ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်

ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည် - Property News in Myanmar from iMyanmarHouse.com
12 May 2025 12:03 pm တွင် တင်ခဲ့သည်
657 ကြိမ် ကြည့်ရှု့ပြီး

Led Zeppelin အဖွဲ့ကြီး၏ ရှေ့ထွက်အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်နိုင်ငံ၊ ဝေလပြည်နယ်ရှိ စံအိမ် အရောင်းဈေးကွက်ဝင်လာသည်။

(မှတ်ချက်။ ရောဘတ်ပလန့်အကြောင်းနှင့် ဝေလပြည်နယ်မှ စံအိမ်အကြောင်းကို iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ရေးသားတင်ပြခဲ့ဖူးပါသည်။ ပြန်လည်ဖတ်ရှုလိုသော လူကြီးမင်းများအနေဖြင့် အောက်ဖော်ပြပါ လင့်ခ်မှတဆင့် ဖတ်ရှုနိုင်ပါသည်။)

(ဆက်စပ်သတင်း)

Led Zeppelin ၏ အဆိုတော် ရောဘတ်ပလန့်၏ စံအိမ်

https://www.imyanmarhouse.com/news/read/1017543

Led Zeppelin အဖွဲ့ကြီး၏ သီချင်းများနှင့် မြန်မာပရိသတ်တို့ ထိတွေ့ရင်းနှီးမှုရှိသည်။ Led Zeppelin ၏ ဂစ်တာသမား Jimmy Page သည် ၂၀၀၉ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်က မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ကာ ပုဂံနှင့် မန္တလေးမြို့များသို့ အလည်အပတ်သွားခဲ့ဖူးသည်။

Led Zeppelin ၏ သီချင်းများကို မြန်မာအဆိုတော်များ ပြန်လည်သီဆိုခဲ့ကြဖူးရာ ၎င်းတို့၏ အကျော်ကြားဆုံး သီချင်းဖြစ်သော Stairway to Heaven ကို ကျော်ဟိန်းက ကြိုက်သလိုလုပ်နိုင်တယ် (ဒွေးနှင့် ထွန်းအိန္ဒြာဗိုလ်တို့၏ မုန်းလို့မရတဲ့ချစ်သူတွေ စီးရီးတွင်လည်း ထိုအမည်ဖြင့်ပင် သီဆိုထား) ၊ Rock N’ Roll ကို ဖိုးကျော်က မိုးအကြောင်း လေအကြောင်း၊ Black dog ကို သျှီက တွေး…ဟူသော အမည်ဖြင့်လည်းကောင်း ပြန်လည်သီဆိုထားမှုများ ရှိသည်။ အခြားသီချင်းများလည်း ရှိပါသေးသည်။

ယခုရောင်းမည့်စံအိမ်မှာ ရော့ခ်ကြယ်ပွင့်တစ်ဦး၏ စံအိမ်ဆိုရုံလောက်သာ မကသေး။

စံအိမ်၏ ဂုဏ်သတင်းမှာ ရောဘတ်ပလန့်နည်းတူ ခမ်းနားသည့် သမိုင်းများရှိသည်။

Argoed ဟု အမည်ပေးထားသော စံအိမ်ကြီးတွင် သမိုင်းဝင် အထင်ကရပုဂ္ဂိုလ်များစွာ လာရောက်လည်ပတ် တည်းခိုခဲ့ကြဖူးသည်။

ဗြိတိန် အိမ်ခြံမြေဝက်ဘ်ဆိုက်တစ်ခုဖြစ်သော RightMove ၏ ဖော်ပြချက်အရ ခြံအကျယ် ၁၀ ဧကရှိသည့် Argoed စံအိမ်ကြီးသို့ ၁၆၀၀ ပြည့်လွန်ကာလများအတွင်း အင်္ဂလန်ပြည့်ရှင် ချားလ်စ် ၁ ဘုရင် လာရောက်လည်ပတ်ခဲ့ဖူးသည်။

ထို့အပြင် ကမ္ဘာကျော် ပြဇာတ်ဆရာ၊ စာရေးဆရာကြီး ဂျော့ချ် ဘားနတ်ရှောကလည်း သူ၏ ပြဇာတ် ၂ ခုဖြစ်သော The man of destiny နှင့် Mrs. Warren’s Profession တို့ကို ၁၈၉၀ ကာလများအတွင်း ဤစံအိမ်ကြီးတွင် ရေးသားခဲ့ခြင်း ဖြစ်သည်။

စံအိမ်တည်နေရာမှာ ဝေလပြည်နယ်၊ Pennalt မြို့တွင် ဖြစ်သည်။

ရောဘတ်ပလန့်က အိပ်ခန်း ၇ ခန်းနှင့် ရေချိုးခန်း ၄ ခန်းပါသော စံအိမ်သို့ ၁၉၈၅ ခုနှစ်တွင် စတင်အခြေချ နေထိုင်ခဲ့ခြင်းဖြစ်ကြောင်း နယူးယောက်ပို့စ် သတင်းဌာနက ဖော်ပြသည်။

ယင်းနောက် ၅ နှစ်အကြာတွင် ရောဘတ်ပလန့်က ဤစံအိမ်မှ ပြောင်းရွှေ့သွားသည်။ ရောဘတ်ပလန့်နှင့် ဇနီးဟောင်း မော်ရင် ဝီလ်ဆင် (Maureen Wilson) တို့တွင် သားသမီး ၄ ဦး ထွန်းကားခဲ့သည်။

ရောဘတ်ပလန့်သည် Live Aid ပရဟိတ ရန်ပုံငွေပွဲတွင် Led Zeppelin အဖွဲ့ကြီးနှင့် ပြန်လည်ပေါင်းထုပ်ခဲ့သေးသည်။ ဝေလပြည်နယ်ရှိ ယခုစံအိမ်ကို ဝယ်ယူလိုက်သောနှစ်အတွင်း ထိုသို့ ပေါင်းစည်းခဲ့ခြင်းလည်း ဖြစ်သည်။

ရောဘတ်ပလန့်က ဝေလပြည်နယ်ရှိ စံအိမ်ကို မဝယ်မီ ၅ နှစ်ခန့်က Led Zeppelin ၏ drummer ဖြစ်သူ John Bonham ကွယ်လွန်ခဲ့ပြီးနောက် Led Zeppelin အဖွဲ့ကြီး ပြိုကွဲသွားခဲ့သည်။

(▲ လူဝီစီယားနားပြည်နယ်၊ နယူးအော်လင်းမြို့၊ ၂၀၂၃ ခုနှစ် ဧပြီလ ၂၈ ရက်။ Robert Plant & Alison Krauss အဖွဲ့ကို ဖွဲ့စည်းထားသော ရောဘတ်ပလန့်က ၅၂ ကြိမ်မြောက် New Orleans Jazz & Heritage ပွဲတွင် ပါဝင် သီဆိုဖျော်ဖြေခဲ့သည်။ ဓာတ်ပုံ-Tim Mosenfelder/ WireImage)

ရောဘတ်ပလန့် နေထိုင်ခဲ့သော စံအိမ်အတွင်း ဧည့်ခန်း ၅ ခန်း၊ ပင်မ အိပ်ခန်း၊ သစ်သားနံရံများ ကာရံထားသော ဧည့်ဂေဟာခန်းနှင့် အခြား အိပ်ခန်း ၅ ခန်းတို့ ပါဝင်ကြောင်း ဈေးကွက်တင် မှတ်တမ်းတွင် ဖော်ပြသည်။

စံအိမ်အတွင်း ရေချိုးခန်း ၄ ခန်း ပါဝင်ပြီး မီးဖိုဆောင်၊ မနက်စာစားသည့်နေရာ၊ ဧည့်ခန်းမ၊ အသုံးအဆောင်ပစ္စည်းဂိုဒေါင်၊ ပန်းဥယျာဉ်မှူး၏ အလုပ်ရုံ၊ ပျိုးပင်စိုက်ပျိုးရာ မှန်လုံအိမ်တို့အပြင် ဒုတိယထပ် တစ်ခုလုံးကို ဖြန့်ကျက်ထားသော အခန်း ၅ ခန်းလည်း ပါဝင်သေးသည်။

ခြံဝန်းအကျယ် ၁၀ ဧကကျော်ရှိပြီး တောင်ကြားတလွှားရှိ ရင်သပ်ရှုမောဖွယ်ရှုခင်းများ ပိုင်ဆိုင်ထားကာ ဂျပန်ပန်းဥယျာဉ်တစ်ခုလည်း ပါဝင်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com 

Ref: Legendary Rocker's 7-Bedroom Wales Mansion Is on the Market for Nearly $3.5 Million

Photo Credit- Tim Mosenfelder/ WireImage

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service