လယ်ယာမြေမှတ်ပုံတင် ပုံစံ(၇) ရယူထားသော လယ်သမားများအတွက် သုံးနှစ် နှစ်လတ် ချေးငွေကို မြန်မာ့ရှေ့ဆောင်ဘဏ်မှာ ပထမဆုံးဘဏ် အဖြစ်ထုတ်ချေး

လယ်ယာမြေမှတ်ပုံတင် ပုံစံ(၇) ရယူထားသော လယ်သမားများအတွက် သုံးနှစ် နှစ်လတ် ချေးငွေကို မြန်မာ့ရှေ့ဆောင်ဘဏ်မှာ ပထမဆုံးဘဏ် အဖြစ်ထုတ်ချေး - Property News in Myanmar from iMyanmarHouse.com
9 Jun 2015 10:43 am တွင် တင်ခဲ့သည်
963 ကြိမ် ကြည့်ရှု့ပြီး
ပြည်တွင်းရှိ ဘဏ်များအနက် မြန်မာ့ရှေ့ဆောင်ဘဏ်က လယ်ယာမြေလုပ်ကိုင်ခွင့် မှတ်ပုံတင် ပုံစံ-၇ ရယူထားသူ လယ်သမား ၂၇၅ ဦး၏ လယ်ဧက ၂၀၀၀ ကျော်ကို အာမခံထား၍ သုံးနှစ်အထိ နှစ်လတ်ချေးငွေများ စတင်ထုတ်ချေးပေးခဲ့ကြောင်း မြန်မာ့ရှေ့ဆောင်ဘဏ်၏ ဥက္ကဋ္ဌဖြစ်သူ ဦးချစ်ခိုင်က ပြောကြားသည်။

တောင်သူလယ်သမားများ အနေဖြင့် လက်ရှိအချိန်တွင် လယ်ယာလုပ်သားရှားပါးခြင်း၊ ခိုင်းနွားရှားပါးခြင်း စသည့်အခက်အခဲများ ကြုံတွေ့နေရပြီး အဆိုပါ အခက်အခဲများကို ဖြေရှင်းနိုင်ရန် လက်မှုလယ်ယာမှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းရမည်ဖြစ်သည်။

ထိုသို့ ကူးပြောင်းရာတွင် လိုအပ်သည့် လယ်ယာသုံး စက်ကိရိယာများ ၀ယ်ယူရန် အရင်းအနှီးအတွက် လယ်ယာမြေပုံစံ၇ကိုအပေါင်ထား၍
ချေးငွေထုတ်ချေးပေးခြင်းသည်အနီးစပ်ဆုံး ဖြေရှင်းနည်း
ဖြစ်ကြောင်း ဦးချစ်ခိုင်က ဆိုသည်။

ထိုသို့ လယ်သမားများကို ပုံစံ ၇ အပေါင်ခံထား၍ ချေးငွေထုတ်ချေးပေးရာတွင် နှစ်ချင်းဆပ်
သည့် ချေးငွေထက် နှစ်လတ်ချေးငွေထုတ် ချေးပေးမှသာ အဆင်ပြေနိုင်မည် ဖြစ်သည့်အတွက် သုံးနှစ်အတွင်း ပြန်လည်ပေးဆပ်ရမည့် နှစ်လတ်ချေးငွေကို ထုတ်ချေးပေးခဲ့ကြောင်း ဦးချစ်ခိုင်က ဆိုသည်။

ထိုသို့ နှစ်လတ်ချေးငွေ ထုတ်ချေးပေးခဲ့သည့်အပြင် ပြန်လည်ပေးဆပ်ရာတွင် အဆင်ပြေစေရန် စပါးပေါ်ချိန် ဒီဇင်ဘာ ၃၁ ရက်နှင့် မတ်ပဲပေါ်ချိန် မေ ၃၁ ရက်တို့တွင် တစ်နှစ်အတွက် နှစ်ရစ်ဖြင့် ငါးရစ်ပေးဆပ်ရန် ဘဏ်နှင့် လယ်သမားများအကြား ညှိနှိုင်းထားခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ဘဏ်ချေးငွေထုတ်ချေးပေးရာတွင် ဓနုဖြူတိုက်နယ်အတွင်းရှိ သပြုတိုက်နယ်မှ တောင်သူ ၃၉ ဦး၏ လယ် ၂၉၉ ဧကကျော်၊ အလမျိုး တိုက်နယ်မှ တောင်သူ ၆၆ ဦး၏ လယ် ၄၂၃ ဧကကျော်၊ ကျောင်းစု-၂ တိုက်နယ်မှ တောင်သူ ၁၅ ဦး၏ လယ် ၉၆ ဧကကျော်၊ အကျော် ၁ တိုက်နယ်မှ တောင်သူ ၉၀ ဦး၏ လယ် ၆၁၇ ဧကကျော်၊ အကျော် ၂ တိုက်နယ်မှ တောင်သူ ၂၅ ဦး၏ လယ် ၂၂၅ ဧကကျော်၊ ကျုံတနီးတိုက်နယ်မှ တောင်သူ ၁၄ ဦး၏ လယ် ၁၈၀ ဧကကျော်၊ စံကင်းတိုက်နယ်မှ တောင်သူ ၁၃ ဦး၏ လယ် ၈၂ ဧကကျော်နှင့် ဆကာကြီးတိုက်နယ်မှ တောင်သူ ၁၃ ဦး၏ လယ်ဧက ၁၁၃ ဧကကျော်၊ စုစုပေါင်း လယ် ၂၀၃၈ ဧက ကျော်အတွက် ငွေကျပ်သိန်းပေါင်း ၆၀၀၀ ခန့် စတင်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

၂၀၁၂ လယ်ယာမြေဥပဒေအရ လယ်ယာမြေလုပ်ပိုင်ခွင့် မှတ်ပုံတင်ပုံစံ၇ ဖြင့်ဘဏ်များတွင်လယ်အပေါင်ထား၍
ချေးငွေများ ရယူနိုင်သည် ဆိုသော်လည်း မြန်မာနိုင်ငံရှိ အစိုးရပိုင်နှင့်ပုဂ္ဂလိကပိုင်ဘဏ်များမှာလယ်ယာမြေအပေါင်ခံ၍ ချေးငွေများ ထုတ်ချေးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

နိုင်ငံပိုင် စိုက်ပျိုးရေးဘဏ်တွင်လည်း လယ်ယာမြေ အပေါင်ခံမှု မပြုနိုင်သေးဘဲ မိုးစပါး၊ နွေစပါးချေးငွေများနှင့် သီးနှံချေးငွေများကိုသာ ထုတ်ချေးပေးနိုင်ကြောင်း သိရသည်။

လယ်ယာမြေ ပုံစံ ၇ ထုတ်ပေးရခြင်း၏ ရည်ရွယ်ချက်မှာ လယ်ယာမြေကို အပေါင်ထား၍ ချေးငွေရယူနိုင်ရန်ဖြစ်ပြီး ဘဏ်မှ ထုတ်ချေးလိုက်သည့် ငွေသည် မိမိတို့ပိုင်လယ်ကို အာမခံထား၍ ထုတ်ချေးပေးခြင်းဖြစ်သဖြင့် ရရှိသည့်ငွေကို အကျိုးရှိရှိ အသုံးချရန်နှင့် လွယ်လွယ်ရသည့်ငွေကို လွယ်လွယ်သုံးလိုက်ပါကဘဏ်ကို ချေးငွေပြန်မဆပ်နိုင်ဖြစ်ကာ အာမခံထားသည့် လယ်ယာ ဆုံးရှုံးသွားနိုင်ခြင်းကို သတိပြုရန်လိုအပ်ကြောင်းဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသိန်းအောင်က ပုံစံ ၇ ဖြင့် ချေးငွေရယူသူ လယ်သမားများကို သတိပေးပြောကြားသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...

‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...

အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွားပြီးနောက် ကြော်ငြာများ ရိုက်ကူးလာရ၊ ဖခင်ကြီးအတွက် အိမ်တစ်လုံး ဝယ်ပေးနိုင်ရန် စိတ်ကူးအိပ်မက်လျက်ရှိ ……...

ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service