ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင် - Property News in Myanmar from iMyanmarHouse.com
5 Jun 2025 11:34 am တွင် တင်ခဲ့သည်
752 ကြိမ် ကြည့်ရှု့ပြီး

မီလင်ဒါဂိတ်က သူ၏ ကလေးများကို လူလတ်တန်းစား အဆင့်အတန်းမျိုးဖြင့် ပျိုးထောင်ခဲ့ကြောင်း ပြောခဲ့ဖူးသည်။

မီလင်ဒါဂိတ် နောက်ပြောင်နေခြင်း မဟုတ်ချေ။ အမှန်ပင် ဖြစ်သည်။

ဘီလ်ဂိတ်၏ ကလေးများသည် ဝါရှင်တန်မှ ခြံဝန်းတစ်ခုအတွင်း သာမာန်ဘဝမျိုးဖြင့် ကြီးပြင်းခဲ့သည်ဟု ဆိုသည်။

ဘီလ်ဂိတ် စည်းကမ်းတင်းကြပ်ပုံနှင့် စပ်လျဉ်းပြီး ထင်ရှားသော သာဓကမှာ သမီးဖြစ်သူ ဖီဘီဂိတ် (Phoebe Gates) နှင့် ပတ်သက်သော ဖြစ်ရပ်တစ်ခုတွင် တွေ့နိုင်သည်။ ဖီဘီဂိတ်သည် ဘီလ်ဂိတ်နှင့် မီလင်ဒါတို့၏ ကလေးများအနက် စတိုင်အကျဆုံးဖြစ်သည်ဟု ဆိုကြသည်။

ဖီဘီဂိတ်မှာ လူငယ်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဘဝတွင် ဖြတ်သန်းနေသည်။

(▲ ဓာတ်ပုံ-Instagram/Phoebe Gates)

ဇီဘီဂိတ်သည် အသက် ၂၂ နှစ်အရွယ်တွင် Phia အမည်ရှိ ဖက်ရှင်အခြေပြု e-commerce လုပ်ငန်းတစ်ခု တည်ထောင်ခဲ့သည်။

ထိုလုပ်ငန်းကို ဖီဘီဂိတ်က Sophia Kianni နှင့်အတူ ပူးတွဲတည်ထောင်ခဲ့ခြင်း ဖြစ်သည်။

Phia သည် App တစ်ခုဖြစ်ပြီး Google Flights for Fashion ဟု ရည်ညွှန်းထားသည်။ အဆိုပါ App မှာ ပို့ဆောင်ခများ အပါအဝင် ဈေးအသက်သာဆုံး ဖက်ရှင်ထုတ်ကုန်များကို ရည်ညွှန်းပေးသော App ဖြစ်သည်။

ထို့အပြင် ကြော်ငြာများ ကြည့်စရာမလို၊ အဆုံးအစမရှိ ခေါင်းနောက်အောင် ရှာဖွေနေစရာမလိုဘဲ လွယ်ကူချောမွေ့စွာ ရလဒ်ကောင်းများ ရစေရန် စီစဉ်ပေးထားသည့် App ဖြစ်သည်။

အံ့အားသင့်ဖွယ်ကောင်းသည့်အချက်မှာ ဖီဘီဂိတ်က ဘီလျံနာ ဖခင်ကြီးထံမှ တစ်ပြားတစ်ချပ်မှ အကူအညီမတောင်းခဲ့၊ အကူအညီ မရခဲ့ခြင်း ဖြစ်သည်။

ပုံမှန်အားဖြင့်ဆိုလျှင် သမီးဖြစ်သူ၏ လုပ်ငန်းကို ဖခင် ဘီလ်ဂိတ်က အကူအညီပေးလိမ့်မည်ဟု သူသူငါငါ ယူဆကြမည်သာ ဖြစ်သည်။

အနည်းဆုံးအားဖြင့် ငွေအားဖြင့် ဖြစ်သည်။

သို့သော် ဖီဘီဂိတ်က ကိုယ့်ထူးကိုယ်ချွန် ၊ ကိုယ့်လမ်းကိုယ်ဖောက်ချင်သည်။

(▲ ဓာတ်ပုံ-Instagram/Phoebe Gates)

သမီးဖြစ်သူက မိမိအား သူ၏ လုပ်ငန်းသစ်နှင့် ပတ်သက်ပြီး ဖွင့်ဟပြောပြလာသည့်အကြောင်းကို ဘီလ်ဂိတ်က နယူးယောက်တိုင်းမ် သတင်းစာကြီးသို့ ပြောပြခဲ့ပုံမှာ “အဲဒီအခိုက်အတန့်မှာ ကျွန်တော်က ဒီလို တွေးနေခဲ့ မိတယ်……..အိုး…သမီးတော့ ငါ့ကို ပိုက်ဆံတောင်းတော့မှာပဲ။ တကယ်လို့ သူပိုက်ဆံတောင်းလာရင် သူ့ကို ကူညီဖို့ အကျပ်ဆိုက်မယ်။ သူ့အလုပ်ကိုလည်း အသေးစိတ်လိုက်ပြီး စီမံခန့်ခွဲပေးနေရဦးမှာပဲ။ ဒါဆို တော်တော် အကျပ်ရိုက်မှာပဲ…လို့ တွေးမိတယ်။ ကျေးဇူးတယ်ဖို့ကောင်းပါတယ်။ သူ ဘယ်တုန်းကမှ ဒါမျိုး မတောင်းဆိုခဲ့ဘူး” ဟု ဆိုသည်။

Phia app သည် user များကို အွန်လိုင်းပလက်ဖောင်းရှိ ဖက်ရှင်ပစ္စည်းများ၏ ဈေးနှုန်းများကို နှိုင်းယှဉ်ပေးသည်။

မည်သည့်ပစ္စည်းက ပုံမှန်ထက် ဈေးကြီးနေသည်ကို ထောက်ပြပြီး ပိုမိုဈေးသက်သာသော ထုတ်ကုန်များကို ညွှန်ပြပေးသည်။

ထိုသို့ ညွှန်ပြပေးရာတွင် ဖက်ရှင်မှသည် လက်ဝတ်ရတနာများအထိ ဖြစ်သည်။

ထို App ၏ ရည်ရွယ်ချက်မှာ user များကို အချိန်နှင့်ငွေ ၂ ရပ်လုံး သက်သာစေရန်ဖြစ်သည်။

(▲ ဓာတ်ပုံ-Instagram/Phoebe Gates)

(▲ ဖီဘီဂိတ်၊ သူ၏ စီးပွားလက်တွဲဖော်ဖြစ်သူ Sophia နှင့် Kris Jenner တို့ကို တွေ့ရပုံ။ ဓာတ်ပုံ-Instagram/ Sophia Kianni)

(▲ ဖီဘီ၊ မိခင်ကြီး မီလင်ဒါနှင့် အစ်မကြီး ဂျနီဖာတို့ကို တွေ့ရပုံ။ ဓာတ်ပုံ-Facebook/ Melinda France Gates)

စိတ်ဝင်စားဖွယ်ကောင်းသည့်အချက်မှာ မီလင်ဒါဂိတ်သည်လည်း သမီးဖြစ်သူ၏ လုပ်ငန်းတွင် ပါဝင်ကူညီပေးမှု မရှိခြင်း ဖြစ်သည်။

ကန်ဒေါ်လာ ၁၀၇ ဘီလီယံ ချမ်းသာကြွယ်ဝပြီး ကမ္ဘာ့အချမ်းသာဆုံးထိပ်တန်းပုဂ္ဂိုလ်များတွင် ပါဝင်သူ ဘီလ်ဂိတ်ထံမှ သမီးဖြစ်သူ ဖီဘီက ငွေမချေးခဲ့။

ဖီဘီသည် လုပ်ငန်းအတွက် လိုအပ်သော ဒေါ်လာ ၁၀၀,၀၀၀ ကို Soma Capital ထံမှ ရရှိခဲ့သည်။

ထို့အပြင် စတန်းဖို့ဒ်တက္ကသိုလ်၏ စီးပွားရေး လုပ်ငန်းရှင်များ ပရိုဂရမ်မှ ဒေါ်လာ ၂၅၀,၀၀၀ ရသည်။

ကနဦးရင်းနှီးမြှုပ်နှံသူတို့ထံမှလည်း ဒေါ်လာ ၅၀၀,၀၀၀ ရရှိထားသေးသည်။

ဘီလ်ဂိတ်ကမူ ဖီဘီ၏ လုပ်ငန်းတွင် တစ်ပြားတစ်ချပ်မှ ပါဝင်ခဲ့ခြင်း မရှိချေ။

သို့သော် ဖီဘီအား အမွေပေးမည့် ပမာဏကိုမူ တိုးမြှင့်ပေးထားသည်။

မူလက ဖီဘီကို ဒေါ်လာ ၁၀ သန်းသာ အမွေပေးရန် စီစဉ်ထားခြင်းဖြစ်သည်။

နောက်ပိုင်းတွင် ထိုပမာဏမှ အဆ ၅၀ ခန့် တိုးမြှင့်ပေးကာ သားသမီးတစ်ဦးလျှင် ဒေါ်လာ သန်း ၅၀၀ အထိ အမွေပေးရန် စီစဉ်ထားသည်။

ဘီလ်ဂိတ်၏ သားသမီး ၃ ဦးမှ သူ၏ကြွယ်ဝမှု ကန်ဒေါ်လာ ၁၆၈ ဘီလီယံမှ ၀ ဒသမ ၃ ရာခိုင်နှုန်းစီ အမွေရမည်ဖြစ်ကြောင်း Bloomberg သတင်းဌာနက ဖော်ပြသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com 

Ref: Bill Gates is such a strict father that he not only left a mere 0.3% of his enormous fortune as inheritance to his glamorous daughter, but when she started a new fashion business he did not give her a single dollar

Photo Credit-Instagram/Phoebe Gates, Instagram/ Sophia Kianni, Facebook/ Melinda France Gates

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service