Jeff Bezos က ဖလော်ရီဒါပြည်နယ်ရှိ သူ၏ ဒေါ်လာ ၆၈ သန်းတန်စံအိမ်ဘေးမှ အိမ်နီးချင်း၏ အိမ်ကို ကန်ဒေါ်လာ ၇၉ သန်းဖြင့် ဝယ်ယူ
Jeff Bezos က ဖလော်ရီဒါပြည်နယ်ရှိ သူ၏ ဒေါ်လာ ၆၈ သန်းတန်စံအိမ်ဘေးမှ အိမ်နီးချင်း၏ အိမ်ကို ကန်ဒေါ်လာ ၇၉ သန်းဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
18 Oct 2023 10:03 am တွင် တင်ခဲ့သည်
996 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အမေရိကန်ပြည်ထောင်စု ၊ ဖလော်ရီဒါပြည်နယ်ရှိ Billionaire Bunker အရပ်တွင် ကန်ဒေါ်လာ ၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်နေသော စံအိမ်ကို ဂျက်ဘေးဇော့စ် (Jeff Bezos) က ကန်ဒေါ်လာ ၇၉ သန်းဖြင့် ဝယ်ယူခဲ့ပြီး ထိုအိမ်မှာ သူ၏ အိမ်နီးချင်းလည်း ဖြစ်သည်။
(မှတ်ချက်။ Billionaire Bunker သည် ဖလော်ရီဒါပြည်နယ် ၊ မိုင်အမ်မီကမ်းခြေရှိ ဧက ၃၀၀ ကျယ်ဝန်းသော Indian Creek ကျွန်းပေါ်တွင် တည်ရှိပြီး ဒေါ်နယ်ထရမ့်၏ သမီးအပါအဝင် အလွန်ချမ်းသာကြွယ်ဝသူများ နေထိုင်ကြသော နေရာတစ်ခုဖြစ်သည်။)
Amazon တည်ထောင်သူ ဂျက်ဘေးဇော့စ် ယခုဝယ်ယူလိုက်သောစံအိမ်မှာ အိပ်ခန်း ၇ ခန်း ၊ ရေချိုးခန်း ၁၁ ခန်း ပါဝင်ပြီး စံအိမ်အကျယ် ၁၉၀၆၄ စတုရန်းပေ ရှိကာ Biscayne Bay ၏ ရှုမျှော်ခင်းများ ပိုင်ဆိုင်ထားသည်။
၂၀၀၀ ပြည့်နှစ်တွင် ဆောက်လုပ်ခဲ့ပြီး ယခင်က စတီးလုပ်ငန်းရှင်သူဌေးကြီး Leroy Schecter ပိုင်ဆိုင်ခဲ့ကာ ၂၀၁၄ ခုနှစ်တွင် ကန်ဒေါ်လာ ၂၈ သန်းဖြင့် ရောင်းထုတ်သွားခဲ့သည်။
ဂျက်ဘေးဇော့စ်သည် ယခုနှစ် အစောပိုင်းတွင် လော်ရန်ဆန်းချက်ဇ်နှင့် စေ့စပ်ပြီးနောက်ပိုင်း အိမ်ခြံမြေများ ဝယ်ယူလျက် ရှိနေခဲ့သည်။
(Indian Creek ကျေးရွာတွင် တည်ရှိသော စံအိမ်ကို ဒေါ်လာ ၇၉ သန်းဖြင့် ဝယ်ယူခဲ့သည်။)
(ယခုနှစ်အစောပိုင်းက ထိုဒေသတွင် ဂျက်ဘေးဇော့စ်က စံအိမ်တစ်လုံးကို ဒေါ်လာ ၆၈ သန်းဖြင့် ဝယ်ယူခဲ့ပြီး နောက် ယခုအခါ ကပ်လျက်အိမ်ကို ထပ်မံ ဝယ်ယူခဲ့ခြင်း ဖြစ်သည်။)
(ကမ်းခြေစံအိမ်ဖြစ်ပြီး စာကြည့်တိုက် ၊ ရေကူးကန် ၊ ဝိုင်သိုလှောင်ခန်းနှင့် လုံခြုံရေးမြင့်မားသော တံခါးများ ပါဝင်သည်။)
ယခင် ဝယ်ယူလိုက်သော စံအိမ်တွင် အိပ်ခန်း ၃ ခန်းပါဝင်ပြီး ၁၉၆၅ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ရာ ခြံဝန်းအကျယ် ၂ ဧကရှိသည်။
မူလက MTM Star International ကုမ္ပဏီက ပိုင်ဆိုင်ခဲ့ပြီး ၎င်းတို့က ၁၉၈၂ ခုနှစ်တွင် ကန်ဒေါ်လာ ၁ ဒသမ ၄ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
အဆိုပါကျွန်းသို့ အစောင့်အကြပ်များ ချထားသော တံတားတစ်စင်းမှသာ ဝင်ရောက်နိုင်ပြီး ကိုယ်ပိုင်ရဲတပ်ဖွဲ့ဖြင့် အကာအကွယ် ပေးထားသည်။
ထိုရဲတပ်ဖွဲ့က ကျွန်းနှင့် ပတ်ဝန်းကျင်ကို ကုန်းကြောင်း ၊ ရေကြောင်းနှင့် ဝေဟင်တို့မှတဆင့် စောင့်ကြပ်ပေး လျက် ရှိသည်။
(ဂျက်ဘေးဇော့စ်၏ နေအိမ်သစ်)
(ဂျက်ဘေးဇော့စ်နှင့် စေ့စပ်ထားသော မိန်းကလေး လော်ရန်ဆန်းချက်ဇ်တို့ အတူတကွ တွေ့ရပုံ)
(Billionaire Bunker မှ စံအိမ် )
Billionaire Bunker တွင် စံအိမ်တစ်လုံး၏ အလယ်အလတ်ဈေးနှုန်းမှာ ကန်ဒေါ်လာ ၂၉ ဒသမ ၅ သန်းရှိပြီး နေထိုင်သူ ၄၀ ဦးခန့်ရှိကာ ကမ္ဘာ့အိမ်ခြံမြေဈေးအကြီးဆုံးနေရာဟု သတ်မှတ်ခြင်း ခံရသည်။
ဂျက်ဘေးဇော့စ်သည် နယူးယောက် ၊ ဝါရှင်တန်ဒီစီ ၊ ဘီဗာလီဟေးစ် နှင့် တက္ကဆပ်ပြည်နယ်အနောက်ပိုင်းတို့ အပါအဝင် အခြားနေရာများစွာတွင် အိမ်ခြံမြေ ဒေါ်လာ သန်း ၆၀၀ ဖိုးခန့် ပိုင်ဆိုင်ထားသည်။
ကန်ဒေါ်လာ ၁၆၀ ဘီလီယံဝန်းကျင် ချမ်းသာကြွယ်ဝသူ ဂျက်ဘေးဇော့စ်သည် ပြီးခဲ့သောနှစ်အတွင်းကလည်း ဟာဝိုင်အီရှိ ၁၄ ဧကကျယ်ဝန်းသော ခြံဝန်းကို ဝယ်ယူခဲ့သေးသည်။
(ဟာဝိုင်အီမှ ဒေါ်လာ ၇၈ သန်းတန် ခြံဝန်း)
(နယူးယောက်မြို့၊ ပဉ္စမရိပ်သာလမ်းတွင်လည်း တိုက်ခန်းများစွာ ဝယ်ယူထားသည်။)
(နယူးယောက်မြို့ တိုက်ခန်းများ ဝယ်ယူမှုမှာ ထိုနှစ်က တန်ဖိုးအများဆုံး အိမ်ခြံမြေဝယ်ယူမှုအဖြစ် ပြောဆိုကြ မှုများ ရှိသည်။)
(ဂျက်ဘေးဇော့စ်၏ တိုက်ခန်းတစ်ခုအတွင်းပိုင်း)
(ဝါရှင်တန်ဒီစီမှ အထည်အလိပ်ပြတိုက်ဟောင်းကိုလည်း ကန်ဒေါ်လာ ၂၃ သန်းဖြင့် ဝယ်ယူထားသည်။)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Jeff Bezos buys up neighbor's seven-bedroom mansion in Florida's 'Billionaire Bunker' for $79 million - months after it hit the market for $85M (dailymail)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
ရှောင်ကွန်နရီ၏ ပြင်သစ်နိုင်ငံမှစံအိမ် ယူရို ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ရှောင်ကွန်နရီ၏ ပြင်သစ်နိုင်ငံမှစံအိမ် ယူရို ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
မလေးရှားတွင် အမျိုးသမီးတစ်ဦးက ဘွဲ့ရပညာတတ်များမှာ အထက်တန်းကျောင်းသာ တက်ခဲ့ဖူးသူများထက် ပိုမိုယဉ်ကျေးသိမ်မွေ့မှုရှိကြောင်း၊ မိမိအနေဖြင့် ဘွဲ့ရပညာတတ်များနှင့်သာ တွဲကြောင်း လူမှုကွန်ရက်တွင် ပြောဆိုခဲ့မှု ဂယက်ထကာ ပွဲဖြစ်နေ...
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တွင် မီးသတ်သမားတို့ကို အလွန်အားကျကာ မီးသတ်နေပုံကို မျက်ဝါးထင်ထင် တွေ့မြင်လိုသောကြောင့် မိမိအိမ်ကို မီးရှို့ပြီး မီးသတ်ဌာနသို့ ဖုန်းဆက်ခေါ်ယူသော အမျိုးသားတစ်ဦးအကြောင်း...
ဗြိတိန်တွင် မီးသတ်သမားတို့ကို အလွန်အားကျကာ မီးသတ်နေပုံကို မျက်ဝါးထင်ထင် တွေ့မြင်လိုသောကြောင့် မိမိအိမ်ကို မီးရှို့ပြီး မီးသတ်ဌာနသို့ ဖုန်းဆက်ခေါ်ယူသော အမျိုးသားတစ်ဦးအကြောင်း...
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စောင့် စောင့်ကြပ်နေကာ လူအများဝိုင်းဝန်းဓာတ်ပုံရိုက်နေသော ဘီလ်ဂိတ်မှာ မည်သူဖြစ်သည်ကို မသိသော မိန်းကလေးတစ်ဦးက “ဒီအဘိုးကြီးက ဘယ်သူလဲ”...
[အကြင်နာ အကဲစမ်းပွဲ]
[အကြင်နာ အကဲစမ်းပွဲ]
ငှါးရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
imyanmarmarket
42 Mini Condo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service