နှာချေလိုချိန်တွင် မချေဘဲ အောင့်ထားလိုက်ပါက ဦးခေါင်းတွင်းသွေးကြောပေါက်ကာ အသက်သေဆုံးသည်အထိ ဖြစ်နိုင်ကြောင်း သိပ္ပံပညာရှင်များ ပြောကြား

နှာချေလိုချိန်တွင် မချေဘဲ အောင့်ထားလိုက်ပါက ဦးခေါင်းတွင်းသွေးကြောပေါက်ကာ အသက်သေဆုံးသည်အထိ ဖြစ်နိုင်ကြောင်း သိပ္ပံပညာရှင်များ ပြောကြား - Property News in Myanmar from iMyanmarHouse.com
3 Oct 2025 12:08 pm တွင် တင်ခဲ့သည်
179 ကြိမ် ကြည့်ရှု့ပြီး

သင်သည် ရုံးတွင် အကြီးစားဖောက်သည်တော်ကြီးဖြစ်လာနိုင်သူတစ်ဦးနှင့် အရေးကြီးသော အစည်းအဝေး တစ်ခုလုပ်နေစဉ် ရုတ်တရက် နှာချေချင်လာသည်ဆိုပါစို့။

သို့မဟုတ် သင်ကြွေနေသော ကောင်လေးနှင့် ပထမဆုံး ချိန်းတွေ့ရာတွင် သူက အတူတွဲကရန် ပြောချိန်တွင် “အင်း” ဟု လက်ခံစကားမပြောမီ ရုတ်တရက် နှာချေချင်လာသည် ဆိုပါစို့။

အရေးကြီးသော အစည်းအဝေး၊ ချစ်သူနှင့် ချိန်းတွေ့ခြင်း (သို့မဟုတ်) အများပြည်သူတို့ အသုံးပြုသည့် ရထားပေါ် ကားပေါ်တွင် ရုတ်တရက် နှာချေချင်လာခြင်းမှာ သင့်အား အရှက်ကွဲစေမည့် အခြေအနေမျိုး ဖြစ်သည်။

ထိုအခါတွင် နှာချေတော့မည်ဟု ခံစားမိသည်နှင့် သင်လုပ်ဆောင်မည်မှာ ပါးစပ်ကို အုပ်ထားလိုက်ပြီး နှာခေါင်းကို ညှစ်ထားလိုက်ကာ နှာမချေရန် ထိန်းထားလိုက်ခြင်း ဖြစ်သည်။

ထိုသို့ လုပ်ဆောင်ခြင်းမှာ အရှက်ကွဲမည့် အခြေအနေမှ ကယ်တင်ပေးနိုင်မည်ဖြစ်သော်လည်း သိပ္ပံပညာရှင်တို့ကမူ သင်၏ ကျန်းမာရေးနှင့် အသက်အန္တရာယ်ကို အလေးထားသည့်အနေဖြင့် နှာချေလိုခြင်းကို မထိန်းထားဘဲ အရှက်ကွဲမည့် အခြေအနေနှင့်သာ ရင်ဆိုင်လိုက်ရန် အကြံပြုကြသည်။

အဘယ်ကြောင့်ဆိုလျှင် နှာချေလိုစိတ်ကို ထိန်းထားလိုက်ခြင်း၏ နောက်ကွယ်တွင် မထင်မှတ်ထားသည့် ကြီးမားသော အန္တရာယ်များ ရှိနေသောကြောင့်ပင်။

((ကျွန်ုပ်တို့ ဘာကြောင့် နှာချေကြသလဲ))

နှာချေခြင်းသည် လူ့ခန္ဓာကိုယ်၏ ကာကွယ်ရေး ယန္တရားတစ်ခု ဖြစ်သည်။

ဖုန်၊ ဝတ်မှုန်၊ မီးခိုး၊ ရေမွှေးနံ့၊ ရုတ်တရက် နေပူထိုးခြင်းတို့ကြောင့် နှာခေါင်းလမ်းကြောင်းတွင် လက်မခံနိုင်စရာ ဖြစ်လာနိုင်သည်။

ထိုအခြေအနေကို တုံ့ပြန်သည့်အနေဖြင့် ခန္ဓာကိုယ်အတွင်း ဝင်ရောက်လာသည့် လက်မခံနိုင်ဖွယ်အရာကို လေဖြင့် တွန်းထုတ်ရန် ဦးနှောက်က အချက်ပြလိုက်ရာ မိုးကြိုးတမျှ မြန်ဆန်လှသည့်မြန်နှုန်းဖြင့် လေအင်အား ပြင်းထန်စွာဖြင့် မောင်းထုတ်ပစ်လိုက်သည်။

နှာချေလိုက်သည့် လေ၏ ပြင်းအားမှာ တစ်နာရီလျှင် မိုင် ၁၀၀ ကျော်နှုန်းခန့်ရှိပြီး သေးငယ်သော အမှုန် ထောင်ပေါင်းများစွာ တွန်းကန်ထွက်သွားကြသည်။

အတိုချုပ်ဆိုရလျှင် နှာချေခြင်းသည် သဘာဝနည်းဖြင့် သန့်ရှင်းရေးလုပ်ခြင်းဖြစ်ပြီး သင်၏ အဆုပ်များကို ကာကွယ်ရန် အထိရောက်ဆုံးနှင့် အလျင်မြန်ဆုံး နည်းလမ်း ဖြစ်သည်။

((နှာမချေဘဲ ချုပ်တည်းထားလိုက်တဲ့အခါ ဘာတွေဖြစ်လာသလဲ))

နှာချေလိုခြင်းကို ထိန်းချုပ်ထားလိုက်သည့်အခါ နှာခေါင်းနှင့် ပါးစပ်မှတဆင့် ထွက်သွားမည့် ကြီးမားသော ဖိအားမှာ ခန္ဓာကိုယ်တွင်းဆီသို့ ဦးတည်ရာလမ်းကြောင်း ပြောင်းသွားသည်။

အရှိန်ပြင်းစွာ မောင်းနေသည့် ပြိုင်ကားကို ရုတ်တရက် ဘရိတ်အုပ်လိုက်သည့် သဘောမျိုးပင်။ အားအဟုန်မှာ တနေရာသို့ ဆက်သွားဦးမည့်သဘောတရားမျိုးဖြစ်သည်။

နှာချေလိုခြင်းကို ချုပ်ထားလိုက်သောအခါတွင် ဖြစ်ပေါ်လာသည့်အားမှာ ခန္ဓာကိုယ်တွင်း နူးညံ့သိမ်မွေ့သည့်နေရာများဖြစ်သော နှာခေါင်းနှင့် ဦးခေါင်းကို ဆက်သွယ်ထားသည့် လေလမ်းကြောင်း၊ နားစည်နှင့် သွေးကြောများဆီသို့ ရောက်ရှိသွားသည်။

နားစည်ကွဲခြင်း

နား၊ နှာခေါင်းနှင့် လည်ချောင်းတို့မှာ တဆက်တည်း ဆက်စပ်နေသည်။

နားမှာ အထူးထိခိုက်လွယ်သည်။

နှာချေလိုခြင်းကို ချုပ်ထားလိုက်သောကြောင့်ဖြစ်ပေါ်လာသည့်အားမှာ လေကို နားစည်ဆီသို့ တွန်းထုတ်ကာ နားစည်ကွဲခြင်းမျိုး ဖြစ်နိုင်သည်။ ရှားပါးသည်ဆိုသော်လည်း ဖြစ်လာပါက အကြားအာရုံဆုံးရှုံးခြင်းနှင့် ကူးစက်ရောဂါဝင်နိုင်သည့် အန္တရာယ်များ ရှိသည်။

ရင်ဘတ်တွင် တင်းကြပ်နေစေခြင်း

နှာချေလိုခြင်းကို ချုပ်ထားလိုက်ပါက ခေါင်းထဲတွင်သာမဟုတ်ဘဲ ရင်ဘတ်ထဲတွင်လည်း တင်းကြပ်နေသလိုမျိုး ခံစားရစေသည်။

သွေးကြောများ ပေါက်ကွဲခြင်း

ခန္ဓာကိုယ်တွင်း ဖိအားရုတ်တရက် မြင့်တက်သွားခြင်းကြောင့် မျက်လုံး၊ နှာခေါင်းနှင့် နားစည်တို့ရှိ သွေးကြောငယ်လေးများကို ပေါက်ကွဲစေနိုင်သည်။ နှာချေလိုစိတ်ကို ချုပ်ထားလိုက်သူတို့တွင် မျက်သား အဖြူထဲ၌ အနီစက်လေးများကို တခါတရံ တွေ့ရနိုင်သည်။ ထိုအနီစက်များကို subconjunctival hemorrhages ဟုခေါ်သည်။ နှာချေလိုစိတ်ကို ချုပ်ထားလိုက်သောကြောင့် သွေးကြောမျှင်လေးများ ပြတ်သွားခြင်း ဖြစ်သည်။

လည်ချောင်း ဒဏ်ရာရနိုင်ခြင်း

ပိုမိုဆိုးရွားသည့် အခြေအနေမျိုးတွင် လည်ချောင်းတွင်း တစ်သျှူးများ ပေါက်ကွဲပျက်စီးခြင်း (သို့မဟုတ်) နှာခေါင်းနှင့် ဦးခေါင်းဆက်သွယ်ထားသည့် လေလမ်းကြောင်း ပျက်စီးခြင်းတို့ ရင်ဆိုင်ကြရသည်။

ထိုသို့ဖြစ်သူ များစွာမတွေ့ရသော်လည်း နှာချေလိုစိတ်ကို ချုပ်ထားလိုက်ခြင်း၏ အန္တရာယ် အလားအလာ မည်မျှကြီးမားသည်ကို ပြသခြင်း ဖြစ်သည်။

လေလမ်းကြောင်း ပြဿနာများ

နှာချေလိုစိတ်ကို ချုပ်ထားလိိုက်ပါက ခန္ဓာကိုယ်နှင့် ဓာတ်မတည့်သည့်အရာများ၊ ပိုးမွှားများမှာ လေဖြင့် မောင်းထုတ်ကာ ထွက်သွားရမည့်အစား နှာခေါင်းလမ်းကြောင်းထဲတွင် ပိတ်မိနေတော့သည်။ ထိုအခါ နှာခေါင်းနှင့် ဦးခေါင်းဆက်သွယ်ထားသည့် လေလမ်းကြောင်းတွင် ကူးစက်ရောဂါများ ဖြစ်လာစေခြင်း (သို့မဟုတ်) နှာခေါင်းပိတ်သည့် ဝေဒနာ ပိုမိုဆိုးရွားလာခြင်းတို့ ဖြစ်လာနိုင်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com 

Ref: Holding in a sneeze? Here’s why you shouldn't

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မိန်းမများကို ကြောက်သောကြောင့် ၁၅ ပေမြင့်သော ခြံစည်းရိုး ကာရံကာ ၅၅ နှစ်လုံး တစ်ဦးတည်းသီးခြားနေထိုင်ခဲ့သော အသက် ၇၁ နှစ်အရွယ် အဘိုး...
မိန်းမများကို ကြောက်သောကြောင့် ၁၅ ပေမြင့်သော ခြံစည်းရိုး ကာရံကာ ၅၅ နှစ်လုံး တစ်ဦးတည်းသီးခြားနေထိုင်ခဲ့သော အသက် ၇၁ နှစ်အရွယ် အဘိုး...
ပူပူနွေးနွေး ကမ္ဘာ့ကျော်ကြင်စဦးမောင်နှံ Benny Blanco နှင့် Selena Gomez တို့နှစ်ဦး၏ စပိန်ရိုးရာစတိုင် ဒေါ်လာ ၃၅သန်းခွဲတန်စံအိမ်...
ပူပူနွေးနွေး ကမ္ဘာ့ကျော်ကြင်စဦးမောင်နှံ Benny Blanco နှင့် Selena Gomez တို့နှစ်ဦး၏ စပိန်ရိုးရာစတိုင် ဒေါ်လာ ၃၅သန်းခွဲတန်စံအိမ်...
မက္ကဆီကိုတွင် ဆောက်လုပ်ရေးလုပ်သားတစ်ဦးက ချစ်သူ၏ နေအိမ်ရှိရာသို့ မြေအောက်လှိုဏ်ခေါင်းတူးကာ သွားခဲ့ပုံ...
မက္ကဆီကိုတွင် ဆောက်လုပ်ရေးလုပ်သားတစ်ဦးက ချစ်သူ၏ နေအိမ်ရှိရာသို့ မြေအောက်လှိုဏ်ခေါင်းတူးကာ သွားခဲ့ပုံ...
မိန်းကလေးတို့၏ မျက်ရည်မှ ဓာတုအချက်ပြရနံ့ကို ရှူမိလျှင် ယောက်ျားလေးတို့၏ ဒေါသကို ၄၄ ရာခိုင်နှုန်း လျှော့ချပေးနိုင်ကြောင်း အစ္စရေးနှင့် အမေရိကန်သိပ္ပံပညာရှင်များ တွေ့ရှိ...
မိန်းကလေးတို့၏ မျက်ရည်မှ ဓာတုအချက်ပြရနံ့ကို ရှူမိလျှင် ယောက်ျားလေးတို့၏ ဒေါသကို ၄၄ ရာခိုင်နှုန်း လျှော့ချပေးနိုင်ကြောင်း အစ္စရေးနှင့် အမေရိကန်သိပ္ပံပညာရှင်များ တွေ့ရှိ...
လူတိုင်းကို အသက်ကယ်နိုင်သည့် ကမ္ဘာ့အရှားပါးဆုံး ရွှေသွေး အမျိုးအစား၊ အသက်ကယ်ဆေးဖြစ်သကဲ့သို့ အသက်အန္တရာယ်လည်း ကြီးမားစေနိုင်...
လူတိုင်းကို အသက်ကယ်နိုင်သည့် ကမ္ဘာ့အရှားပါးဆုံး ရွှေသွေး အမျိုးအစား၊ အသက်ကယ်ဆေးဖြစ်သကဲ့သို့ အသက်အန္တရာယ်လည်း ကြီးမားစေနိုင်...
အခေါင်းပေါ်ကို ကြောင်နက်ခုန်ကျော်ရင် သေဆုံးပြီးသူ ငုတ်တုတ်ထထိုင်တယ်ဆိုတာ ကိုယ်တွေ့ကြုံခဲ့သူ ဗီယက်နမ်အမျိုးသမီး...
အခေါင်းပေါ်ကို ကြောင်နက်ခုန်ကျော်ရင် သေဆုံးပြီးသူ ငုတ်တုတ်ထထိုင်တယ်ဆိုတာ ကိုယ်တွေ့ကြုံခဲ့သူ ဗီယက်နမ်အမျိုးသမီး...
ခေါင်းပြတ်သွားတာတောင် ၁၈ လ အသက်ဆက်ရှင်နေခဲ့တဲ့ အမေရိကန်က ကြက်ဖ
ခေါင်းပြတ်သွားတာတောင် ၁၈ လ အသက်ဆက်ရှင်နေခဲ့တဲ့ အမေရိကန်က ကြက်ဖ
တိုရှီဘာဝန်ထမ်းများကို ဘောနပ်စ်ပေးရန် ယန်းငွေ သန်း ၃၀၀ တင်ဆောင်လာသည့် ကားကို အကြံပိုင်စွာ လက်လွှဲရယူ လုယက်သွားသော သမိုင်းဝင် အံ့မခန်းဖြစ်ရပ်...
တိုရှီဘာဝန်ထမ်းများကို ဘောနပ်စ်ပေးရန် ယန်းငွေ သန်း ၃၀၀ တင်ဆောင်လာသည့် ကားကို အကြံပိုင်စွာ လက်လွှဲရယူ လုယက်သွားသော သမိုင်းဝင် အံ့မခန်းဖြစ်ရပ်...
အိမ်ခြံမြေအကျိုးဆောင်အမျိုးသမီး ကျကျန်ခဲ့သော ဒေါ်လာ ၁၀၀၀၀ တန် ချက်လက်မှတ်ကို လိုက်ရှာ ပြန်ပေးတဲ့ အိမ်ရာမဲ့ အမျိုးသား ဘဝပြောင်းလဲသွားပုံ...
အိမ်ခြံမြေအကျိုးဆောင်အမျိုးသမီး ကျကျန်ခဲ့သော ဒေါ်လာ ၁၀၀၀၀ တန် ချက်လက်မှတ်ကို လိုက်ရှာ ပြန်ပေးတဲ့ အိမ်ရာမဲ့ အမျိုးသား ဘဝပြောင်းလဲသွားပုံ...
စင်္ကာပူနှင့် လန်ဒန်တို့တွင် နံရံသေးပန်းလျှင် ပြန်ကန်ထွက်ကာ လူကိုပြန်ထိမည့် သုတ်ဆေး အသုံးပြုနေ...
စင်္ကာပူနှင့် လန်ဒန်တို့တွင် နံရံသေးပန်းလျှင် ပြန်ကန်ထွက်ကာ လူကိုပြန်ထိမည့် သုတ်ဆေး အသုံးပြုနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
အဲကွန်း သန့်ရှင်းရေးပုံမှန်မလုပ်ခြင်းက ကျန်းမာရေးကို ဘယ်လိုသက်ရောက်စေနိုင်လဲ
အဲကွန်း သန့်ရှင်းရေးပုံမှန်မလုပ်ခြင်းက ကျန်းမာရေးကို ဘယ်လိုသက်ရောက်စေနိုင်လဲ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service