မြို့လယ်ရှိ ဒေါင်လိုက်သစ်တောတစ်ခုတွင် နေထိုင်ခြင်း - Bosco Verticale

မြို့လယ်ရှိ ဒေါင်လိုက်သစ်တောတစ်ခုတွင် နေထိုင်ခြင်း - Bosco Verticale - Property News in Myanmar from iMyanmarHouse.com
7 Dec 2020 10:32 am တွင် တင်ခဲ့သည်
644 ကြိမ် ကြည့်ရှု့ပြီး

[Unicode] Bosco Verticale (ဒေါင်လိုက်သစ်တော) ဆိုတာ အီတလီနိုင်ငံ မီလန်မြို့လယ်ကောင်ရှိ တစ်မူထူးခြားတဲ့ လူနေ complex (အပန်းဖြေနေရာ ဝန်ဆောင်မှု စသဖြင့် ဘုံအသုံးပြုမှုများဖြင့် လူနေအိမ်ခန်းအများအပြားပါဝင်သည့် အဆင့်မြင့်ဝင်း) တစ်ခုပဲ ဖြစ်ပါတယ်။ သူ့မှာ အမြင့်မီတာ ၈၀ နဲ့ ၁၁၂ စီ ရှိကြတဲ့ မိုးမျှော်တိုက်နှစ်ခု ပါဝင်ပါတယ်။

သူ့တို့အပေါ်မှာ သစ်ပင်ပန်းပင်တွေ ဖုံးအုပ်ထားတာကြောင့် ၎င်းမျှော်စင်နှစ်ခုကို ဒေါင်လိုက်သစ်တောဆိုတဲ့ အဓိပ္ပာယ်နဲ့ အီတလီလို Bosco Verticale လို့ အမည်ပေးထားတာ ဖြစ်ပါတယ်။

Boeri Studio မှ ဗိသုကာပညာရှင်အဖွဲ့က ဒီဇိုင်းထွင်ခဲ့တာဖြစ်ပြီး လူတွေသာမက ငှက်တွေအတွက်ပါ နေစရာစီစဉ်ပေးတဲ့ သစ်ပင်အိမ်တစ်ခုအဖြစ် ရည်ရွယ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မီလန်မြို့ရဲ့ နာမည်ကျော် Porta Nuova Isola ဧရိယာမှာ ၂၀၁၄ ခုနှစ် အောက်တိုဘာက အခမ်းအနားနဲ့ ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

၎င်း complex မှာ သစ်ပင်ပန်းပင်ပေါင်း ၈၀၀ (ပထမနဲ့ဒုတိယအဆင့် အပင် ၄၈၀နဲ့ အသေးစားအပင် ၃၀၀) နီးပါး၊ နှစ်နှစ်ခံပင်နဲ့ မြေကြီးကြမ်းခင်းပင်ပေါင်း ၁၅,၀၀၀ နဲ့ ချုံ ၅,၀၀၀ စိုက်ပျိုးထားပါတယ်။

အဲဒီသစ်ပင်ပန်းပင်တွေက အဆောက်အအုံတွေအတွင်းက စိုထိုင်းစကို ထိန်းညှိပေးပြီး ကာဗွန်ဒိုင်အောက်ဆိုက်ကို စုပ်ယူပေးကာ အောက်ဆီဂျင်ကို ထုတ်လုပ်ပေးတယ်လို့ Boeri Studio က ၎င်းတို့ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

၎င်းသစ်ပင်ပန်းပင်တွေက မိုးမျှော်တိုက်တွေမှာ နေထိုင်သူတွေကို အကျိုးကျေးဇူးတစ်ခုထက် ပိုပြီး ပေးတယ်ဆိုတာကိုလည်း အမေရိကန်စီးပွားရေးသတင်းရုပ်သံလိုင်း CNBC က မကြာသေးမီကပဲ လေ့လာတွေ့ရှိထားပါတယ်။

ဒီ complex ရဲ့ ဆောက်လုပ်မှုအယူအဆက အသစ်အဆန်းတော့ မဟုတ်ပါဘူး။ ယခင်ကလည်း ကိုလံဘီယာနိုင်ငံ ဘိုဂိုတာမြို့လယ်ရှိ Edificio Santalaia နဲ့ တရုတ်နိုင်ငံ ချန်တူမြို့ရှိ Qiyi City Forest Garden တို့အပါအဝင် အလားတူအဆောက်အအုံတွေ အမြောက်အများရှိပြီးသားပါ။

ဒါပေမဲ့ ဥပမာအားဖြင့် Qiyi City Forest Garden ဆိုရင် မကြာသေးခင်ကပဲ နိုင်ငံတကာသတင်းတွေမှာ သတင်းဆိုးထွက်လာပါတယ်။ သစ်ပင်ပန်းပင်တွေကို သေချာထိန်းသိမ်းပြုပြင်မှုမရှိခြင်းနဲ့ ခြင်ကိုက်ခြင်း ဆိုတဲ့ မကောင်းသတင်းတွေပဲ ဖြစ်ပါတယ်။

Bosco Verticale ရှိ သစ်ပင်ပန်းပင်တွေကိုတော့ ပုံမှန်ပြုပြင်ထိန်းသိမ်းမှုရှိကာ ဒီအတွက်လည်း ဒီဂျစ်တယ်နဲ့ အလိုအလျောက် စောင့်ကြည့်စနစ်တွေနဲ့ အဆက်မပြတ်စောင့်ကြည့်တာဖြစ်တယ်လို့ သိရပါတယ်။

ဖွင့်လှစ်ပြီး နှစ်အနည်းငယ်အကြာမှာ Bosco Verticale ဟာ လူနေအိမ်ခန်းများစွာရှိတဲ့ အဆောက်အအုံဝင်းအပြင် ငှက်နဲ့ လိပ်ပြာ အမျိုးပေါင်း ၁,၆၀၀ ခန့်အပါအဝင် အင်းဆက်တိရစ္ဆာန်မြောက်များစွာအတွက် ခိုနားရာနေရာတစ်ခုလည်း ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Bosco Verticale – Living in a Vertical Forest in the Middle of an Urban Jungle (OC)

 

[Zawgyi]

ၿမိဳ႕လယ္႐ွိ ေဒါင္လိုက္သစ္ေတာတစ္ခုတြင္ ေနထိုင္ျခင္း - Bosco Verticale

Bosco Verticale (ေဒါင္လိုက္သစ္ေတာ) ဆိုတာ အီတလီႏိုင္ငံ မီလန္ၿမိဳ႕လယ္ေကာင္႐ွိ တစ္မူထူးျခားတဲ့ လူေန complex (အပန္းေျဖေနရာ ဝန္ေဆာင္မႈ စသျဖင့္ ဘုံအသုံးျပဳမႈမ်ားျဖင့္ လူေနအိမ္ခန္းအမ်ားအျပားပါဝင္သည့္ အဆင့္ျမင့္ဝင္း) တစ္ခုပဲ ျဖစ္ပါတယ္။ သူ႕မွာ အျမင့္မီတာ ၈၀ နဲ႔ ၁၁၂ စီ ႐ွိၾကတဲ့ မိုးေမွ်ာ္တိုက္ႏွစ္ခု ပါဝင္ပါတယ္။

သူ႕တို႔အေပၚမွာ သစ္ပင္ပန္းပင္ေတြ ဖုံးအုပ္ထားတာေၾကာင့္ ၎ေမွ်ာ္စင္ႏွစ္ခုကို ေဒါင္လိုက္သစ္ေတာဆိုတဲ့ အဓိပၸာယ္နဲ႔ အီတလီလို Bosco Verticale လို႔ အမည္ေပးထားတာ ျဖစ္ပါတယ္။

Boeri Studio မွ ဗိသုကာပညာ႐ွင္အဖြဲ႕က ဒီဇိုင္းထြင္ခဲ့တာျဖစ္ၿပီး လူေတြသာမက ငွက္ေတြအတြက္ပါ ေနစရာစီစဥ္ေပးတဲ့ သစ္ပင္အိမ္တစ္ခုအျဖစ္ ရည္႐ြယ္ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

မီလန္ၿမိဳ႕ရဲ႕ နာမည္ေက်ာ္ Porta Nuova Isola ဧရိယာမွာ ၂၀၁၄ ခုႏွစ္ ေအာက္တိုဘာက အခမ္းအနားနဲ႔ ဖြင့္လွစ္ခဲ့တာျဖစ္ပါတယ္။

၎ complex မွာ သစ္ပင္ပန္းပင္ေပါင္း ၈၀၀ (ပထမနဲ႔ဒုတိယအဆင့္ အပင္ ၄၈၀နဲ႔ အေသးစားအပင္ ၃၀၀) နီးပါး၊ ႏွစ္ႏွစ္ခံပင္နဲ႔ ေျမႀကီးၾကမ္းခင္းပင္ေပါင္း ၁၅,၀၀၀ နဲ႔ ခ်ံဳ ၅,၀၀၀ စိုက္ပ်ိဳးထားပါတယ္။

အဲဒီသစ္ပင္ပန္းပင္ေတြက အေဆာက္အအုံေတြအတြင္းက စိုထိုင္းစကို ထိန္းညႇိေပးၿပီး ကာဗြန္ဒိုင္ေအာက္ဆိုက္ကို စုပ္ယူေပးကာ ေအာက္ဆီဂ်င္ကို ထုတ္လုပ္ေပးတယ္လို႔ Boeri Studio က ၎တို႔ဝက္ဘ္ဆိုက္မွာ ေဖာ္ျပထားပါတယ္။

၎သစ္ပင္ပန္းပင္ေတြက မိုးေမွ်ာ္တိုက္ေတြမွာ ေနထိုင္သူေတြကို အက်ိဳးေက်းဇူးတစ္ခုထက္ ပိုၿပီး ေပးတယ္ဆိုတာကိုလည္း အေမရိကန္စီးပြားေရးသတင္း႐ုပ္သံလိုင္း CNBC က မၾကာေသးမီကပဲ ေလ့လာေတြ႕႐ွိထားပါတယ္။

ဒီ complex ရဲ႕ ေဆာက္လုပ္မႈအယူအဆက အသစ္အဆန္းေတာ့ မဟုတ္ပါဘူး။ ယခင္ကလည္း ကိုလံဘီယာႏိုင္ငံ ဘိုဂိုတာၿမိဳ႕လယ္႐ွိ Edificio Santalaia နဲ႔ တ႐ုတ္ႏိုင္ငံ ခ်န္တူၿမိဳ႕႐ွိ Qiyi City Forest Garden တို႔အပါအဝင္ အလားတူအေဆာက္အအုံေတြ အေျမာက္အမ်ား႐ွိၿပီးသားပါ။

ဒါေပမဲ့ ဥပမာအားျဖင့္ Qiyi City Forest Garden ဆိုရင္ မၾကာေသးခင္ကပဲ ႏိုင္ငံတကာသတင္းေတြမွာ သတင္းဆိုးထြက္လာပါတယ္။ သစ္ပင္ပန္းပင္ေတြကို ေသခ်ာထိန္းသိမ္းျပဳျပင္မႈမ႐ွိျခင္းနဲ႔ ျခင္ကိုက္ျခင္း ဆိုတဲ့ မေကာင္းသတင္းေတြပဲ ျဖစ္ပါတယ္။

Bosco Verticale ႐ွိ သစ္ပင္ပန္းပင္ေတြကိုေတာ့ ပုံမွန္ျပဳျပင္ထိန္းသိမ္းမႈ႐ွိကာ ဒီအတြက္လည္း ဒီဂ်စ္တယ္နဲ႔ အလိုအေလ်ာက္ ေစာင့္ၾကည့္စနစ္ေတြနဲ႔ အဆက္မျပတ္ေစာင့္ၾကည့္တာျဖစ္တယ္လို႔ သိရပါတယ္။

ဖြင့္လွစ္ၿပီး ႏွစ္အနည္းငယ္အၾကာမွာ Bosco Verticale ဟာ လူေနအိမ္ခန္းမ်ားစြာ႐ွိတဲ့ အေဆာက္အအုံဝင္းအျပင္ ငွက္နဲ႔ လိပ္ျပာ အမ်ိဳးေပါင္း ၁,၆၀၀ ခန္႔အပါအဝင္ အင္းဆက္တိရစၧာန္ေျမာက္မ်ားစြာအတြက္ ခိုနားရာေနရာတစ္ခုလည္း ျဖစ္လာခဲ့တယ္လို႔ သိရပါတယ္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Bosco Verticale – Living in a Vertical Forest in the Middle of an Urban Jungle (OC)

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...
Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service