အိန္ဒိယတွင် ဟိမဝန္တာတောင်တန်းကြီးပေါ်မှ သိဝဘုရားကျောင်းတော်ရှိရာသို့ မိုင် ၂၀၀၀ ကျော် လမ်းလျှောက်ကာ ဘုရားဖူးသွားခဲ့သော အသက် ၇၀ အရွယ် အဘိုးတစ်ဦးအကြောင်း

အိန္ဒိယတွင် ဟိမဝန္တာတောင်တန်းကြီးပေါ်မှ သိဝဘုရားကျောင်းတော်ရှိရာသို့ မိုင် ၂၀၀၀ ကျော် လမ်းလျှောက်ကာ ဘုရားဖူးသွားခဲ့သော အသက် ၇၀ အရွယ် အဘိုးတစ်ဦးအကြောင်း - Property News in Myanmar from iMyanmarHouse.com
6 Jun 2025 10:40 am တွင် တင်ခဲ့သည်
486 ကြိမ် ကြည့်ရှု့ပြီး

အိန္ဒိယနိုင်ငံ၊ ကာနာတာကာပြည်နယ်၊ ကာလာဘူရာဂီ (Kalaburagi) ခရိုင်တွင် နေထိုင်သော အသက် ၇၀ အရွယ် အဘိုးတစ်ဦးသည် မိုင်ထောင်ချီ ခြေလျင်ခရီးရှည်ကြီးတစ်ခုကို အောင်မြင်စွာ သွားရောက်နိုင်ခဲ့သည်။

၎င်းသည် မိုင်ထောင်ချီ ဝေးကွာသော ဥတ္တရခန်ပြည်နယ်အတွင်း တည်ရှိသော ဟိမဝန္တာတောင်တန်းကြီးပေါ်ရှိ သိဝနတ်ကွန်းရှိရာသို့ လမ်းလျှောက်သွားခဲ့ခြင်း ဖြစ်သည်။

ဟိမဝန္တာမှ ဘုရားကျောင်းအထိ ၂ လနီးပါး ခြေလျင်ခရီးသွားခဲ့ရသည်။

X လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်နေသော ဗွီဒီယိုဖိုင်တစ်ခုထဲ၌ ထိုအဘိုးက ပြောကြားထားသည်မှာ ဤခြေလျင်ခရီးကို ကာနာတာကာပြည်နယ် ကာလာဘူရာဂီမြို့မှ မတ်လ ၃ ရက်နေ့တွင် စတင်ခဲ့ခြင်း ဖြစ်ကြောင်း၊ အခြားသော ဘုရားဖူး အုပ်စုတစ်ခုနှင့်အတူ ခရီးထွက်ခဲ့ခြင်းဖြစ်ပြီး ဟိမဝန္တာတောင်ပေါ်မှ Ketarnath နတ်ကွန်းရှိရာသို့ မေလ ၁ ရက်တွင် ရောက်ရှိခဲ့ကြောင်း ၎င်းက ပြောသည်။

(▲ ဟိမဝန္တာမှ ဘုရားကျောင်းသို့ ရောက်ရှိရန် ၂ လခန့် ကြာမြင့်ခဲ့သည်။ ဓာတ်ပုံ-X)

၎င်းတို့ အုပ်စုသည် လွင်ပြင်များ၊ တောအုပ်ကြီးများ၊ တောင်တန်းများကို ဖြတ်သန်းကာ ၂ လကျော် ခြေလျင်ခရီးထွက်ခဲ့ပြီး မိုင်ပေါင်း ၂၂၀၀ သွားရောက်ခဲ့ခြင်း ဖြစ်သည်။

ဟိန္ဒူဘာသာဝင်တို့၏ ချားဒမ် (မြင့်မြတ်သော ၄ နေရာ) အနက် တစ်ခုအပါအဝင်ဖြစ်သော ဥတ္တရခန်ပြည်နယ်မှ ဘုရားကျောင်းရှိရာသို့ ရောက်ရှိခဲ့ပြီးနောက် အောင်ပွဲခံ ခဲ့ကြသည်။

ဗွီဒီယိုဖိုင်တစ်ခုထဲတွင် ထိုအဘိုးနှင့်သူ၏ မိတ်ဆွေများ အောင်ပွဲခံနေပုံကို တွေ့ရသည်။ ယင်းမှာ ၎င်းတို့၏ စူးနစ်သော ကျားကုတ်ကျားခဲ ဇွဲကြီးမှုကို ပြသနိုင်သည့် အောင်ပွဲလည်း ဖြစ်သည်။

ထိုအဘိုးက ပြောသည်မှာ ဘုရားသခင်၏ ကောင်းချီးပေးခံရသူတစ်ဦးအနေဖြင့် ယခုကဲ့သို့ ခရီးမျိုး အထမြောက်အောင်မြင်နိုင်ကြောင်း ပြောသည်။

ထို့အပြင် မိမိ၏ စိတ်ဇွဲကြောင့်လည်း အထမြောက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

မေလ ၁၅ ရက်တွင် X လူမှုကွန်ရက်တွင် တင်ခဲ့သော ဗွီဒီယိုဖိုင်မှာ လက်ရှိအချိန်အထိ ကြည့်ရှုမှု အကြိမ်ရေ ၂၀၀၀၀၀ ကျော် ရှိနေပြီ ဖြစ်သည်။

အဆိုပါ ဗွီဒီယိုဖိုင်မှာ ကြည့်ရှုရသူတို့၏ စိတ်နှလုံးကို လှုပ်ခတ်စေလျက်ရှိပြီး ၎င်းတို့၏ ဘာသာရေးကိုင်းရှိုင်းမှု၊ သက်လုံကောင်းမှုနှင့် ဇွဲကြီးမှုတို့ကို အများက ချီးကျူးလျက် ရှိကြသည်။

လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက မှတ်ချက်ပြုသည်မှာ “အရှင်သီဝမှာ မယိမ်းမယိုင် တကယ်ယုံကြည် ကိုင်းရှိုင်းတဲ့စိတ်ကြောင့် ဒီလိုမျိုး အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ ဟားရ် ဟားရ် မဟာဒေ့ဗ်။ (ကြီးမြတ်သော အရှင်သီဝ) ”ဟု မှတ်ချက်ပြုသည်။

အခြားတစ်ဦးက မှတ်ချက်ပြုသည်မှာ “သူတို့အားလုံးဟာ သေလွန်ပြီးတဲ့နောက် နိဗ္ဗာန်ဘုံကို ရောက်ရှိကြမှာ အသေအချာပါပဲ”ဟု ဆိုသည်။

“ဘာသာရေးကို မမှိတ်မသုန် ကိုင်းရှိုင်းတဲ့စိတ်ဓာတ်ကို ဦးညွှတ်ပါတယ်။ ဒီသက်ကြီးရွယ်အို အဘိုးတွေဟာ ကာနာတာကာပြည်နယ်ကနေ ဟိမဝန္တာက နတ်ကွန်းအထိ ရက်ပေါင်း ၆၀ လမ်းလျှောက်ခဲ့ကြတာ ဖြစ်ပါတယ်။ တကယ့်ကို ယုံကြည်သက်ဝင်မှု ပြင်းထန်တဲ့ အားထုတ်မှုပါပဲ”ဟု များစွာသော သူတို့က ၎င်းတို့၏ လေးစားမှုကို မှတ်ချက်ပြုကြသည်။

“တကယ့်ကို ပြိုင်ဘက်ကင်းတဲ့ ဘာသာရေးကိုင်းရှိုင်းမှုပါပဲ”ဟု အခြားတစ်ဦးက X လူမှုကွန်ရက်တွင် မှတ်ချက်ပြုသည်။

အဆိုပါ ဘုရားကျောင်းသည် ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့်ပေ ၁၁၇၀၀ တွင် တည်ရှိပြီး နှင်းဖုံး တောင်ထွက်များ ဝန်းပတ်ထားကာ အံ့မခန်းရှုမျှော်ခင်းများ တည်ရှိသော နေရာဖြစ်သည်။

နှစ်စဉ် ရာနှင့်ချီသော ဘုရားဖူးများ၊ ခြေလျင်ခရီးသွားများ လာရောက်လေ့ရှိသော နေရာတစ်ခုလည်း ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com 

Ref: This Karnataka Man Walked For 60 Days To Kedarnath And Internet Can’t Get Enough

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...
‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...
‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွားပြီးနောက် ကြော်ငြာများ ရိုက်ကူးလာရ၊ ဖခင်ကြီးအတွက် အိမ်တစ်လုံး ဝယ်ပေးနိုင်ရန် စိတ်ကူးအိပ်မက်လျက်ရှိ ……...

ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service