တာမွေမြို့နယ်

တာမွေမြို့နယ်သည် အကျယ် ၄၄.၁ ကီလိုမီတာကျယ်ဝန်းပြီး မြောက်ဘက်တွင် ရန်ကင်းမြို့နယ် ၊ အရှေ့ဘက်တွင် သင်္ဃန်းကျွန်းမြို့နယ် ၊ အနောက်ဘက်တွင် ဗဟန်းမြို့နယ် ၊ တောင်ဘက်တွင် မင်္ဂလာတောင်ညွှန့်မြို့နယ်တို့ တည်ရှိသည် ။ ရပ်ကွက်ပေါင်း ၂၀ ခုဖြင့်တည်ဆောက်ထားသော တာမွေမြို့နယ်သည် မူလတန်းကျောင်း ၃၀ ၊ အလယ်တန်းကျောင်း ၄ ကျောင်း နှင့် အထက်တန်းကျောင်း ၆ ကျောင်းရှိသည် ။ ရန်ကုန်မြို့တွင် ကျယ်ဝန်းသော မြို့နယ်ထဲတွင်ပါဝင်သော တာမွေမြို့နယ်သည် ယခင်က မြေလွတ် မြေရိုင်းပေါများသောမြို့နယ်ဖြစ်သော်လည်း ရန်ကုန်မြို့နယ်လူနေထူထပ်လာမှုကြောင့် ယခုအခါတွင်မှု လူနေ တိုက်ခန်း ၊ လုံးချင်းအိမ် နှင့် ကွန်ဒို အများအပြားတည်ရှိလာသောမြို့နယ်ဖြစ်သည် ။ မြို့ပြဖွံ့ဖြိုးလာမှုနဲ့ အတူ ယခင်က တာမွေအဝိုင်းနေရာတွင် ယခု ကုန်းကျော်တံတားများ ပေါ်ထွက်လာပြီး တာမွေမြို့နယ်၏ ယာဉ်လမ်းကြောကြပ်သည့်ပြ ဿ     နာကိုဖြေရှင်းစေ ခဲ့သည် ။ ရန်ကုန်မြို့၏ လူသိများသော ကျောက်မြောင်းရပ်ကွက်ရှိသည့်မြို့နယ်ဖြစ်ပြီး  အဆိုပါရပ်ကွက်သည် နေ့ဖက်ညဖက် အလွန်စည်ကားပြီး စားသောက်ဆိုင်တန်း အများအပြားရှိသည် ။ကျောက်မြောင်းရပ်ကွက်တွင်း ကျားကွက်သစ်လမ်းမသည် လူသွားလူလာများပြီး  တခါတလေ အဆိုပါလမ်းမကြီးတွင် ကားလမ်းပိတ်ဆို့သည်အထိ စည်းကားသည် ။ အိမ်ခြံမြေဈေးနှုန်းများအနေဖြင့် တိုက်ခန်း ငှားရမ်းမှုမျိုးရှိတတ်ပြီး နေရာနှင့်ရပ်ကွက်ပေါ်မူတည်၍ ကွဲပြားသည် ။ ဘက်စ်ကားမှတ်တိုင် ၊ ကျောင်း ၊ ဈေး လမ်းသင့်လျင်သင့်သလို အငှားဈေးနှုန်းမြင့်လျက်ရှိသည် ။ မေတ္တာညွှန့်ရပ်ကွက်တွင်း တိုက်ခန်းငှားရမ်းမှုများတွင် လမ်းပေါ်မူတည်ပြီး အနိမ့်ဆုံးဈေး ၁.၅ သိန်းမှ အမြင့်ဆုံး ၅ သိန်းဝန်းကျင်အထိပေါက်ဈေးရှိသည် ။ ငှားရမ်းခနှုန်းထားများ ကြီးမြင့်သည့် ကျောက်မြောင်းရပ်ကွက်သည်လည်း နေရာပေါ်မူတည်ပြီး ၁၀ သိန်းဝန်ကျင်အထိ ငှားရမ်းမှုမျိုးများရှိသည် ။ အချုပ်အားဖြင့်ဆိုသော် တာမွေမြို့နယ်သည် ယာဉ်လမ်းကြော ကြပ်သောမြို့နယ်တစ်ခုဖြစ်ပြီး ယာဉ်မောင်းများအတွက် ဒုက္ခများသောမြို့နယ်ဖြစ်သည် ။ အသွားအလာများပြီး ရန်ကုန်မြို့၏ လူနေထူထပ်လွန်းသော မြို့နယ်တစ်ခု ဖြစ်ပေသည် ။

တာမှရှေိရောင်းရန်အိမ်ခြံမြေများ

တာမှရှေိငှားရန်အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)