ဝါရှင်တန်ဒီစီမှာ နှစ်စဉ်ကျင်းပတဲ့ပန်းပွဲတော်ကိုတော့ တော်တော် များများသိကြမှာပါ။ ဒါပေမဲ့ ဒီထက်ပိုပြီး စိတ်လှုပ်ရှားဖို့ ကောင်း တယ်လို့ ဆိုရမယ့် ဂျာမနီက ချယ်ရီလမ်းကိုတော့ သင်တို့သိဖူးကြ မယ်၊ ရောက်ဖူးချင်မှ ရောက်ဖူးကြမယ်။ ဆန်းကျယ်လှပတဲ့ နေရာ တွေကိုသွားဖူးချင်တဲ့ သင့်အတွက်တော့ တကယ့်ကို ရောက်ဖူးသင့် တဲ့ နေရာလေးတစ်ခုပါပဲ။
ဂျာမနီနိုင်ငံမြို့တော် ဘွန်းရဲ့လမ်းတချို့ကို ချစ်စဖွယ်ပန်းရောင် လိုဏ်ခေါင်းတစ်ခုအဖြစ်ပြောင်းလဲလိုက်တာက ပွင့်ဖတ်လှလှအုံခံ ပွင့်နေတဲ့ ဆောင်းရာသီချယ်ရီ ပန်းလေးတွေပါပဲ။ လမ်းဘေးဝဲယာ မှာ စိုက်ပျိုးထားတဲ့ ချယ်ရီပင်တွေကတစ်နှစ်ရာသီ ဒီအချိန်ကို ရောက်ပြီဆိုရင် တစ်နှစ်ပတ်လုံးအားခဲထားသမျှ အစွမ်းကုန်ပွင့်ချ လိုက်သလိုပါပဲ။
အပင်ရဲ့ ကိုင်းတစ်ကိုင်းစီမှာရှိတဲ့ အပွင့်တိုင်းအားလုံးနီး ပါး ပွင့်ကြပါ တယ်။ ပွင့်တဲ့အချိန်ဆိုရင် အနည်းဆုံး နှစ်ပတ်သုံးပတ် ရက်၂၀ နီး ပါးပွင့်တတ်ပြီး လမ်းမပေါ် ပန်းနုရောင်ခြုံလွှာ လွမ်းခြုံလိုက်သလို ပန်းနုရောင်ကော်ဇောကြီး တစ်ခုနှယ်ပါပဲ။ ဒီနေရာ လမ်းမပေါ်ကို ဖြတ်လျှောက်ဖူးတဲ့ သူတိုင်းချယ်ရီပန်းတွေ ပွင့်တဲ့ရက်ကို အတိအ ကျမှတ်ထားပြီး နောက်တစ်နှစ်ဒီလို အချိန်မှာ ဒီလိုအလှအပနဲ့ခံစား မှုကို ပြန်လည်ခံစားဖို့လာရောက်မိမှာပါပဲ။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ဘာသာပြန်သည်။)