ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
### Zawgyi Version ###
အဂၤလန္ႏိုင္ငံအလယ္ပိုင္း ဘာမင္ဂမ္ျမိဳ႕၏ အေရွ႕ေတာင္ဘက္ Acocks Green ေဒသ၊ ေဒါက္ဂလပ္လမ္း ၊ အမွတ္ ၉၃ ရွိ စံအိမ္သည္ စတာလင္ေပါင္ ၁ ေပါင္ (ျမန္မာေငြ ၁၈၈၅ က်ပ္) မွ်ျဖင့္ ေလလံတင္ေရာင္းခ်ရန္ ေစ်းကြက္ဝင္လာခဲ့ဖူးသည္။
(မွတ္ခ်က္- အဆိုပါသတင္းကို iMyanmarHouse.com ဝက္ဘ္ဆိုက္ၾကီးတြင္ ေရးသားေဖာ္ျပခဲ့ျပီးျဖစ္ရာ https://www.imyanmarhouse.com/news/read/860480 အင္တာနက္လင့္ခ္တြင္ ျပန္လည္ဖတ္ရႈႏိုင္ပါသည္) ဝိတိုရိယဗိသုကာဟန္ျဖင့္ ေဆာက္လုပ္ထားေသာ ေနအိမ္တြင္ မူရင္းလက္ရာ ျမင္းမိုရ္ပိတ္ ပါဝင္သည့္ ဆင္ဝင္၊ ညီညီညာညာ တိျဖတ္ထားေသာ သစ္ပင္ျခံစည္းရိုးႏွင့္ ေဆးသစ္သုတ္ထားေသာ အိမ္ေရွ႕တံခါးတို႔ကို ေတြ႔ရမည္ ျဖစ္သည္။
သို႔ရာတြင္ ေနအိမ္အတြင္းတြင္ကား ဖရိုဖရဲ စိတ္ပ်က္ဖြယ္ အေျခအေနကို ေတြ႔ျမင္ရမည္ျဖစ္ကာ အမႈိက္ပံုမ်ား၊ ပ်က္စီးေနေသာ အိမ္သာခံု၊ ဖရိုဖရဲပ်က္စီးေနေသာ မီးဖိုေဆာင္တို႔ကို ေတြ႔ရမည္ ျဖစ္သည္။
ေျမညီထပ္တြင္ အဝင္ခန္းမ၊ မီးဖိုေဆာင္ႏွင့္ ဧည့္ခံခန္းမ ၂ ခုပါဝင္ျပီး ၁၉၃၀ ျပည့္လြန္ကာလမ်ားက လက္ရာ မီးလင္းဖိုမ်ားလည္း ပါဝင္သည္။
အိမ္ေရွ႕ခန္းတြင္ နံရံအျပင္သို႔ ခံုးထြက္ ေဆာက္လုပ္ထားသည့္ ၾကီးမားလွေသာ ျပတင္းေပါက္ၾကီးတစ္ခု ပါဝင္ျပီး၊ ေနာက္ဘက္ ဧည့္ခံ ခန္းမတြင္မူ ျပင္သစ္ျပတင္းေပါက္မ်ား တပ္ဆင္ေပးထားကာ ပန္းဥယ်ာဥ္ဘက္သို႔ မ်က္ႏွာမူထားသည္။
အေပၚထပ္မ်ားတြင္ အိပ္ခန္း ၃ ခန္း ပါဝင္သည့္အနက္ ၂ ခန္းတြင္ မူရင္းလက္ရာ သံၾကြပ္ မီးလင္းဖိုမ်ားႏွင့္ ေရခ်ဳိးခန္း ၁ ခန္းကို ေတြ႔ရသည္။
ေနအိမ္ေရွ႕ဘက္တြင္ ကြက္လပ္ငယ္တစ္ခုႏွင့္ ေနာက္ဘက္တြင္ ပန္းဥယ်ာဥ္တစ္ခု ပါဝင္သည္။ ေနအိမ္တည္ရွိရာလမ္းတြင္ ေစ်းဆိုင္မ်ားစြာရွိျပီး မီးရထားဘူတာရံုႏွင့္လည္း နီးကပ္ကာ ဘာမင္ဂမ္စင္တာႏွင့္ ၆ မိုင္ခန္႔သာ ေဝးကြာသည္။
အဆိုပါစံအိမ္သည္ ေစ်းကြက္သို႔ အနည္းဆံုးေစ်းျဖင့္ ေစ်းကြက္ဝင္လာခဲ့ေသာ္လည္း ယခုအခါ ေပါင္ ၁၈၀၀၀၀ ျဖင့္ ေရာင္းထြက္သြားျပီး ဝယ္လက္က မြမ္းမံမႈမ်ား ၾကီးမားစြာျပဳလုပ္သြားရန္ စီစဥ္ထားသည္။
SDL Auctions Bigwood မွ ေလလံအရာရွိ အင္ဒရူး ပါကားက ေျပာၾကားရာတြင္ “ဒီ အေဆာက္အအံုအတြက္ ေလလံယွဥ္ျပိဳင္မႈ ျပင္းထန္လိမ့္မွာျဖစ္ျပီး စိတ္ပ်က္စရာ ၾကံဳရလိမ့္မွာ မဟုတ္ဘူးဆိုတာ ကၽြန္ေတာ္တုိ႔ သိပါတယ္” ဟု ေျပာၾကားသည္။
ေနအိမ္၏ လက္ရွိ အေျခအေနမွာ အတန္ဆိုးရြားေနေသာ္လည္း သံၾကြပ္မီးလင္းဖို၊ အျပင္ခံုးျပတင္း အစရွိေသာ မူရင္းလက္ရာမ်ားမွာ ယေန႔တိုင္ အေကာင္းအတိုင္းရွိေနဆဲ ျဖစ္သည္။
“ပိုင္ရွင္သစ္ဟာ ဒီအေဆာက္အအံုကို မ်က္လွည့္ဆန္ဆန္ ျပဳျပင္မြမ္းမံျပီးတဲ့အခါ ဒီေန႔ ျမင္ေတြ႔ေနရတဲ့ ေျခာက္ျခားစရာ စံအိမ္ျမင္ကြင္းမ်ဳိးကေန မမွတ္မိႏိုင္ေလာက္ေအာင္ ေျပာင္းလဲသြားမယ္ဆိုတာ ေသခ်ာပါတယ္။ ”ဟု အင္ဒရူးပါကားက ျဖည့္စြက္ေျပာၾကားသည္။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
### Unicode Version ###
အင်္ဂလန်နိုင်ငံအလယ်ပိုင်း ဘာမင်ဂမ်မြို့၏ အရှေ့တောင်ဘက် Acocks Green ဒေသ၊ ဒေါက်ဂလပ်လမ်း ၊ အမှတ် ၉၃ ရှိ စံအိမ်သည် စတာလင်ပေါင် ၁ ပေါင် (မြန်မာငွေ ၁၈၈၅ ကျပ်) မျှဖြင့် လေလံတင်ရောင်းချရန် ဈေးကွက်ဝင်လာခဲ့ဖူးသည်။
(မှတ်ချက်- အဆိုပါသတင်းကို iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ရေးသားဖော်ပြခဲ့ပြီးဖြစ်ရာ https://www.imyanmarhouse.com/news/read/860480 အင်တာနက်လင့်ခ်တွင် ပြန်လည်ဖတ်ရှုနိုင်ပါသည်) ဝိတိုရိယဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသော နေအိမ်တွင် မူရင်းလက်ရာ မြင်းမိုရ်ပိတ် ပါဝင်သည့် ဆင်ဝင်၊ ညီညီညာညာ တိဖြတ်ထားသော သစ်ပင်ခြံစည်းရိုးနှင့် ဆေးသစ်သုတ်ထားသော အိမ်ရှေ့တံခါးတို့ကို တွေ့ရမည် ဖြစ်သည်။
သို့ရာတွင် နေအိမ်အတွင်းတွင်ကား ဖရိုဖရဲ စိတ်ပျက်ဖွယ် အခြေအနေကို တွေ့မြင်ရမည်ဖြစ်ကာ အမှိုက်ပုံများ၊ ပျက်စီးနေသော အိမ်သာခုံ၊ ဖရိုဖရဲပျက်စီးနေသော မီးဖိုဆောင်တို့ကို တွေ့ရမည် ဖြစ်သည်။
မြေညီထပ်တွင် အဝင်ခန်းမ၊ မီးဖိုဆောင်နှင့် ဧည့်ခံခန်းမ ၂ ခုပါဝင်ပြီး ၁၉၃၀ ပြည့်လွန်ကာလများက လက်ရာ မီးလင်းဖိုများလည်း ပါဝင်သည်။
အိမ်ရှေ့ခန်းတွင် နံရံအပြင်သို့ ခုံးထွက် ဆောက်လုပ်ထားသည့် ကြီးမားလှသော ပြတင်းပေါက်ကြီးတစ်ခု ပါဝင်ပြီး၊ နောက်ဘက် ဧည့်ခံ ခန်းမတွင်မူ ပြင်သစ်ပြတင်းပေါက်များ တပ်ဆင်ပေးထားကာ ပန်းဥယျာဉ်ဘက်သို့ မျက်နှာမူထားသည်။
အပေါ်ထပ်များတွင် အိပ်ခန်း ၃ ခန်း ပါဝင်သည့်အနက် ၂ ခန်းတွင် မူရင်းလက်ရာ သံကြွပ် မီးလင်းဖိုများနှင့် ရေချိုးခန်း ၁ ခန်းကို တွေ့ရသည်။
နေအိမ်ရှေ့ဘက်တွင် ကွက်လပ်ငယ်တစ်ခုနှင့် နောက်ဘက်တွင် ပန်းဥယျာဉ်တစ်ခု ပါဝင်သည်။ နေအိမ်တည်ရှိရာလမ်းတွင် ဈေးဆိုင်များစွာရှိပြီး မီးရထားဘူတာရုံနှင့်လည်း နီးကပ်ကာ ဘာမင်ဂမ်စင်တာနှင့် ၆ မိုင်ခန့်သာ ဝေးကွာသည်။
အဆိုပါစံအိမ်သည် ဈေးကွက်သို့ အနည်းဆုံးဈေးဖြင့် ဈေးကွက်ဝင်လာခဲ့သော်လည်း ယခုအခါ ပေါင် ၁၈၀၀၀၀ ဖြင့် ရောင်းထွက်သွားပြီး ဝယ်လက်က မွမ်းမံမှုများ ကြီးမားစွာပြုလုပ်သွားရန် စီစဉ်ထားသည်။
SDL Auctions Bigwood မှ လေလံအရာရှိ အင်ဒရူး ပါကားက ပြောကြားရာတွင် “ဒီ အဆောက်အအုံအတွက် လေလံယှဉ်ပြိုင်မှု ပြင်းထန်လိမ့်မှာဖြစ်ပြီး စိတ်ပျက်စရာ ကြုံရလိမ့်မှာ မဟုတ်ဘူးဆိုတာ ကျွန်တော်တို့ သိပါတယ်” ဟု ပြောကြားသည်။
နေအိမ်၏ လက်ရှိ အခြေအနေမှာ အတန်ဆိုးရွားနေသော်လည်း သံကြွပ်မီးလင်းဖို၊ အပြင်ခုံးပြတင်း အစရှိသော မူရင်းလက်ရာများမှာ ယနေ့တိုင် အကောင်းအတိုင်းရှိနေဆဲ ဖြစ်သည်။
“ပိုင်ရှင်သစ်ဟာ ဒီအဆောက်အအုံကို မျက်လှည့်ဆန်ဆန် ပြုပြင်မွမ်းမံပြီးတဲ့အခါ ဒီနေ့ မြင်တွေ့နေရတဲ့ ခြောက်ခြားစရာ စံအိမ်မြင်ကွင်းမျိုးကနေ မမှတ်မိနိုင်လောက်အောင် ပြောင်းလဲသွားမယ်ဆိုတာ သေချာပါတယ်။ ”ဟု အင်ဒရူးပါကားက ဖြည့်စွက်ပြောကြားသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)