am တွင် တင်ခဲ့သည်
158 ကြိမ် ကြည့်ရှု့ပြီး

တရုတ်ပြည်တွင် ကြောင်ချစ်တတ်သော အဘိုးတစ်ဦးသည် မိမိကွယ်လွန်ချိန်၌ မိမိ၏ကြောင်ကလေးကို အကြွင်းမဲ့ချစ်ပေးနိုင်မည့်သူအား ပိုင်ဆိုင်မှုအားလုံး အမွေပေးလိုလျက်ရှိသည်။

တရုတ်ပြည်တောင်ပိုင်း ကွမ်တုံပြည်နယ်တွင် နေထိုင်သော မျိုးရိုးအမည် လုံဟုခေါ်သည့် အသက် ၈၂ နှစ်အရွယ် အဘိုး၏အကြောင်း ပြည်မကြီး လူမှုကွန်ရက်တွင် အမျိုးမျိုးအဖုံဖုံ ငြင်းဆုံပြောဆိုမှုများ ပေါ်ပေါက်လျက်ရှိသည်။

လုံအဘိုးသည် “ရှံပ” ဟု အမည်ပေးထားသော ကြောင်ကလေးကို ၎င်းကွယ်လွန်ပြီးနောက်ပိုင်း ကြည့်ရှုစောင့်ရှောက်ပေးမည့်သူ ရှာဖွေနေဆဲ ဖြစ်သည်။

ပြည်မကြီးသတင်းမီဒီယာတို့၏ ဖော်ပြချက်အရ လုံအဘိုး၏ ဇနီးမှာ ဆုံးပါးသွားသည်မှာ ဆယ်စုနှစ်တစ်ခုခန့်ရှိပြီဖြစ်ပြီး သားထောက်သမီးခံမရှိဘဲ တစ်ဦးတည်းနေထိုင်သူဖြစ်ကြောင်း ဖော်ပြသည်။

မိုးသည်းထန်သော တစ်ရက်တွင် လုံအဘိုးသည် လေလွင့် ကြောင်သားအမိတစ်အုပ်ကို ကယ်တင်မွေးမြူထားခဲ့သည်။

ကြောင်မကြီးနှင့် သူ၏ သားပေါက် ၃ ကောင်ဖြစ်ကာ ကြောင်မကြီးကို ရှံပဟု အမည်ပေးထားသည်။

ယခုအခါ လုံအဘိုးနှင့်အတူ ရှံပသာ ကျန်ရှိတော့သည်။

သို့အတွက် လုံအဘိုးက ရှံပ မတိုင်မီ မိမိက အရင်သေဆုံးသွားမည်ဆိုပါက စောင့်ရှောက်ပေးမည့်သူ ရှာဖွေလာရခြင်းလည်း ဖြစ်သည်။

ကွမ်တုံပြည်နယ် ရေဒီယိုနှင့် ရုပ်မြင်သံကြားဌာနသို့ လုံအဘိုးက ပြောသည်မှာ မိမိ၏ ကြောင်လေးကို ကြည့်ရှုစောင့်ရှောက်ပေးမည့်သူအား မိမိ၏ တိုက်ခန်းအပြင် စုဆောင်းထားငွေအားလုံးကို အမွေလွှဲပေးရန် ဆန္ဒရှိကြောင်း ပြောသည်။

(အသက် ၈၂ နှစ်အရွယ် လုံအဘိုးက ရှံပအမည်ရှိ ကြောင်လေးကို အလွန်ချစ်သောကြောင့် ၎င်းကွယ်လွန်သွားပါက ကောင်းစွာဆက်လက်နေထိုင်နိုင်စေလိုသည်။ ဓာတ်ပုံ-Shutterstock)

လက်ရှိအချိန်အထိမူ သင့်တော်သူ ရှာမတွေ့သေးချေ။

အွန်လိုင်းသုံးစွဲသူများစွာကမူ လုံအဘိုး၏ ကြေညာမှုအပေါ် အမျိုးမျိုးအဖုံဖုံ ထင်မြင်ယူဆချက်များ ပေးနေကြသည်။

“မွေးမယ့်သူ တစ်ယောက်မှ မရှိဘူးဆိုရင် ကြောင်တကယ်ချစ်တတ်တဲ့သူ မဟုတ်တာ ဖြစ်ရင်ဖြစ်၊ ဒါမှမဟုတ်ရင် အဘိုးရဲ့ စည်းကမ်းကန့်သတ်ချက်တွေ တင်းကြပ်လွန်းနေတာကြောင့်ပဲ ဖြစ်မယ်” ဟု ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက မှတ်ချက်ပြုသည်။

ရှံပကို မွေးမည့်သူနှင့် ပတ်သက်သည့် စည်းကမ်းသတ်မှတ်ချက်များ မည်သို့ထားရှိသည်ကိုမူ မသိရချေ။

“အဘိုးက သူ့ရဲ့ ပိုင်ဆိုင်မှုတွေ လွှဲပေးမယ်ဆိုပေမယ့် ဒါကိုလက်ခံတဲ့သူက အဘိုးရဲ့ ဆွေမျိုးတွေရဲ့ တရားစွဲတာခံရနိုင်တယ်။ သူ့အမျိုးတွေက သူတို့အမွေဆက်ခံပိုင်ခွင့်ရှိတယ်လို့ ပြောလာကြမှာပဲ” ဟု အခြားတစ်ဦးက သုံးသပ်သည်။

တရုတ်ပြည်တွင် ၂၀၂၁ ခုနှစ်က စတင်အသက်ဝင်ခဲ့သော တရားမဥပဒေတစ်ရပ်အရ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အနေဖြင့် မိမိ၏ ပိုင်ဆိုင်မှုကို နိုင်ငံတော်၊ အဖွဲ့အစည်းတစ်ခု (သို့တည်းမဟုတ်) အခြားလူပုဂ္ဂိုလ်တစ်ဦးအား လွှဲပြောင်းပေးရန် သေတမ်းစာရေးခြင်းကို ခွင့်ပြုထားသည်။

လူမှုကွန်ရက်သုံးစွဲသူအချို့ကမူ လုံအဘိုးထံမှ ပစ္စည်းဥစ္စာများ လွှဲပြောင်းမယူဘဲ ကြောင်လေးကို မွေးလိုစိတ်ရှိကြသည်။

“ကျွန်မ ကြောင်လေးကို မွေးချင်ပါတယ်။ ကျွန်မ သူ့ငွေတွေ မလိုအပ်ပါဘူး” ဟု တစ်ဦးက မှတ်ချက်ပေးသည်။

“ကျွန်မ ကြောင်လေးကို မွေးချင်ပါတယ်” ဟု အခြားတစ်ဦးက မှတ်ချက်ပြုပြီး မိမိအနေဖြင့် လုံအဘိုး၏ ဆန္ဒကို နားလည်ကြောင်း ပြောသည်။

(ကြောင်လေးကို မွေးစားမည့် သင့်တော်သူရှာဖွေရာတွင် တိရ စ္ဆာန်များအား နှိပ်စက်သတ်ဖြတ်မည့်သူ မဖြစ်စေရန် သတိထားဖို့လိုကြောင်း လူမှုကွန်ရက်သုံးစွဲသူတို့က သတိပေးသည်။ ဓာတ်ပုံ-Shutterstock)

အချို့ကမူ ကြောင်လေးကို သတ်ဖြတ်စားသောက်မည့်သူများထံ မပေးမိရန်လိုအပ်ကြောင်း၊ ယခုကဲ့သို့ ဖြစ်ရပ်များစွာ လူမှုကွန်ရက်တွင် ကြားရကြောင်း သတိပေးကြသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Cat-loving Chinese man, 82, plans to leave feline his inheritance, seeks dependable carer Photo Credit-Shutterstock

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service