ဟားခါးမြို့တွင် အဆင့်မြင့်ပန်းခြံ တည်ဆောက်မည်

ဟားခါးမြို့တွင် အဆင့်မြင့်ပန်းခြံ တည်ဆောက်မည် - Property News in Myanmar from iMyanmarHouse.com
22 Feb 2018 11:02 am တွင် တင်ခဲ့သည်
5268 ကြိမ် ကြည့်ရှု့ပြီး
ဟားခါးမြို့တွင် အဆင့်မြင့်ပန်းခြံ တည်ဆောက်နိုင်ရေး စီစဉ်ဆောင်ရွက်နေကြောင်း နေပြည်တော်ကောင်စီ နယ်မြေအဖွဲ့ဝင် ဦးအောင်မြင့်ထွန်းက ပြောသည်။

ဖေဖော်ဝါရီ ၂၀ ရက်က ကျင်းပသော အမျိုးသားလွှတ်တော်တွင် ချင်းပြည်နယ် ဟားခါးမြို့၌ ပြည်သူများ အပန်းဖြေ အနားယူနိုင်ရန် အဆင့်မီပန်းခြံ တည်ဆောက်ပေးခြင်းရှိ၊ မရှိ မေးခွန်းကို ချင်းပြည်နယ်အစိုးရကိုယ်စား နေပြည်တော် ကောင်စီနယ်မြေ အဖွဲ့ဝင် ဦးအောင်မြင့်ထွန်းက ဖြေကြားသည်။

‘‘ချင်းပြည်နယ် ဟားခါးမြို့ မှာ အဆင့်မီပန်းခြံတည်ဆောက်နိုင်ရေး ခွာစီလိုဘို အရပ်က ၅ ဧကခန့်ကို ဟားခါးမြို့ မြို့မိမြို့ဖ များက အဆိုပြုလျာထားပြီး မြေ ပိုင်ဆိုင်မှုရရှိရေးအတွက် ဟားခါး မြို့နယ် စည်ပင်သာယာရေးအဖွဲ့ မှ ဆောင်ရွက်နေပါတယ်’’ဟု ဦးအောင်မြင့်ထွန်းက ပြောသည်။

ပန်းခြံတည်ဆောက်နိုင်ရေး ၂၀၁၈ အောက်တိုဘာမှ ၂၀၁၉ စက်တင်ဘာအထိ တစ်နှစ်ဘတ် ဂျက်လျာထားချက်တွင် ဒုတိယ ဦးစားပေးဖြင့် ခွာစီလိုဘိုပန်း ဥယျာဉ်ပြုလုပ်ခြင်းနှင့် ရေလှောင်ကန်တစ်လုံး၊ ရေကန်(ခြံစည်းရိုးအပါအဝင်) ကျပ်သန်း ၁၅၀ လျာထားတောင်းခံထားပြီးဖြစ်သဖြင့် ခွင့်ပြုရန်ပုံငွေရပါက ဆောင်ရွက်မည်ဟု ချင်းပြည်နယ် အစိုးရကိုယ်စား ဦးအောင်မြင့်ထွန်းက ပြောကြားသည်။

‘‘ချင်းပြည်နယ် ဟားခါးမြို့ က သာယာပေမယ့်လည်း အများပြည်သူအပန်းဖြေဖို့ ပန်းခြံဆိုတာ မရှိပါဘူး။ ဒီမြို့မှာ တစ်နှစ်ပြီး တစ်နှစ် သာယာလှပခဲ့ပေမယ့် လည်း ကျောင်းသား၊ ကျောင်းသူများ၊ နိုင်ငံခြားခရီးသွားဧည့်သည်များ၊ လုပ်သားပြည်သူများ အပန်းဖြေဖို့အတွက် တိရစ္ဆာန်ဥယျာဉ် မရှိ၊ ပန်းခြံလည်းမရှိတဲ့အတွက် မြို့တော်အင်္ဂါရပ်နဲ့ မပြည့်စုံဘူး ဖြစ်နေပါတယ်’’ဟု ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃) အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဘွဲခိန်းက လွှတ်တော်တွင် မေးခွန်း မေးမြန်းစဉ် ပြောသည်။

တိုင်းနှင့် ပြည်နယ် ၁၄ ခု တွင် ချင်းပြည်နယ်၏အထင်ကရ မြို့ဖြစ်သော ဟားခါးမြို့တော် တွင် အပန်းဖြေပန်းခြံမရှိသည်မှာ ဝမ်းနည်းဖွယ်ကောင်းသော ဖြစ် ရပ်ဖြစ်ကြောင်း ဦးဘွဲခိန်းက ပြော သည်။

ကန်ပက်လက်မြို့တွင် အဆင့်မြင့်ပန်းခြံ တည်ဆောက်ရန် ကန်ပက်လက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၁၈ အောက်တိုဘာမှ ၂၀၁၉ စက်တင်ဘာအထိ ၁၂ လ ဘတ်ဂျက်လျာထားချက်တွင် ဒုတိယဦးစားပေးအဖြစ် နတ်စင်ကုန်းပန်းခြံတည်ဆောက်ခြင်းလုပ်ငန်းအတွက် ကျပ်သန်း ၃၀ နှင့် တော်လှန်ရေးပန်းခြံ တည်ဆောက်ရန် ကျပ်သန်း ၅၀ တို့ကို အဆိုပြုလျာထားပြီး ခွင့်ပြုရန်ပုံငွေရရှိပါက ဆောင်ရွက်မည်ဖြစ်ကြောင်း ဦးအောင်မြင့်ထွန်းက ပြောသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...

‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...

အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွားပြီးနောက် ကြော်ငြာများ ရိုက်ကူးလာရ၊ ဖခင်ကြီးအတွက် အိမ်တစ်လုံး ဝယ်ပေးနိုင်ရန် စိတ်ကူးအိပ်မက်လျက်ရှိ ……………...

ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံးအုံးကြွက်ကြွက်ဖြစ်ကာ လယ်ထဲတွင် စိန်ရှာပွဲကြီး အလုအယက်လုပ်နေကြပုံ...

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖြင့် ထီထိုးခဲ့ရာ ရင်းဂစ် ၂ သန်းကျော် ကံထူးခဲ့ပြီး ထီပေါက်သောငွေအားလုံးကို မိမိ၏ ငယ်ဘဝ မူလတန်းကျောင်းလေးသို့ လှူဒါန်းပစ်ခဲ့ပုံ...

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လမ်းတစ်ပိုင်းလုံး ပိတ်ထားခဲ့ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွာ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service