ဆက်သွယ်မှုမရှိသည့် စက်မှုဇုန်မြေများကို ပြန်လည်ရောင်းချသွားမည်

ဆက်သွယ်မှုမရှိသည့် စက်မှုဇုန်မြေများကို ပြန်လည်ရောင်းချသွားမည် - Property News in Myanmar from iMyanmarHouse.com
25 Mar 2015 10:19 am တွင် တင်ခဲ့သည်
1741 ကြိမ် ကြည့်ရှု့ပြီး
မြန်မာနိုင်ငံအတွင်း လုပ်ငန်းလုပ်ပိုင်ခွင့်ပြုထားပြီးဖြစ်သည့် စက်မှုဇုန်မြေနေရာများ၌ လုပ်ငန်းလုပ်ကိုင်
မှုမရှိသည့် မြေယာများကို လုပ်ငန်းပြသရန် ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက နိုင်ငံတော်အစိုးရက ကြေညာ
ခဲ့သော်လည်း လက်ရှိအချိန်ထိ ရန်ကုန်မြို့ရှိ စက်မှုဇုန်နေရာ များတွင် ဧက ၁,၀၀၀ ကျော်ခန့်မှာ
လုပ်ငန်း ပြသရန် ဆက်သွယ်မှုပြုလာခြင်း မရှိသေးသည့် အတွက် ယင်းမြေနေရာများကို အမှန်
တကယ် လုပ်ငန်း လုပ်ကိုင်သူများထံ လွှဲပြောင်းရောင်းချမည်ဖြစ်ကြောင်း စက်မှု ဇုန်များ
ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြတ် သင်းအောင်က မြန်မာတိုင်း(မ်) ကို ပြောသည်။

"စက်မှုဇုန်တွေထဲက လုပ်ငန်းမလုပ်ကိုင် ဘဲ ဒီအတိုင်းဝယ်ထားတဲ့မြေပိုင်ရှင်တွေကို လုပ်ငန်းပြသ
ရမယ်လို့ ၂၀၁၄ ဒီဇင်ဘာလ ထဲမှာ တရားဝင်ကြေညာခဲ့ပါတယ်။ ရန်ကုန်မြို့မှာ စက်မှုဇုန်စုစုပေါင်း
၂၉ ဇုန်မှာ လုပ်ငန်းမရှိတဲ့မြေလွတ်ဧက ၂,၄၀၀ ခန့်ရှိပါတယ်။ အဲဒီထဲကမှ ဧက ၁,၀၉၀ လောက်က
မြေ ပိုင်ရှင်တွေက အခုချိန်ထိ ကျွန်တော်တို့ဆီ လုံးဝအကြောင်းမပြန်ပါဘူး။ အဲဒါကြောင့်
ဒီမြေတွေကို လေလံပြန်ပစ်ပြီး တကယ် လုပ်ငန်းလုပ်ချင်တဲ့သူတွေကို ပြန်ရောင်းပါမယ်" ဟု
၎င်းကပြောသည်။

စက်မှုဇုန်များကြီးကြပ်ရေးကော်မတီက လုပ်ငန်းတင်ပြလာခြင်းမရှိသည့် မြေဧက ၁,၀၀၀
ကျော်ခန့်ကို ပြန်လည်ရောင်းချသွားမည်ဖြစ်ပြီး ရောင်းချပြီးသည့်နောက်ပိုင်း တွင်
မြေပိုင်ရှင်များက ဆက်သွယ်လာပါက အစိုးရထံက ၎င်းတို့ဝယ်ယူခဲ့သည့် ပေါက်ဈေး ဖြင့်
ပြန်လည်ပေးလျော်သွားမည်ဟု ၎င်းက ပြောသည်။ "ကျွန်တော်တို့ အဲဒီစက်မှုဇုန်မြေ ဧက
တစ်ထောင်ကျော်ကို လုပ်ငန်းလုပ်ချင်တဲ့သူ တွေကို လွှဲပြောင်းရောင်းချသွားပါမယ်။ အရင်
ဝယ်ထားတဲ့ပိုင်ရှင်တွေကတော့ အခုချိန်ထိ မဆက်သွယ်သေးပေမယ့် ရောင်းပြီးတဲ့နောက် ပိုင်း
ဆက်သွယ်လာတယ် ဆိုရင်တော့ အရင် အစိုးရဆီက ၀ယ်ခဲ့တဲ့ဈေးနဲ့ပဲ ပြန်လျော် ပေးသွားမှာပါ။
လက်ရှိ ပေါက်ဈေးတွေနဲ့ မဟုတ်ပါဘူး" ဟု ဦးမြတ်သင်းအောင်က ပြောသည်။

မြန်မာနိုင်ငံတွင် အထူးသဖြင့် ရန်ကုန်မြို့ ၌ အိမ်ခြံမြေဈေးနှုန်းများ ကောင်းမွန်လာသည့်နောက်ပိုင်းတွင်
နိုင်ငံတော်အစိုးရက ဖော်ထုတ်ပေးသည့် စက်မှုဇုန်နေရာများရှိ မြေများ၏ဈေးကွက်လည်း
ကောင်းလာခဲ့ပြီး ဈေးနှုန်းများလည်း မြင့်တက်ခဲ့သည်။ ယင်းကဲ့သို့ စက်မှုဇုန်များရှိ မြေများကို
လည်ရောင်းချသည့်အခါ အစိုးရထံကရရှိသည့် ဈေးနှုန်းထက် ပြန်ဈေးမြင့်မြင့်ရရှိ သည့်အတွက်
စက်မှုဇုန်မြေများမှာ စီးပွားရေးလုပ်ငန်းရှင်အချို့၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခုလည်း ဖြစ်လာခဲ့ကြောင်း
ရန်ကုန်မြို့ရှိ အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။

"စက်မှုဇုန်တွေ ဖော်ပြီဆိုရင် အစိုးရက လုပ်ငန်းလုပ်ချင်တဲ့သူတွေကို မြေတွေရောင်း တယ်။
အဲလိုရောင်းတဲ့အချိန် မြေတစ်ဧကကို ကျပ်သိန်းတစ်ထောင်တောင် မကျော်ဘူး။ တချို့နာမည်သိပ်မကြီးတဲ့
စက်မှုဇုန်တွေရဲ့ အကွက်သေးတဲ့မြေတွေဆို ကျပ်သိန်း ၈၀ ကနေ ၁၀၀ လောက်ပဲ ရှိတယ်။
ဒါပေမဲ့ စက်မှုဇုန်မြေတွေကို ပြန်ရောင်းရင် ဈေးက အဆမတန်ပြန်ရတယ်။ ဈေးကောင်းရတော့
ရင်းနှီးမြှုပ်နှံကြတယ်၊ ဈေးကစားကြတယ်။ အဲဒီလိုလုပ်ရင်းနဲ့ပဲ ဈေးတွေက ပိုပိုမြင့်မြင့်လာတယ်။
အခုဆိုရင် စက်မှုဇုန်မြေဈေးက ပျမ်းမျှ တစ်ဧကကို သိန်း၂,၀၀၀ လောက်ရှိတယ်" ဟု ဖီးနစ်အိမ်ခြံမြေ
အကျိုးဆောင်လုပ်ငန်းက ကိုထွန်းထွန်းကပြောသည်။

ယခုအခါတွင် နိုင်ငံတော်အစိုးရက စက်မှုဇုန်မြေယာဝယ်ယူထားသူတိုင်းအား လုပ်ငန်း ပြသရန်
ကြေညာခဲ့သည့်အတွက် မြေပိုင်ရှင် အချို့မှာ ၎င်းတို့မြေများကို လုပ်ငန်း လုပ်ကိုင်လိုသူများထံ
ဈေးလျှော့ကာ ပြန်လည် ငှားရမ်းသည့် ဈေးကွက်များရှိလာကြောင်း ၎င်းကပြောသည်။ "လုပ်ငန်း
မလုပ်ဘဲ ဒီအတိုင်းထားတဲ့ မြေပိုင်ရှင်တွေကို အစိုးရက လုပ်ငန်းပြရမယ်လို့ပြောတော့ လုပ်ငန်းတကယ်
လုပ်ဖို့မရှိတဲ့ သူတွေက သူတို့မြေတွေကို ဈေးပေါပေါနဲ့ ပြန်ငှားကြတယ်။ အရင်တုန်းက
ဈေးကွက်ထဲ မှာ စက်မှုဇုန်မြေငှားရမ်းခက ပျမ်းမျှ တစ်လ ကို သိန်း ၁၀၀ လောက်ရှိတာ။
အခု အဲဒီမြေ တွေက ၂၅ သိန်း၊ သိန်း ၃၀ လောက်နဲ့ ငှားကြ တာကိုတွေ့ရတယ်" ဟု ကိုထွန်းထွန်းက
ပြောသည်။

ထို့ပြင် လုပ်ငန်းမရှိသည့် စက်မှုဇုန်မြေ ပိုင်ရှင်များကို လုပ်ငန်းပြသရန် ညွှန်ကြား သည့်အခါတွင်
အချို့သောမြေပိုင်ရှင်များမှာ လုပ်ငန်းပြသသော်လည်း လုပ်ငန်းလုပ်ကိုင် သည့် အင်္ဂါရပ်များနှင့်
ကိုက်ညီမှုများမရှိ ကြောင်း စက်မှုဇုန်ကြီးကြပ်ရေးကော်မတီက တာဝန်ရှိသူများက ပြောသည်။
"တချို့က လုပ်ငန်းတော့လာပြကြတယ်။ ဒါပေမဲ့ လုပ်ငန်းလုပ်တယ်ဆိုတဲ့ အဖြစ်ပုံစံမျိုး နဲ့ ပြကြ
တာတွေရှိတယ်။ ဥပမာ ဪ မြေဧက အကျယ်ကြီးထဲမှာ ဂိုဒေါင်သေးသေးလေးပဲဆောက်ပြီး
လုပ်ငန်းလုပ်တယ်ဆိုပြီး တင်ပြတာမျိုးတွေပါ။ အဲဒီလို မကိုက်ညီတဲ့လုပ်ငန်းတင်ပြမှုမျိုးတွေကို
ပြန်စိစစ်နေပါတယ်" ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။ ရန်ကုန်မြို့တွင် စက်မှုဇုန်ပေါင်း
၂၉ ဇုန် ရှိသည့်အနက် ယခုကဲ့သို့ လုပ်ငန်းလုပ်ကိုင်မှု မရှိဘဲ မြေရင်းနှီးမြှုပ်နှံမှုကို အများဆုံး
ဖြစ်ပေါ်သည့် စက်မှုဇုန်များမှာ မဖွံ့ဖြိုးသေး သည့် စက်မှုဇုန်များတွင် အများဆုံးဖြစ်ကြောင်း
ဦးမြတ်သင်းအောင်က ပြောသည်။ ရန်ကုန်မြို့ရှိ စက်မှုဇုန်များထဲတွင် လှိုင်သာယာစက်မှုဇုန်မှာ
လုပ်ငန်းလုပ်ကိုင်မှု အများဆုံးရှိသည့် စက်မှုဇုန်ဖြစ်ပြီး ယခုကဲ့သို့ လုပ်ငန်းမရှိဘဲ ၀ယ်ယူထားသည့်
မြေလွတ် များမှာ ဧက ၆၅၀ ခန့်သာရှိကြောင်း ၎င်းက ပြောသည်။

Credit: mmtimes

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ မြေကွက်တစ်ခုကို ငွေသားဖြင့် ပေးချေဝယ်ယူ...
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ မြေကွက်တစ်ခုကို ငွေသားဖြင့် ပေးချေဝယ်ယူ...
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်လံစားသောက်နေပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်လံစားသောက်နေပုံ နာမည်ကြီးနေ...
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက်ရိုက်ပျံ့နှံ့နေ...
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက်ရိုက်ပျံ့နှံ့နေ...
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ အွန်လိုင်းမှ ရောင်းချရာ နာရီဝက်အတွင်း ဒေါ်လာ ၃ သန်းဖိုး ရောင်းရမှု ပြည်မကြီးတွင် နာမည်ကြီးနေ...

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒေါ်လာ ၂၈၃ သန်းဖြင့် ဝယ်ယူ...
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒေါ်လာ ၂၈၃ သန်းဖြင့် ဝယ်ယူ...
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူများအတွက် ကိုယ်စားတန်းစီပေးသည့် ကုမ္ပဏီတစ်ခု တည်ထောင်လာနိုင်ပုံ...
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူများအတွက် ကိုယ်စားတန်းစီပေးသည့် ကုမ္ပဏီတစ်ခု တည်ထောင်လာနိုင်ပုံ...
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြောင်ကလေးနှင့်အတူ ကမ္ဘာပတ်နေပုံ...
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြောင်ကလေးနှင့်အတူ ကမ္ဘာပတ်နေပုံ...
ထိုင်းနိုင်ငံရဲ့ ထိပ်တန်းလည်ပတ်ဖွယ်နေရာ အစည်းကားဆုံး အန်းဖဝ ရေပေါ်ဈေး
ထိုင်းနိုင်ငံရဲ့ ထိပ်တန်းလည်ပတ်ဖွယ်နေရာ အစည်းကားဆုံး အန်းဖဝ ရေပေါ်ဈေး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
The Vista Luxury Residance
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service