Swiss နာရီကုမ္ပဏီ Franck Muller က ဒူဘိုင်းတွင် ကမ္ဘာ့အမြင့်မားဆုံး လူနေ နာရီစင်ကြီး ဆောက်လုပ်လျက်ရှိ

Swiss နာရီကုမ္ပဏီ Franck Muller က ဒူဘိုင်းတွင် ကမ္ဘာ့အမြင့်မားဆုံး လူနေ နာရီစင်ကြီး ဆောက်လုပ်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com
18 Dec 2023 10:37 am တွင် တင်ခဲ့သည်
718 ကြိမ် ကြည့်ရှု့ပြီး

 [Unicode]

တန်ဖိုးကြီးနာရီ ထုတ်လုပ်သော ကုမ္ပဏီများသည် ၎င်းတို့၏ အလွန် လက်ရာမြောက်သော နာရီများကို ချမ်းသာကြွယ်ဝသူများနှင့် အထင်ကရပုဂ္ဂိုလ်များ ဝတ်ဆင်ကြစေရန် ရည်မှန်းကြသည်။

ယခုအခါ Swiss နာရီကုမ္ပဏီတစ်ခုက ဒူဘိုင်း၏ အရေးပါသော အစိတ်အပိုင်းတစ်ခု ဖြစ်လာရန် ရည်မှန်းလာသည်။

ဆွစ်ဇာလန် Luxury နာရီထုတ်လုပ်သည့် ကုမ္ပဏီ Franck Muller ၏ သမိုင်းမှတ်တိုင် စိုက်ထူနိုင်ရေး ရည်မှန်းချက်ကို အာရပ်စော်ဘွားများပြည်ထောင်စု၏ ထိပ်တန်း အိမ်ခြံမြေ Developer ဖြစ်သော London Gate က ကူညီပေးလျက်ရှိသည်။

လူနေ နာရီစင်ကြီးအသွင် မိုးမျှော်တိုက်ကြီးဖြစ်ပြီး အမြင့်ပေ ၁၅၀၀ နီးပါးရှိမည်ဖြစ်ကာ Franck Muller က အိမ်ခြံမြေလောကသို့ ဝင်ရောက်မှုဟုလည်း ဆိုနိုင်သည်။

(ဓာတ်ပုံ-Eman Taha)

London Gate ၏ စီအီးအိုဖြစ်သူ Eman Taha က Khaleejtimes သတင်းဌာနသို့ “ကျွန်တော်တို့ဟာ အာရပ် စော်ဘွားများပြည်ထောင်စု အိမ်ခြံမြေဈေးကွက်ကို ကျွန်တော်တို့ရဲ့ ရောင်းချထားပြီးဖြစ်တဲ့ Maya V,Nadine I, Nadine II စီမံကိန်းတွေနဲ့ ဝင်ရောက်ခဲ့ပါတယ်။”ဟု ပြောသည်။

“အခုခါမှာ အထင်ကရ နာရီထုတ်လုပ်သူ Franck Muller နဲ့ ပူးပေါင်းပြီး ကျွန်တော်တို့ရဲ့ နောက်ဆုံး ဂန္ထဝင် လက်ရာကို ထုတ်ပြဖို့ စိတ်လှုပ်ရှားနေပါပြီ။”

“ဒီစီမံကိန်းဟာ Franck Muller ရဲ့ ပထမဆုံး လူနေအိမ်ရာတစ်ခုလည်း ဖြစ်ပါတယ်။”

“ဒီလက်တွဲမှုကတဆင့် London Gate နဲ့ Franck Muller တို့ရဲ့ မျှော်မှန်းချက်တွေနဲ့ အမှတ်တံဆိပ် တန်ဖိုးတွေ ကို ထင်ဟပ်နိုင်မယ့် လူနေမှု အတွေ့အကြုံတွေ ဖန်တီးပေးနိုင်ဖို့ ရည်ရွယ်ထားပါတယ်။”

“အခုစီမံကိန်းဟာ ကျွန်တော်တို့ မိတ်ဖက်တွေရဲ့ အနှစ်သာရနဲ့ ဂုဏ်သိက္ခာကို ထင်ဟပ်ပြသနိုင်မယ့် ပြိုင်ဖက် ကင်းပြီး တမူထူးတဲ့နေရာတွေ ဖန်တီးဖို့ဆိုတဲ့ ကျွန်တော်တို့ ကတိကဝတ်ရဲ့ အထောက်အထား ပြယုဂ်တစ်ခု လည်း ဖြစ်ပါတယ်” ဟု ပြောသည်။

(ဒူဘိုင်းမှ The Jacob & Co Residences အမည်ရှိ အဆောက်အအုံကြီး)

အဆောက်အအုံကြီးကို Aeternitas ဟု အမည်ပေးမည် ဖြစ်သည်။

ထိုအမည်မှာ Franck Muller က ထုတ်လုပ်ထားသော နာရီများအနက် အရှုပ်ထွေးဆုံး နာရီတစ်လုံး၏ အမည် ဖြစ်သည်။

ဒူဘိုင်းတွင် တန်ဖိုးကြီး နာရီထုတ်လုပ်သောကုမ္ပဏီ Jacob & Co ၏ အထပ် ၁၀၀ ရှိသော Burj Binghatti Jacob & Co Residences အမည်ရှိ မိုးမျှော်တိုက်ကြီးလည်း ရှိသည်။

Franck Muller ၏ မန်နေဂျင်းဒါရိုက်တာ Erol Baliyan က ပြောသည်မှာ “London Gate နဲ့ ပူးပေါင်းပြီး အရှေ့အလယ်ပိုင်းကို လုပ်ငန်းချဲ့ထွင်ရတာ ကျွန်တော်တို့ စိတ်လှုပ်ရှားမိပါတယ်။”ဟု ပြောသည်။

“ကျွန်တော်တို့ အမှတ်တံဆိပ်ရဲ့ အကောင်းဆုံးအမွေအနှစ်ကို အာရပ်စော်ဘွားများ ပြည်ထောင်စုရဲ့ အိမ်ခြံမြေဈေးကွက်ဆီ မဟာဗျူဟာမြောက် စူးစမ်းခဲ့ကြပါတယ်။”

“စိုလွင်မှု ၊ ဇိမ်ကျမှု၊ ဖွံ့ဖြိုးမှုတွေနဲ့ လူသိများတဲ့ ဒူဘိုင်းလို ကမ္ဘာ့အဆင့် မြို့ပြတစ်ခုမှာ Franck Muller ရဲ့ ပထမဆုံး အိမ်ခြံမြေ နယ်ပယ်ခြေချမှုဟာ တစ်မျိုးတစ်ဖုံ ဆန်းသစ်နေပါတယ်။”

“ဒါဟာ ကျွန်တော်တို့ အမှတ်တံဆိပ်ရဲ့ အခန်းကဏ္ဍသစ်တစ်ခု စတင်ခြင်းလည်း ဖြစ်ပါတယ်”

Aeternitas လူနေနာရီစင်ကြီးကို ၂၀၂၄ ခုနှစ် ၊ ဇန်နဝါရီတွင် စတင်ဆောက်လုပ်ရန် စီစဉ်ထားပြီး ၂၀၂၆ ခုနှစ်တွင် အခန်းဝယ်ယူထားသူများထံ အခန်းအပ်နှံသွားမည် ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Franck Muller is building the world’s tallest residential clock tower in Dubai. The luxury watch-themed skyscraper will stand tall at 1,500 feet. (luxurylaunches)

[Zawgyi]

Swiss နာရီကုမၸဏီ Franck Muller က ဒူဘိုင္းတြင္ ကမ႓ာ့အျမင့္မားဆုံး လူေန နာရီစင္ႀကီး ေဆာက္လုပ္ လ်က္႐ွိ

တန္ဖိုးႀကီးနာရီ ထုတ္လုပ္ေသာ ကုမၸဏီမ်ားသည္ ၎တို႔၏ အလြန္ လက္ရာေျမာက္ေသာ နာရီမ်ားကို ခ်မ္းသာႂကြယ္ဝသူမ်ားႏွင့္ အထင္ကရပုဂၢိဳလ္မ်ား ဝတ္ဆင္ၾကေစရန္ ရည္မွန္းၾကသည္။

ယခုအခါ Swiss နာရီကုမၸဏီတစ္ခုက ဒူဘိုင္း၏ အေရးပါေသာ အစိတ္အပိုင္းတစ္ခု ျဖစ္လာရန္ ရည္မွန္းလာသည္။

ဆြစ္ဇာလန္ Luxury နာရီထုတ္လုပ္သည့္ ကုမၸဏီ Franck Muller ၏ သမိုင္းမွတ္တိုင္ စိုက္ထူႏိုင္ေရး ရည္မွန္းခ်က္ကို အာရပ္ေစာ္ဘြားမ်ားျပည္ေထာင္စု၏ ထိပ္တန္း အိမ္ျခံေျမ Developer ျဖစ္ေသာ London Gate က ကူညီေပးလ်က္႐ွိသည္။

လူေန နာရီစင္ႀကီးအသြင္ မိုးေမွ်ာ္တိုက္ႀကီးျဖစ္ၿပီး အျမင့္ေပ ၁၅၀၀ နီးပါး႐ွိမည္ျဖစ္ကာ Franck Muller က အိမ္ျခံေျမေလာကသို႔ ဝင္ေရာက္မႈဟုလည္း ဆိုႏိုင္သည္။

(ဓာတ္ပုံ-Eman Taha)

London Gate ၏ စီအီးအိုျဖစ္သူ Eman Taha က Khaleejtimes သတင္းဌာနသို႔ “ကြၽန္ေတာ္တို႔ဟာ အာရပ္ ေစာ္ဘြားမ်ားျပည္ေထာင္စု အိမ္ျခံေျမေဈးကြက္ကို ကြၽန္ေတာ္တို႔ရဲ႕ ေရာင္းခ်ထားၿပီးျဖစ္တဲ့ Maya V,Nadine I, Nadine II စီမံကိန္းေတြနဲ႔ ဝင္ေရာက္ခဲ့ပါတယ္။”ဟု ေျပာသည္။

“အခုခါမွာ အထင္ကရ နာရီထုတ္လုပ္သူ Franck Muller နဲ႔ ပူးေပါင္းၿပီး ကြၽန္ေတာ္တို႔ရဲ႕ ေနာက္ဆုံး ဂႏၴဝင္ လက္ရာကို ထုတ္ျပဖို႔ စိတ္လႈပ္႐ွားေနပါၿပီ။”

“ဒီစီမံကိန္းဟာ Franck Muller ရဲ႕ ပထမဆုံး လူေနအိမ္ရာတစ္ခုလည္း ျဖစ္ပါတယ္။”

“ဒီလက္တြဲမႈကတဆင့္ London Gate နဲ႔ Franck Muller တို႔ရဲ႕ ေမွ်ာ္မွန္းခ်က္ေတြနဲ႔ အမွတ္တံဆိပ္ တန္ဖိုးေတြ ကို ထင္ဟပ္ႏိုင္မယ့္ လူေနမႈ အေတြ႕အၾကဳံေတြ ဖန္တီးေပးႏိုင္ဖို႔ ရည္႐ြယ္ထားပါတယ္။”

“အခုစီမံကိန္းဟာ ကြၽန္ေတာ္တို႔ မိတ္ဖက္ေတြရဲ႕ အႏွစ္သာရနဲ႔ ဂုဏ္သိကၡာကို ထင္ဟပ္ျပသႏိုင္မယ့္ ၿပိဳင္ဖက္ ကင္းၿပီး တမူထူးတဲ့ေနရာေတြ ဖန္တီးဖို႔ဆိုတဲ့ ကြၽန္ေတာ္တို႔ ကတိကဝတ္ရဲ႕ အေထာက္အထား ျပယုဂ္တစ္ခု လည္း ျဖစ္ပါတယ္” ဟု ေျပာသည္။

(ဒူဘိုင္းမွ The Jacob & Co Residences အမည္႐ွိ အေဆာက္အအုံႀကီး)

အေဆာက္အအုံႀကီးကို Aeternitas ဟု အမည္ေပးမည္ ျဖစ္သည္။

ထိုအမည္မွာ Franck Muller က ထုတ္လုပ္ထားေသာ နာရီမ်ားအနက္ အ႐ႈပ္ေထြးဆုံး နာရီတစ္လုံး၏ အမည္ ျဖစ္သည္။

ဒူဘိုင္းတြင္ တန္ဖိုးႀကီး နာရီထုတ္လုပ္ေသာကုမၸဏီ Jacob & Co ၏ အထပ္ ၁၀၀ ႐ွိေသာ Burj Binghatti Jacob & Co Residences အမည္႐ွိ မိုးေမွ်ာ္တိုက္ႀကီးလည္း ႐ွိသည္။

Franck Muller ၏ မန္ေနဂ်င္းဒါ႐ိုက္တာ Erol Baliyan က ေျပာသည္မွာ “London Gate နဲ႔ ပူးေပါင္းၿပီး အေ႐ွ႕အလယ္ပိုင္းကို လုပ္ငန္းခ်ဲ႕ထြင္ရတာ ကြၽန္ေတာ္တို႔ စိတ္လႈပ္႐ွားမိပါတယ္။”ဟု ေျပာသည္။

“ကြၽန္ေတာ္တို႔ အမွတ္တံဆိပ္ရဲ႕ အေကာင္းဆုံးအေမြအႏွစ္ကို အာရပ္ေစာ္ဘြားမ်ား ျပည္ေထာင္စုရဲ႕ အိမ္ျခံေျမေဈးကြက္ဆီ မဟာဗ်ဴဟာေျမာက္ စူးစမ္းခဲ့ၾကပါတယ္။”

“စိုလြင္မႈ ၊ ဇိမ္က်မႈ၊ ဖြံ႕ၿဖိဳးမႈေတြနဲ႔ လူသိမ်ားတဲ့ ဒူဘိုင္းလို ကမ႓ာ့အဆင့္ ၿမိဳ႕ျပတစ္ခုမွာ Franck Muller ရဲ႕ ပထမဆုံး အိမ္ျခံေျမ နယ္ပယ္ေျခခ်မႈဟာ တစ္မ်ိဳးတစ္ဖုံ ဆန္းသစ္ေနပါတယ္။”

“ဒါဟာ ကြၽန္ေတာ္တို႔ အမွတ္တံဆိပ္ရဲ႕ အခန္းက႑သစ္တစ္ခု စတင္ျခင္းလည္း ျဖစ္ပါတယ္”

Aeternitas လူေနနာရီစင္ႀကီးကို ၂၀၂၄ ခုႏွစ္ ၊ ဇန္နဝါရီတြင္ စတင္ေဆာက္လုပ္ရန္ စီစဥ္ထားၿပီး ၂၀၂၆ ခုႏွစ္တြင္ အခန္းဝယ္ယူထားသူမ်ားထံ အခန္းအပ္ႏွံသြားမည္ ျဖစ္သည္။

iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Franck Muller is building the world’s tallest residential clock tower in Dubai. The luxury watch-themed skyscraper will stand tall at 1,500 feet. (luxurylaunches)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...
‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...
‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွားပြီးနောက် ကြော်ငြာများ ရိုက်ကူးလာရ၊ ဖခင်ကြီးအတွက် အိမ်တစ်လုံး ဝယ်ပေးနိုင်ရန် စိတ်ကူးအိပ်မက်လျက်ရှိ ……………...

ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံးအုံးကြွက်ကြွက်ဖြစ်ကာ လယ်ထဲတွင် စိန်ရှာပွဲကြီး အလုအယက်လုပ်နေကြပုံ...
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံးအုံးကြွက်ကြွက်ဖြစ်ကာ လယ်ထဲတွင် စိန်ရှာပွဲကြီး အလုအယက်လုပ်နေကြပုံ...
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖြင့် ထီထိုးခဲ့ရာ ရင်းဂစ် ၂ သန်းကျော် ကံထူးခဲ့ပြီး ထီပေါက်သောငွေအားလုံးကို မိမိ၏ ငယ်ဘဝ မူလတန်းကျောင်းလေးသို့ လှူဒါန်းပစ်ခဲ့ပုံ...

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လမ်းတစ်ပိုင်းလုံး ပိတ်ထားခဲ့ပုံ...
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လမ်းတစ်ပိုင်းလုံး ပိတ်ထားခဲ့ပုံ...
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးနေ...
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service