ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
အိမ်သာတက်ရင်း အပိုဝင်ငွေရနိုင်မည့် အခွင့်အလမ်းတစ်ခု ပေါ်ပေါက်နေသည်။
အမေရိကန်ပြည် အခြေစိုက် GoodNature Program သည် မစင်လှူဒါန်းမည့်သူများအား ငွေကြေးထောက်ပံ့ပေးမည့် အစီအစဉ်တစ်ခု အကောင်အထည်ဖော်နေသည်။
GoodNature ၏ ပင်မရုံးစိုက်သည့်နေရာမှာ နယူးဇီလန်နိုင်ငံတွင်ဖြစ်သော်လည်း အမေရိကန်ပြည်ထောင်စုတွင် မစင်အလှူခံသည့် အစီအစဉ်ကို ပြုလုပ်နေခြင်းဖြစ်သည်။
အမေရိကန်ပြည်တဝန်း မစင်အလှူခံသည့်နေရာများ ဖွင့်လှစ်ထားရာတွင် ကယ်လီဖိုးနီးယားပြည်နယ် Irvine မြို့၊ မက်ဆာချူးဆက်ပြည်နယ် Cambridge မြို့နှင့် အရီဇိုးနားပြည်နယ် Tempe မြို့တို့တွင် ဖြစ်သည်။
ထိုကုမ္ပဏီက ကျန်းမာရေးကောင်းသူတို့ထံမှ မစင်အလှူခံလျက်ရှိပြီး လှူဒါန်းသူများကို တစ်လလျှင် ဒေါ်လာ ၁၅၀၀ အထိ ပေးမည်ဟု ဆိုသည်။
စုဆောင်းရရှိထားသည်များကို သိပ္ပံသုတေသနအတွက် အသုံးပြုကာ ကြောက်မက်ဖွယ်ကောင်းသော ရောဂါဘယများ ကုသရေးတွင် အသုံးပြုသွားမည် ဖြစ်သည်။
(ကျန်းမာရေးကောင်းသူတို့ထံမှ မစင်အလှူခံလျက်ရှိပြီး လှူဒါန်းသူများကို တစ်လလျှင် ဒေါ်လာ ၁၅၀၀ အထိ ပေးမည်ဟု ဆိုသည်။ ဓာတ်ပုံ-HENADZY – stock.adobe.com)
GoodNature Program သည် ဇီဝနည်းပညာ သုတေသနကုမ္ပဏီတစ်ခုဖြစ်သော Seres Therapeutics ၏ လက်အောက်ခံ ကုမ္ပဏီ ဖြစ်သည်။
ကျန်းမာသူတို့ လှူဒါန်းထားသည့် မစင်များကို C. difficile ဘက်တီးရီးယား ကူးစက်ရောဂါများအား ကုသရာတွင် အသုံးပြုမည်ဟု ဆိုသည်။
C. difficile ကို C. diff ဟု လူသိများသည်။
C.diff သည် အူမကြီး ရောင်ရမ်းမှုကို ဖြစ်စေနိုင်သည်။ C.diff ကူးစက်ရောဂါမှာ အသည်းရောဂါဝေဒနာရှင် တို့အတွက် သေဒဏ်ဟု ဆိုနိုင်သည်။
နှစ်စဉ် အမေရိကန်ပြည်သူ ၃၀,၀၀၀ ခန့်မှာ C. difficile ကူးစက်ရောဂါကြောင့် သေဆုံးရလျက် ရှိသည်။
((ဘယ်လိုလူတွေ မစင်လှူနိုင်လဲ))
လူအားလုံး၏ မစင်များကို လက်ခံမည်ကား မဟုတ်ချေ။ ယခုအစီအစဉ်တွင် ပါဝင်နိုင်သော အလှူရှင်များမှာ ဆေးလိပ်မသောက်သူ၊ ကျန်းမာရေးနှင့် ညီညွှတ်သော ကိုယ်အလေးချိန်ရှိသူ၊ အသက် ၁၈ မှ ၄၆ နှစ်အရွယ်ကြားရှိသူ၊ ဝမ်းမှန်သူများ ပါဝင်နိုင်သည်။
ကိုယ်ဝန်ဆောင် အမျိုးသမီး၊ ဆီးချိုရောဂါရှိသူ၊ အစာအိမ်နှင့် အူလမ်းကြောင်းရောဂါဖြစ်ဖူးသူ၊ အရက်သေစာနှင့် မူးယစ်ဆေးဝါးသုံးစွဲသူများ ပါဝင်ခွင့် မရှိချေ။
ပါဝင်လိုသူများမှာ GoodNature Program ၏ အလှူခံဌာနများ ဖွင့်လှစ်ထားသည့်နေရာအနီးတွင် နေထိုင်သူများ ဖြစ်ရမည် ဖြစ်သည်။
တစ်ပတ်လျှင် ၄ ကြိမ်မှ ၆ ကြိမ် လှူဒါန်းပေးရမည်ဟု ဆိုသည်။
(C. difficile ဘက်တီးရီးယားသည် အူမကြီးရောင်ရမ်းမှု ဖြစ်စေနိုင်သည်။ ဓာတ်ပုံ-Universal Images Group via Getty Images)
ပါဝင်မည့်သူများသည် ၆ လ (သို့မဟုတ်) ထို့ထက်ပိုမို၍ လှူဒါန်းပေးရမည် ဖြစ်သည်။
ကုမ္ပဏီ၏ သုတေသနဌာနများရှိ အိမ်သာများတွင် မစင်ကို လှူဒါန်းပေးရမည် ဖြစ်သည်။
ပါဆယ်ထုပ်ကာ ပေးပို့ခြင်းမျိုး လက်ခံမည် မဟုတ်ချေ။
ပါဝင်မည့် အလှူရှင်များအနေဖြင့် မစင်လှူဒါန်းပေးရမည့်အပြင် ရက်သတ္တ ၂ ပတ် မှ ၆ ပတ်လျှင် တစ်ကြိမ် သွေးစစ်ခံရမည် ဖြစ်သည်။
((သင်လှူဒါန်းလိုက်တဲ့ မစင်တွေကို ဘာလုပ်လိုက်သလဲ))
ဦးစွာအားဖြင့် မစင်များရှိ ရောဂါဖြစ်စေသော ပစ္စည်းများကို ချေမှုန်းကာ ဘက်တီးရီးယားများကို ဖယ်ထုတ် ထိန်းသိမ်းထားမည်ဖြစ်သည်။
ထို့နောက် အန္တရာယ်ဖြစ်စေသော ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ ကပ်ပါးပိုးများနှင့် မှိုများကို ချေမှုန်းပစ်မည် ဖြစ်သည်။
နောက်ဆုံးတွင် သန့်စင်ထားသော ဘက်တီးရီးယားမျိုးဗီဇများကို ဆေးတောင့်ပြုလုပ်ကာ အနုဇီဝကုထုံးတွင် အသုံးပြုမည် ဖြစ်သည်။
(“Crapsules” ဟုခေါ်သော မစင်ဆေးလုံးဖြင့် မကြာသေးမီက စမ်းသပ်ကုသမှုများ ပြုလုပ်ခဲ့ရာတွင် ကင်ဆာရောဂါမှသည် ပြင်းထန်သော အသည်းရောဂါများအထိ ထိရောက်သည့် အာနိသင်ပြကြောင်း တွေ့ရှိထားသည်။ ဓာတ်ပုံ-amstockphoto – stock.adobe.com)
(ဆက်စပ်သတင်း)
ဗြိတိန် သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူ များပြားလျက်ရှိပြီး အစွမ်းထက်လှကြောင်း တွေ့ရှိ
https://www.iMyanmarHouse.com/news/read/1159552
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: You can get paid $1,500 a month to donate your poop for a good cause