[Unicode]
ပဋိဉာဉ်ဥပဒေပုဒ်မ-၂၀၈အရ (GP) ကိုယ်စားလှယ်တစ်ဦး၏ အခွင့်အာဏာအား ရုတ်သိမ်း ခြင်းဆောင်ရွက်ရာတွင် ကိုယ်စားလှယ်အဖြစ် ရုပ်သိမ်းကြောင်း ကိုယ်စားလှယ်၊ အခြားသူများနှင့် မှတ်ပုံတင်ရုံးတို့မှ အတိအလင်းသိရှိပြီးမှသာ အတည်ဖြစ်ကြောင်း ဖော်ပြထားပြီးဖြစ်ပါသည်။
ကိုယ်စားလှယ်လွှဲအပ်သူမှ မိမိမှ ကိုယ်စားလှယ်အား လွှဲအပ်ထားသော လုပ်ငန်းများ ပြီးဆုံးပြီးဖြစ်၍ ကိုယ်စားလှယ်ခန့်အပ်ရန် ဆန္ဒတော့သောကြောင့် မူလကိုယ်စားလှယ်စာအား ပြန်လည်ရုတ်သိမ်းခွင့်ပြုရန် လျှောက်လွှာတစ်စောင် ရေးသားတင်ပြရမှာဖြစ်ပါတယ်။
ကိုယ်စားလှယ်အား တရားဝင်ရုတ်သိမ်းမှသာ ၎င်း၏ လုပ်ပိုင်ခွင့်မှာ ရပ်စဲသွားမည် ဖြစ်သောကြောင့် မိမိရောက်ရှိနေသော နိုင်ငံ၏ သံရုံးတွင် စုံစမ်းမှုပြုနိုင်ပြီး နိုင်ငံအတွင်း ပြန်လည် ရောက်ရှိပါက စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် ကိုယ်စားလှယ်လွှဲစာဖျက်သိမ်းခြင်း ဆောင်ရွက်နိုင်ပါတယ်။ GP လွှဲအပ်ထားခြင်းခံရသူမှ လိုက်ပါနိုင်ခြင်းမရှိပါက GP အား ဖျက်သိမ်းကြောင်း သတင်းစာကြေငြာမှုပြုကာ အဆိုပါ သတင်းစာကြေငြာနှင့် GP မူရင်းတို့ကို စာချုပ်စာတမ်းမှတ်ပုံတင်ရုံးသို့ တင်ပြရမည်ဖြစ်ပါတယ်။
ပဋိဉာဉ်ဥပဒေပုဒ်မ-၂၀၁ တွင်လဲ အကြီးအကဲမှအခွင့်အာဏာအား ပြန်လည်ရုတ်သိမ်းသည့်အခါနှင့် ကိုယ်စားလှယ်မှ လုပ်ငန်းအား ငြင်းဆန်သည့်အခါ၊ ကိုယ်စားလှယ်လုပ်ငန်းပြီးဆုံးသည့်အခါ ကိုယ်စားလှယ်ခံအပ်ထားခြင်းမှာ ဆုံးခန်းတိုင်ကြောင်း ဖော်ပြထားပြီးဖြစ်သောကြောင့်ကိုယ်စားလှယ်စာ တရားဝင်ဖျက်သိမ်းပြီးနောက်ပိုင်း GP ကိုယ်စားလှယ်မှ လိုက်နာဆောင်ရွက်ခြင်းမရှိပါက တရား စွဲဆိုခြင်းလဲ ပြုနိုင်ကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။
[Zawgyi]
လွှဲပေးသူကပြည်ပမှာရောက်နေပါက GP ကိုဘယ်လိုဖျက်သိမ်းရပါမလဲ။ ကျေးဇူးပြု၍ ဖြေကြားပေးပါရှင့်။
ဖြေဆိုသူ - iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့အိမ်ခြံမြေ မေးခွန်းများကို မေးရန် ဤနေရာကို သွားပါ။