ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက်ရိုက်ပျံ့နှံ့နေ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက်ရိုက်ပျံ့နှံ့နေ - Property News in Myanmar from iMyanmarHouse.com
4 Jun 2025 11:15 am တွင် တင်ခဲ့သည်
1088 ကြိမ် ကြည့်ရှု့ပြီး

ဂျပန်အလုပ်သမားတစ်ဦးက ရုံးရက်များတွင် မနက် ၇ နာရီမှ ည ၁၁း၅၀ အထိ ရုန်းကန်လှုပ်ရှားရသည့် ဘဝအကြောင်းကို “တနေ့တာဘဝ - အမည်းရောင်ကုမ္ပဏီတစ်ခုမှ ဝန်ထမ်းတစ်ဦး” ဟူသော အမည်ဖြင့် ဗွီဒီယိုဖိုင်တင်ခဲ့ရာ လူမှုကွန်ရက်တွင် ပျံ့နှံ့ကျော်ကြား ဂယက်ရိုက်နေသည်။

များစွာသောသူတို့သည် အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ရှာဖွေရန်အတွက် ပြည်ပသို့ ထွက်ရန် စိတ်ကူးအိပ်မက်ကြသည်။

သို့သော် ပြည်ပတွင် အလုပ်လုပ်ကိုင် ဖြတ်သန်းရမှုဘဝမှာ အလွန်ခက်ခဲကြမ်းတမ်းနိုင်သည်။

ဂျပန်မှ ဝန်ထမ်းတစ်ဦးက တစ်နေ့တာမည်သို့ ဖြတ်သန်းရသည်ကို လူမှုကွန်ရက်တွင် မကြာသေးမီက ချပြလာရာ တစ်ကမ္ဘာလုံး အံ့အားသင့်ခဲ့ရသည်။

၎င်းက မနက် ၇ နာရီ အိပ်ရာထချိန်မှစကာ ည ၁၁း ၅၀ ခန့်တွင် ညဉ့်နက်ချိန်မှ ညစာစားရပုံ နေ့စဉ်ဘဝဖြတ်သန်းရမှုအကြောင်းကို ချပြထားသည်။

(▲ ဂျပန်တွင် အချို့အလုပ်သမားများ၏ ဘဝဖြတ်သန်းရမှုမှာ မည်မျှပင်ပန်းကြောင်း ဗွီဒီယိုထဲတွင် ချပြထားသည်။ ဓာတ်ပုံ-Credit: YouTube)

ဂျပန်တွင် အနက်ရောင်ကုမ္ပဏီဆိုသည်မှာ အလုပ်သမားများကို မညှာမတာ ဆက်ဆံသည့် ကုမ္ပဏီတို့ကို ခေါ်ဝေါ်ခြင်း ဖြစ်သည်။

အချို့အလုပ်သမားတို့၏ ဘဝမှာ အများက ယူဆထားသော သက်သောင့်သက်သာရှိကာ ပျော်ရွှင်ဖွယ်ကောင်းသည်ဟု ယူဆထားခဲ့မှုများနှင့် ခြားနားနေကြောင်း ယခုဗွီဒီယိုဖိုင်က ချပြထားသည်။

အလုပ်လုပ်နေရသကဲ့သို့ မခံစားရကြောင်း ပြောသော်လည်း မနက် ၇း၁၆ တွင် အိမ်မှ ထွက်ကာ ရုံးသို့ရောက်ရန် မိနစ် ၉၀ ခန့် သွားရသည်။

မနက် ၉ နာနရီတွင် အလုပ်စပြီး မွန်းလွဲ ၁ နာရီအထိ အလုပ်လုပ်ရသည်။

ကြားထဲတွင် မနက် ၁၁း၃၅ ၌ ကော်ဖီသောက် ခေတ္တနားချိန်ရသည်။

၎င်းက ပြောပြသည်မှာ များစွာသော အနက်ရောင်ကုမ္ပဏီတို့သည် ဘွဲ့ရစ ကျောင်းဆင်းများကို ပိုမိုခန့်ထားလိုကြကြောင်း၊ အဘယ်ကြောင့်ဆိုလျှင် အတွေ့အကြုံမရှိသောကြောင့် အလုပ်တွင် မမျှမတ ဆက်ဆံမှုများအပေါ် မေးခွန်းမထုတ်ကြသောကြောင့်ဖြစ်ကြောင်း ပြောသည်။

၎င်းသည် မွန်းလွဲ ၁း၁၀ တွင် နေ့လယ်စာစားပြီးနောက် ၂း၀၀ တွင် အလုပ်ပြန်ဝင်ပြီး နောက်ထပ် ၆ နာရီ အလုပ်လုပ်ရသည်။

ည ၈း၁၅ တွင် ရုံးဆင်းပြီး ထိုအချိန်တွင် အလွန်ပင်ပန်းနွမ်းနယ်နေပြီ ဖြစ်သည်။

အလုပ်ချိန် ကြာရှည်စွာ လုပ်ဆောင်ရခြင်းမှာ ရလဒ်များ ကောင်းမလာနိုင်ကြောင်း ၎င်းက ပြောသည်။

ဂျပန်တွင် တစ်ပတ်လျှင် ရုံးတက်ရက် ၄ ရက်သာရှိသည်ဆိုသော သတင်းများနှင့် ပတ်သက်ပြီး ၎င်းက ပြောသည်မျာ ထိုအချက်မှာ ကောလာဟလသာဖြစ်ကြောင်း၊ မိမိ၏ အလုပ်တွင် မည်သည့်အပြောင်းအလဲမှ မရှိကြောင်း ပြောသည်။

၎င်းသည် ရုံးဆင်းအပြီးတွင် ဈေးဆိုင်အချို့သို့ ဝင်ပြီးနောက် အိမ်ပြန်ခရီး မိနစ် ၉၀ ကုန်လွန်ပြီးနောက် ည ၁၀း ၄၅ တွင် အိမ်သို့ ပြန်ရောက်သည်။

ယင်းနောက် ၁၁း၃၀ တွင် ညစာချက်ပြုတ် စားသောက်ပြီး ည ၁း၁၅ တွင်မှ အိပ်ရာဝင်နိုင်သည်။

ဂျပန်၏ ရှည်လျားလှသော အလုပ်ချိန်များနှင့် ပတ်သက်ပြီး ရတက်မအေးဖြစ်ခဲ့ကြသည်မှာ ကာလကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အချို့မှာ အလုပ်ဖိအား အလွန်များသောကြောင့် နှလုံးဖောက်ခြင်း၊ လေဖြတ်ခြင်းကဲ့သို့ ကျန်းမာရေး ပြဿနာများ ရင်ဆိုင်ရပြီး အချို့မှာ မိမိကိုယ်ကို အဆုံးစီရင်သွားကြခြင်းမျိုးပင် ရှိသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com 

Ref: Watch: Japanese Worker’s 18-Hour Day Video Shocks Internet Photo Credit-YouTube

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
အသက် ၇၅ နှစ် အဘိုးအိုက ရေသန့်ဘူးကြီး ၁၄ ဘူးနေ့စဉ်မှာနေရာ ရေသန့်သမားက သံသယဖြစ်ကာ ရဲကို တိုင်တန်းကာ ရှာဖွေစစ်ဆေးလိုက်သောအခါ…...
အသက် ၇၅ နှစ် အဘိုးအိုက ရေသန့်ဘူးကြီး ၁၄ ဘူးနေ့စဉ်မှာနေရာ ရေသန့်သမားက သံသယဖြစ်ကာ ရဲကို တိုင်တန်းကာ ရှာဖွေစစ်ဆေးလိုက်သောအခါ…...
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ...
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ...
အမေရိကန် သိပ္ပံပညာရှင်တို့က သိပ္ပံသုတေသနအတွက် မစင်များ အလှူခံလျက်ရှိ၊ လှူဒါန်းသူတို့အား တစ်လလျှင် ဒေါ်လာ ၁၅၀၀ ပေးမည်ဟုဆို...
အမေရိကန် သိပ္ပံပညာရှင်တို့က သိပ္ပံသုတေသနအတွက် မစင်များ အလှူခံလျက်ရှိ၊ လှူဒါန်းသူတို့အား တစ်လလျှင် ဒေါ်လာ ၁၅၀၀ ပေးမည်ဟုဆို...
မွန်ဂို စစ်ဘုရင် တိမူးရဲ့ ကျိန်စာတိုက်ထားတဲ့ အုတ်ဂူကြီးကို သိပ္ပံပညာရှင်တွေ မကြောက်မရွံ့ ဖွင့်လိုက်ပြီးနောက် ကမ္ဘာ့သမိုင်းကို ပြောင်းလဲစေတဲ့ ဖြစ်ရပ်ကြီးပေါ်ပေါက်လာပုံ...
မွန်ဂို စစ်ဘုရင် တိမူးရဲ့ ကျိန်စာတိုက်ထားတဲ့ အုတ်ဂူကြီးကို သိပ္ပံပညာရှင်တွေ မကြောက်မရွံ့ ဖွင့်လိုက်ပြီးနောက် ကမ္ဘာ့သမိုင်းကို ပြောင်းလဲစေတဲ့ ဖြစ်ရပ်ကြီးပေါ်ပေါက်လာပုံ...
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့်ပေးခဲ့သောအဖြစ်...
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့်ပေးခဲ့သောအဖြစ်...
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ...
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ...
ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွမ်းထက်လှကြောင်း တွေ့ရှိ...
ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွမ်းထက်လှကြောင်း တွေ့ရှိ...
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျောက်ဖြစ်နေကြောင်း တွေ့ခဲ့ရသည့် ဆန်းကြယ်သော ဖြစ်ပုံ...
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျောက်ဖြစ်နေကြောင်း တွေ့ခဲ့ရသည့် ဆန်းကြယ်သော ဖြစ်ပုံ...
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင်းကြောင်တောင် ဝင်ရောက်ဓားပြတိုက်...
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင်းကြောင်တောင် ဝင်ရောက်ဓားပြတိုက်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service