ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
Virgin Australia လေကြောင်းလိုင်းတွင် စီအီးအိုဖြစ် တာဝန်ယူခဲ့ဖူးသော အမျိုးသမီးက ဝယ်ယူထားသည်မှာ လပိုင်းသာ ရှိသေးသော ဒေါ်လာ ၁၇ သန်းတန် စံအိမ်ကြီးကို ဖြိုချရန် စီစဉ်လာသည်။
Virgin ၏ စီအီးအိုဟောင်း Janye Hrdlicka သည် ၁၉၇၀ ပြည့်လွန်ကာလများက ဆောက်လုပ်ခဲ့သော စံအိမ်ကြီးကို ပြီးခဲ့သော ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း လေလံပွဲတစ်ခုတွင် ဒေါ်လာ ၁၆ ဒသမ ၉ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
ဝယ်ယူထားသည်မှာ ၅ လသာ ရှိသေးချိန်တွင် မစ္စ Hrdlicka က ထိုစံအိမ်ကြီးကို ဖြိုချရန်နှင့် မြေအောက်ခန်း ပါသော စံအိမ်သစ်တစ်လုံး ဆောက်လုပ်ရန် မြို့ကောင်စီထံ ခွင့်ပြုချက် တောင်းခံထားသည်။
မစ္စ Hrdlicka ၏ စံအိမ်တည်ရှိသည့်နေရာမှာ သြစတေးလျနိုင်ငံ၊ ကွင်းစလန်ပြည်နယ်၊ Noosa Shire အရပ်တွင် ဖြစ်သည်။
သူ၏ စံအိမ်သစ် ဒီဇိုင်းမှာ မြို့ကောင်စီ၏ ခွင့်ပြုချက်များနှင့် မကိုက်ညီသည့် ၂ ချက်ပါဝင်နေသည်။
(▲ ကွင်းစလန်ပြည်နယ်၊ Noosa Heads မြို့၊ Allambi Rise လမ်းတွင် တည်ရှိပြီး Ms Hrdlicka က ဒေါ်လာ ၁၆ ဒသမ ၉ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ ဓာတ်ပုံ-Tim Offermann Real Estate.)
(▲ Shaun Lockyer Architects ဗိသုကာအဖွဲ့က ဒီဇိုင်းရေးဆွဲပေးထားသော စံအိမ်သစ်ပုံစံ။ ဓာတ်ပုံ-Shaun Lockyer Architects)
မကိုက်ညီသည့် ပထမအချက်မှာ စံအိမ်သစ်၏ အမြင့်ဖြစ်သည်။
Noosa Plan 2020 တွင် ပြဌာန်းထားမှုအရ နေအိမ်များကို ၂ ထပ်သာ ဆောက်လုပ်ရမည်ဟု ဆိုသည်။
Ms Hrdlicka က အားကစားလေ့ကျင့်ခန်းနှင့် ဂိမ်းကစားခန်းများအတွက် မြေအောက်ခန်း (သို့မဟုတ်) “floor level L0” ကို ထည့်သွင်းလိုသည်။
ပထမထပ်နှင့် ဒုတိယထပ်များတွင် မီးဖိုဆောင်၊ ဧည့်ခန်း၊ Outdoor ဧည့်ခန်းနှင့် နားနေဆောင်တို့ ထားရှိမည်ဖြစ်ကာ ရေကူးကန်လည်း ထည့်သွင်းမည် ဖြစ်သည်။
ထို့အပြင် master bedroom နှင့် အိပ်ခန်း ၃ ခန်းလည်း ပါဝင်မည်ဖြစ်သည်။
အမြင့်ကန့်သတ်ချက်မှာ ၈ မီတာ (၂၆ ပေ) ဖြစ်သော်လည်း ဒီဇိုင်းရေးဆွဲထားသောအိမ်မှာ ၈ ဒသမ ၆ မီတာ (၂၈ ပေ) ဖြစ်ရာ သတ်မှတ်ချက်ကို ချိုးဖောက်နေသည်။
သူမက မြို့ကောင်စီအနေဖြင့် နေအိမ်အမြင့်ကန့်သတ်ချက် ၈ မီတာထက် ပိုမိုခွင့်ပြုပေးစေလိုနေသည်။
သူ၏ လျှောက်လွှာတွင် ဖော်ပြချက်အရ အိမ်နီးချင်းတို့၏ မြင်ကွင်းကို ပိတ်ဆို့စေမည်မဟုတ်ကြောင်း ဖော်ပြထားသည်။
(▲ Shaun Lockyer Architects ဗိသုကာအဖွဲ့က ဒီဇိုင်းရေးဆွဲပေးထားသော အိမ်မှာ သတ်မှတ်အမြင့်ထက် ကျော်လွန်နေသည်။ ဓာတ်ပုံ- Shaun Lockyer Architects)
(▲ Shaun Lockyer Architects ဗိသုကာအဖွဲ့က ဒီဇိုင်းရေးဆွဲပေးထားသောအိမ်မှာ Noosa Plan 2020 က ချမှတ်ထားသော အမြင့်ကန့်သတ်ချက်ထက် ကျော်လွန်နေသည်။ ဓာတ်ပုံ-Shaun Lockyer Architects)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Shock twist as former Virgin CEO to tear down $17m mansion Photo Credit- Shaun Lockyer Architects (realestate)