အီတလီတွင် နေအိမ်ပေါင်း အလုံး ၂၀၀ ကို ၁ ဒေါ်လာကျော်ကျော်မျှဖြင့် ရောင်းချပေးနေပြီ

အီတလီတွင် နေအိမ်ပေါင်း အလုံး ၂၀၀ ကို ၁ ဒေါ်လာကျော်ကျော်မျှဖြင့် ရောင်းချပေးနေပြီ - Property News in Myanmar from iMyanmarHouse.com
9 Apr 2018 12:55 pm တွင် တင်ခဲ့သည်
10328 ကြိမ် ကြည့်ရှု့ပြီး
အီတလီနိုင်ငံရှိ လှပသောကျေးရွာကလေးတစ်ရွာတွင် နေအိမ်တစ်လုံး ပိုင်ဆိုင်ရန် အိပ်မက်မက်ဖူးပါသလား။

ယခုအခါ သင်ကာလကြာရှည် စောင့်စားခဲ့ရသော သတင်းထူးတစ်ရပ် အမှန်တကယ်ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

ယခုအခါသင်သည် အီတလီတွင် နေအိမ်တစ်လုံးကို တစ်ဒေါ်လာကျော်ကျော်မျှဖြင့် ဝယ်ယူနိုင်တော့မည် ဖြစ်၏။

အီတလီနိုင်ငံ၊ မြေထဲပင်လယ်ကျွန်းတစ်ကျွန်းဖြစ်သော ဆာဒီးနီးယားကျွန်းကြီး၏ တောင်တန်းထူထပ်သော ဘာဘေးဂျီးယားဒေသ၊ အော်လိုလိုင်းကျေးရွာကလေးတွင် လူမနေတော့သည့် စွန့်ပစ်ခံနေအိမ်များကို ၁ ယူရို ( ကန်ဒေါ်လာ ၁ ဒသမ ၂ ဒေါ်လာ)မျှဖြင့် ရောင်းချလျက်ရှိပြီ ဖြစ်သည်။

ဝယ်လက်များကို ဆွဲဆောင်နိုင်မည့် အလှတရားနှင့် သမိုင်းကြောင်းတို့လည်းကောင်းနေသည်။

ရောင်းချမည့်နေအိမ်တို့မှာ ကျောက်တုံးဖြင့် ဆောက်လုပ်ထားခြင်းဖြစ်ပြီး ဝယ်ယူမည့်သူများအနေဖြင့် ၃ နှစ်အတွင်း ပြန်လည်ပြုပြင်မွမ်းမံမှုများ ပြုလုပ်ပါမည်ဟု ကတိပြုရမည် ဖြစ်သည်။
ပြုပြင်စရိတ်မှာ ကန်ဒေါ်လာ ၂၅၀၀၀ ခန့် ကုန်ကျဖွယ်ရာ ရှိသည်။

ယခုကဲ့သို့ တစ်ဒေါ်လာကျော်မျှဖြင့် ရောင်းချပေးခြင်း၏ အကြောင်းရင်းမှာ လူသူကင်းမဲ့လာလျက်ရှိသော ဒေသကို ပြန်လည်ဖွံ့ဖြိုးစည်ကားလာစေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ဆိုသည်။

လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က အော်လိုလိုင်းတွင် လူဦးရေ ၂၂၅၀ ရှိခဲ့ပြီး ယနေ့တွင် ၁၃၀၀ ခန့်သာရှိတော့ကာ တစ်နှစ်လျှင် ကလေးမွေးဖွားနှုန်းမှာ လက်ချိုးရေတွက်နိုင်သည်ဟုလည်း ဆိုသည်။

….ကျွန်တော်တို့ရဲ့  ရည်မှန်းချက်က ဘယ်နေရာနဲ့မှ မတူဘဲခြားနားတဲ့ ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှုတစ်ရပ်လုံး ကျဆင်းလာရာကနေ ပျောက်ကွယ်မသွားအောင် ကယ်တင်ဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဒေသလေးကို သေဆုံးခွင့်မပြုနိုင်ပါဘူး…ဟု အော်လိုလိုင်းမှ အကြီးအကဲဖြစ်သူ အီဖီစီယို အာဘောက်က ပြောကြားသည်။

အော်လိုလိုင်းသည် တစ်ချိန်ကမူ ဘာဘေးဂျီးယား၏ မြို့ တော်ဖြစ်ခဲ့ဖူးပြီး လူသူစည်ကားခဲ့ဖူးသည့်နေရာတစ်ခု ဖြစ်သည်။

တစ်ချိန်က စည်ကားခဲ့ဖူးသည့်ဒေသသည် နောင်တွင်လူငယ်လူရွယ်တို့မှာ မြို့ ပြ၏ ဖျားယောင်းမှုခံကြရပြီး ပြောင်းရွှေ့ အခြေချသွားကြခြင်းကြောင့် ယနေ့တွင်ကား ကျီးနှင့်ဖုတ်ဖုတ်ဖြစ်နေလေပြီ။
ထိုသူများ စွန့်ပစ်ချန်ထားခဲ့သည့်ကျောက်တုံးနေအိမ်တို့မှာ ဆိုးရွားစွာယိုယွင်းပျက်စီးလျက်ရှိနေပြီး ပင့်ကူအိမ်များ အတိပြီးလျက်ရှိသည်။

အော်လိုလိုင်းဒေသကလေးသည် ကာဆူ ဖီအိုရီ ဆာဒိုဟု အမည်ရသော သိုးနို့ဒိန်ခဲဖြင့် နာမည်ကျော်ပြီး ယနေ့တိုင် ဒေသခံတို့က ထုတ်လုပ်နေကြဆဲဖြစ်သည်။

အချို့ ဒေသခံများကမူ လက်မှုပညာရှင်များဖြစ်ပြီး ခြင်းတောင်းများ ရက်လုပ်အသက်မွေးကြ၏။

ကျေးရွာအနီးဝန်းကျင်တွင် လှိုဏ်ဂူများ များစွာရှိပြီး ခွဲထွက်ရေးသမားများပုန်းအောင်းရာ၊ လူဆိုးဂိုဏ်းသားများက ပြန်ပေးဆွဲဓားစာခံများ ချုပ်နှောင်ထားသိုရာနေရာအဖြစ် တချိန်က အသုံးပြုခဲ့ဖူးသည်။
“ကျွန်တော်တို့ရဲ့ ဘိုးဘေးတွေဟာ ရောမအင်ပါယာကို ဘယ်တုန်းကမျှ အရှုံးမပေးခဲ့ပါဘူး။ ရောမတွေက ကျွန်တော်တို့ကို အရိုင်းအစိုင်းတွေလို့ သမုတ်ကြတယ်”
အော်လိုလိုင်းဟူသောအမည်မှာ ရှေးခေတ်က တိုက်ပွဲကြွေးကြော်သံ “အလာလေ” မှ ဆင်းသက်လာခြင်း ဖြစ်သည်။

အော်လိုလိုင်း တဖန်ပြန်လည်အသက်ဝင်လာနိုင်ရန်အတွက် အာဘောက်က နေအိမ်တို့၏ ပိုင်ရှင်ဟောင်းများဖြစ်သော ခေါင်းဆောင်ဟောင်းများ၊ လယ်သမားများနှင့် လက်မှုပညာသည်များထံ ဆက်သွယ်ခဲ့ပြီး နေအိမ်များကို မြို့ အာဏာပိုင်အဖွဲ့ထံ လွှဲပြောင်းပေးပါရန် တောင်းခံခဲ့၏။

“နေအိမ်တွေကို တောင်ထိပ်တွေဆီမှာရှိတဲ့ မီးခိုးရောင် လိပ်သည်းကျောက်တွေနဲ့ ဆောက်လုပ်ခဲ့ကြတာပါ။ မြေမှုန်ဘဝရောက်တော့မယ့် ဘိုးဘေးတွေရဲ့ နေအိမ်ကို ပြန်လည်ရှင်သန်လာအောင် ကျွန်တော်တို့လုပ်ဆောင်ဖို့ လိုနေပါပြီ” ဟု အာဘောက်ကဆိုသည်။

အာဘောက်က အထူးအမိန့်တစ်ရပ်ထုတ်ပြန်ခဲ့ကာ နေအိမ်များကို အရောင်းဈေးကွက်တင်ခဲ့၏။

နေအိမ်များမှာ အလွန်ဆိုးရွားစွာ ပျက်စီးနေစေကာမူ စတင်ရောင်းချချိန်တွင်ပင် နေအိမ် ၃ လုံးရောင်းထွက်ခဲ့ပြီး ရုရှားနှင့် သြစတေးလျအပါအဝင် ကမ္ဘာတစ်ဝန်းမှ ဝယ်လက် ၁၀၀ ကျော်က ဝယ်ယူရန် ဆက်သွယ်လာခဲ့ကြသည်ဟု ဆိုသည်။

ဝယ်လက်များက နေအိမ်များကို ပြုပြင်မွမ်းမံလာကြလျှင် အလုပ်အကိုင်သစ်များ ဖန်တီးပေးနိုင်မည်ဖြစ်ပြီး ဒေသတွင်းစီးပွားရေး ပြန်လည်ရှင်သန်လာမည်ဟု အာဘောက်က ယုံကြည်လျက်ရှိသည်။

နေအိမ်ပထမဆုံးဝယ်ယူခဲ့သူမှာ ဆောက်လုပ်ရေးလုပ်ငန်းရှင်ဟောင်းတစ်ဦးဖြစ်သူ ဗီတို ကာဆူလာဖြစ်ပြီး ၂ ထပ်နေအိမ်တစ်လုံးကို ကက်ပက်ချီနို ကော်ဖီတစ်ခွက်ဖိုးပင်မရှိသော ဈေးနှုန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ကာဆူလာက သူ၏နေအိမ်ကို သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်မည့်ပစ္စည်းများအသုံးပြုကာ ပြန်လည်မွမ်းမံခဲ့ပြီး ပရိဘောဂများကိုလည်း အဟောင်းများကိုသာ ပြန်လည်အသုံးပြုခဲ့သည်။

“ဒီဒေသလေးဟာ ဆိတ်ငြိမ်အေးချမ်းပြီး ကျန်းမာရေးအတွက် အထူးကောင်းမွန်တဲ့နေရာပါ။ စိတ်ဖိစီးမှုတွေများပြီး အနားယူဖို့လိုတဲ့သူတွေအနေနဲ့ ဒီရွာလေးမှာ လာနေကြဖို့ ကျွန်တော်ထောက်ခံတိုက်တွန်းပါတယ်” ဟု ကာဆူလာက ဆိုသည်။

ကာဆူလာတွင် ယခင်က အရိုးအဆစ်များကိုက်ခဲသည့် ဝေဒနာကို နှစ်ရှည်လများ ခံစားခဲ့ရသည်။

“အခုဆိုရင် ကျွန်တော့် အရိုးတွေ၊ ကျောတွေ ကိုက်ခဲမှု လုံးဝမရှိတော့ပါဘူး။ လတ်ဆတ်တဲ့လေ၊ မြူခိုးအညစ်အကြေးမရှိတာနဲ့ စိမ်းလန်းသာယာတဲ့ ရှုခင်းတွေက ရောဂါကုစားနိုင်တဲ့စွမ်းအား အလွန်ကြီးမားပါတယ်”
“ဒေသခံတွေက ပွင့်လင်းဖော်ရွေကြတယ်။ ဒီကိုလာတဲ့သူတွေဟာ ကိုယ့်ဇာတိချက်မြှုပ်ကို ပြန်လာရသလို ခံစားကြရမှာ အမှန်ပါပဲ။ အရက်ဘားထဲဝင်သွားရင် နေ့လည်စာစားဖို့၊ ညစာစားဖို့ အမြဲဖိတ်ခေါ်ကြလေ့ရှိတယ်”
ကော်ဖီဖြင့် ပြုလုပ်သောကိတ်မုန့်၊ ဗာဒံစေ့၊ သစ်အယ်သီး၊ စပျစ်သီးခြောက်၊ စပျစ်ဖျော်ရည်များ အလွန်ပေါများလှသည်။

ဒေသတွင်းပွဲတော်တစ်မျိုးကျင်းပလေ့ရှိရာ ပါဝင်မည့်သူတို့သည် ဆိတ်ဦးခေါင်းဟန် ဦးချိုပါသည့် မျက်နှာဖုံးများ၊ သားမွေး၊ ခေါင်းလောင်းများဝတ်ဆင်ကိုင်ဆောင်ကာ ပါဝင်ကြရသည်။

သို့မဟုတ် ပန်းပွင့်များထိုးထားသည့် မျက်နှာဖုံးမျိုး တပ်ဆင်ကြ၏။ ယင်းမျက်နှာဖုံးမှာ ရှင်သန်ခြင်းနှင့် သေခြင်းတရားကို ကိုယ်စားပြုသည်ဟု ဆိုသည်။

အနီးရှိ မီတာ ၁၂၀၀ မြင့်မားသော “နိုဒူ ဒီ ဆာချီဆော်ဂူ” (ရတနာကျောက်တောင်ဟုအဓိပ္ပာယ်ရ) တောင်ကြီးမှာလည်း ကျွန်း၏ ဝန်းကျင်ကို ၃၆၀ ဒီဂရီ ကြည့်ရှုနိုင်သည့်မြင်ကွင်းရှိသည်။

ကမ်းခြေဘေးတွင်မဟုတ်သော်လည်း တစ်နာရီခန့် ကားမောင်းသွားရုံဖြင့် ရေငုပ်ရန် အလွန်ကောင်းမွန်သည့်နေရာသို့ ရောက်ရှိနိုင်သည်။

ရောက်ရှိလာမည့်ဧည့်သည်များကိုမူ ဒေသိယစကားများ နားလည်အောင်ကြိုးပမ်းရခြင်းဖြင့် အနည်းငယ်အလုပ်ရှုပ်စေမည် ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
အီတလီတွင် နေအိမ်ပေါင်း အလုံး ၂၀၀ ကို ၁ ဒေါ်လာကျော်ကျော်မျှဖြင့် ရောင်းချပေးနေပြီ - Property News in Myanmar from iMyanmarHouse.com
အီတလီတွင် နေအိမ်ပေါင်း အလုံး ၂၀၀ ကို ၁ ဒေါ်လာကျော်ကျော်မျှဖြင့် ရောင်းချပေးနေပြီ - Property News in Myanmar from iMyanmarHouse.com
အီတလီတွင် နေအိမ်ပေါင်း အလုံး ၂၀၀ ကို ၁ ဒေါ်လာကျော်ကျော်မျှဖြင့် ရောင်းချပေးနေပြီ - Property News in Myanmar from iMyanmarHouse.com
အီတလီတွင် နေအိမ်ပေါင်း အလုံး ၂၀၀ ကို ၁ ဒေါ်လာကျော်ကျော်မျှဖြင့် ရောင်းချပေးနေပြီ - Property News in Myanmar from iMyanmarHouse.com
အီတလီတွင် နေအိမ်ပေါင်း အလုံး ၂၀၀ ကို ၁ ဒေါ်လာကျော်ကျော်မျှဖြင့် ရောင်းချပေးနေပြီ - Property News in Myanmar from iMyanmarHouse.com
အီတလီတွင် နေအိမ်ပေါင်း အလုံး ၂၀၀ ကို ၁ ဒေါ်လာကျော်ကျော်မျှဖြင့် ရောင်းချပေးနေပြီ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service