အမေရိကန်ပြည်၊ ဆန်ဒီယေဂိုမြို့မှ အမျိုးသားတစ်ဦး အလုပ်လုပ်ရင်း ကမ္ဘာပတ်နိုင်ရန် MV Narrative အမည်ရှိ အပျော်စီးသင်္ဘောကြီးပေါ်မှ လူနေခန်းတစ်ခန်းကို ၁၂ နှစ် ငှားရမ်းခဲ့ရာ အိမ်ငှားနေခြင်းအောက် ပိုမိုဈေးသက်သာသည်ဟုဆို

အမေရိကန်ပြည်၊ ဆန်ဒီယေဂိုမြို့မှ အမျိုးသားတစ်ဦး အလုပ်လုပ်ရင်း ကမ္ဘာပတ်နိုင်ရန် MV Narrative အမည်ရှိ အပျော်စီးသင်္ဘောကြီးပေါ်မှ လူနေခန်းတစ်ခန်းကို ၁၂ နှစ် ငှားရမ်းခဲ့ရာ အိမ်ငှားနေခြင်းအောက် ပိုမိုဈေးသက်သာသည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
12 Dec 2023 10:33 am တွင် တင်ခဲ့သည်
957 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမျိုးသားတစ်ဦးသည် ကမ္ဘာပတ်ရင်း အဝေးမှ အလုပ်လုပ်န်ိုင်ရန်အတွက် အပျော်စီးသင်္ဘောကြီးတစ်စင်းပေါ်မှ လူနေခန်းတစ်ခန်းကို ငှားရမ်းလိုက်သည်။

အော်စတင် ဝဲလ်စ် (Austin Wells) အမည်ရှိ အမျိုးသားသည် ပင်လယ်သမုဒ္ဒရာပေါ်တွင် နေထိုင်မည့်ဘဝ အတွက် သူ၏ မြို့ပြနေအိမ်ကို မကြာမီတွင် ကျောခိုင်းတော့မည် ဖြစ်သည်။

ယခုကဲ့သို့ နေထိုင်မှုဘဝမှာ ပိုမိုကုန်ကျစရိတ်သက်သာရုံမျှမက ကမ္ဘာကြီးအား တွေ့မြင်နိုင်မည့် အခွင့်အလမ်း ရရှိစေမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

အော်စတင် ဝဲလ်စ်သည် အမေရိကန်ပြည်ထောင်စု၊ ဆန်ဒီယေဂိုမြို့မှဖြစ်ပြီး အသက် ၂၈ နှစ်အရွယ် ဖြစ်သည်။

အော်စတင် ဝဲလ်စ်က MV Narrative အမည်ရှိ အပျော်စီးသင်္ဘောကြီးပေါ်မှ လူနေခန်းတစ်ခန်းကို ၁၂ နှစ် အငှားစာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

MV Narrative အပျော်စီးသင်္ဘောကြီးတွင် သီးသန့်ခန်းများနှင့် လူနေခန်းပေါင်း ၅၀၀ ကျော် ပါဝင်သည်။

အော်စတင် ဝဲလ်စ်က MV Narrative အပျော်စီးသင်္ဘောကြီးပေါ်မှ စတုရန်းပေ ၂၃၇ ကျယ်ဝန်းသော စတူဒီယိုခန်း ၁၂ နှစ် ငှားရမ်းမှုအတွက် ကန်ဒေါ်လာ ၃၀၀,၀၀၀ ပေးခဲ့ရသည်။

အော်စတင်၏ အခန်းတွင် ခေါက်သိမ်းနိုင်သောအိပ်ရာ ၊ စားစရာများ ထားသိုရန်ဗီရို ၊ စားပွဲနှင့် သီးခြားရေချိုးခန်းတို့ ပါဝင်မည် ဖြစ်သည်။

(အော်စတင်၏ နေအိမ်ဖြစ်လာတော့မည့် သင်္ဘောကြီး။ ဓာတ်ပုံ--@Storylinesatsea)

(အော်စတင်က ကုန်းမြေပေါ်တွင် နေထိုင်သောဘဝမှ ပင်လယ်တွင် နေထိုင်သောဘဝသို့ ကူးပြောင်းတော့မည် ဖြစ်သည်။ ဓာတ်ပုံ-CNBC)

သင်္ဘောကြီးပေါ်တွင် စားသောက်ဆိုင်နှင့် အရက်ဘားပေါင်း ၂၀ ၊ စာသင်ကျောင်းတစ်ခု ၊ စာကြည့်တိုက် ၊ ဘဏ်တစ်ခု ၊ ရုပ်ရှင်ရုံနှင့် ရေကူးကန်တို့ ပါဝင်မည်ဖြစ်သည်။

သင်္ဘောကြီးပေါ်တွင် နေထိုင်လိုက်ပါမည့်သူတို့တွင် အားကစားလေ့ကျင့်ခန်းမနှင့် လယ်သမားဈေး ၊ ကျန်းမာရေးဝန်ဆောင်မှု ၊ အခန်းဝန်ဆောင်မှုနှင့် သီးသန့်မီးဖိုဆောင်များ အသုံးပြုခွင့် ရရှိမည် ဖြစ်သည်။

အဆိုပါ သင်္ဘောကြီးမှာ လက်ရှိအားဖြင့် ခရိုအေးရှားနိုင်ငံတွင် ဆောက်လုပ်နေဆဲဖြစ်ပြီး ၂၀၂၅ မတိုင်မီအထိ ခရီးထွက်ခွာနိုင်ဦးမည် မဟုတ်ချေ။

(သင်္ဘောကြီးတွင် ပါဝင်မည့် အခန်းအချို့၏ နမူနာပုံ။ ဓာတ်ပုံ-@ Storylinesatsea)

(သင်္ဘောကြီးပေါ်တွင် နှစ်ရှည်နေထိုင်လိုက်ပါမည့်သူ ၁၀၀၀ ဝန်းကျင်ခန့် ရှိမည် ဖြစ်သည်။ ဓာတ်ပုံ-@ Storylinesatsea)

ငွေကြေးပိုင်းကို ကြည့်မည်ဆိုလျှင် အော်စတင်အနေဖြင့် သင်္ဘောပေါ်တွင် နေထိုင်ခြင်းမှာ ကုန်ကျစရိတ် ပိုမိုသက်သာမည် ဖြစ်သည်။

ကယ်လီဖိုးနီးယားပြည်နယ် ၊ ဆန်ဒီယေဂိုမြို့တွင် တိုက်ခန်းတစ်ခန်း၏ အိမ်လခမှာ တစ်လလျှင် ကန်ဒေါ်လာ ၂၅၀၀ ခန့်ဖြစ်ပြီး သင်္ဘောပေါ်ရှိ အခန်းမှာ ငှားခ တစ်လလျှင် ဒေါ်လာ ၂၀၀၀ ဖြစ်သည်။

ထို့ကြောင့် အော်စတင်အတွက် တစ်လလျှင် ဒေါ်လာ ၅၀၀ ဝန်းကျင် ကုန်ကျစရိတ် သက်သာမည် ဖြစ်သည်။

အော်စတင်က CNBC သို့ပြောသည်မှာ “ကျွန်တော့်ကို စိတ်လှုပ်ရှားမှု အဖြစ်စေဆုံးက နေ့စဉ် လုပ်ဆောင်ဖွယ်ရာတွေကို ရပ်နားလိုက်စရာမလိုဘဲ ကမ္ဘာကြီးကို တွေ့မြင်နိုင်မယ့် အခွင့်အရေးပါပဲ” ဟု ပြောသည်။

“အလုပ်လုပ်ချိန်တွေကို ညနေပိုင်းတွေ ၊ ညတွေနဲ့ မနက်အစောပိုင်းတွေကို ပြောင်းလိုက်ပါမယ်။ ဒါဆိုရင် နေ့ဘက်မှာ ကမ္ဘာ့မြို့ကြီးတွေကို လည်ပတ်ကြည့်ရှုနိုင်မယ့် အခွင့်အရေးရမှာ ဖြစ်ပါတယ်။”

ခရီးသည်များအနေဖြင့် ၎င်းတို့၏ အခန်းများကို ပြန်လည်အငှားချထားခွင့်လည်း ပေးထားရာ အော်စတင် အနေဖြင့် သူ၏အခန်းကို အငှားချမည်ဆိုပါက တစ်လလျှင် ကန်ဒေါ်လာ ၄၅၀၀ ဝန်းကျင် ရရှိနိုင်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Man buys flat on a cruise ship because it’s cheaper than being a landlubber (metro)

[Zawgyi]

အေမရိကန္ျပည္၊ ဆန္ဒီေယဂိုျမိဳ႕မွ အမ်ဳိးသားတစ္ဦး အလုပ္လုပ္ရင္း ကမၻာပတ္ႏိုင္ရန္ MV Narrative အမည္ရွိ အေပ်ာ္စီးသေဘၤာၾကီးေပၚမွ လူေနခန္းတစ္ခန္းကို ၁၂ ႏွစ္ ငွားရမ္းခဲ့ရာ အိမ္ငွားေနျခင္းေအာက္ ပိုမိုေစ်းသက္သာသည္ဟုဆို

အမ်ဳိးသားတစ္ဦးသည္ ကမၻာပတ္ရင္း အေဝးမွ အလုပ္လုပ္ႏို္င္ရန္အတြက္ အေပ်ာ္စီးသေဘၤာၾကီးတစ္စင္းေပၚမွ လူေနခန္းတစ္ခန္းကို ငွားရမ္းလိုက္သည္။

ေအာ္စတင္ ဝဲလ္စ္ (Austin Wells) အမည္ရွိ အမ်ဳိးသားသည္ ပင္လယ္သမုဒၵရာေပၚတြင္ ေနထိုင္မည့္ဘဝ အတြက္ သူ၏ ျမိဳ႕ျပေနအိမ္ကို မၾကာမီတြင္ ေက်ာခိုင္းေတာ့မည္ ျဖစ္သည္။

ယခုကဲ့သို႔ ေနထုိင္မႈဘဝမွာ ပိုမိုကုန္က်စရိတ္သက္သာရံုမွ်မက ကမၻာၾကီးအား ေတြ႔ျမင္ႏိုင္မည့္ အခြင့္အလမ္း ရရွိေစမည္ျဖစ္ေၾကာင္း ၎က ေျပာသည္။

ေအာ္စတင္ ဝဲလ္စ္သည္ အေမရိကန္ျပည္ေထာင္စု၊ ဆန္ဒီေယဂိုျမိဳ႕မွျဖစ္ျပီး အသက္ ၂၈ ႏွစ္အရြယ္ ျဖစ္သည္။

ေအာ္စတင္ ဝဲလ္စ္က MV Narrative အမည္ရွိ အေပ်ာ္စီးသေဘၤာၾကီးေပၚမွ လူေနခန္းတစ္ခန္းကို ၁၂ ႏွစ္ အငွားစာခ်ဳပ္ ခ်ဳပ္ဆိုခဲ့ျခင္းျဖစ္သည္။

MV Narrative အေပ်ာ္စီးသေဘၤာၾကီးတြင္ သီးသန္႔ခန္းမ်ားႏွင့္ လူေနခန္းေပါင္း ၅၀၀ ေက်ာ္ ပါဝင္သည္။

ေအာ္စတင္ ဝဲလ္စ္က MV Narrative အေပ်ာ္စီးသေဘၤာၾကီးေပၚမွ စတုရန္းေပ ၂၃၇ က်ယ္ဝန္းေသာ စတူဒီယိုခန္း ၁၂ ႏွစ္ ငွားရမ္းမႈအတြက္ ကန္ေဒၚလာ ၃၀၀,၀၀၀ ေပးခဲ့ရသည္။

ေအာ္စတင္၏ အခန္းတြင္ ေခါက္သိမ္းႏိုင္ေသာအိပ္ရာ ၊ စားစရာမ်ား ထားသိုရန္ဗီရို ၊ စားပြဲႏွင့္ သီးျခားေရခ်ဳိးခန္းတို႔ ပါဝင္မည္ ျဖစ္သည္။

(ေအာ္စတင္၏ ေနအိမ္ျဖစ္လာေတာ့မည့္ သေဘၤာၾကီး။ ဓာတ္ပံု--@Storylinesatsea)

(ေအာ္စတင္က ကုန္းေျမေပၚတြင္ ေနထိုင္ေသာဘဝမွ ပင္လယ္တြင္ ေနထုိင္ေသာဘဝသို႔ ကူးေျပာင္းေတာ့မည္ ျဖစ္သည္။ ဓာတ္ပံု-CNBC)

သေဘၤာၾကီးေပၚတြင္ စားေသာက္ဆိုင္ႏွင့္ အရက္ဘားေပါင္း ၂၀ ၊ စာသင္ေက်ာင္းတစ္ခု ၊ စာၾကည့္တုိက္ ၊ ဘဏ္တစ္ခု ၊ ရုပ္ရွင္ရုံႏွင့္ ေရကူးကန္တို႔ ပါဝင္မည္ျဖစ္သည္။

သေဘၤာၾကီးေပၚတြင္ ေနထိုင္လုိက္ပါမည့္သူတို႔တြင္ အားကစားေလ့က်င့္ခန္းမႏွင့္ လယ္သမားေစ်း ၊ က်န္းမာေရးဝန္ေဆာင္မႈ ၊ အခန္းဝန္ေဆာင္မႈႏွင့္ သီးသန္႔မီးဖိုေဆာင္မ်ား အသံုးျပဳခြင့္ ရရွိမည္ ျဖစ္သည္။

အဆိုပါ သေဘၤာၾကီးမွာ လက္ရွိအားျဖင့္ ခရိုေအးရွားႏိုင္ငံတြင္ ေဆာက္လုပ္ေနဆဲျဖစ္ျပီး ၂၀၂၅ မတိုင္မီအထိ ခရီးထြက္ခြာႏိုင္ဦးမည္ မဟုတ္ေခ်။

(သေဘၤာၾကီးတြင္ ပါဝင္မည့္ အခန္းအခ်ဳိ႕၏ နမူနာပံု။ ဓာတ္ပံု-@ Storylinesatsea)

(သေဘၤာၾကီးေပၚတြင္ ႏွစ္ရွည္ေနထုိင္လုိက္ပါမည့္သူ ၁၀၀၀ ဝန္းက်င္ခန္႔ ရွိမည္ ျဖစ္သည္။ ဓာတ္ပံု-@ Storylinesatsea)

ေငြေၾကးပိုင္းကို ၾကည့္မည္ဆိုလွ်င္ ေအာ္စတင္အေနျဖင့္ သေဘၤာေပၚတြင္ ေနထိုင္ျခင္းမွာ ကုန္က်စရိတ္ ပိုမိုသက္သာမည္ ျဖစ္သည္။

ကယ္လီဖိုးနီးယားျပည္နယ္ ၊ ဆန္ဒီေယဂိုျမဳိ႕တြင္ တုိက္ခန္းတစ္ခန္း၏ အိမ္လခမွာ တစ္လလွ်င္ ကန္ေဒၚလာ ၂၅၀၀ ခန္႔ျဖစ္ျပီး သေဘၤာေပၚရွိ အခန္းမွာ ငွားခ တစ္လလွ်င္ ေဒၚလာ ၂၀၀၀ ျဖစ္သည္။

ထို႔ေၾကာင့္ ေအာ္စတင္အတြက္ တစ္လလွ်င္ ေဒၚလာ ၅၀၀ ဝန္းက်င္ ကုန္က်စရိတ္ သက္သာမည္ ျဖစ္သည္။

ေအာ္စတင္က CNBC သုိ႔ေျပာသည္မွာ “ကၽြန္ေတာ့္ကို စိတ္လႈပ္ရွားမႈ အျဖစ္ေစဆံုးက ေန႔စဥ္ လုပ္ေဆာင္ဖြယ္ရာေတြကို ရပ္နားလိုက္စရာမလိုဘဲ ကမၻာၾကီးကို ေတြ႔ျမင္ႏိုင္မယ့္ အခြင့္အေရးပါပဲ” ဟု ေျပာသည္။

“အလုပ္လုပ္ခ်ိန္ေတြကို ညေနပိုင္းေတြ ၊ ညေတြနဲ႔ မနက္အေစာပိုင္းေတြကို ေျပာင္းလိုက္ပါမယ္။ ဒါဆိုရင္ ေန႔ဘက္မွာ ကမၻာ့ျမဳိ႕ၾကီးေတြကို လည္ပတ္ၾကည့္ရႈႏိုင္မယ့္ အခြင့္အေရးရမွာ ျဖစ္ပါတယ္။”

ခရီးသည္မ်ားအေနျဖင့္ ၎တို႔၏ အခန္းမ်ားကို ျပန္လည္အငွားခ်ထားခြင့္လည္း ေပးထားရာ ေအာ္စတင္ အေနျဖင့္ သူ၏အခန္းကို အငွားခ်မည္ဆိုပါက တစ္လလွ်င္ ကန္ေဒၚလာ ၄၅၀၀ ဝန္းက်င္ ရရွိႏိုင္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Man buys flat on a cruise ship because it’s cheaper than being a landlubber (metro)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...
‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...
‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွားပြီးနောက် ကြော်ငြာများ ရိုက်ကူးလာရ၊ ဖခင်ကြီးအတွက် အိမ်တစ်လုံး ဝယ်ပေးနိုင်ရန် စိတ်ကူးအိပ်မက်လျက်ရှိ ……...

ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service