I just call to say I love you သီချင်း၏ အဆိုတော်က ဆော်ဒီမင်းသား၏ စံအိမ်ကြီးကို ဝယ်ယူ

I just call to say I love you သီချင်း၏ အဆိုတော်က ဆော်ဒီမင်းသား၏ စံအိမ်ကြီးကို ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
4 Mar 2022 10:44 am တွင် တင်ခဲ့သည်
804 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ရောင်းချသူ- ဆော်ဒီအာရေးဗီးယားမင်းသား မိုဟာမက် ဘင် ဖိုင်ဆယ် ဘင် ဆွတ် အယ်လ် ဆွတ်

ဝယ်ယူသူ- စတိဗီး ဝမ်းဒါး

တည်နေရာ- ဘဲအဲရ်၊ လော့စ်အိန်ဂျလိ၊ ကယ်လီဖိုးနီးယားပြည်နယ်

ဈေးနှုန်း- ကန်ဒေါ်လာ ၁၃ ဒသမ ၉ သန်း

ဆောက်လုပ်သည့်ခုနှစ်- ၂၀၀၉

အသေးစိတ်- ၁၉၅၉၃ စတုရန်းပေ၊ အိပ်ခန်း ၁၁ ခန်း၊ ရေချိုးခန်း ၁၅ ခန်း

ခြံအကျယ်- ၀ ဒသမ ၅၈ ဧက

၁၉၈၄ ခုနှစ်က ရုံတင်ပြသခဲ့သော အမေရိကန်ရုပ်ရှင်မင်းသား ဂျီးန် ဝိုင်ဒါ (Gene Wilder) ၏ အချစ်ဟာသဇာတ်မြူး အနီရောင်မိန်းကလေး (The Woman in Red) ဇာတ်ကားကို သိရှိသူ နည်းပါးလှမည်ဖြစ်သော်လည်း အဆိုပါရုပ်ရှင်၏ ဇာတ်ဝင်တေးဖြစ်သော "I Just Called to Say I Love You" ကိုမူ မသိသူ နည်းပါးလှသည်။

အဆိုပါသီချင်းသည် Hot 100 စာရင်းတွင် နံပါတ် ၁ ချိတ်ဆွဲခဲ့ရုံသာမက အကောင်းဆုံးရုပ်ရှင်ဇာတ်ဝင်တေး အဖြစ် အော်စကာဆုပင် ရရှိခဲ့သော သီချင်းလည်း ဖြစ်သည်။

ထိုသီချင်းကို အမေရိကန် အဆိုတော် စတိဗီး ဝမ်းဒါးကိုယ်တိုင်ရေးစပ်ကာ သီဆိုခဲ့ခြင်း ဖြစ်သည်။

စတိဗီးဝမ်းဒါး သီဆိုခဲ့သမျှတွင် အရောင်းရဆုံး Single သီချင်းအဖြစ် နံပါတ် ၁ နေရာတွင် ရပ်တည်နေသည်။

ယခုအခါ စတိဗီး ဝမ်းဒါးက လော့စ်အိန်ဂျလိမြို့ ၊ ဘဲလ်အဲရ် အရပ်ရှိ တောင်ကုန်းများပေါ်မှ အလွန်ကြီးမားလှသော စံအိမ်ကြီးတစ်လုံးကို ဝယ်ယူလိုက်ပြီ ဖြစ်သည်။

ဝမ်းဒါးသည် စတုရန်းပေ ၂၀၀၀၀ နီးပါးကျယ်ဝန်းသော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၃ ဒသမ ၉ သန်းဖြင့် ဝယ်ယူလိုက်ခြင်း ဖြစ်သည်။

လော့စ်အိန်ဂျလိမြို့၊ Bel Air Crest အရပ်တွင်တည်ရှိသော စံအိမ်ကြီးကို နောက်ဆုံးပိုင်ဆိုင်သူမှာ ကွယ်လွန်သွားပြီဖြစ်သော ဆော်ဒီအာရေးဗီးယားမင်းသား မိုဟာမက် ဘင် ဖိုင်ဆယ် ဘင် ဆွတ် အယ်လ် ဆွတ်ဖြစ်သည်။

မြေထဲပင်လယ်ဗိသုကာဟန်ဖြင့် ၂၀၀၉ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ကာ အိပ်ခန်း ၁၁ ခန်းနှင့် ရေချိုးခန်း ၁၅ ခန်း ပါဝင်သည်။

စံအိမ်ဝန်းအတွင်း ဝန်ထမ်းအဆောင်လည်း ပါဝင်သည်။

ပင်မ လူနေခန်းတွင် အိပ်ခန်း ၁ ခန်းနှင့် အိပ်ခန်းအကျယ်အဝန်းရှိသော ရေချိုးခန်း၊ သီးသန့် နားနေဆောင်တို့ ပါဝင်သည်။

မင်းသား ဖိုင်ဆယ်က ၂၀၁၂ ခုနှစ်အတွင်း ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ၎င်းဝယ်စဉ်က ကန်ဒေါ်လာ ၁၃ ဒသမ ၃ သန်းပေးခဲ့ရသည်။

မင်းသမီး မာဒါဝီနှင့် လက်မထပ်မီ တစ်နှစ်အလိုတွင် မင်းသားဖိုင်ဆယ်က ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

၎င်းတို့ ဇနီးမောင်နှံက အဆိုပါစံအိမ်ကို ပြီးခဲ့သောနှစ်အနည်းငယ်အတွင်း တစ်လလျှင် ကန်ဒေါ်လာ ၇၅၀၀၀ ဖြင့် အငှားချထားခဲ့သည်။

အရောင်းဈေးကွက်တင်ခဲ့သော ဓာတ်ပုံများအရ တပ်စ်ကန်ဗိသုကာဟန် သြဇာလွှမ်းမှုများရှိသော စံအိမ်အတွင်း တန်ဖိုးကြီး ပရိဘောဂများဖြင့် မွမ်းမံပြင်ဆင်ထားသည်ကို တွေ့ရသည်။

မီးဖိုဆောင်တွင် ကြီးမားသော အလယ်ဗဟိုချက်ပြုတ်ရန် နေရာထည့်သွင်းထားသည်။

စံအိမ်အတွင်း ရုံးခန်း ၁ ခန်း၊ လူ ၁၂ ဦးဆန့် ညစာစား စားပွဲ၊ ဝိုင်ပုလင်းပေါင်း ၂၅၅၀ ထည့်သွင်းထားသော ဝိုင်သိုလှောင်ခန်း၊ ဓာတ်လှေကားတစ်စင်းတို့ ပါဝင်သည်။

ခြံဝန်းအတွင်း ရေကူးကန်နှင့် Spa တို့လည်း ပါဝင်သည်။

စတိဗီး ဝမ်းဒါးသည် ဘဲလ်အဲရ်အရပ်တွင် အခြားသော နေအိမ်တစ်လုံး၊ ဟောလိဝုဒ်ဟေးစ်အရပ်တွင် နေအိမ် ၂ လုံးနှင့် နယူးဂျာစီပြည်နယ်၊ အယ်လ်ဖိုင်းအရပ်တွင်လည်း နေအိမ် ၁ လုံး ပိုင်ဆိုင်ထားသေးသည်။

ထို့အပြင် နာမည်ကျော် ဆန်ဖာနန်ဒို တောင်ကြားတွင်လည်း ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အိမ်ခြံမြေ အချို့ ပိုင်ဆိုင်ထားသေးသည်။

စတိဗီးဝမ်းဒါး၏ အမည်ရင်းမှာ Stevland Hardaway Morris ဖြစ်ပြီး ၁၉၅၀ ပြည့်နှစ်တွင် မွေးဖွားသည်။

သူ၏ တေးအယ်လ်ဘမ်များဖြစ်သော Innervisions (၁၉၇၃)၊ Fulfillingness’ First Finale (၁၉၇၄)၊ Songs in the Key of Life (၁၉၇၆) အစရှိသော အယ်လ်ဘမ်အားလုံးသည် Album of the Year ဂရမ်မီဆုများ ရရှိခဲ့ရာ အဆိုပါဆု ၃ ကြိမ်ဆက်တိုက်ရရှိသည့် တစ်ဦးတည်းသော အဆိုတော်ဖြစ် ရပ်တည်နေသည်။

စတိဗီး ဝမ်းဒါးသည် ကမ္ဘာပေါ်တွင် အရောင်းရဆုံးဂီတအနုပညာရှင်များတွင် တစ်ဦးအပါအဝင်အဖြစ် ရပ်တည်နေပြီး ကမ္ဘာတစ်ဝန်းတွင် တေးအယ်လ်ဘမ် ချပ်ရေ သန်း ၁၀၀ ကျော် ရောင်းချထားရပြီး ဖြစ်သည်။

(မြန်မာနိုင်ငံတွင် ပြန်လည်သီဆိုမှုများ)

စတိဗီး ဝမ်းဒါး၏ အော်စကာဆုရ တေးသီချင်းဖြစ်သော I just call to say I love you ကို နော်လီဇာက အားလုံးကို မင်းအတွက်ပေးမယ်ဟု ပြန်လည်သီဆိုထားပြီး မေဆွိကလည်း အဆိုပါ နာမည်ဖြင့်ပင် သီဆိုထားသည်။

Part time lover ကို တူးတူးက ပြုံးထားပါလားဟူသော အမည်ဖြင့် ပြန်လည်သီဆိုထားပြီး ထိုသီချင်းကိုပင် ဟေမာနေဝင်းက အချိန်ပိုရည်းစားဟူ၍ သီဆိုထားသေးသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Stevie Wonder scoops princely Bel Air mansion for $13.9M (therealdeal)

 

[Zawgyi]

I just call to say I love you သီခ်င္း၏ အဆိုေတာ္က ေဆာ္ဒီမင္းသား၏ စံအိမ္ၾကီးကို ဝယ္ယူ

ေရာင္းခ်သူ- ေဆာ္ဒီအာေရးဗီးယားမင္းသား မိုဟာမက္ ဘင္ ဖိုင္ဆယ္ ဘင္ ဆြတ္ အယ္လ္ ဆြတ္

ဝယ္ယူသူ- စတိဗီး ဝမ္းဒါး

တည္ေနရာ- ဘဲအဲရ္၊ ေလာ့စ္အိန္ဂ်လိ၊ ကယ္လီဖုိးနီးယားျပည္နယ္

ေစ်းႏႈန္း- ကန္ေဒၚလာ ၁၃ ဒသမ ၉ သန္း

ေဆာက္လုပ္သည့္ခုႏွစ္- ၂၀၀၉

အေသးစိတ္- ၁၉၅၉၃ စတုရန္းေပ၊ အိပ္ခန္း ၁၁ ခန္း၊ ေရခ်ဳိးခန္း ၁၅ ခန္း

ျခံအက်ယ္- ၀ ဒသမ ၅၈ ဧက

၁၉၈၄ ခုႏွစ္က ရံုတင္ျပသခဲ့ေသာ အေမရိကန္ရုပ္ရွင္မင္းသား ဂ်ီးန္ ဝိုင္ဒါ (Gene Wilder) ၏ အခ်စ္ဟာသဇာတ္ျမဴး အနီေရာင္မိန္းကေလး (The Woman in Red) ဇာတ္ကားကို သိရွိသူ နည္းပါးလွမည္ျဖစ္ေသာ္လည္း အဆိုပါရုပ္ရွင္၏ ဇာတ္ဝင္ေတးျဖစ္ေသာ "I Just Called to Say I Love You" ကိုမူ မသိသူ နည္းပါးလွသည္။

အဆိုပါသီခ်င္းသည္ Hot 100 စာရင္းတြင္ နံပါတ္ ၁ ခ်ိတ္ဆြဲခဲ့ရံုသာမက အေကာင္းဆံုးရုပ္ရွင္ဇာတ္ဝင္ေတး အျဖစ္ ေအာ္စကာဆုပင္ ရရွိခဲ့ေသာ သီခ်င္းလည္း ျဖစ္သည္။

ထိုသီခ်င္းကို အေမရိကန္ အဆိုေတာ္ စတိဗီး ဝမ္းဒါးကိုယ္တိုင္ေရးစပ္ကာ သီဆိုခဲ့ျခင္း ျဖစ္သည္။

စတိဗီးဝမ္းဒါး သီဆိုခဲ့သမွ်တြင္ အေရာင္းရဆံုး Single သီခ်င္းအျဖစ္ နံပါတ္ ၁ ေနရာတြင္ ရပ္တည္ေနသည္။

ယခုအခါ စတိဗီး ဝမ္းဒါးက ေလာ့စ္အိန္ဂ်လိျမိဳ႕ ၊ ဘဲလ္အဲရ္ အရပ္ရွိ ေတာင္ကုန္းမ်ားေပၚမွ အလြန္ၾကီးမားလွေသာ စံအိမ္ၾကီးတစ္လံုးကို ဝယ္ယူလိုက္ျပီ ျဖစ္သည္။

ဝမ္းဒါးသည္ စတုရန္းေပ ၂၀၀၀၀ နီးပါးက်ယ္ဝန္းေသာ စံအိမ္ၾကီးကို ကန္ေဒၚလာ ၁၃ ဒသမ ၉ သန္းျဖင့္ ဝယ္ယူလိုက္ျခင္း ျဖစ္သည္။

ေလာ့စ္အိန္ဂ်လိျမိဳ႕၊ Bel Air Crest အရပ္တြင္တည္ရွိေသာ စံအိမ္ၾကီးကို ေနာက္ဆံုးပိုင္ဆိုင္သူမွာ ကြယ္လြန္သြားျပီျဖစ္ေသာ ေဆာ္ဒီအာေရးဗီးယားမင္းသား မိုဟာမက္ ဘင္ ဖိုင္ဆယ္ ဘင္ ဆြတ္ အယ္လ္ ဆြတ္ျဖစ္သည္။

ေျမထဲပင္လယ္ဗိသုကာဟန္ျဖင့္ ၂၀၀၉ ခုႏွစ္တြင္ ေဆာက္လုပ္ခဲ့ျခင္းျဖစ္ကာ အိပ္ခန္း ၁၁ ခန္းႏွင့္ ေရခ်ဳိးခန္း ၁၅ ခန္း ပါဝင္သည္။

စံအိမ္ဝန္းအတြင္း ဝန္ထမ္းအေဆာင္လည္း ပါဝင္သည္။

ပင္မ လူေနခန္းတြင္ အိပ္ခန္း ၁ ခန္းႏွင့္ အိပ္ခန္းအက်ယ္အဝန္းရွိေသာ ေရခ်ဳိးခန္း၊ သီးသန္႔ နားေနေဆာင္တို႔ ပါဝင္သည္။

မင္းသား ဖိုင္ဆယ္က ၂၀၁၂ ခုႏွစ္အတြင္း ဝယ္ယူခဲ့ျခင္းျဖစ္ျပီး ၎ဝယ္စဥ္က ကန္ေဒၚလာ ၁၃ ဒသမ ၃ သန္းေပးခဲ့ရသည္။

မင္းသမီး မာဒါဝီႏွင့္ လက္မထပ္မီ တစ္ႏွစ္အလိုတြင္ မင္းသားဖိုင္ဆယ္က ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

၎တို႔ ဇနီးေမာင္ႏွံက အဆိုပါစံအိမ္ကို ျပီးခဲ့ေသာႏွစ္အနည္းငယ္အတြင္း တစ္လလွ်င္ ကန္ေဒၚလာ ၇၅၀၀၀ ျဖင့္ အငွားခ်ထားခဲ့သည္။

အေရာင္းေစ်းကြက္တင္ခဲ့ေသာ ဓာတ္ပံုမ်ားအရ တပ္စ္ကန္ဗိသုကာဟန္ ၾသဇာလႊမ္းမႈမ်ားရွိေသာ စံအိမ္အတြင္း တန္ဖိုးၾကီး ပရိေဘာဂမ်ားျဖင့္ မြမ္းမံျပင္ဆင္ထားသည္ကို ေတြ႔ရသည္။

မီးဖိုေဆာင္တြင္ ၾကီးမားေသာ အလယ္ဗဟိုခ်က္ျပဳတ္ရန္ ေနရာထည့္သြင္းထားသည္။

စံအိမ္အတြင္း ရံုးခန္း ၁ ခန္း၊ လူ ၁၂ ဦးဆန္႔ ညစာစား စားပြဲ၊ ဝိုင္ပုလင္းေပါင္း ၂၅၅၀ ထည့္သြင္းထားေသာ ဝိုင္သိုေလွာင္ခန္း၊ ဓာတ္ေလွကားတစ္စင္းတို႔ ပါဝင္သည္။

ျခံဝန္းအတြင္း ေရကူးကန္ႏွင့္ Spa တို႔လည္း ပါဝင္သည္။

စတိဗီး ဝမ္းဒါးသည္ ဘဲလ္အဲရ္အရပ္တြင္ အျခားေသာ ေနအိမ္တစ္လံုး၊ ေဟာလိဝုဒ္ေဟးစ္အရပ္တြင္ ေနအိမ္ ၂ လံုးႏွင့္ နယူးဂ်ာစီျပည္နယ္၊ အယ္လ္ဖိုင္းအရပ္တြင္လည္း ေနအိမ္ ၁ လံုး ပိုင္ဆိုင္ထားေသးသည္။

ထို႔အျပင္ နာမည္ေက်ာ္ ဆန္ဖာနန္ဒို ေတာင္ၾကားတြင္လည္း ကူးသန္းေရာင္းဝယ္ေရးဆိုင္ရာ အိမ္ျခံေျမ အခ်ဳိ႕ ပိုင္ဆိုင္ထားေသးသည္။

စတိဗီးဝမ္းဒါး၏ အမည္ရင္းမွာ Stevland Hardaway Morris ျဖစ္ျပီး ၁၉၅၀ ျပည့္ႏွစ္တြင္ ေမြးဖြားသည္။

သူ၏ ေတးအယ္လ္ဘမ္မ်ားျဖစ္ေသာ Innervisions (၁၉၇၃)၊ Fulfillingness’ First Finale (၁၉၇၄)၊ Songs in the Key of Life (၁၉၇၆) အစရွိေသာ အယ္လ္ဘမ္အားလံုးသည္ Album of the Year ဂရမ္မီဆုမ်ား ရရွိခဲ့ရာ အဆိုပါဆု ၃ ၾကိမ္ဆက္တိုက္ရရွိသည့္ တစ္ဦးတည္းေသာ အဆိုေတာ္ျဖစ္ ရပ္တည္ေနသည္။

စတိဗီး ဝမ္းဒါးသည္ ကမၻာေပၚတြင္ အေရာင္းရဆံုးဂီတအႏုပညာရွင္မ်ားတြင္ တစ္ဦးအပါအဝင္အျဖစ္ ရပ္တည္ေနျပီး ကမၻာတစ္ဝန္းတြင္ ေတးအယ္လ္ဘမ္ ခ်ပ္ေရ သန္း ၁၀၀ ေက်ာ္ ေရာင္းခ်ထားရျပီး ျဖစ္သည္။

(ျမန္မာႏိုင္ငံတြင္ ျပန္လည္သီဆိုမႈမ်ား)

စတိဗီး ဝမ္းဒါး၏ ေအာ္စကာဆုရ ေတးသီခ်င္းျဖစ္ေသာ I just call to say I love you ကို ေနာ္လီဇာက အားလံုးကို မင္းအတြက္ေပးမယ္ဟု ျပန္လည္သီဆိုထားျပီး ေမဆြိကလည္း အဆိုပါ နာမည္ျဖင့္ပင္ သီဆိုထားသည္။

Part time lover ကို တူးတူးက ျပံဳးထားပါလားဟူေသာ အမည္ျဖင့္ ျပန္လည္သီဆိုထားျပီး ထိုသီခ်င္းကိုပင္ ေဟမာေနဝင္းက အခ်ိန္ပိုရည္းစားဟူ၍ သီဆိုထားေသးသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Stevie Wonder scoops princely Bel Air mansion for $13.9M (therealdeal)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...
Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
Mingalar Market
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service