နေပြည်တော် အိမ်ခြံမြေဈေးကွက်အတွင်း အရောင်းအဝယ် ထက်ဝက်ခန့် ကျဆင်းလျက်ရှိ

နေပြည်တော် အိမ်ခြံမြေဈေးကွက်အတွင်း အရောင်းအဝယ် ထက်ဝက်ခန့် ကျဆင်းလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
8 May 2015 10:32 am တွင် တင်ခဲ့သည်
1486 ကြိမ် ကြည့်ရှု့ပြီး
လက်ရှိတွင် နေပြည်တော် အိမ်ခြံမြေဈေးကွက်သည် အေးနေ ဆဲဖြစ်ပြီး အရောင်းအဝယ်မှာ ထက် ဝက်ခန့် ကျဆင်းလျက်ရှိကြောင်း နေပြည်တော်ရှိ အိမ်ခြံမြေ အကျိုး ဆောင်များထံမှ သိရသည်။

နေပြည်တော်ရှိ ဒက္ခိဏသီရိ၊ ပုဗ္ဗသီရိ၊ ဇမ္ဗူသီရိ၊ ဇေယျာသီရိ၊ ဥတ္တရသီရိ ဟူသည့် သီရိငါးမြို့နယ် တွင် ယခင်က ပုဗ္ဗသီရိနှင့် ဇမ္ဗူသီရိ မြို့နယ်များတွင် အများဆုံး အရောင်း အဝယ်ဖြစ်ခဲ့ရာမှ ယခုအခါ ယင်း မြို့နယ်များတွင်ပါ အရောင်းအဝယ် အေးသွားပြီး အမှန်တကယ် နေထိုင် မည့် ဒေသခံအချို့နှင့် စီမံကိန်းရှိ သည့် နေရာအနီးတစ်ဝိုက်တို့တွင် သာ အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

”အရောင်းအဝယ် အေးတာက တစ်လခွဲလောက် ရှိသွားပြီ။ အများ ဆုံး ဝယ်လက်တွေကလည်း ရန်ကုန်၊ မန္တလေးနဲ့ ရှမ်းပြည်နယ်ဘက်တွေပဲ များတာကိုး။ နိုင်ငံရေး အခြေအနေ ကြောင့်လို့လည်း တွက်တယ်။

ရှမ်း ပြည်နယ်ဘက်က အရင်လာတဲ့ ဝယ်လက်တွေဆို မလာသလောက် ဖြစ်သွားတယ်။ ဒီမှာ ဒေသတွင်း နေဖို့ထိုင်ဖို့ ဝယ်တဲ့ ဝယ်လက်တွေ လောက်ပဲ နည်းနည်းရှိတယ်။

ရွှေ ကြာပင်ရပ်ကွက်ဘက်မှာ အောက် ဈေးလေးတွေနဲ့ တစ်ဝိုင်းစ၊ နှစ်ဝိုင်းစ လောက်ပဲ ဖြစ်တယ်။ သပြေကုန်း ရပ်ကွက်ဘက်မှာလည်း နည်းနည်း ဖြစ်တယ်။ နေပြည်တော် သီရိငါးမြို့ နယ်လုံးက အိမ်ခြံမြေအကျိုးဆောင် တွေ အားလုံးလည်း ဒီလိုပါပဲ။ ပြီးခဲ့ တဲ့ တနင်္ဂနွေနေ့ကပဲ အသင်းမှာ အစည်းအဝေးလုပ်တယ်။

အကုန်လုံး ကို မေးကြည့်တဲ့အခါ အကုန်လုံး လည်း အဲဒီလိုပဲ ဖြစ်နေတယ်”ဟု မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှု အသင်း (နေပြည်တော်ရုံးခွဲ) EC တစ်ဦးဖြစ်သည့် High Way Star အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ဦးခင်မောင်ဝင်းက ပြောသည်။

ဝယ်ရောင်းဈေးကွက် အေးစက် သွားသော်လည်း အငှားဈေးကွက် မှာမူ ဖြစ်ထွန်းနေဆဲဖြစ်ပြီး အချို့ စီမံကိန်းများကြောင့်လည်း နေပြည် တော် အိမ်ခြံမြေဈေးကွက်မှာ လည် ပတ်၍ ရနေဆဲဟု ဆိုနိုင်ကြောင်း လည်း အိမ်ခြံမြေအကျိုးဆောင် အချို့က သုံးသပ်ပြောဆိုသည်။ ဈေးကွက်က အေးသွားတယ်။ တစ်ဝက်နီးပါးလောက်ကို အေးသွား တယ်။

ဝယ်ရောင်းကတော့ လုံးလုံး ကို မရှိတော့ဘူး။ ဒါပေမယ့် အငှား တွေတော့ ရှိတယ်။ နေမယ့် လူတွေ ဝယ်တယ်။ တစ်ပြည်လုံးထက်စာရင် နေပြည်တော်က မဆိုးဘူးလို့ ပြောရ မယ်။ လည်ပတ်လို့ ရနေသေးတာ ပေါ့။

ရွှေကြာပင်ဘက်နဲ့ သပြေကုန်း ဘက်မှာ တချို့အကွက်လေးတွေအရောင်းအဝယ်ဖြစ်တယ်။ အောက် ဈေးတွေအရောင်းအဝယ်ဖြစ်နေတာပေါ့။
ဈေးနှုန်းတွေကတော့ မကျပါဘူး။ တချို့နေရာလေးတွေဆို တစ်ခါတစ်ရံ အတက်ဘက်လေး တွေတောင် ပြတယ်။

စီမံကိန်းရှိတဲ့ နေရာလေးတွေပေါ့” ဟု ဇေယျာ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှဦးနန္ဒကျော်က ပြောသည်။
နေပြည်တော်၏ ပထမဦးဆုံး အဆင့်မြင့် ကွန်ဒိုဖြစ်သည့် Kris Plaza ကို နေပြည်တော်၊ ဇမ္ဗူသီရိ မြို့နယ်အတွင်းရှိ သပြေကုန်းရပ် ကွက်တွင် တည်ဆောက်လျက်ရှိရာ အဆိုပါနေရာ အနီးတစ်ဝိုက်တွင် မြေကွက် အရောင်းအဝယ်အချို့ ရှိနေသည်ဟု သိရသည်။

Tower နှစ်ခုနှင့် အထပ် ၁ဝ ထပ်ပါဝင်သည့် ၎င်းကွန်ဒိုမှာ ၂ဝ၁၆ခုနှစ်အတွင်း ဆောက်လုပ်ပြီးစီးမည် ဖြစ်သော ကြောင့် ဝယ်လက်အချို့မှာ ယင်း နေရာအနီးတစ်ဝိုက်ကို စိတ်ဝင် တစားရှိကြောင်းလည်း သိရသည်။

အဆိုပါ သပြေကုန်းရပ်ကွက် အပြင် ယခင်က အရောင်းအဝယ်နှင့် အငှားဈေးကွက် အများဆုံးဖြစ်ထွန်း ခဲ့သည့် ရွှေကြာပင်ရပ်ကွက်တို့မှ လွဲ၍ ကျန်နေရာများတွင်မူ အရောင်း အဝယ်အေးနေဆဲဖြစ်သည်။

ပုဗ္ဗသီရိ မြို့နယ်အတွင်းတွင်လည်း အောက် ဈေးဖြင့်သာ အရောင်းအဝယ်ဖြစ် လျက်ရှိသည်ကို တွေ့ရသည်။ သင်္ကြန်နား နီးလို့ အေးတာ လားဆိုရင်တော့ မဟုတ်ဘူးဗျ
နေပြည်တော် အိမ်ခြံမြေဈေးကွက် မှာက သင်္ကြန်နားနီးလို့ ဘာလို့ရယ် မရှိဘူး။ ဝါတွင်းဝါပမို့ ဆိုတာမျိုး လည်း မရှိဘူး
ဝယ်ကြ ရောင်းကြ တာပဲ။ အခုဟာက အေးကို အေးနေ တာပါ။ ရန်ကုန်အိမ်ခြံမြေဈေးကွက် ကျဆင်းတာရဲ့ ဂယက်ရိုက်မှုလို့ လည်း ပြောလို့ ရမယ်ထင်တယ်” ဟု ဦးနန္ဒကျော်က ပြောသည်။

Credit: The Trade Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...

‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...

အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွားပြီးနောက် ကြော်ငြာများ ရိုက်ကူးလာရ၊ ဖခင်ကြီးအတွက် အိမ်တစ်လုံး ဝယ်ပေးနိုင်ရန် စိတ်ကူးအိပ်မက်လျက်ရှိ ……………...

ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံးအုံးကြွက်ကြွက်ဖြစ်ကာ လယ်ထဲတွင် စိန်ရှာပွဲကြီး အလုအယက်လုပ်နေကြပုံ...

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖြင့် ထီထိုးခဲ့ရာ ရင်းဂစ် ၂ သန်းကျော် ကံထူးခဲ့ပြီး ထီပေါက်သောငွေအားလုံးကို မိမိ၏ ငယ်ဘဝ မူလတန်းကျောင်းလေးသို့ လှူဒါန်းပစ်ခဲ့ပုံ...

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လမ်းတစ်ပိုင်းလုံး ပိတ်ထားခဲ့ပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service