ရှောင်ကွန်နရီ၏ ပြင်သစ်နိုင်ငံမှစံအိမ် ယူရို ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ

ရှောင်ကွန်နရီ၏ ပြင်သစ်နိုင်ငံမှစံအိမ် ယူရို ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
12 May 2025 11:02 am တွင် တင်ခဲ့သည်
411 ကြိမ် ကြည့်ရှု့ပြီး

French Riviera တွင် ရှောင်ကွန်နရီ ပိုင်ဆိုင်ခဲ့သော စံအိမ်ကြီး ယူရို ၂၃ ဒသမ ၅ သန်း (ကန်ဒေါ်လာ ၂၆ ဒသမ ၄ သန်း) ဖြင့် အရောင်းဈေးကွက် ဝင်လာသည်။

(မှတ်ချက်။ French Riviera သည် ပြင်သစ်နိုင်ငံ အရှေ့တောင်ဘက် မြေထဲပင်လယ်ကမ်းခြေဒေသဖြစ်ပြီး ပြင်သစ်ဘာသာအားဖြင့် Cote d’Azur ဟု ခေါ်သည်။)

ဂျိမ်းစ်ဘွန်းမင်းသားကြီးသည် ပြင်သစ်နိုင်ငံ၊ Nice မြို့ရှိ အဆိုပါစံအိမ်ကို ၁၉၇၀ ပြည့်လွန်ကာလများမှသည် ၁၉၈၀ ပြည့်လွန်ကာလများအထိ ပိုင်ဆိုင်ခဲ့ကြောင်း အရောင်းဈေးကွက်တင်ပေးသည့် Savills အိမ်ခြံမြေ ကုမ္ပဏီက ပြောသည်။

စံအိမ်၏ တရားဝင်အမည်မှာ Villa Roc Fleuri ဖြစ်ပြီး မာလာပုံသွင် ကျောက်ဆောင်သခင်ဟု အဓိပ္ပာယ်ရကြောင်း၊ ဒေသခံများအကြားတွင်မူ ဂျိမ်းစ်ဘွန်းစံအိမ်ဟုသာ လူသိများကြောင်း Savills အိမ်ခြံမြေ ကုမ္ပဏီမှ အကျိုးဆောင် Chuck McKee က ပြောသည်။

(▲ ရှောင်ကွန်နရီက ၁၉၇၀ ပြည့်လွန်နှင့် ၁၉၈၀ ပြည့်လွန်ကာလများအကြား ပိုင်ဆိုင်ခဲ့သည်။ ဓာတ်ပုံ-Getty Images)

အာ့ထ် ဒက်ကို ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားပြီး Mont Baron တောင်ခြေ ၊ ပင်လယ်ကမ်းခြေတွင် တည်ရှိကာ အနီးတွင် သမိုင်းဝင် ရဲတိုက်ကြီးတစ်ခုဖြစ်သော Chateau de I’Anglais တည်ရှိသည်။

စံအိမ်မှတဆင့် ဆိပ်ကမ်းမှသည် Antibes အမည်ရှိ အပန်းဖြေမြို့လေးတည်ရှိရာ Cap d’Antibes ကျွန်းဆွယ်အထိ လှမ်းမျှော်တွေ့မြင်ရသည်။

၁၉၃၀ ပြည့်နှစ်က ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ပင်မစံအိမ်မှာ စတုရန်းပေ ၁၀၀၀၀ ကျော် ကျယ်ဝန်းသည်။

ရောင်စုံမှန်တို့ဖြင့် အလှဆင်စီခြယ်ထားမှုများ၊ သစ်သား မှန်ပုံကွက်များ၊ သံကြွပ်လက်ရန်းများ၊ မျက်နှာကြက် ဖောင်းရစ်များနှင့် မူရင်း ဓာတ်လှေကားအိမ်တို့ အပါအဝင် ပြီးခဲ့သော နှစ် ၉၀ လုံး မူရင်းလက်ရာမပျက် ထိန်းသိမ်းထားသော ခေတ်ဟောင်းလက်ရာများ များစွာရှိနေသည်။

Barbecue နေရာပါသော rooftop deck နေရာ အပါအဝင် နားနေဆောင်များစွာရှိပြီး Nice မြို့၏ အလှဆုံးဟု ဆိုနိုင်ကြောင်း Savills ၏ ဈေးကွက်တင်မှတ်တမ်းတွင် ဖော်ပြသည်။

အိပ်ခန်း ၅ ခန်းနှင့် ရေချိုးခန်း ၅ ခန်းပါသည်။

ပင်မအိပ်ခန်းမှာ အပေါ်ဆုံး တစ်ထပ်လုံးကို ဖြန့်ကျက်နေရာယူထားပြီး en-suite bathroom ၂ ခုပါသည်။

(▲ infinity pool ပါသော spa နေရာ။ ဓာတ်ပုံ-Savills)

ယခုအရောင်းဈေးကွက်တင်သူမှာ မည်သူဖြစ်ကြောင်း မသိရသော်လည်း ၎င်းတို့သည် ဤစံအိမ်ကို ၂၀၁၅ ခုနှစ်ကတည်းက ပိုင်ဆိုင်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းတို့ ဝယ်ယူပိုင်ဆိုင်ခဲ့ပြီးနောက်ပိုင်း ဗဟိုအပူပေးစနစ်မှသည် လေအေးပေးစက်၊ ရေချိုးခန်းများအထိ အလုံးစုံ ပြုပြင်မွမ်းမံမှုများ ပြုလုပ်ခဲ့ကြောင်း McKee က ပြောသည်။

မြေယာအလှပြင်ဆင်ခြင်း၊ ပြန့်ပြူးသော မြက်ခင်းများနှင့် ပန်းဥယျာဉ်အတွင်း လမ်းကလေးများ ထည့်သွင်းခြင်းတို့လည်း ပြုလုပ်ခဲ့သည်။

(▲ စံအိမ်အနိးတွင် Chateau de I’Anglais ရဲတိုက်ကြီး ရှိသည်။ ဓာတ်ပုံ-Savills)

လက်ရှိပိုင်ရှင်တို့က ၂၀၂၀ ပြည့်နှစ်အတွင်းကလည်း ယူရို သန်း ၃၀ ဈေးခေါ်ကာ ရောင်းထုတ်ရန် ကြိုးစားခဲ့ဖူးသည်။

လက်ရှိပိုင်ရှင်တို့က မည်မျှဈေးပေးကာ ဝယ်ယူခဲ့သည်ကိုမူ မသိရချေ။

ရှောင်ကွန်နရီသည် ပြင်သစ်တွင် ယခုစံအိမ်တစ်လုံးတည်းသာ ပိုင်ဆိုင်ထားသည် မဟုတ်။

၁၉၇၉ ခုနှစ်အတွင်း ရှောင်ကွန်နရီသည် Nice မြို့မှ ၄၅ မိနစ်ခရီး အကွာတွင်ရှိသော Tourrettes အရပ်၌ Domaine de Terre Blanche အမည်ရှိ ရဲတိုက်ကြီးတစ်လုံးကိုလည်း ဝယ်ယူခဲ့သေးသည်။

ရှောင်ကွန်နရီသည် အဆိုပါရဲတိုက်ကြီးကို နှစ်ပေါင်း ၂၀ ခန့် ထိန်းသိမ်းပိုင်ဆိုင်ထားခဲ့ပြီးနောက် ဘီလျံနာသူဌေးကြီး Dietmar Hopp ထံ ရောင်းချခဲ့သည်။

Hopp က ရဲတိုက်ကြီးကို luxury resort တစ်ခုအဖြစ် ပြောင်းလဲခဲ့သည်။

ဘီလျံနာ Hopp သည် ဂျာမန်စီးပွားရေးလုပ်ငန်းရှင်ဖြစ်ပြီး ဘွန်ဒက်စ်လီဂါအသင်းတစ်ခုဖြစ်သော Hoffenheim ၏ ပိုင်ရှင်လည်း ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com 

Ref: Sean Connery’s ‘Bond Villa’ on the French Riviera Hits the Market for €23.5 Million -Photo Credit-Savills, Getty Images

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service