ကျပ် ကိုးသိန်းအထိ မြင့်တက်ခဲ့သည့် ရွှေဈေးနှုန်း ကျပ်လေးသောင်းနီးပါး ပြန်ကျ

ကျပ် ကိုးသိန်းအထိ မြင့်တက်ခဲ့သည့် ရွှေဈေးနှုန်း ကျပ်လေးသောင်းနီးပါး ပြန်ကျ - Property News in Myanmar from iMyanmarHouse.com
12 Oct 2016 10:34 am တွင် တင်ခဲ့သည်
2050 ကြိမ် ကြည့်ရှု့ပြီး
ကျပ်ကိုးသိန်းနီးပါးအထိ မြင့်တက်ခဲ့သည့် ပြည်တွင်းရွှေဈေးနှုန်း ယခုအောက်တိုဘာ ဒုတိယပတ်အတွင်း ကျပ်လေးသောင်းနီးပါးအထိ ပြန်လည်ကျဆင်းခဲ့ ကြောင်း ပြည်တွင်းရွှေလုပ်ငန်းရှင်အသိုင်းအဝိုင်းမှသိရ သည်။ အောက်တိုဘာလ ၅ ရက်က ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၄ဝ နီးပါးကျဆင်းခဲ့သဖြင့် အကယ်ဒမီ ရွှေတစ်ကျပ်သားလျှင် ကျပ်ကိုးသိန်းဝန်းကျင်မှ ကျပ် ၈၇၂ဝဝဝ သို့ ပြန်လည် ကျဆင်း ခဲ့သည့် ပြည်တွင်းရွှေဈေးနှုန်းသည် လက်ရှိ အောက်တိုဘာလ ၁ဝ ရက်တွင် ကျပ် ၈၅၄ဝဝဝ အထိ ကျဆင်းခဲ့ကြောင်း သိရသည်။

တိတ်စိန်ရွှေဆိုင်မှ ဦးဇော် ဇော်အောင်က ''ဒီလဆန်းပိုင်းကစပြီးတော့ ရွှေဈေးကတော် တော်လေး ပြန်ကျသွားတယ်။ ကျပ် လေးသောင်းနီးပါးလောက်အထိ ကျသွားတယ်။ ဈေးပြန်ကျပေမယ့် အရောင်းအဝယ် က တော့ ပုံမှန်ပါပဲ၊ အေးနေတယ်'' ဟု အောက်တိုဘာ ၁ဝ ရက်က ပြောသည်။ ယင်းကဲ့သို့ ကျဆင်းရခြင်းမှာ ပြည်တွင်း အမေရိကန်ဒေါ် လာငွေလဲနှုန်းနှင့် ကမ္ဘာ့ရွှေဈေး နှုန်းကျဆင်းခဲ့ခြင်းကြောင့်ဖြစ် ပြီး ယခင် စက်တင်ဘာလအတွင်း အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာငွေ ၁၂၈ဝကျပ်မှ လက်ရှိ အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာငွေ ၁၂၆ဝ ကျပ်ဝန်းကျင်သို့ ကျဆင်းခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်အသင်း အတွင်းရေးမှူးဦးကျော်ဝင်းက''ဒီနှစ် ဇွန်လကစပြီးတော့ တောက် လျှောက်တက်လာခဲ့တဲ့ ကမ္ဘာ့ရွှေဈေးက အခုအောက်တိုဘာလမှာ ဇွန်လထဲက အနိမ့်ဆုံး ဈေးကို ပြန်ရောက် သွားတယ်။ ပြည်တွင်းဒေါ်လာဈေးကလည်း ဆန်ရှင်ရုပ်သိမ်းတာ ကြေညာပြီးနောက်ပိုင်းမှာ ပြန်ငြိမ်သွားတယ်။ အခုဒေါ်လာဈေးရော၊ ကမ္ဘာ့ရွှေဈေးပါ ၁၂၆ဝ ဝန်းကျင်မှာ ရောက်နေတယ်''ဟု ဆိုသည်။ ကမ္ဘာ့ရွှေဈေး ကွက်အတွင်း အောက်တိုဘာလဆန်းပိုင်းက ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၃၁ဝ ဝန်းကျင်မှ လက်ရှိ အောက်တိုဘာ ၁ဝ ရက်တွင် ကမ္ဘာ့ရွှေဈေးနှုန်းသည် အမေရိကန်ဒေါ်လာ ၁၂၆ဝ ဝန်းကျင်သို့ ကျဆင်းခဲ့ကြောင်း သိရသည်။

Credit: Democracytoday

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...

အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service