အင်္ဂလန်ထိပ်သီး Liverpool ကလပ်အသင်းအခြေစိုက်ရာ လီဗာပူးမြို့တွင် ဇနီးမောင်နှံ ၂ ဦးက နေအိမ်ဟောင်းတစ်လုံးကို ၁ ပေါင် (မြန်မာငွေ ၁၈၄၇ ကျပ်) ဖြင့် ဝယ်ယူကာ ပြုပြင်မွမ်းမံခဲ့သော နေအိမ် ယခုအခါ ပေါင် ၁၂၅၀၀၀ (မြန်မာငွေ သိန်း ၂၃၀၀ ကျော်) တန်ကြေးရှိနေပြီး များစွာမြတ်စွန်း
အင်္ဂလန်ထိပ်သီး Liverpool ကလပ်အသင်းအခြေစိုက်ရာ လီဗာပူးမြို့တွင် ဇနီးမောင်နှံ ၂ ဦးက နေအိမ်ဟောင်းတစ်လုံးကို ၁ ပေါင် (မြန်မာငွေ ၁၈၄၇ ကျပ်) ဖြင့် ဝယ်ယူကာ ပြုပြင်မွမ်းမံခဲ့သော နေအိမ် ယခုအခါ ပေါင် ၁၂၅၀၀၀ (မြန်မာငွေ သိန်း ၂၃၀၀ ကျော်) တန်ကြေးရှိနေပြီး များစွာမြတ်စွန်း - Property News in Myanmar from iMyanmarHouse.com
22 Aug 2019 12:48 pm တွင် တင်ခဲ့သည်
1053 ကြိမ် ကြည့်ရှု့ပြီး
### Zawgyi Version ###
### Unicode Version ###
အင်္ဂလန်ထိပ်သီး Liverpool ကလပ်အသင်းအခြေစိုက်ရာ လီဗာပူးမြို့တွင် ဇနီးမောင်နှံ ၂ ဦးသည် နေအိမ်ဟောင်းတစ်လုံးကို ၁ ပေါင် (မြန်မာငွေ ၁၈၄၇ ကျပ်) ဖြင့် ဝယ်ယူကာ ပြုပြင်မွမ်းမံခဲ့ရာ ယခုအခါ ပေါင် ၁၂၅၀၀၀ (မြန်မာငွေ သိန်း ၂၃၀၀ ကျော်) တန်ကြေးရှိနေပြီး များစွာမြတ်စွန်းနေပြီဖြစ်ကြောင်း အင်္ဂလန်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
မဲလ်နှင့် ရော့ဘ် ဟီလ်တန် ဖိလစ်ဟူသော လူငယ်ဇနီးမောင်နှံသည် လီဗာပူးမြို့တော် ကောင်စီထံမှ ပြီးခဲ့သော ဖေဖော်ဝါရီလအတွင်း ဟောင်းနွမ်းပျက်စီးနေသည့်နေအိမ်တစ်လုံးကို ၁ ပေါင်ဖြင့် ဝယ်ယူကာ ပေါင် ၄၀၀၀၀ သုံးစွဲကာ ပြုပြင်မွမ်းမံခဲ့ပြီး မိသားစုနေအိမ်အဖြစ် ပြောင်းလဲခဲ့ခြင်းဖြစ်သည်။
အဆိုပါနေအိမ်မှာ ယခုအခါ ပေါင် ၁၂၅၀၀၀ အထိ တန်ကြေးရှိနေသည်ကို သိလိုက်ရသောအခါ များစွာအံ့အားသင့်ခဲ့ရသည်ဟု ဆိုသည်။ လူသူမရှိသော ဖုန်းဆိုးတောကြီးသဖွယ်ဖြစ်နေသည့် အဆိုပါဒေသတွင် နေထိုင်ရသည့် အခက်အခဲများကို မဲလ်က ဗြိတိန်ရုပ်သံလိုင်း ဖြစ်သော Channel 4 မှ ထုတ်လွှင့်သည့် The £1 Houses: Britain's Cheapest Street အမည်ရှိ ရုပ်သံအစီအစဉ်တွင် ထုတ်ဖော် ပြောပြခဲ့သည်။
မဲလ်က ထုတ်ဖော်ပြောကြားရာတွင် အဆိုပါနေအိမ်မှ ညဖက်များတွင် အပြင်သို့ပင် မထွက်ရဲကြောင်း၊ ဒေသခံများမှာ မီးရှုးများဖောက်ခြင်း၊ လူသွားလမ်းများကို အိမ်သာသဖွယ် အသုံးပြုနေကြခြင်းတို့ကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မဲလ်က ဆက်လက်ပြောပြရာတွင် အကယ်၍ မွမ်းမံပြီးသွားသော နေအိမ်ကို ရောင်းချရန်သာ ဆုံးဖြတ်ခဲ့မည်ဆိုပါက မည်မျှရနိုင်မည်ကို စုံစမ်းကြည့်သောအခါ ပေါင် ၈၅၀၀၀ (မြန်မာငွေ သိန်း ၁၅၀၀ ကျော်) မြတ်စွန်းနေသည်ကို သိလိုက်ရသောအခါ များစွာအံ့အားသင့်မိကြောင်း ပြောပြသည်။
၂၀၁၃ ခုနှစ်အတွင်း လီဗာပူးမြို့၊ Webster Triangle အရပ်ရှိ နေအိမ်ပေါင်း ၁၀၀ ကျော်မှာ လူသူကင်းမဲ့ကာ ဖုန်းဆိုးတောသဖွယ် ဖြစ်သွားခဲ့သည်။
လီဗာပူးမြို့ကောင်စီက အဆိုပါဒေသကို ပြန်လည်အသက်ဝင်လာစေရန် ရည်ရွယ်ကာ ပထမဆုံးနေအိမ်ဝယ်ယူမည့်သူများကို နေအိမ်တစ်လုံးလျှင် ၁ ပေါင် (မြန်မာငွေ ၁၈၄၇ ကျပ်- သြဂုတ်လ ၂၁ ရက် ငွေလဲနှုန်းအရ) ဖြင့် ရောင်းချပေးခဲ့သည်။
၅ နှစ်အတွင်း ပြန်လည်ပြုပြင်မွမ်းမံရန် သဘောတူချက်ဖြင့် ၁ ပေါင်ဖြင့် ရောင်းချပေးခဲ့သော်လည်း နေအိမ်ပေါင်း ၁၃၈ လုံး ရောင်းချပေးခဲ့သည့်အနက် ၃၄ လုံးသာ အပြီးသတ်ပြုပြင်မွမ်းမံနိုင်သေးသည့် အခြေအနေရှိသေးသည်။
ပေါင် ၄၀၀၀၀ ခန့် သုံးစွဲကာ ပြုပြင်မွမ်းမံမှုများ ပြုလုပ်နိုင်ခဲ့ပြီးနောက် ပျော်ရွှင်ရသော်လည်း ယိုယွင်းနေသည့်နေအိမ်များစွာရှိနေသော လမ်းတွင် နေထိုင်ရသည့် ပကတိအခြေအနေများအပေါ် ရတက်မအေးဖြစ်မှုများလည်း ရှိနေသည်။
မဲလ်က ပြောကြားရာတွင် “ကျွန်မတို့အနေနဲ့ ဒီအိမ်ကို ရောင်းချင်တယ်ဆိုရင်တောင် လက်ရှိအချိန်မှာတော့ ရောင်းလို့ မရနိုင်လောက်သေးဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်မတို့အိမ်ဘေးမှာ လူနေတဲ့အိမ်တွေ မရှိသေးလို့ပါပဲ”ဟု ဆိုသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
ဇနီးဟောင်း အင်ဂျလီနာ ဂျိုလီ၏ အိမ်နှင့် အနည်းငယ်သာ ကွာဝေးသောအိမ်တွင် နေထိုင်လျက်ရှိသူ ဘရက်ပစ်၊ ကလေးများ အလည်လာလျှင် ဘရက်ပ
ဇနီးဟောင်း အင်ဂျလီနာ ဂျိုလီ၏ အိမ်နှင့် အနည်းငယ်သာ ကွာဝေးသောအိမ်တွင် နေထိုင်လျက်ရှိသူ ဘရက်ပစ်၊ ကလေးများ အလည်လာလျှင် ဘရက်ပ
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
thukha-garden-residence
taunggyi-garden-city
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service