အေမရိကန္ျပည္၊ ေဂ်ာ္ဂ်ီယာျပည္နယ္တြင္ ေနအိမ္တစ္လံုးကို ၁ ေဒၚလာ (ျမန္မာေငြ ၁၅၃၃ က်ပ္) မွ်ျဖင့္ အမွန္တကယ္ ဝယ္ယူရရွိႏိုင္ျပီ

အေမရိကန္ျပည္၊ ေဂ်ာ္ဂ်ီယာျပည္နယ္တြင္ ေနအိမ္တစ္လံုးကို ၁ ေဒၚလာ (ျမန္မာေငြ ၁၅၃၃ က်ပ္) မွ်ျဖင့္ အမွန္တကယ္ ဝယ္ယူရရွိႏိုင္ျပီ - Property News in Myanmar from iMyanmarHouse.com
18 Oct 2019 11:41 am တွင် တင်ခဲ့သည်
2109 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

ေနအိမ္တစ္လံုးကို ေရာင္းစြံေအာင္လုပ္ရသည္မွာ မလြယ္လွပါ။ အလြန္ခက္ပါသည္။

အေမရိကန္ျပည္၊ ေဂ်ာ္ဂ်ီယာျပည္နယ္၊ ေဟာကင္းစ္ေဗးလ္ျမိဳ႕ကေလးတြင္ ေနအိမ္ကို ၄ ႏွစ္ၾကာ အေရာင္းေစ်းကြက္တင္ထားသည့္တိုင္ ေရာင္းမစြံေသာေၾကာင့္ ေနာက္ဆံုးတြင္ကား ေခၚေစ်းကို ၁ ေဒၚလာအထိ ေလွ်ာ့ခ်ေပးရန္ ဆံုးျဖတ္လိုက္ေလသည္။

ေဟာကင္းစ္ေဗးလ္ျမဳိ႕၊ ဒူးေလလမ္း၊ အမွတ္ ၂၃၅ ရွိ ေနအိမ္ကို ၂၀၁၅ ခုႏွစ္အတြင္းက အေရာင္းေစ်းကြက္တင္ခဲ့ရာတြင္ ကန္ေဒၚလာ ၈၀၀၀ (ျမန္မာေငြ ၁၂ သိန္း ၂ ေသာင္းခန္႔- ေအာက္တိုဘာ ၁၇ ရက္ေငြလဲႏႈန္း ကန္ ၁ ေဒၚလာလွ်င္ ျမန္မာေငြ ၁၅၃၁ က်ပ္) ျဖင့္ ေစ်းေခၚခဲ့သည္။

အိပ္ခန္း ၂ ခန္း၊ ေရခ်ဳိးခန္း ၁ ခန္း ပါဝင္ေသာ္လည္း ေဟာင္းႏြမ္းအိုမင္းေနျပီျဖစ္သည့္ အဆိုပါေနအိမ္၏ တန္ေၾကးမွာ ကန္ေဒၚလာ ၁၅၃၂၀ ခန္႔ရွိသည္ဟု ခန္႔မွန္းၾကရာ သူ၏ ေစ်းကြက္တင္ေခၚေစ်းမွာ အလြန္တန္လွသည္ဟု ဆိုရမည္ျဖစ္သည့္တိုင္ ဝယ္လက္တစ္ဦး ကိုမွ် ဆြဲေဆာင္ႏိုင္ျခင္းမရိွခဲ့ေခ်။

ထို႔ေၾကာင့္ ေရာင္းထြက္ႏိုင္ေစရန္ အေဆာတလ်င္ၾကိဳးပမ္းခ်က္တစ္ရပ္အေနျဖင့္ ေခၚေစ်းကို ၁ ေဒၚလာအထိ ေလွ်ာ့ခ်ေပးရန္ ဆံုးျဖတ္လိုက္ျခင္းလည္း ျဖစ္သည္။

အဆိုပါေနအိမ္ကို ဘတ္တလာခရိုင္ ေစာင့္ေရွာက္ေရးေဂဟာက ပိုင္ဆိုင္ထားျခင္းျဖစ္ျပီး အၾကီးအကဲတစ္ဦးျဖစ္သူ စင္ဒီကာပန္တာက ေစ်းကြက္တင္ေပးျခင္း ျဖစ္သည္။

“ကၽြန္မမွာ ရူးႏွမ္းႏွမ္းစိတ္ကူးတစ္မ်ဳိးေတာင္ေပၚတယ္။ သတင္းစာမွာ စာမ်က္ႏွာ ေလးပံုတစ္ပံုေလာက္ ေနရာယူျပီး ဒီအိမ္ကို ၁ ေဒၚလာနဲ႔ ေရာင္းမယ္လို႔ ေၾကာ္ျငာထည့္တာမ်ဳိး လုပ္ရေကာင္းမလားလို႔” ဟု စင္ဒီ ကာပန္တာက ဘတ္တလာခရိုင္ အေျခစိုက္ Journal-News သတင္းဌာနသို႔ ေျပာၾကားသည္။

“ဒီအိမ္က ေလလံပြဲမွာ ေရာင္းတာမ်ဳိးမဟုတ္ေတာ့ ရွင္တို႔မွာေကာ အိမ္ေရာင္းထြက္ေအာင္ ဘယ္လိုလုပ္ရမယ္ဆိုတဲ့ စိတ္ကူးမ်ဳိးမရွိဘူးလား” အဆိုပါေနအိမ္ ၁ ေဒၚလာျဖင့္ အေရာင္းေစ်းကြက္ဝင္ရလာပံုမွာလည္း အနည္းငယ္ ထူးဆန္းသည္။

အမ်ဳိးသမီးတစ္ဦးသည္ အိုဟိုင္းအိုးျပည္နယ္ ၊ ဘတ္တလာခရိုင္သို႔ သမီးမ်ားႏွင့္အတူ ေျပာင္းေရႊ႕လာခဲ့သည္။

အဆိုပါေနရာသည္ စင္စင္နတီ၏ ေျမာက္ဘက္ မိုင္ ၄၀ မွ်သာ ေဝးကြာေသာေနရာျဖစ္သည္။

ထိုေဒသတြင္ ၃ ႏွစ္ခန္႔ ေနထိုင္ခဲ့ျပီးေနာက္ ခရိုင္က ကြပ္ကဲေနေသာ ေစာင့္ေရွာက္ေရးေဂဟာသို႔ ေရာက္ရွိေနထိုင္ခဲ့ၾကရသည္။

သို႔ရာတြင္ အဆိုပါအမ်ဳိးသမီးက ေဟာကင္းစ္ေဗးလ္တြင္ ေနအိမ္ပိုင္ဆိုင္ထားဆဲျဖစ္ေသာေၾကာင့္ က်န္းမာေရးေစာင့္ေရွာက္မႈ အကူအညီရယူရန္ ျငင္းပယ္ခဲ့သည္။

ထိုသို႔ ျငင္းပယ္ခဲ့ျပီးေနာက္ပိုင္း ၎တို႔ သားအမိမ်ား၏ ေဆးဝါးကုသစရိတ္မွာ ကန္ေဒၚလာ ၅၀၀၀၀ ခန္႔အထိ က်သင့္ခဲ့ရာ ဘတ္တလာခရိုင္ ေစာင့္ေရွာက္ေရးေဂဟာမွ ဒါရိုက္တာ ခ်ပ္ခ္ ဒီမီဒိုဗစ္ခ်္က သူမ၏ ေနအိမ္ကို ကန္ေဒၚလာ ၁၈၀၀၀ ျဖင့္ ဝယ္ယူရန္ ကမ္းလွမ္းေပးခဲ့သည္။

ယင္းသို႔ဆိုလွ်င္ အဆိုပါအမ်ဳိးသမီးအေနျဖင့္ ေဆးဝါေစာင့္ေရွာက္မႈ ခံစားခြင့္မ်ား ရရွိလာမည္ ျဖစ္သည္။

ေဂဟာက ဝယ္ယူျပီးေနာက္ အဆိုပါေနအိမ္ကို ျပန္လည္ဝယ္ယူမည့္သူမရွိခဲ့ရာ တစ္ႏွစ္လွ်င္ ကန္ေဒၚလာ ၂၀၀ ခန္႔ အခြန္ေဆာင္ေပးေနရသည္။

သုိ႔အတြက္ ၂၀၁၅ ခုႏွစ္အတြင္း ကန္ေဒၚလာ ၁၀၀၀ မွ်ျဖင့္ ေနအိမ္ကို ေလလံတင္ေရာင္းခ်ခဲ့ေသာ္လည္း ဝယ္ယူမည့္သူ မရွိခဲ့ေခ်။

ခရိုင္အရာရွိမ်ားက ေနအိမ္ကို လက္ေဆာင္ေပးရန္ ၾကိိဳးပမ္းခဲ့ေသာ္လည္း ေဟာကင္းစ္ေဗးလ္ျမိဳ႕ ေကာင္စီက လက္မခံခဲ့။ သို႔ႏွင့္ ေနာက္ဆံုးတြင္ ခရိုင္အရာရွိမ်ားက ၁ ေဒၚလာျဖင့္ ေရာင္းခ်လွ်င္ ဝယ္လက္ရွာေတြ႔မည္ဟူေသာ ေမွ်ာ္လင့္ခ်က္ျဖင့္ ေစ်းကြက္တင္လာျခင္းလည္း ျဖစ္ေလသည္။

အကယ္၍ သင့္တြင္ ျမန္မာေငြ ၁၅၃၃ က်ပ္ ( ၁ ေဒၚလာ) ရွိသည္ဆိုပါက အဆိုပါအိမ္ကို အမွန္တကယ္ ဝယ္ယူႏိုင္ျပီ ျဖစ္ေလသည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

 

### Unicode Version ###

နေအိမ်တစ်လုံးကို ရောင်းစွံအောင်လုပ်ရသည်မှာ မလွယ်လှပါ။ အလွန်ခက်ပါသည်။

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်၊ ဟောကင်းစ်ဗေးလ်မြို့ကလေးတွင် နေအိမ်ကို ၄ နှစ်ကြာ အရောင်းဈေးကွက်တင်ထားသည့်တိုင် ရောင်းမစွံသောကြောင့် နောက်ဆုံးတွင်ကား ခေါ်ဈေးကို ၁ ဒေါ်လာအထိ လျှော့ချပေးရန် ဆုံးဖြတ်လိုက်လေသည်။

ဟောကင်းစ်ဗေးလ်မြို့၊ ဒူးလေလမ်း၊ အမှတ် ၂၃၅ ရှိ နေအိမ်ကို ၂၀၁၅ ခုနှစ်အတွင်းက အရောင်းဈေးကွက်တင်ခဲ့ရာတွင် ကန်ဒေါ်လာ ၈၀၀၀ (မြန်မာငွေ ၁၂ သိန်း ၂ သောင်းခန့်- အောက်တိုဘာ ၁၇ ရက်ငွေလဲနှုန်း ကန် ၁ ဒေါ်လာလျှင် မြန်မာငွေ ၁၅၃၁ ကျပ်) ဖြင့် ဈေးခေါ်ခဲ့သည်။

အိပ်ခန်း ၂ ခန်း၊ ရေချိုးခန်း ၁ ခန်း ပါဝင်သော်လည်း ဟောင်းနွမ်းအိုမင်းနေပြီဖြစ်သည့် အဆိုပါနေအိမ်၏ တန်ကြေးမှာ ကန်ဒေါ်လာ ၁၅၃၂၀ ခန့်ရှိသည်ဟု ခန့်မှန်းကြရာ သူ၏ ဈေးကွက်တင်ခေါ်ဈေးမှာ အလွန်တန်လှသည်ဟု ဆိုရမည်ဖြစ်သည့်တိုင် ဝယ်လက်တစ်ဦး ကိုမျှ ဆွဲဆောင်နိုင်ခြင်းမရှိခဲ့ချေ။

ထို့ကြောင့် ရောင်းထွက်နိုင်စေရန် အဆောတလျင်ကြိုးပမ်းချက်တစ်ရပ်အနေဖြင့် ခေါ်ဈေးကို ၁ ဒေါ်လာအထိ လျှော့ချပေးရန် ဆုံးဖြတ်လိုက်ခြင်းလည်း ဖြစ်သည်။

အဆိုပါနေအိမ်ကို ဘတ်တလာခရိုင် စောင့်ရှောက်ရေးဂေဟာက ပိုင်ဆိုင်ထားခြင်းဖြစ်ပြီး အကြီးအကဲတစ်ဦးဖြစ်သူ စင်ဒီကာပန်တာက ဈေးကွက်တင်ပေးခြင်း ဖြစ်သည်။

“ကျွန်မမှာ ရူးနှမ်းနှမ်းစိတ်ကူးတစ်မျိုးတောင်ပေါ်တယ်။ သတင်းစာမှာ စာမျက်နှာ လေးပုံတစ်ပုံလောက် နေရာယူပြီး ဒီအိမ်ကို ၁ ဒေါ်လာနဲ့ ရောင်းမယ်လို့ ကြော်ငြာထည့်တာမျိုး လုပ်ရကောင်းမလားလို့” ဟု စင်ဒီ ကာပန်တာက ဘတ်တလာခရိုင် အခြေစိုက် Journal-News သတင်းဌာနသို့ ပြောကြားသည်။

“ဒီအိမ်က လေလံပွဲမှာ ရောင်းတာမျိုးမဟုတ်တော့ ရှင်တို့မှာကော အိမ်ရောင်းထွက်အောင် ဘယ်လိုလုပ်ရမယ်ဆိုတဲ့ စိတ်ကူးမျိုးမရှိဘူးလား” အဆိုပါနေအိမ် ၁ ဒေါ်လာဖြင့် အရောင်းဈေးကွက်ဝင်ရလာပုံမှာလည်း အနည်းငယ် ထူးဆန်းသည်။

အမျိုးသမီးတစ်ဦးသည် အိုဟိုင်းအိုးပြည်နယ် ၊ ဘတ်တလာခရိုင်သို့ သမီးများနှင့်အတူ ပြောင်းရွှေ့လာခဲ့သည်။

အဆိုပါနေရာသည် စင်စင်နတီ၏ မြောက်ဘက် မိုင် ၄၀ မျှသာ ဝေးကွာသောနေရာဖြစ်သည်။

ထိုဒေသတွင် ၃ နှစ်ခန့် နေထိုင်ခဲ့ပြီးနောက် ခရိုင်က ကွပ်ကဲနေသော စောင့်ရှောက်ရေးဂေဟာသို့ ရောက်ရှိနေထိုင်ခဲ့ကြရသည်။

သို့ရာတွင် အဆိုပါအမျိုးသမီးက ဟောကင်းစ်ဗေးလ်တွင် နေအိမ်ပိုင်ဆိုင်ထားဆဲဖြစ်သောကြောင့် ကျန်းမာရေးစောင့်ရှောက်မှု အကူအညီရယူရန် ငြင်းပယ်ခဲ့သည်။

ထိုသို့ ငြင်းပယ်ခဲ့ပြီးနောက်ပိုင်း ၎င်းတို့ သားအမိများ၏ ဆေးဝါးကုသစရိတ်မှာ ကန်ဒေါ်လာ ၅၀၀၀၀ ခန့်အထိ ကျသင့်ခဲ့ရာ ဘတ်တလာခရိုင် စောင့်ရှောက်ရေးဂေဟာမှ ဒါရိုက်တာ ချပ်ခ် ဒီမီဒိုဗစ်ချ်က သူမ၏ နေအိမ်ကို ကန်ဒေါ်လာ ၁၈၀၀၀ ဖြင့် ဝယ်ယူရန် ကမ်းလှမ်းပေးခဲ့သည်။

ယင်းသို့ဆိုလျှင် အဆိုပါအမျိုးသမီးအနေဖြင့် ဆေးဝါစောင့်ရှောက်မှု ခံစားခွင့်များ ရရှိလာမည် ဖြစ်သည်။

ဂေဟာက ဝယ်ယူပြီးနောက် အဆိုပါနေအိမ်ကို ပြန်လည်ဝယ်ယူမည့်သူမရှိခဲ့ရာ တစ်နှစ်လျှင် ကန်ဒေါ်လာ ၂၀၀ ခန့် အခွန်ဆောင်ပေးနေရသည်။

သို့အတွက် ၂၀၁၅ ခုနှစ်အတွင်း ကန်ဒေါ်လာ ၁၀၀၀ မျှဖြင့် နေအိမ်ကို လေလံတင်ရောင်းချခဲ့သော်လည်း ဝယ်ယူမည့်သူ မရှိခဲ့ချေ။

ခရိုင်အရာရှိများက နေအိမ်ကို လက်ဆောင်ပေးရန် ကြိုးပမ်းခဲ့သော်လည်း ဟောကင်းစ်ဗေးလ်မြို့ ကောင်စီက လက်မခံခဲ့။ သို့နှင့် နောက်ဆုံးတွင် ခရိုင်အရာရှိများက ၁ ဒေါ်လာဖြင့် ရောင်းချလျှင် ဝယ်လက်ရှာတွေ့မည်ဟူသော မျှော်လင့်ချက်ဖြင့် ဈေးကွက်တင်လာခြင်းလည်း ဖြစ်လေသည်။

အကယ်၍ သင့်တွင် မြန်မာငွေ ၁၅၃၃ ကျပ် ( ၁ ဒေါ်လာ) ရှိသည်ဆိုပါက အဆိုပါအိမ်ကို အမှန်တကယ် ဝယ်ယူနိုင်ပြီ ဖြစ်လေသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service