ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသည်ဟု သားပုပ်လေလွင့် စွပ်စွဲပြီး Facebook တွင် ဓာတ်ပုံများတင်ခဲ့ရာ ဒေါ်လာ ၁၀၀,၀၀၀ နစ်နာကြေးပေးလိုက်ရပုံ

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသည်ဟု သားပုပ်လေလွင့် စွပ်စွဲပြီး Facebook တွင် ဓာတ်ပုံများတင်ခဲ့ရာ ဒေါ်လာ ၁၀၀,၀၀၀ နစ်နာကြေးပေးလိုက်ရပုံ - Property News in Myanmar from iMyanmarHouse.com
20 May 2025 10:24 am တွင် တင်ခဲ့သည်
964 ကြိမ် ကြည့်ရှု့ပြီး

ဗြိတိန်တွင် မန်ချက်စတာမြို့၏အရှေ့ဘက် Peak ခရိုင်ရှိ စားသောက်ဆိုင်တစ်ခုသည် ဆိုင်တွင် လာရောက် စားသောက်သော အများလေးစားခံရသည့် မိသားစုအပေါ် ငွေမရှင်းဘဲ ထွက်သွားသည်ဟု မှားယွင်းစွပ်စွဲခဲ့သောကြောင့် အဆိုပါမိသားစုအား ဒေါ်လာ ၁၀၀,၀၀၀ လျော်ကြေးပေးလိုက်ရသည်။

ပြီးခဲ့သော ၂၀၂၄ ခုနှစ် ဇူလိုင်လအတွင်း သန်းကြွယ်သူဌေးမိသားစုဖြစ်သော Peter McGirr နှင့် Ann McGirr ၊ ၎င်းတို့၏ သားသမီးများဖြစ်သော Peter Jr နှင့် Carol တို့သည် Peak ခရိုင်တွင် တည်ရှိသော The Horse & Jockey Inn အမည်ရှိ စားသောက်ဆိုင်တစ်ခုသို့ ဝင်ရောက် စားသောက်ခဲ့ကြသည်။

Peter တို့မိသားစုသည် အရိုးလွတ် အမဲနံရိုးသား ၂၇ ပေါင်ဖိုး၊ ၁၅ ဒသမ ၂၅ ပေါင် တန်ကြေးရှိ ဒါဘီရှိုင်းယား ဝက်ပေါင်ခြောက် ၂ ခုအပြင် ဘီယာခွက်ရေ အများအပြား မှာယူစားသောက်ခဲ့ကြသည်။

ထိုဆိုင်တွင် စားသောက်ပြီးနောက် Peter တို့ မိသားစုသည် အိုင်ယာလန်မြောက်ပိုင်း၊ Omagh မြို့ရှိ နေအိမ်သို့ ပြန်ခဲ့ကြသည်။

Peter တို့ မိသားစု ဆိုင်မှထွက်သွားပြီး မကြာမီတွင် The Horse & Jockey ၏ Facebook စာမျက်နှာတွင် Peter တို့ မိသားစုသည် ကျသင့်ငွေ ဒေါ်လာ ၂၀၀ ( ပေါင် ၁၅၀) မရှင်းဘဲ ဆိုင်ထဲမှ ထွက်သွားသည်ဟုဆိုကာ CCTV မှတ်တမ်း ဗွီဒီယိုဖိုင်ကို တင်ခဲ့သည်။

Peter တို့မိသားစုမှာ စားသောက်ပြီး ငွေမရှင်းဘဲထွက်သွားသည်ဟုဆိုကာ ဗြိတိန်တဝန်း ဟိုးဟိုးကြော်ခဲ့ရာ ၎င်းတို့မိသားစု၏ ဂုဏ်သတင်းကို အကြီးအကျယ် ထိခိုက်စေခဲ့သည်။ ထို့ကြောင့် Peter တို့ မိသားစုက မိမိတို့ နာမည်မှ အမည်းစက်များ ပယ်ပျောက်စေရန်အတွက် ထိုစားသောက်ဆိုင်ကို တရားစွဲရန်မှတပါး ရွေးချယ်စရာ မရှိတော့ချေ။

(Peter တို့ မိသားစု စားသောက်နေပုံကို The Horse & Jockey စားသောက်ဆိုင်က လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင် တင်ခဲ့သည်။ ဓာတ်ပုံ-Facebook/ The Horse & Jockey)

(Peter တို့ မိသားစု စားသောက်ပြီး ပြန်သွားကြပုံ။ ဓာတ်ပုံ- The Horse & Jockey)

(The Peak ခရိုင်တွင် ဖွင့်လှစ်ထားသော The Horse & Jockey စားသောက်ဆိုင်။ ဓာတ်ပုံ-Google Maps)

သို့သော် မကြာမီတွင်ပင် ၎င်းတို့၏ စွပ်စွဲချက်မှာ မှားယွင်းနေကြောင်း ပေါ်ပေါက်လာပြီး Peter တို့ မိသားစုက တရားစွဲခဲ့ခြင်း ဖြစ်သည်။

Peter တို့ မိသားစုက ကျသင့်ငွေကို ကတ်ဖြင့် အပြည့်အဝ ပေးချေခဲ့သည်။

သို့သော် ဝန်ထမ်းက စာရင်းသွင်းရန် မေ့နေခဲ့ခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းမှာ အတွေ့အကြုံ နည်းပါးသူဖြစ်ကြောင်း စားသောက်ဆိုင်က ထုတ်ပြန်ကာ Peter တို့ မိသားစုကို တောင်းပန်ခဲ့သည်။

Peter တို့ မိသားစုက စားသောက်ဆိုင်အား တရားစွဲခဲ့သည်။

Peter တို့ မိသားစုသည် အိုင်ယာလန်မြောက်ပိုင်း Tyrone ခရိုင်ရှိ အချမ်းသာဆုံးပုဂ္ဂိုလ်များတွင် ပါဝင်သူဖြစ်ပြီး နိုင်ငံတကာအထိ ကျော်ကြားသော McGirr Engineering ကုမ္ပဏီကို တည်ထောင်ထားသူ ဖြစ်သည်။

McGirr Engineering သည် ဆောက်လုပ်ရေးလုပ်ငန်းများတွင် အသုံးပြုသော ဘလောက်တုံးထုတ်သည့် စက်များ ထုတ်လုပ်သည့်ကုမ္ပဏီ ဖြစ်သည်။

စားသောက်ဆိုင်ပိုင်ရှင် ဂျွန် ဝပ်ဆန်သည် အိုင်ယာလန်မြောက်ပိုင်း ဘဲလ်ဖတ်မြို့အထိ သွားကာ Peter အား မိမိဆိုင်တွင် အခမဲ့လာရောက် စားသောက်တည်းခိုပါရန်နှင့် အမှုပိတ်သိမ်းပေးရန် တောင်းဆိုခဲ့သော်လည်း Peter က လက်မခံခဲ့ချေ။

တရားရုံးတွင် တရားစွဲဆိုထားသောအမှုအတွက် ဆိုင်ရှင်ဘက်က Peter တို့ မိသားစုကို လျော်ကြေး ဒေါ်လာ ၁၀၀၀၀၀ ပေးကာ တရားရုံးပြင်ပ ညှိနှိုင်းလိုက်ပြီး အမှုပိတ်သိမ်းလိုက်ကြောင်း သိရသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com 

Ref: Family wrongly accused of pub dine & dash and awarded £75,000 ‘are MILLIONAIRES who rejected pleas to drop lawsuit’ Photo Credit- The Horse & Jockey, Google Maps

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Gucci မိသားစုနှင့် Calvin Klein တို့အပြင် အီတလီ သံအမတ်ကြီးများ နေထိုင်ခဲ့ဖူးသော နယူးယောက်မှ စံအိမ်ကြီး ကန်ဒေါ်လာ ၁၆ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
Gucci မိသားစုနှင့် Calvin Klein တို့အပြင် အီတလီ သံအမတ်ကြီးများ နေထိုင်ခဲ့ဖူးသော နယူးယောက်မှ စံအိမ်ကြီး ကန်ဒေါ်လာ ၁၆ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ရီးရဲမက်ဒရစ်ရဲ့ ပဲ့ကိုင်ရှင် အန်ဆယ်လော့တီ၏ မက်ဒရစ်မြို့က စံအိမ်
ရီးရဲမက်ဒရစ်ရဲ့ ပဲ့ကိုင်ရှင် အန်ဆယ်လော့တီ၏ မက်ဒရစ်မြို့က စံအိမ်
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိုးယူခံရမှုတွင် ကူညီရောင်းချပေးခဲ့သည့်အမျိုးသား ဆိုင်းငံ့ထောင်ဒဏ်ချမှတ်ခံရ...
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိုးယူခံရမှုတွင် ကူညီရောင်းချပေးခဲ့သည့်အမျိုးသား ဆိုင်းငံ့ထောင်ဒဏ်ချမှတ်ခံရ...
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က ဗြိတိန်တွင် အိမ်ရှာဖွေမှု အလွန်များပြားလာနေ...
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က ဗြိတိန်တွင် အိမ်ရှာဖွေမှု အလွန်များပြားလာနေ...
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
ဒေါက်မြင့်ဖိနပ်စီးလိုသူများ အထူးပါမစ်လျှောက်ထားရသော ကယ်လီဖိုးနီးယားပြည်နယ်က မြို့လေး၊ ရေခဲမုန့်စားခြင်းကိုလည်း ထိုမြို့တွင် တားမြစ်ထား...
ဒေါက်မြင့်ဖိနပ်စီးလိုသူများ အထူးပါမစ်လျှောက်ထားရသော ကယ်လီဖိုးနီးယားပြည်နယ်က မြို့လေး၊ ရေခဲမုန့်စားခြင်းကိုလည်း ထိုမြို့တွင် တားမြစ်ထား...
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရိုက်ရာ ခြင်မည်သို့ရှိသည်မသိရသော်လည်း တန်ဖိုးကြီး ရုပ်သံစက် ဆုံးရှုံးခဲ့ရပုံ...
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရိုက်ရာ ခြင်မည်သို့ရှိသည်မသိရသော်လည်း တန်ဖိုးကြီး ရုပ်သံစက် ဆုံးရှုံးခဲ့ရပုံ...
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု နာမည်ကြီးနေ...
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု နာမည်ကြီးနေ...
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်ကျဲနေရာ အုတ်အော်သောင်းတင်းဖြစ်ကာ အနီးဝန်းကျင်ရှိ လူအုပ်ကြီးက ဝိုင်းဝန်းလုယက်ခဲ့ကြ...

Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...
Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
imyanmarmarket
The Rich Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service