အီတလီ ပင်လယ်ကမ်းခြေမြို့ကလေးရှိ နေအိမ်များကို ၁ ယူရိုငွေ (မြန်မာငွေ ၁၅၉၉ ကျပ်) ဖြင့် ရောင်းချပေးမည်
အီတလီ ပင်လယ်ကမ်းခြေမြို့ကလေးရှိ နေအိမ်များကို ၁ ယူရိုငွေ (မြန်မာငွေ ၁၅၉၉ ကျပ်) ဖြင့် ရောင်းချပေးမည် - Property News in Myanmar from iMyanmarHouse.com
10 Feb 2020 11:21 am တွင် တင်ခဲ့သည်
8817 ကြိမ် ကြည့်ရှု့ပြီး
### Unicode Version ###
ပင်လယ်ကမ်းခြေတွင် နေအိမ်တစ်လုံး ပိုင်ဆိုင်ရရန် စိတ်ကူးအိပ်မက်ဖူးပါသလား။
ယခုအခါ အီတလီနိုင်ငံတောင်ပိုင်းရှိ ပင်လယ်ကမ်းခြေမြို့ကလေးတစ်ခုတွင် နေအိမ်တစ်လုံးကို ၁ ယူရိုငွေ (မြန်မာငွေ ၁၅၉၉ ကျပ်- ၂၀၂၀၊ ဖေဖော်ဝါရီ ၆ ရက် ငွေလဲနှုန်းအရ) မျှဖြင့် ဝယ်ယူရရှိနိုင်ပြီ ဖြစ်ပါသည်။
နေအိမ်များကို ၁ ယူရိုငွေဖြင့် ရောင်းချပေးမည်မှာ အီတလီမြေပုံတွင်ကြည့်မည်ဆိုက လူတစ်ဦးနှင့်တူနေပြီး ဖနောင့်နေရာတွင်ရှိသည့် တာရန်တိုအမည်ရှိ မြို့ကလေးတွင် ဖြစ်သည်။
ဒေသတွင်း လူဦးရေမြှင့်တင်ပေးနိုင်ရန်အတွက် ယခုကဲ့သို့ ရောင်းချပေးခြင်းဖြစ်သည်ဟု သိရသည်။
အီတလီတွင် ဒေသတွင်း လူဦးရေမြှင့်တင်ပေးရန်အတွက် နေအိမ်များကို အမေရိကန် ၁ ဒေါ်လာ ဝန်းကျင်ဖြင့် ရောင်းချပေးနေသည့် နေရာပေါင်း များစွာရှိပြီး အဆိုပါသတင်းများကို iMyanmarHouse.com တွင် ဖော်ပြပြီး ဖြစ်ပါသည်။ ယခုသတင်း၏ အောက်ဘက်တွင် ဖော်ပြပေးထားပါသည်။
သို့ရာတွင် အခြားသော ရောင်းချပေးနေသည့်နေရာများမှာ မြို့ကြီးပြကြီးများနှင့် အလှမ်းကွာသည့် မြို့ငယ်များ၊ ကျေးရွာများတွင်ဖြစ်ပြီး တာရန်တိုမှာ နေအိမ်များကို အခမဲ့နီးပါး ပေးအပ်နေသည့် ပထမဆုံး မြို့ကြီးတစ်ခု ဖြစ်လာသည်။ မြို့အုပ်ချုပ်ရေးကောင်စီဝင်များအနေဖြင့် သမိုင်းဝင် ရှေးဟောင်းမြို့သို့ လူများပြောင်းရွှေ့နေထိုင်လာခြင်းကို လိုလားနေသည်။
တာရန်တိုသည် ယခင်က လူပေါင်း ၄၀၀၀၀ ခန့် နေထိုင်ခဲ့သော မြို့ကြီးတစ်မြို့ဖြစ်ပြီး ယနေ့ကာလတွင်မူ လူဦးရေမှာ ၃၀၀၀ အောက်သာရှိတော့သည်။
မြို့တွင်းရှိ လမ်း၊ တံတားများမှာ သက်တမ်းအလွန်ရင့်ကာ ဟောင်းနွမ်းအိုမင်းနေပြီဖြစ်သောကြောင့် အန္တရာယ်များသည်ဟု မှတ်ယူကာ လူနေနည်းပါးသွားခြင်းဖြစ်သည်ဟု မီလန်မြို့အခြေစိုက် Corriere Della Sera သတင်းစာတွင် ဖော်ပြသည်။
သု့ိသော် ဝယ်လက်တို့အနေဖြင့် အဆိုပါဒေသကို နှစ်သက်မြတ်နိုးမှု မရှိဖွယ်ကား မမြင်ချေ။
မြို့ကလေးမှာ ပင်လယ်ပြင်နှင့် ရေကန်ကြီးတို့၏ ကြားတွင်တည်ရှိရာ ရင်သပ်ရှုမောဖွယ်အလှတရားများစွာ ပိုင်ဆိုင်ထားသည့် နေရာဖြစ်သည်။
သဲသောင်ကမ်းခြေများစွာ တည်ရှိသည့်အပြင် ကြိုးကြာငှက်တို့ကျက်စားရာ သဘာဝဘေးမဲ့တောနယ်မြေတစ်ခုလည်း ဖြစ်သည်။
ထိုဒေသတွင် ရဲတိုက်ကြီးများနှင့် ရှေးဟောင်းဘုရားကျောင်းကြီးများ အပါအဝင် သမိုင်းဝင်နေရာများစွာလည်း တည်ရှိနေသည်။
တာရန်တိုမြို့အုပ်ချုပ်ရေးအဖွဲ့သည် မူလက နေအိမ် ၃ လုံးကိုသာ ရောင်းချရန် ဈေးကွက်တင်ခဲ့သော်လည်း နောက်ပိုင်းတွင်ကား လူပေါင်း ၂၅၀၀၀ ခန့်အထိ လာရောက်ကြစေရန် ဆွဲဆောင်လိုသောကြောင့် ပထမအသုတ်နေအိမ်များ ဝယ်လက်ပေါ်ပါက နေအိမ်များကို ဆက်လက်ရောင်းချပေးသွားမည် ဖြစ်သည်။
(ဆက်စပ်သတင်းများ)
(၁) နေအိမ်များ အခမဲ့ပေးခြင်း၊ ၁ ဒေါ်လာဖြင့် ရောင်းချခြင်းများ အဆက်မပြတ်ပြုလုပ်နေသော အီတလီနိုင်ငံတွင် ယခုအခါ စစ္စလီကျွန်း၊ ဘီဗိုနာမြို့တွင်လည်း နေအိမ်များကို ၁ ဒေါ်လာဖြင့် ရောင်းချပေးနေပြီ
https://www.imyanmarhouse.com/news/read/874147
(၂) အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် နေအိမ်တစ်လုံးကို ၁ ဒေါ်လာ (မြန်မာငွေ ၁၅၃၃ ကျပ်) မျှဖြင့် အမှန်တကယ် ဝယ်ယူရရှိနိုင်ပြီ
https://www.imyanmarhouse.com/news/read/864551
(၃) နယူးယောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့က ၂၀၁၈ ခုနှစ်အတွင်း မြေကွက်လွတ်များကို တစ်ကွက်လျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးခဲ့
https://www.imyanmarhouse.com/news/read/807486
(၄) အီတလီတွင် နေအိမ်များကို ၁ ဒေါ်လာဖြင့် ဝယ်ယူရရှိနိုင်ပြီ
https://www.imyanmarhouse.com/news/read/770392
(၅) အမေရိကန်ပြည်၊ အိုကလာဟိုးမားပြည်နယ်တွင် ၂ ဧကကျယ်ဝန်းသည့် ခြံဝန်းနှင့် စတုရန်းပေ ၄၀၀၀ ကျယ်ဝန်းသော နေအိမ်ကြီး ၁ ဒေါ်လာဖြင့် အရောင်းဈေးကွက်ဝင်လာ
https://www.imyanmarhouse.com/news/read/732497
(၆) အီတလီတွင် နေအိမ်ပေါင်း အလုံး ၂၀၀ ကို ၁ ဒေါ်လာကျော်ကျော်မျှဖြင့် ရောင်းချပေးနေပြီ
https://www.imyanmarhouse.com/news/read/723874
(၇) အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂမ်မြို့တွင် စတာလင် ၁ ပေါင်မျှဖြင့် ဈေးကွက်ဝင်ခဲ့ဖူးသော နေအိမ် ပေါင် ၁၈၀၀၀၀ ဖြင့် ရောင်းထွက်
https://www.imyanmarhouse.com/news/read/868794
(၈) အင်္ဂလန်တွင် အိပ်ခန်း ၃ ခန်းပါ နေအိမ်တစ်လုံးကို ကြမ်းခင်းဈေး ၁ ပေါင် (မြန်မာငွေ ၁၈၈၅ ကျပ်) ဖြင့် ကမ္ဘာကျော် အက်စတန်ဗီလာ ဘောလုံးအသင်းကြီး၏ အိမ်ကွင်းတွင် လေလံတင်ရောင်းချမည်
https://www.imyanmarhouse.com/news/read/860480
(၉) အင်္ဂလန်ထိပ်သီး Liverpool ကလပ်အသင်းအခြေစိုက်ရာ လီဗာပူးမြို့တွင် ဇနီးမောင်နှံ ၂ ဦးက နေအိမ်ဟောင်းတစ်လုံးကို ၁ ပေါင် (မြန်မာငွေ ၁၈၄၇ ကျပ်) ဖြင့် ဝယ်ယူကာ ပြုပြင်မွမ်းမံခဲ့သော နေအိမ် ယခုအခါ ပေါင် ၁၂၅၀၀၀ (မြန်မာငွေ သိန်း ၂၃၀၀ ကျော်) တန်ကြေးရှိနေပြီး များစွာမြတ်စွန်း
https://www.imyanmarhouse.com/news/read/851808
(၁၀) ဗြိတိန်နိုင်ငံ ဝေလပြည်တွင် တိုက်ခန်းပေါင်း ၁၀ ခန်းပါ အဆောက်အအုံတစ်လုံး စတာလင် ၁ ပေါင်မျှဖြင့် အရောင်းဈေးကွက်ဝင် လာပြီး တစ်ခန်းလျှင် ၁၀ ပြား (pence) (မြန်မာငွေ ၁၉၇ ကျပ်) သာ ကျသင့်မည်
https://www.imyanmarhouse.com/news/read/826302
(၁၁) အင်္ဂလန်နိုင်ငံ ကျေးလက်ဒေသတွင် မြေကျွံနေသည့် နေအိမ်တစ်လုံးကို ကြမ်းခင်းဈေး စတာလင်ငွေ ၁ ပေါင်မျှဖြင့် လေလံတင်ရောင်းချ
https://www.imyanmarhouse.com/news/read/822807
(၁၂) အင်္ဂလန်နိုင်ငံရှိ လုံးချင်းအိမ်တစ်လုံးကို ကြမ်းခင်းဈေး စတာလင်ပေါင် ၁ ပေါင် (မြန်မာငွေ ၁၆၆၃ ကျပ် ) ဖြင့် လေလံတင်ရောင်းချ
https://www.imyanmarhouse.com/news/read/582249
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
 ### Zawgyi Version ###
(ဆက်စပ်သတင်းများ)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
18th Property and Car Expo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service