အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လာခဲ့ပြီး Elon Musk ထက်ပင် နေ့ချင်းညချင်း ရုတ်တရက် ချမ်းသာသွားသည့် ဖြစ်ပုံ

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လာခဲ့ပြီး Elon Musk ထက်ပင် နေ့ချင်းညချင်း ရုတ်တရက် ချမ်းသာသွားသည့် ဖြစ်ပုံ - Property News in Myanmar from iMyanmarHouse.com
30 May 2025 4:08 pm တွင် တင်ခဲ့သည်
6262 ကြိမ် ကြည့်ရှု့ပြီး

ကမ္ဘာ့စီးပွားရေးသည် ဒစ်ဂျစ်တယ်အနာဂတ်ဆီသို့ အရှိန်အဟုန်ဖြင့် ကူးပြောင်းနေချိန်တွင် ဘဏ်စနစ်များမှာလည်း အလိုအလျောက်စနစ်၊Algorithm များ၊ Real Time Transaction Tracking များအပေါ်တွင် မှီခိုမှု ကြီးမားလာခဲ့သည်။

ထိုသို့ နည်းပညာ အဆင့်မြင့်လာမှုများကြောင့် အဆင်ပြေချောမွေ့မှုများ ရှိလာပြီး ဘဏ္ဍာရေး ဝန်ဆောင်မှုများပိုမိုမြန်ဆန်လာစေသော်လည်း ချို့ယွင်းချက်၊ အားနည်းချက်များ ရှိနေသည်။

အိန္ဒိယနိုင်ငံ ဥတာပရာဒက်ရှ်ပြည်နယ်တွင် မကြာသေးမီက ထူးခြားသော ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်။

အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ဂဏန်း ၃၆ လုံး ပမာဏရှိ အံ့မခန်းငွေပမာဏ ရုတ်တရက် ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။

ငွေပမာဏမှာ အလွန်ကြီးမားလှရာ ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီးများအားလုံး၏ စုစုပေါင်းကြွယ်ဝမှု ထက်ပင် များပြားနေသည်။

ထိုဖြစ်ရပ်မှာ အဆိုပါ အမျိုးသားအပြင် အိန္ဒိယအာဏာပိုင်တို့ကိုပါ အံ့သြတုန်လှုပ်စေခဲ့သည်။

ထို့အပြင် ဒစ်ဂျစ်တယ် Banking System များ၏ မှီခိုအားထား ယုံကြည်စိတ်ချရမှုနှင့် ယခုကဲ့သို့ အမှားမျိုး၏ အကျိုးသက်ရောက်မှု အလားအလာများအပေါ် မေးခွန်းများ ထွက်ပေါ်လာစေသည်။

ယခုဖြစ်ရပ်နှင့် စပ်လျဉ်းပြီး တင်းတင်းကြပ်ကြပ်စစ်ဆေးမှုများ ပြုလုပ်နေသည့်အပြင် Cyber Security ကျွမ်းကျင်ပညာရှင်များ၊ ပြည်တွင်း ရဲတပ်ဖွဲ့နှင့် ပြည်သူလူထုများ အာရုံစိုက်လာကြသည်။

 

((Elon Musk ထက်ပင် နေ့ချင်းညချင်း ချမ်းသာသွားမှု ))

၂၀၂၅ ခုနှစ် ဧပြီလ ၂၅ ရက်တွင် အိန္ဒိယနိုင်ငံ၊ ဥတာပရာဒက်ရှ်ပြည်နယ်တွင် နေထိုင်သူ အဂျစ်အမည်ရှိ အမျိုးသားက သူ၏ ဘဏ်စာရင်းကို ပုံမှန်အတိုင်း စစ်ဆေးကြည့်ရှုခဲ့သည်။

NDTV သတင်းဌာန၏ ဖော်ပြချက်အရ အဂျစ်က သူ၏အကောင့်ထဲတွင် ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ဝင်ရောက်လာကြောင်း တွေ့လိုက်ရသည်ဟု ဆိုသည်။

ထိုပမာဏမှာ မျက်မှောက်ခေတ် ဒစ်ဂျစ်တယ် ဂဏန်းပေါင်းစက်များတွင်ပင် ထည့်သွင်း တွက်ချက်နိုင်ဖွယ် မရှိသော ပမာဏ ဖြစ်သည်။

သူ၏ ဘဏ်စာရင်းမှ ရူပီး ၁၈၀၀ နှင့် ရူပီး ၁၄၀၀ တို့ကို ပုံမှန်အတိုင်း ထုတ်ယူသုံးစွဲလိုက်ပြီးချိန်တွင် ဘဏ်စာရင်းရှိ ငွေပမာဏ ရုတ်တရက် မြင့်တက်သွားခဲ့ခြင်း ဖြစ်သည်။ ကနဦးတွင် အဂျစ်၏ ဇနီးဖြစ်သူမှာ မခန့်မှန်းနိုင်လောက်သည့် ငွေပမာဏ ဝင်လာခြင်းအပေါ် များစွာ ဝမ်းမြောက် ပျော်ရွှင်ခဲ့သော်လည်း စိုးရိမ်ကြောင့်ကျစိတ်များလည်း ချက်ချင်းပေါ်ပေါက်လာခဲ့သည်။

((ဂဏန်း ၃၆ လုံးရှိ ငွေပမာဏ ရုတ်တရက် ဝင်ရောက်လာမှုအပေါ် ဆိုက်ဘာ ရာဇဝတ်မှုများ ဖြစ်ပေါ်လာမည့်အရေး ရတက်မအေးဖြစ်လာကြ))

မမျှော်လင့်ထားသည့် ငွေပမာဏကြောင့် အဂျစ်နှင့် မိသားစုက ခေတ္တမျှ ဝမ်းသာပျော်ရွှင်ခဲ့သော်လည်း နောက်ပိုင်းတွင် စိုးရိမ်စိတ်များ ကြီးစိုးလာခဲ့သည်။

((ဘဏ်၏ တုံ့ပြန်မှု))

အဆိုပါ ဖြစ်ရပ်အပေါ် ဘဏ်ကသိရှိကြောင်း ပြောကြားခဲ့သည်။

သို့သော် ထိုအမှားကို ချက်ချင်းပြင်ဆင်ရန်နှင့် အဘယ်ကြောင့် ထိုသို့ ဖြစ်ရသည်ကို ခိုင်ခိုင်လုံလုံ ရှင်းပြရန် မလုပ်ဆောင်နိုင်ခဲ့ချေ။

ယင်းနောက်ပိုင်း အဂျစ်၏ ဘဏ်စာရင်းကို ထိန်းချုပ် ထားလိုက်ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။

စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေချိန်အတွင်း ဘဏ်စာရင်းကို ခွင့်ပြုချက်မရှိဘဲ ငွေလွှဲပြောင်းမှုများ မပြုလုပ်နိုင်ရန် ခေတ္တထိန်းချုပ်ထားခြင်း ဖြစ်သည်။

စုံစမ်းစစ်ဆေးသူတို့က ထိုသို့ဖြစ်ပေါ်ရခြင်း၏ အကြောင်းရင်းကို စစ်ဆေးလျက်ရှိပြီး ဆော့ဖ်ဝဲ ချို့ယွင်းခြင်း ကြောင့်လော (သို့မဟုတ်) Data Entry မျက်စိလျှမ်းသွားသောကြောင့်လော (သို့မဟုတ်) Cyber တိုက်ခိုက်မှု ဖြစ်ပွားခြင်းကြောင့်လောဟူသည်ကို စုံစမ်းစစ်ဆေးလျက် ရှိသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com 

Ref: Elon Musk no longer the richest man in the world? Indian man wakes up to 36-digit fortune in his account (timesofindia)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
အသက် ၇၅ နှစ် အဘိုးအိုက ရေသန့်ဘူးကြီး ၁၄ ဘူးနေ့စဉ်မှာနေရာ ရေသန့်သမားက သံသယဖြစ်ကာ ရဲကို တိုင်တန်းကာ ရှာဖွေစစ်ဆေးလိုက်သောအခါ…...
အသက် ၇၅ နှစ် အဘိုးအိုက ရေသန့်ဘူးကြီး ၁၄ ဘူးနေ့စဉ်မှာနေရာ ရေသန့်သမားက သံသယဖြစ်ကာ ရဲကို တိုင်တန်းကာ ရှာဖွေစစ်ဆေးလိုက်သောအခါ…...
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ...
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ...
အမေရိကန် သိပ္ပံပညာရှင်တို့က သိပ္ပံသုတေသနအတွက် မစင်များ အလှူခံလျက်ရှိ၊ လှူဒါန်းသူတို့အား တစ်လလျှင် ဒေါ်လာ ၁၅၀၀ ပေးမည်ဟုဆို...
အမေရိကန် သိပ္ပံပညာရှင်တို့က သိပ္ပံသုတေသနအတွက် မစင်များ အလှူခံလျက်ရှိ၊ လှူဒါန်းသူတို့အား တစ်လလျှင် ဒေါ်လာ ၁၅၀၀ ပေးမည်ဟုဆို...
မွန်ဂို စစ်ဘုရင် တိမူးရဲ့ ကျိန်စာတိုက်ထားတဲ့ အုတ်ဂူကြီးကို သိပ္ပံပညာရှင်တွေ မကြောက်မရွံ့ ဖွင့်လိုက်ပြီးနောက် ကမ္ဘာ့သမိုင်းကို ပြောင်းလဲစေတဲ့ ဖြစ်ရပ်ကြီးပေါ်ပေါက်လာပုံ...
မွန်ဂို စစ်ဘုရင် တိမူးရဲ့ ကျိန်စာတိုက်ထားတဲ့ အုတ်ဂူကြီးကို သိပ္ပံပညာရှင်တွေ မကြောက်မရွံ့ ဖွင့်လိုက်ပြီးနောက် ကမ္ဘာ့သမိုင်းကို ပြောင်းလဲစေတဲ့ ဖြစ်ရပ်ကြီးပေါ်ပေါက်လာပုံ...
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့်ပေးခဲ့သောအဖြစ်...
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့်ပေးခဲ့သောအဖြစ်...
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ...
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ...
ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွမ်းထက်လှကြောင်း တွေ့ရှိ...
ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွမ်းထက်လှကြောင်း တွေ့ရှိ...
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျောက်ဖြစ်နေကြောင်း တွေ့ခဲ့ရသည့် ဆန်းကြယ်သော ဖြစ်ပုံ...
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျောက်ဖြစ်နေကြောင်း တွေ့ခဲ့ရသည့် ဆန်းကြယ်သော ဖြစ်ပုံ...
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင်းကြောင်တောင် ဝင်ရောက်ဓားပြတိုက်...
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင်းကြောင်တောင် ဝင်ရောက်ဓားပြတိုက်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service