အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဝေဖန်မှု မြင့်တက်လျက်ရှိ၊ သို့သော် လျှောက်ထားသူ ၁၉၀၀ ကျော်ရှိနေ

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဝေဖန်မှု မြင့်တက်လျက်ရှိ၊ သို့သော် လျှောက်ထားသူ ၁၉၀၀ ကျော်ရှိနေ - Property News in Myanmar from iMyanmarHouse.com
29 May 2025 11:19 am တွင် တင်ခဲ့သည်
634 ကြိမ် ကြည့်ရှု့ပြီး

ယနေ့ကာလတွင် ဘွဲ့ရများ၊ ဘွဲ့မရသေးဘဲ ကျောင်းထွက်ခဲ့သူများမှာ ကုမ္ပဏီများတွင် အလုပ်သင်နေရာများ ရရှိနိုင်ရန် စုပြုံတိုးဝင်နေကြသည်။

အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့တွင် အခြေစိုက်သော ကုမ္ပဏီတစ်ခုက အလုပ်ခေါ်ယူခဲ့ပုံမှာ အိန္ဒိယလူမှုကွန်ရက် သုံးစွဲသူများအကြား ပြောစမှတ်တွင်စရာ ဖြစ်နေသည်။

မွမ်ဘိုင်းမြို့အခြေစိုက် Falcon Labs ကုမ္ပဏီက အလုပ်သင် backend developer (ဆော့ဖ်ဝဲ အင်ဂျင်နီယာ) အလုပ်နေရာခေါ်ယူမှုကို ၎င်းတို့ကုမ္ပဏီ၏ ဝဘ်ဆိုက်ဖြစ်သော Naukri.com တွင် ဖော်ပြခဲ့သည်။

အလုပ်ခေါ်စာ၏ အစပိုင်း ဖော်ပြချက်များမှာ သမားရိုးကျအတိုင်းသာ ဖြစ်သည်။ သို့သော် လစာထောက်ပံ့ကြေးကို ဖော်ပြထားသည်မှာ တစ်လလျှင် ၁၀ ရူပီးဟု ဖော်ပြထားသည်။မှန်ပါသည်။ ၁၀ ရူပီး ဖြစ်ပါသည်။

ထိုငွေမှာ ယနေ့ခေတ်တွင် ပလာတာတစ်ချပ်ပင် ဝယ်မရသောငွေပမာဏဖြစ်သည်။ အလုပ်သင်အဖြစ် ခေါ်ယူမှုအများစုတွင် လစာမပေးကြသည်မှာ တွေ့ရမြဲဖြစ်သော်လည်း ယခုအလုပ် လစာပေးထားပုံမှာ လူအများအာရုံစိုက်စရာ ဖြစ်လာသည်။

လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက ထိုအလုပ်ခေါ်စာကို ဖတ်မိခဲ့ပြီးနောက် screenshot ရယူကာ လူမှုကွန်ရက်တွင် မျှဝေလာခြင်း ဖြစ်သည်။

((လူမှုကွန်ရက်သုံးစွဲသူတို့၏ တုံ့ပြန်မှုများ))

“သူတောင်းစားတောင် ဒီထက်ပိုရတယ်။ ဟာသပဲ” ဟု X လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက မှတ်ချက်ပြုသည်။

အခြားတစ်ဦးကလည်း “မပေးတာထက်စာရင် တော်သေးတာပေါ့” ဟု မှတ်ချက်ပြုသည်။ အခြားတစ်ဦးကမူ “ ၁၀ ရူပီး…ဟုတ်လား။ ဒီမှာ bro….ဟောဒီမှာ ပလာတာတစ်ချပ် ရပါမယ်” ဟု ထေ့ငေါ့ထားသည်။

အံ့ဖွယ်ကောင်းသည်မှာ ထိုသို့ လစာနည်းပါးစွာခေါ်ယူသော်လည်း လျှောက်ထားသူ ၁၉၀၀ ကျော် (၁၉၀၁ ဦး) ရှိခဲ့သည်ဟု ဆိုသည်။

မျက်မှောက်ခေတ် အလုပ်အကိုင် ရှားပါးမှုနှင့် အလုပ်လက်မဲ့များပြားမှုကို မီးမောင်းထိုး ပြသလိုက်သော ဖြစ်ရပ်လည်း ဖြစ်သည်။

ယခုဖြစ်ရပ်အပေါ် လူမှုကွန်ရက်သုံးစွဲသူတို့က ဝိုင်းဝန်းပြက်လုံးထုတ်လျက်ရှိသည်။

((ကုမ္ပဏီက ဘာပြောလဲ))

ယခုဖြစ်ရပ်နှင့် စပ်လျဉ်းပြီး Falcon Labs က ရှင်းပြမှုများ ပြုလုပ်လာသည်။

ကုမ္ပဏီ၏ Likedln အကောင့်တွင် ရေးသားဖော်ပြထားသည်မှာ “ဒီကြော်ငြာတက်သွားပြီး ဂယက်ရိုက် သွားတာက ရယ်စရာပါပဲ။ စာကြွင်း- ကျွန်တော်တို့ ဒီအလုပ်ခေါ်စာကို စစ်ဆေးကြည့်ခဲ့ပါတယ်။ အလုပ်ခေါ်စာ တင်တာက ကျွန်တော်တို့ Naukri.com အလုပ်ခန့်ထားသူအကောင့်ကနေ တင်ခဲ့တာ မဟုတ်ပါဘူး။ ဒါက Naukri.com ရဲ့ bots ကနေ အလိုအလျောက်စနစ်နဲ့ ထွက်သွားတဲ့ ကြော်ငြာဖြစ်ပြီး တစ်လကို လစာ ထောက်ပံ့ကြေး ၁၀ ရူပီးလို့ မှားယွင်းဖော်ပြထားတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဒါကို စစ်ဆေးပြီး ဖယ်ရှား ပြီးသွားပါပြီ။ စိတ်ဝင်စားသူတွေအနေနဲ့ တစ်လကို ရူပီး ၁၀၀၀၀ နဲ့ လျှောက်ထားနိုင် ပါတယ်” ဟု ဆိုသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com 

Ref: Internship In Mumbai With ₹10 Salary Receives More Than 1900 Applications; Netizens React With Memes (freepressjournal)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service