ဗြိတိန်နိုင်ငံ ဝေလပြည်တွင် တိုက်ခန်းပေါင်း ၁၀ ခန်းပါ အဆောက်အအုံတစ်လုံး စတာလင် ၁ ပေါင်မျှဖြင့် အရောင်းဈေးကွက်ဝင်လာပြီး တစ်ခန်းလျှင် ၁၀ ပြား (pence) (မြန်မာငွေ ၁၉၇ ကျပ်) သာ ကျသင့်မည်

ဗြိတိန်နိုင်ငံ ဝေလပြည်တွင် တိုက်ခန်းပေါင်း ၁၀ ခန်းပါ အဆောက်အအုံတစ်လုံး စတာလင် ၁ ပေါင်မျှဖြင့် အရောင်းဈေးကွက်ဝင်လာပြီး တစ်ခန်းလျှင် ၁၀ ပြား (pence) (မြန်မာငွေ ၁၉၇ ကျပ်) သာ ကျသင့်မည် - Property News in Myanmar from iMyanmarHouse.com
14 May 2019 11:40 am တွင် တင်ခဲ့သည်
1261 ကြိမ် ကြည့်ရှု့ပြီး

ဗြိတိန်နိုင်ငံ ဝေလပြည်တွင် ရင်သပ်ရှုမောဖွယ် ကျေးလက်ရှုခင်းအလှများ ပိုင်ဆိုင်ထားသည့် အဆောက်အအုံကြီးတစ်ခုလုံးကို စတာလင် ၁ ပေါင်မျှဖြင့် အရောင်းဈေးကွက်တင်လာပြီး လူနေခန်းတစ်ခန်းလျှင် ၁၀ ပြား (pence) (မြန်မာငွေ ၁၉၇ ကျပ်) သာ ကျသင့်မည်ဖြစ်ကြောင်း အင်္ဂလန်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ရောင်းချမည့် အဆောက်အအုံကို Yr Hafan ဟု အမည်ပေးထားပြီး ကောင်းကင်ဘုံဟု အဓိပ္ပာယ်ရသည်။

ကောင်းကင်ဘုံအဆောက်အအုံကြီးသည် အချိုအချောင်လိုက်နေသူများအတွက် အမှန်တကယ် ကောင်းကင်ဘုံတစ်ခု ဖြစ်လာမည် ဖြစ်သည်။

အဆောက်အအုံတည်နေရာမှာ အင်္ဂလန်နိုင်ငံ အနောက်တောင်ပိုင်း၊ ဝေလပြည်၏ မြို့တော် ကာဒစ်ဖ်မှ အနောက်ဘက် မိုင် ၂၀ အကွာရှိ ဘရစ်ဒ်ဂန်းမြို့၊ ပန်တီဂေါ့ဂ် ကျေးရွာ၊ ကွတ်ခူးလမ်းပေါ်တွင် တည်ရှိသည်။

လေလံအရာရှိ မာ့ခ် မောရစ်ရှ်က ပြောကြားရာတွင် “ဒီအဆောက်အအုံရဲ့ ဈေးနှုန်းက ၁ ပေါင်ပါ။ ၁ ပေါင်နဲ့ စပြီး လေလံဆွဲဖို့ ကျွန်တော်ဖိတ်ခေါ်မှာပါ။ တကယ်လို့ ယှဉ်ပြိုင်လေလံဆွဲသူ မရှိဘူးဆိုရင် အခန်းတွေ အားလုံးကို စုစုပေါင်းတန်ဖိုး ၁ ပေါင်နဲ့ ရောင်းချပေးသွားမှာပါ” ဟု ပြောကြားသည်။

“ဟုတ်ပါတယ်။ တကယ်ပါ။ ယှဉ်ပြိုင်လေလံဆွဲသူမရှိရင် ခင်ဗျားအနေနဲ့ ၁ ပေါင်နဲ့ ရသွားမှာပါ”

အိပ်ခန်း ၁ ခန်းစီသာ ပါဝင်သည့် အဆိုပါလူနေခန်း ၁၀ ခုကို အိမ်ရာအသင်းတစ်ခုက ရောင်းချပေးခြင်းဖြစ်သည်။

လက်ရှိနေထိုင်သူမရှိသော အခန်းလွတ်များအဖြစ် အရောင်းဈေးကွက်တင်လာခြင်းဖြစ်ပြီး ယခင်က ဖျက်ဆီးမှုများ ခံခဲ့ရသော်လည်း ယခုအခါ လုံခြုံမှုရှိနေပြီဟု ဆိုသည်။

“လူနေခန်းတွေဟာ အခြေအနေအမျိုးမျိုးရှိနေပြီး တချို့အခန်းတွေက သစ်လွင်ကြတယ်။ မကြာသေးမီကမှ ထည့်သွင်းပေးထားတဲ့ ရေချိုးခန်း၊ မီးဖိုဆောင် ပါဝင်တာမျိုးတွေရှိပါတယ်။ အခန်းအားလုံးမှာ ဗဟိုအပူပေးစနစ်တွေကိုလည်း မကြာသေးမီကမှ ထည့်သွင်းပေးထားပါတယ်” ဝယ်လက်အနေဖြင့် ဝယ်ယူပြီးပါက ပြန်လည်အငှားချခြင်းမျိုး မပြုလုပ်မီတွင် ဗဟိုအပူပေးစနစ်နှင့် လျှပ်စစ်မီးပိုင်းများကို ကျွမ်းကျင်သူများ ခေါ်ယူကာ စစ်ဆေးရန် လိုအပ်မည်ဟု ဆိုသည်။

“နေအိမ်ပြင်ပ မွမ်းမံမှုတွေ လုပ်ဖို့တော့ လိုနေတယ်လို့ ကျွန်တော်တို့ကို ပြောကြားထားပါတယ်” ဟု မာ့ခ်မောရစ်ရှ်က ဆိုသည်။

အဆိုပါ အဆောက်အအုံကြီးကို ပြုပြင်မွမ်းမံမှုများ ပြုလုပ်ပြီးလျှင် ပြန်လည်အငှားချထားခြင်းဖြင့် ဝင်ငွေရနိုင်ကြောင်း၊ အခန်းအသီးသီးကို တစ်လလျှင် ငှားရမ်းခ ပေါင် ၂၅၀ ခန့်ဖြင့် အငှားချထားနိုင်ဖွယ်ရှိကြောင်း မာ့ခ်က သုံးသပ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...

(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...

နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်

ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ

ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ

ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

INNO CITY
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service