ဒလတံတားတည်ဆောက်မည့် ဧရိယာနှင့် မလွတ်ကင်းသည့် ဘုရားကြီးနှင့် သမ္ဗန်ကူးတို့ဆိပ်တို့ ပြောင်းရွှေ့ တည်ဆောက်

ဒလတံတားတည်ဆောက်မည့် ဧရိယာနှင့် မလွတ်ကင်းသည့် ဘုရားကြီးနှင့် သမ္ဗန်ကူးတို့ဆိပ်တို့ ပြောင်းရွှေ့ တည်ဆောက် - Property News in Myanmar from iMyanmarHouse.com
2 May 2018 11:53 am တွင် တင်ခဲ့သည်
4315 ကြိမ် ကြည့်ရှု့ပြီး
ကိုရီးယား-မြန်မာချစ်ကြည်ရေး(ဒလတံတား) တည်ဆောက်မည့် စီမံကိန်းလုပ်ငန်းခွင် ဧရိယာအတွင်း မလွတ်ကင်းသော ကမာကဆစ်အနောက်ကျောင်း
ဘုရားကြီး၊ ကမာကဆစ် ကူးတို့သမ္ဗန်ဆိပ်၊ ရေယာဉ်ရုံးနှင့် နားနေဆောင်တို့အား နေရာပြောင်းရွှေ့ပေးနိုင်ရေးအတွက် တံတားတည်ဆောက်နေချိန် ဒေသခံပြည်သူများ ခရီးသွားလာမှု အဆင်ပြေလွယ်ကူစေရန်အတွက် ပြောင်းရွှေ့နေရာ သတ်မှတ်ပေးထားပြီး ယခုအခါ အဆိုပါလုပ်ငန်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာန အဆောက်အအုံ အထူးအဖွဲ့(၂)မှ တာဝန်ရှိသူများက ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

တံတားစီမံကိန်းဧရိယာနှင့် မလွတ်ကင်းသည့် ကမာကဆစ်အနောက်ကျောင်း ဘုရားကြီးအား ကျန်စစ်သားရပ်ကွက် မြဝတီမင်းကြီးလမ်းဘေးရှိ တရားကွင်း မြေနေရာတွင် လည်းကောင်း၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအား မင်းရဲကျော်စွာလမ်းနှင့် ဆရာစံ(၂)လမ်းထောင့်တွင် လည်းကောင်း၊ ကမာကဆစ် သမ္ဗန်ကူးတို့ဆိပ်အား ရာဇသင်္ကြန်လမ်းမကြီးဘေး ယခင်ကူးတို့ဆိပ် နေရာဟောင်းတွင်
လည်းကောင်း အသီးသီး နေရာပြောင်းရွှေ့ သတ်မှတ်ထားပြီး တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ကမာကဆစ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်က ဧပြီ ၂၉ ရက် နံနက် ပိုင်းတွင် ပြောကြားခဲ့သည်။

အဆိုပါ တံတားတည်ဆောက်ခြင်း ဧရိယာနှင့် မလွတ်ကင်းသည့် ကမာကဆစ်အနောက်ကျောင်း ဘုရားကြီး ပြောင်းရွှေ့တည်ဆောက်ခြင်းလုပ်ငန်းတွင် ကြီးကြပ်မှုကော်မတီဖွဲ့စည်း တာဝန်ပေးအပ်ရာ အနောက်ကျောင်းတိုက် ပဓာနနာယက ဆရာတော်ဘဒ္ဒန္တ ဦးဧသိကကြီးမှူး၍ မြို့နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့မိမြို့ဖများ အား ကြီးကြပ်မှုကော်မတီဖွဲ့စည်းပြီး လုပ်ငန်းများ ဆောင်ရွက်ခြင်းကို အဆောက်အအုံအထူးအဖွဲ့(၂)မှ တည်ဆောက်ပေးလျက်ရှိကြောင်း သိရသည်။

ကျန်စစ်သားရပ်ကွက်သို့ ဘုရားကြီး ပြောင်းရွှေ့တည်ထားခြင်းနှင့် စီးပွားရေးမြို့တော် ရန်ကုန်မြို့သို့ စက်တပ်သမ္ဗန်များဖြင့် နေ့စဉ်သွားလာနေကြသော ဒေသခံပြည်သူများ အဆင်ပြေချောမွေ့စေ ရေးအတွက် ကမာကဆစ် သမ္ဗန်ကူးတို့ဆိပ်ကို ယခင်ကူးတို့ဆိပ်ဟောင်းအနီးသို့ ပြောင်းရွှေ့နေရာသတ်မှတ်ပေးထားပြီး ကူးတို့ဆိပ်၊ ရေယာဉ်ရုံးနှင့် နားနေဆောင်တို့ကိုလည်း အသစ်ပြန်လည် တည်ဆောက်ပေးသွားမည်ဖြစ်ရာ အဆိုပါ လုပ်ငန်းများ ဆောင်ရွက်မှု၏ ကုန်ကျစရိတ်များကို (ဒလ)တံတား တည်ဆောက်ရေးမှ ကျခံပေးသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာနမှ အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးကျော်ကောင်းချို (တံတားစီမံကိန်း စီမံခန့်ခွဲရေးကော်မတီ အဖွဲ့ခေါင်းဆောင်) ထံမှ သိရသည်။

ဒလ(တံတား)တည်ဆောက်မည့် စီမံကိန်းဧရိယာအတွင်း ကမာကဆစ် စက်တပ်သမ္ဗန် ကူးတို့ဆိပ် လည်းပါဝင်ခဲ့ရာ အဆိုပါ ကူးတို့ဆိပ်၌ စက်တပ်
သမ္ဗန် အစင်းရေ ၅၉ စင်းရှိရာ နံနက် ၄ နာရီမှ ည ၈ နာရီအထိ ၄၁ စင်းနှင့် ည ၈ နာရီမှ နံနက် ၄ နာရီ အထိ ၁၈ စင်းရှိကြောင်း၊ တနင်္လာနေ့မှ သောကြာနေ့အထိနေ့စဉ်ပျမ်းမျှ ခရီးသွားပြည်သူ ၈ဝဝဝ နီးပါးရှိပြီး ရုံးပိတ်ရက် စနေ၊ တနင်္ဂနွေနေ့များတွင် ၆ဝဝဝ နီးပါးခန့် ပို့ဆောင်ပေးနေရကြောင်း၊ တစ်ရက်လျှင် ကျပ် ၁၂ဝဝဝ မှ ၁၅ဝဝဝ ထိရရှိရာ သမ္ဗန်မောင်းသူများ အဆင်ပြေလျက်ရှိကြောင်း၊ နေရာပြောင်းရွှေ့သွားမည်ဆိုပါက နေ့စဉ် သွားလာနေကြသော လမ်းကြောင်း မဟုတ်ခြင်းကြောင့် ခရီးသည်များ လျော့ နည်းသွားမည်ဖြစ်ရာ စက်တပ်သမ္ဗန်မောင်းသူများ ယခင်ရရှိသော ဝင်ငွေထက် လျော့နည်းလာနိုင် ကြောင်း ကမာကဆစ်ရေယာဉ်ကူးတို့ဆိပ်ဥက္ကဋ္ဌ ဦးမြင့်ထူးက ပြောသည်။

Credit: The Mirror

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...

‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...

အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွားပြီးနောက် ကြော်ငြာများ ရိုက်ကူးလာရ၊ ဖခင်ကြီးအတွက် အိမ်တစ်လုံး ဝယ်ပေးနိုင်ရန် စိတ်ကူးအိပ်မက်လျက်ရှိ ……………...

ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံးအုံးကြွက်ကြွက်ဖြစ်ကာ လယ်ထဲတွင် စိန်ရှာပွဲကြီး အလုအယက်လုပ်နေကြပုံ...

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖြင့် ထီထိုးခဲ့ရာ ရင်းဂစ် ၂ သန်းကျော် ကံထူးခဲ့ပြီး ထီပေါက်သောငွေအားလုံးကို မိမိ၏ ငယ်ဘဝ မူလတန်းကျောင်းလေးသို့ လှူဒါန်းပစ်ခဲ့ပုံ...

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လမ်းတစ်ပိုင်းလုံး ပိတ်ထားခဲ့ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service