တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း

တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း - Property News in Myanmar from iMyanmarHouse.com
22 May 2025 10:47 am တွင် တင်ခဲ့သည်
824 ကြိမ် ကြည့်ရှု့ပြီး

တရုတ်ပြည်တွင် ဆင်းရဲနွမ်းပါးသော မိသားစုတွင် ကြီးပြင်းခဲ့ရသော်လည်း ကျောင်းစာထူးချွန်သည့် လူငယ်တစ်ဦးသည် ပေကျင်းမြို့တော်ရှိ အထင်ကရ တက္ကသိုလ်ကြီးဖြစ်သော Tsinghua University တွင် PhD တန်း တက်ရောက်ခွင့်ရသော ကျောင်းသားတစ်ဦးဖြစ်လာသည်အထိ ကြိုးစားနိုင်ခဲ့သည်။

ယခုအခါ ထိုလူငယ်ကို သူ၏ ဇာတိမြို့က မြို့အုပ်ချုပ်ရေးအကြံပေးပုဂ္ဂိုလ်တစ်ဦးအဖြစ် ခန့်အပ်လိုက်သည့် သတင်းမှာ ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူတို့အကြား သတင်းကြီးနေသည်။

ပန်ကျုံးဝမ် (Pang Zhongwang) အမည်ရှိ လူငယ်လေး၏ သတင်းများမှာ ၂၀၁၇ ခုနှစ်အတွင်းကလည်း လူမှုကွန်ရက်တွင် မွှေးပျံ့ခဲ့ဖူးသည်။

တရုတ်ပြည်တွင် အောင်မြင်ရန် ခက်ခဲသည်ဟု နာမည်ကြီးသော ကောက်ခေါင် (Gaokao) ဟုခေါ်သည့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲတွင် အမှတ် ၇၅၀ ပေးသည့်အနက် ၆၈၄ မှတ်အထိ ရရှိခဲ့သည့်သတင်းမှာ နာမည်ကြီးခဲ့သည်။

တရုတ်ပြည်တွင် gaokao စာမေးပွဲဖြေဆိုသူအများစုမှာ အမှတ် ၅၀၀ မှ ၆၀၀ ကြားသာ ရကြသည်။

ပန်ကျုံးဝမ် တက်ရောက်ခွင့်ရခဲ့သည့် တက္ကသိုလ်မှာ အမှတ် ၆၅၀ အထက်ရသူများသာ တက်ခွင့်ရသည်။

အထူးသဖြင့် ဆင်းရဲသားလေးတစ်ဦးက ထိုမျှ ထူးချွန်နေမှုကို လူအများ စိတ်ဝင်စားကြခြင်း ဖြစ်သည်။

ပန်ကျုံးဝမ်၏ ဖခင်မှာ စိတ်ကစဉ့်ကလျားရောဂါ ခံစားနေရပြီး မိခင်ကြီးမှာလည်း သွပ်ချာပါဒလိုက်နေသည်။

ပန်ကျုံးဝမ်သည် တရုတ်ပြည်၏ ဒိတ်ဒိတ်ကြဲတက္ကသိုလ်များတွင် တစ်ခုအပါအဝင်ဖြစ်သော Tsinghua တွင် တက်ရောက်ခွင့်ရခဲ့သည်။

ကျောင်းစာအလွန်ထူးချွန်သော ပန်ကျုံးဝမ်ကို လုပ်ငန်းရှင်တို့က ကျောင်းထားပေးမည်ဟု ကမ်းလှမ်းခဲ့သော်လည်း ၎င်းက ငြင်းပယ်ခဲ့သည်။

(မှတ်ချက်။ ပန်ကျုံးဝမ်သည် မည်သည့်ငွေဖြင့် ကျောင်းတက်ခဲ့သည်ကို ဖော်ပြထားခြင်းမရှိချေ။ ဖြစ်နိုင်ချေရှိသည်မှာ ပညာတော်သင်ဆု၊ ကျောင်းမှ ထောက်ပံ့ငွေ၊ အချိန်ပိုင်းအလုပ်များဖြင့် ရပ်တည်ဖြတ်သန်းခဲ့ခြင်း ဖြစ်နိုင်သည်။ ပန်ကျုံးဝမ်ကဲ့သို့ အလွန်ထူးချွန်သော ကျောင်းသားများကို Tsinghua တက္ကသိုလ်က full scholarship ပေးသည်။ ထို့အပြင် အစိုးရကလည်း National Student Aid Loan ဟုခေါ်သော အတိုးမဲ့ ကျောင်းစရိတ်ထုတ်ချေးမှုရှိပြီး ဘွဲဲ့ရပြီးမှ ပြန်ဆပ်ရသည့် အစီအစဉ်မျိုးရှိသည်။ Tsinghua တက္ကသိုလ်တွင် စာတော်သော ထိပ်တန်းကျောင်းသားများသည် သင်ကြားရေး အထောက်အကူပေးခြင်း၊ ပါမောက္ခများ၏ ဓာတ်ခွဲခန်းများတွင် ကူညီပေးခြင်း၊ စာကြည့်တိုက်တွင် အကူအညီပေးခြင်းတို့ဖြင့် ဝင်ငွေများ ရကြသည်။ ထို့အပြင် Tsinghua တက္ကသိုလ်တွင် PhD ကျောင်းသားများကို နေစရိတ်နှင့် လူနေမှုစရိတ်များ ထောက်ပံ့ပေးသည်။))

ယခုအခါ အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်သူ ပန်ကျုံးဝမ်သည် Tsinghua တက္ကသိုလ်တွင် သိပ္ပံသုတေသနများ၌ အသုံးပြုသည့် အတိအကျတိုင်းတာနိုင်သော တိုင်းတာရေးကိရိယာများ ထုတ်လုပ်သည့်ပညာရပ်ကို PhD ကျောင်းသားအဖြစ် ဆည်းပူးလျက်ရှိသည်။

(ပန်ကျုံးဝမ်သည် စီးပွားရေးလုပ်ငန်းရှင်များ၏ အထောက်အပံ့များကို ငြင်းပယ်ခဲ့သည်။ ဓာတ်ပုံ-Baidu)

ပြီးခဲ့သော မေလ ၁၀ ရက်တွင် ပန်ကျုံးဝမ်၏ ဇာတိဒေသဖြစ်သည့် ဟီဘေးပြည်နယ်၊ ဝူချောင်ခရိုင် အုပ်ချုပ်ရေးအဖွဲ့က ပန်ကျုံးဝမ်အား အတိုင်ပင်ခံပုဂ္ဂိုလ်၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း သံတမန်အဖြစ် ခန့်အပ်လိုက်ကြောင်း Hebei Economic Daily သတင်းဌာနက ဖော်ပြသည်။

မိခင်ကြီး နာမကျန်းဖြစ်နေစဉ် ဆေးဖိုးမရှိသောကြောင့် ပန်ကျုံးဝမ်မှာ အိမ်နီးချင်းများထံမှ လိုက်လံငွေချေးခဲ့ရသည်။

ပန်ကျုံးဝမ်၏ မိခင်ကြီးသည် ၂၀၂၀ ပြည့်နှစ်က ကွယ်လွန်သွားပြီး ကွယ်လွန်ချိန်တွင် အသက် ၄၈ နှစ်သာ ရှိသေးသည်။

မိမိတို့ မိသားစုကို ဘိုးဘွားများက ကြည့်ရှုထောက်ပံ့လေ့ရှိကြောင်း ပန်ကျုံးဝမ်က ပြောပြသည်။

(တက္ကသိုလ်ဝင်ခွင့် စာမေးပွဲမဖြေဆိုမီတွင် အခြားကျောင်းသားများမှာ ကျောင်းစာကိုသာ အချိန်ပေး အာရုံစိုက်နေကြချိန်တွင် ပန်ကျုံးဝမ်မှာ ဘူးပလုံးများ လိုက်ကောက်ကာ ဝင်ငွေရှာပြီး မိသားစုကို ထောက်ပံ့ခဲ့ရသည်။ ထိုသို့ ကြမ်းတမ်းစွာ ရုန်းကန်ရသည့်တိုင် စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည်။ ဓာတ်ပုံ-Shutterstock)

“ဒီကလေးက ကျွန်မဘဝရဲ့ အကြီးမားဆုံး မျှော်လင့်ချက်ပါ။ ကျွန်မက တစ်ရက်လေးတောင် ကျောင်းမတက်ဖူးပါဘူး။ ဒါကြောင့် ပညာတတ်တွေကို ကျွန်မ တကယ်လေးစားပါတယ်။ သားလေးကို ကျောင်းစာကြိုးစားဖို့ပဲ ကျွန်မ တိုက်တွန်းပါတယ်” ဟု ပန်ကျုံးဝမ်၏ မိခင်ကြီးက သတင်းမီဒီယာတို့ကို ပြောခဲ့ဖူးသည်။

“အမေက ကျွန်တော့်ကို အရာရာ အကောင်းမြင်စိတ်ရှိဖို့ အမြဲတိုက်တွန်းပါတယ်။ ရှေ့ကိုပဲ ကြည့်သင့်တယ်လို့ အမေက ယုံကြည်ထားတယ်။ အမေက အမြဲတမ်း ပြုံးနေလေ့ရှိပါတယ်။ ဒါကြောင့် ကျွန်တော်က ဘာကြောင့် ဝမ်းနည်းစိတ်ပျက်နေရမှာလဲ” ဟု ပန်ကျုံးဝမ်က ပြောသည်။

(ပန်ကျုံးဝမ်၏ ကွယ်လွန်သွားပြီဖြစ်သော မိခင်ကြီး။ ဓာတ်ပုံ-Baidu)

ပန်ကျုံးဝမ်၏ ဘဝဇာတ်ကြောင်းမှာ တရုတ်ရိုးရာ စကားပုံတစ်ခုဖြစ်သော နိကျင်း ချူးရန်းထိုင် (ဆင်းရဲဒုက္ခက အစွမ်းအစကို မွေးဖွားပေးတယ်) ဆိုသည်မှာ မှန်ကန်ကြောင်း သက်သေပြနေသည်။

မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com 

Ref: Meet China PhD student Pang Zhongwang who rises from waste collector to cultural ambassador Photo Credit-Shutterstock, Baidu

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service