ကမၻာေက်ာ္ သူေဌးၾကီးမ်ား အပန္းေျဖရာ ဒူဘိုင္းတြင္ တန္ဖုိးသင့္လူေနအိမ္မ်ား ေဆာက္လုပ္မႈဘက္သို႔ လားရာေျပာင္းလဲလ်က္ရွိ

ကမၻာေက်ာ္ သူေဌးၾကီးမ်ား အပန္းေျဖရာ ဒူဘိုင္းတြင္ တန္ဖုိးသင့္လူေနအိမ္မ်ား ေဆာက္လုပ္မႈဘက္သို႔ လားရာေျပာင္းလဲလ်က္ရွိ - Property News in Myanmar from iMyanmarHouse.com
6 Sep 2019 12:29 pm တွင် တင်ခဲ့သည်
1023 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

ဒူဘိုင္းအိမ္ျခံေျမေစ်းကြက္သည္ အေရြ႕သစ္တစ္ခုသို႔ ဦးတည္ေနျပီး ေဆာက္လုပ္မႈ၊ အေရာင္းအဝယ္ျဖစ္မႈ က႑မ်ားကို ၾကည့္မည္ဆိုလွ်င္ တန္ဖိုးၾကီးဇိမ္ခံလူေနအိမ္မ်ားမွသည္ တန္ဖုိးသင့္အိမ္ရာမ်ားဆီသို႔ မၾကာေသးမီႏွစ္မ်ားအတြင္း ေျပာင္းလဲလာေၾကာင္း အေရွ႕အလယ္ပိုင္းမွ ထိပ္တန္းအိမ္ျခံေျမ ဝက္ဘ္ဆိုက္တစ္ခုျဖစ္ေသာ Property Finder တြင္ ေဖာ္ျပသည္။

ကမၻာတစ္လႊားမွ ခ်မ္းသာၾကြယ္ဝေသာ သူေဌးၾကီးမ်ားစြာသည္ ဒူဘိုင္းတြင္ စံအိမ္မ်ားဝယ္ယူကာ အားလပ္ရက္ အပန္းေျဖေလ့ရွိၾကမႈ မ်ားေၾကာင့္ ဒူဘိုင္းသည္ တန္ဖုိးၾကီးဇိမ္ခံလူေနအိမ္မ်ား၏ အခ်က္အျခာအျဖစ္ ရပ္တည္ေနခဲ့သည္မွာ ၾကာျမင့္ခဲ့ျပီျဖစ္သည္။

သို႔ရာတြင္ ေစ်းကြက္၏လားရာအားမွာ ေျပာင္းလဲေနျပီျဖစ္ျပီး ဒူဘိုင္းအိမ္ျခံေျမမ်ားမွာ ယခင္ကေအာက္ ပိုမိုေစ်းသက္သာလာကာ ယခုအခါ ပထမဆံုးေနအိမ္ဝယ္မည့္သူမ်ားစြာအတြက္ လက္လွမ္းမီသည့္ အေျခအေနသို႔ ေရာက္ရွိလာသည္။

Property Finder ၏ လက္ေအာက္မွ အိမ္ျခံေျမအခ်က္အလက္ရွာေဖြေရး ပလက္ေဖာင္းတစ္ခုျဖစ္ေသာ Data Finder မွ အေရာင္းအဝယ္ အခ်က္အလက္မ်ားအရ ဇိမ္ခံလူေနအိမ္ေစ်းကြက္တြင္ ၾကိဳပြိဳင့္ႏွင့္ လူေနျပီးေနအိမ္ေဟာင္းက႑ ႏွစ္ရပ္လံုးတြင္ ေရာင္းခ်ရသည့္ကိန္းဂဏန္းမွာ ၂၀၁၆ ခုႏွစ္ကတည္းက ႏွစ္စဥ္က်ဆင္းလာေနသည္။

၂၀၁၉ ခုႏွစ္ ဇူလိုင္လကုန္အထိ အခ်က္အလက္မ်ားအရ အာရပ္ေငြ ၅ သန္း (ကန္ေဒၚလာ ၁ ဒသမ ၃၆ သန္း) ႏွင့္အထက္ တန္ေၾကးရွိ လူေနအိမ္ေပါင္း ၁၇၉ လံုး အေရာင္းအဝယ္ျဖစ္ခဲ့ျပီး အာရပ္ေငြ ၅ သန္းေအာက္ လူေနအိမ္မ်ား အေရာင္းအဝယ္ျဖစ္မႈမွာမူ ၁၂၄၀၃ အထိ ရွိခဲ့မႈႏွင့္ ႏႈိင္းယွဥ္ၾကည့္ႏိုင္သည္။

လူေနျပီး ေနအိမ္ေဟာင္း အေရာင္းအဝယ္ေစ်းကြက္တြင္ အာရပ္ေငြ ၅ သန္းအထက္ တန္ဖိုးရွိ ေနအိမ္ေပါင္း ၅၂၇ လံုးသာ ေရာင္းခဲ့ရျပီး ၅ သန္းေအာက္ ေနအိမ္မ်ား အေရာင္းအဝယ္ျဖစ္မႈမွာမူ ၈၇၇၂ အထိ ရွီခဲ့ေၾကာင္း Data Finder ၏ အခ်က္အလက္မ်ားတြင္ ေဖာ္ျပသည္။

ျပီးခဲ့ေသာ ၂၀၁၈ ခုႏွစ္အတြင္း အာရပ္ေငြ ၅ သန္းအထက္ တန္ေၾကးရွိ ေနအိမ္ ၂၄၁ လံုးသာ ၾကိဳပြိဳင့္အျဖစ္ ေရာင္းခ်ခဲ့ရေသာ္လည္း ၅ သန္းေအာက္ ၾကိဳပြိဳင့္ အေရာင္းအဝယ္ျဖစ္မႈမွာ ၁၇၂၃၅ အထိ ရွိခဲ့သည္။

“ျပီးခဲ့တဲ့ ႏွစ္အနည္းငယ္အတြင္း လူေနအိမ္ျခံေျမေစ်းကြက္မွာ တန္ဖိုးသင့္လူေနခန္းေဆာက္လုပ္တဲ့ဖက္ကို သိသိသာသာေျပာင္း သြားတယ္။ ဝယ္လိုအားကလည္း ေတာ္ေတာ္အားေကာင္းေနတယ္။ ဒါေၾကာင့္ ျပီးခဲ့တဲ့ႏွစ္အနည္းငယ္အတြင္း အိမ္ျခံေျမစီမံကိန္းေတြဟာ တန္ဖုိးသင့္က႑မွာပဲ ျဖစ္ေနခဲ့ပါတယ္”ဟု Property Finder မွ ဒါရိုက္တာ လင္းနက္ အဘက္ဒ္က ေျပာၾကားသည္။

 

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

ဒူဘိုင်းအိမ်ခြံမြေဈေးကွက်သည် အရွေ့သစ်တစ်ခုသို့ ဦးတည်နေပြီး ဆောက်လုပ်မှု၊ အရောင်းအဝယ်ဖြစ်မှု ကဏ္ဍများကို ကြည့်မည်ဆိုလျှင် တန်ဖိုးကြီးဇိမ်ခံလူနေအိမ်များမှသည် တန်ဖိုးသင့်အိမ်ရာများဆီသို့ မကြာသေးမီနှစ်များအတွင်း ပြောင်းလဲလာကြောင်း အရှေ့အလယ်ပိုင်းမှ ထိပ်တန်းအိမ်ခြံမြေ ဝက်ဘ်ဆိုက်တစ်ခုဖြစ်သော Property Finder တွင် ဖော်ပြသည်။

ကမ္ဘာတစ်လွှားမှ ချမ်းသာကြွယ်ဝသော သူဌေးကြီးများစွာသည် ဒူဘိုင်းတွင် စံအိမ်များဝယ်ယူကာ အားလပ်ရက် အပန်းဖြေလေ့ရှိကြမှု များကြောင့် ဒူဘိုင်းသည် တန်ဖိုးကြီးဇိမ်ခံလူနေအိမ်များ၏ အချက်အခြာအဖြစ် ရပ်တည်နေခဲ့သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သည်။

သို့ရာတွင် ဈေးကွက်၏လားရာအားမှာ ပြောင်းလဲနေပြီဖြစ်ပြီး ဒူဘိုင်းအိမ်ခြံမြေများမှာ ယခင်ကအောက် ပိုမိုဈေးသက်သာလာကာ ယခုအခါ ပထမဆုံးနေအိမ်ဝယ်မည့်သူများစွာအတွက် လက်လှမ်းမီသည့် အခြေအနေသို့ ရောက်ရှိလာသည်။

Property Finder ၏ လက်အောက်မှ အိမ်ခြံမြေအချက်အလက်ရှာဖွေရေး ပလက်ဖောင်းတစ်ခုဖြစ်သော Data Finder မှ အရောင်းအဝယ် အချက်အလက်များအရ ဇိမ်ခံလူနေအိမ်ဈေးကွက်တွင် ကြိုပွိုင့်နှင့် လူနေပြီးနေအိမ်ဟောင်းကဏ္ဍ နှစ်ရပ်လုံးတွင် ရောင်းချရသည့်ကိန်းဂဏန်းမှာ ၂၀၁၆ ခုနှစ်ကတည်းက နှစ်စဉ်ကျဆင်းလာနေသည်။

၂၀၁၉ ခုနှစ် ဇူလိုင်လကုန်အထိ အချက်အလက်များအရ အာရပ်ငွေ ၅ သန်း (ကန်ဒေါ်လာ ၁ ဒသမ ၃၆ သန်း) နှင့်အထက် တန်ကြေးရှိ လူနေအိမ်ပေါင်း ၁၇၉ လုံး အရောင်းအဝယ်ဖြစ်ခဲ့ပြီး အာရပ်ငွေ ၅ သန်းအောက် လူနေအိမ်များ အရောင်းအဝယ်ဖြစ်မှုမှာမူ ၁၂၄၀၃ အထိ ရှိခဲ့မှုနှင့် နှိုင်းယှဉ်ကြည့်နိုင်သည်။

လူနေပြီး နေအိမ်ဟောင်း အရောင်းအဝယ်ဈေးကွက်တွင် အာရပ်ငွေ ၅ သန်းအထက် တန်ဖိုးရှိ နေအိမ်ပေါင်း ၅၂၇ လုံးသာ ရောင်းခဲ့ရပြီး ၅ သန်းအောက် နေအိမ်များ အရောင်းအဝယ်ဖြစ်မှုမှာမူ ၈၇၇၂ အထိ ရှီခဲ့ကြောင်း Data Finder ၏ အချက်အလက်များတွင် ဖော်ပြသည်။

ပြီးခဲ့သော ၂၀၁၈ ခုနှစ်အတွင်း အာရပ်ငွေ ၅ သန်းအထက် တန်ကြေးရှိ နေအိမ် ၂၄၁ လုံးသာ ကြိုပွိုင့်အဖြစ် ရောင်းချခဲ့ရသော်လည်း ၅ သန်းအောက် ကြိုပွိုင့် အရောင်းအဝယ်ဖြစ်မှုမှာ ၁၇၂၃၅ အထိ ရှိခဲ့သည်။

“ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း လူနေအိမ်ခြံမြေဈေးကွက်မှာ တန်ဖိုးသင့်လူနေခန်းဆောက်လုပ်တဲ့ဖက်ကို သိသိသာသာပြောင်း သွားတယ်။ ဝယ်လိုအားကလည်း တော်တော်အားကောင်းနေတယ်။ ဒါကြောင့် ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း အိမ်ခြံမြေစီမံကိန်းတွေဟာ တန်ဖိုးသင့်ကဏ္ဍမှာပဲ ဖြစ်နေခဲ့ပါတယ်”ဟု Property Finder မှ ဒါရိုက်တာ လင်းနက် အဘက်ဒ်က ပြောကြားသည်။

 

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
Central Shop House
42 Mini Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service