1093 ကြိမ် ကြည့်ရှု့ပြီး

အိုးအိမ်မှာဂရန်လျှာက်ဖို့ ဘာတွေလိုအပ်ပါသလဲ။ဘယ်လောက်ကုန်ကျပါသလဲ။ တရားဝင်သွင်းရတာ၊ တရားမဝင်သွင်းရတာစသဖြင့်ဘယ်လောက်ကြာတတ်ပါသလဲ။ဂရန်လျှာက်ဖို့ မြေအကျယ်အနည်းဆုံးဘယ်လောက်ရှိရပါသလဲ။လျှောက်ဖို့ရည်ရွယ်တာက (၂၀ x ၄၀) အကွက်ပါ။ ဗဟန်းဘိုစိန်မှန်။ဆရာစံအနောက်ပါ။ အခုလက်ရှိကဘိုးဘွားပိုင်ပါ။ အရပ်စာချုပ်နဲ့ပါ။

မေးသူ - Kyaw Myo

[Unicode]

မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း မြေယာနဲ့ပတ်သက်ပြီး တရားဝင်ပိုင်ဆိုင်မှုရှိဖို့အတွက် တည်ဆဲဥပဒေအရ ဘိုးဘွားပိုင်မြေကို မှတ်ပုံတင်အရောင်းအဝယ်စာချုပ်နဲ့ ဝယ်ထားသူဖြစ်ရမှာဖြစ်ပြီး လက်ရှိနေထိုင်သူဖြစ်ရမယ်လို့ ဥပဒေမှာ ပြဋ္ဌာန်းထား ကြောင်းသိရပါတယ်။ လျှောက်ထားလိုသည့်မြေသည် အနည်းဆုံး စတုရန်းပေ (၂၀×၆၀)ဧရိယာ ရှိရပါမယ်။

လူနေအိမ်ရာတွေက ဘိုးဘွားပိုင်မြေ၊ ဂရန်မြေနဲ့ပါမစ်မြေတွေဖြစ်ကြပြီး အများစုမှာ ဘိုးဘွားပိုင်မြေတွေဖြစ်ကြပါတယ်။ ဘိုးဘွားပိုင်မြေပေါ်မှာ နေထိုင်သူတွေက မှတ်ပုံတင်အရောင်းအဝယ်စာချုပ်နဲ့ ဝယ်ယူနေထိုင်သူတွေ၊ အရပ်စာချုပ်အဆင်ဆင့်နဲ့ ဝယ်ယူနေထိုင်သူတွေရှိသလို အထောက်အထားမရှိဘဲ ဘိုးဘွားဘီဘင်လက်ထက်ကတည်းကစပြီးတော့ လက်ဆင့်ကမ်းနေထိုင်သူတွေရှိကြပါတယ်ဘိုးဘပိုင်မြေများကို အမည်ပြောင်းလျှောက်ထားလာပါက အောက်ဖော်ပြပါ အတိုင်း အမျိုးအစားများခွဲခြား၍ လက်ခံဆောင်ရွက်ပေးလျက်ရှိပါသည်−

(၁) အမည်ပြောင်း၊

(၂) ဦးပိုင်ခွဲအမည်ပြောင်း(ဦးပိုင်တစ်ခုကို ခွဲစိတ်၍ အမည်ပြောင်းလျှောက် ထားခြင်း)

(၃) အမည်ဖြည့်စွက်ခြင်း(မူလအမည်ပေါ်က်အပြင် နောက်ထပ်တစ်ဦး၊ နှစ်ဦးအမည်ဖြင့် အမည်ထပ်မံဖြည့်စွက်လျှောက်ထားခြင်း)

(၄) အမည်ပယ်ဖျက်ခြင်း(မူလနှစ်ဦး၊ သုံးဦးအမည်ပေါက်မှ တစ်ဦးဦးအား ပယ်ဖျက်ပေးရန် လျှောင်ထားခြင်း)။

၂။ ဘိုးဘပိုင်မြေအမည်ပြောင်း လျှောက်ထားရာတွင် အောက်ဖော်ပြပါ စာချုပ် စာတမ်းများနှင့် အထောက်အထားများ လိုအပ်ပါသည်-

(၁) လျှောက်ထားသူ၏ မှတ်ပုံတင်မိတ္တူမှန်၊

(၂) မြေပုံ၊ မြေရာဇဝင်မူရင်း၊

(၃) အမွေဆက်ခံခြင်းဖြစ်ပါက အဆင့်ဆင့်အမွေဆက်ခံမှုစာချုပ်စာတမ်း မိတ္တူ၊

(၄) အရောင်းအဝယ်ဖြစ်ပါက အဆင့်ဆင့်အရောင်းအဝယ်ပြုလုပ်သည့် မှတ်ပုံတင် စာချုပ်မိတ္တူမှန်၊

(၅) အပေး၊ စွန့်လွှတ်၊ အမည်ပြောင်းဖြစ်ပါက မှတ်ပုံတင်ပေးကမ်း စွန့်လွှတ် စာချုပ်မိတ္တူမှန်၊

(၆) တရားရုံးဒဂရီ(သို့မဟုတ်) တရားမပုံစံ(၁၀၆) (တရားရုံးမှအမည်ပြောင်း ပေးရန်အကြောင်းကြားစာ)

(၇) အမည်ပေါက်သေဆုံးပါက သေစာရင်းမိတ္တူမှန်၊

(၈) အိမ်ထောင်စုဇယား မိတ္တူမှန်၊

(၉) အဆောက်အဦဓါတ်ပုံ၊

(၁၀) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ထောက်ခံချက်။

၃။ အထက်ဖော်ပြပါ အထောက်အထားများဖြင့် အမှုတွဲတည်ဆောက်ပြီး သတင်းစာ ကြော်ငြာ၍ ကန့်ကွက်မှုမရှိ၊ အရှုပ်အရှင်းမရှိပါက (၁)လအတွင်း အမည်ပေါက် ဆောင်ရွက် ပေးနိုင်ပါသည်။

 

 

[Zawgyi]

အိုးအိမ္မွာဂရန္လွ်ာက္ဖို႔ ဘာေတြလိုအပ္ပါသလဲ။ဘယ္ေလာက္ကုန္က်ပါသလဲ။ တရားဝင္သြင္းရတာ၊ တရားမဝင္သြင္းရတာစသျဖင့္ဘယ္ေလာက္ၾကာတတ္ပါသလဲ။ဂရန္လွ်ာက္ဖို႔ ေျမအက်ယ္အနည္းဆုံးဘယ္ေလာက္ရွိရပါသလဲ။ေလွ်ာက္ဖို႔ရည္႐ြယ္တာက (၂၀ x ၄၀) အကြက္ပါ။ ဗဟန္းဘိုစိန္မွန္။ဆရာစံအေနာက္ပါ။ အခုလက္ရွိကဘိုးဘြားပိုင္ပါ။ အရပ္စာခ်ဳပ္နဲ႔ပါ။


မေ႐ႊ႕ေျပာင္းႏိုင္တဲ့ပစၥည္း ေျမယာနဲ႔ပတ္သက္ၿပီး တရားဝင္ပိုင္ဆိုင္မႈရွိဖို႔အတြက္ တည္ဆဲဥပေဒအရ ဘိုးဘြားပိုင္ေျမကို မွတ္ပုံတင္အေရာင္းအဝယ္စာခ်ဳပ္နဲ႔ ဝယ္ထားသူျဖစ္ရမွာျဖစ္ၿပီး လက္ရွိေနထိုင္သူျဖစ္ရမယ္လို႔ ဥပေဒမွာ ျပ႒ာန္းထား ေၾကာင္းသိရပါတယ္။ ေလွ်ာက္ထားလိုသည့္ေျမသည္ အနည္းဆုံး စတုရန္းေပ (၂၀×၆၀)ဧရိယာ ရွိရပါမယ္။

လူေနအိမ္ရာေတြက ဘိုးဘြားပိုင္ေျမ၊ ဂရန္ေျမနဲ႔ပါမစ္ေျမေတြျဖစ္ၾကၿပီး အမ်ားစုမွာ ဘိုးဘြားပိုင္ေျမေတြျဖစ္ၾကပါတယ္။ ဘိုးဘြားပိုင္ေျမေပၚမွာ ေနထိုင္သူေတြက မွတ္ပုံတင္အေရာင္းအဝယ္စာခ်ဳပ္နဲ႔ ဝယ္ယူေနထိုင္သူေတြ၊ အရပ္စာခ်ဳပ္အဆင္ဆင့္နဲ႔ ဝယ္ယူေနထိုင္သူေတြရွိသလို အေထာက္အထားမရွိဘဲ ဘိုးဘြားဘီဘင္လက္ထက္ကတည္းကစၿပီးေတာ့ လက္ဆင့္ကမ္းေနထိုင္သူေတြရွိၾကပါတယ္ဘိုးဘပိုင္ေျမမ်ားကို အမည္ေျပာင္းေလွ်ာက္ထားလာပါက ေအာက္ေဖာ္ျပပါ အတိုင္း အမ်ိဳးအစားမ်ားခြဲျခား၍ လက္ခံေဆာင္႐ြက္ေပးလ်က္ရွိပါသည္−

(၁) အမည္ေျပာင္း၊

(၂) ဦးပိုင္ခြဲအမည္ေျပာင္း(ဦးပိုင္တစ္ခုကို ခြဲစိတ္၍ အမည္ေျပာင္းေလွ်ာက္ ထားျခင္း)

(၃) အမည္ျဖည့္စြက္ျခင္း(မူလအမည္ေပၚက္အျပင္ ေနာက္ထပ္တစ္ဦး၊ ႏွစ္ဦးအမည္ျဖင့္ အမည္ထပ္မံျဖည့္စြက္ေလွ်ာက္ထားျခင္း)

(၄) အမည္ပယ္ဖ်က္ျခင္း(မူလႏွစ္ဦး၊ သုံးဦးအမည္ေပါက္မွ တစ္ဦးဦးအား ပယ္ဖ်က္ေပးရန္ ေလွ်ာင္ထားျခင္း)။

၂။ ဘိုးဘပိုင္ေျမအမည္ေျပာင္း ေလွ်ာက္ထားရာတြင္ ေအာက္ေဖာ္ျပပါ စာခ်ဳပ္ စာတမ္းမ်ားႏွင့္ အေထာက္အထားမ်ား လိုအပ္ပါသည္-

(၁) ေလွ်ာက္ထားသူ၏ မွတ္ပုံတင္မိတၱဴမွန္၊

(၂) ေျမပုံ၊ ေျမရာဇဝင္မူရင္း၊

(၃) အေမြဆက္ခံျခင္းျဖစ္ပါက အဆင့္ဆင့္အေမြဆက္ခံမႈစာခ်ဳပ္စာတမ္း မိတၱဴ၊

(၄) အေရာင္းအဝယ္ျဖစ္ပါက အဆင့္ဆင့္အေရာင္းအဝယ္ျပဳလုပ္သည့္ မွတ္ပုံတင္ စာခ်ဳပ္မိတၱဴမွန္၊

(၅) အေပး၊ စြန႔္လႊတ္၊ အမည္ေျပာင္းျဖစ္ပါက မွတ္ပုံတင္ေပးကမ္း စြန႔္လႊတ္ စာခ်ဳပ္မိတၱဴမွန္၊

(၆) တရား႐ုံးဒဂရီ(သို႔မဟုတ္) တရားမပုံစံ(၁၀၆) (တရား႐ုံးမွအမည္ေျပာင္း ေပးရန္အေၾကာင္းၾကားစာ)

(၇) အမည္ေပါက္ေသဆုံးပါက ေသစာရင္းမိတၱဴမွန္၊

(၈) အိမ္ေထာင္စုဇယား မိတၱဴမွန္၊

(၉) အေဆာက္အဦဓါတ္ပုံ၊

(၁၀) ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံး ေထာက္ခံခ်က္။

၃။ အထက္ေဖာ္ျပပါ အေထာက္အထားမ်ားျဖင့္ အမႈတြဲတည္ေဆာက္ၿပီး သတင္းစာ ေၾကာ္ျငာ၍ ကန္႔ကြက္မႈမရွိ၊ အရႈပ္အရွင္းမရွိပါက (၁)လအတြင္း အမည္ေပါက္ ေဆာင္႐ြက္ ေပးႏိုင္ပါသည္။

 

ဖြေဆိုသူ - iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့
ဤအိမ်ခြံမြေ မေးခွန်းနှင့် အဖြေများမှာ iMyanmarHouse.com ၏ မူပိုင်ဖြစ်ပါသည်။ iMyanmarHouse.com မှ ခွင့်ပြုချက်မရှိဘဲ မည့်သည့် နေရာတွင်မှ ဖော်ပြခွင့် မပြုပါ။ အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။

အိမ်ခြံမြေ မေးခွန်းများကို မေးရန် ဤနေရာကို သွားပါ။

အျခား အိမ္ၿခံေျမ အေမးအေျဖမ်ား

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)