အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်

အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ် - Property News in Myanmar from iMyanmarHouse.com
14 May 2025 11:29 am တွင် တင်ခဲ့သည်
4056 ကြိမ် ကြည့်ရှု့ပြီး

အီတလီတွင် ယခုနှစ်အတွင်း ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီးကို စတင်ဆောက်လုပ်ရန် စီစဉ်ထားကြောင်း အီတလီ အစိုးရက ထုတ်ပြန်သည်ဟု နယူးစ်ဝိခ် သတင်းတစ်ရပ်တွင် ဖော်ပြသည်။

Messina ရေလက်ကြားကို ဖြတ်ကျော်ကာ စစ္စလီကျွန်းနှင့် အီတလီ ကုန်းမကြီးတို့ကို ဆက်သွယ်ပေးမည့် တံတားဖြစ်ပြီး အလျား မီတာ ၃၃၀၀ (၁၀၈၂၆ ပေ) ရှိမည် ဖြစ်သည်။

သို့သော် အဆိုပါတံတား ဆောက်လုပ်မည့်နေရာမှာ ပြတ်ရွေ့ကြော (tectonic plate) လှုပ်ရှားမှှုရှိသော ဒေသဖြစ်သောကြောင့် ငလျင်များနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။

((သမိုင်းကြောင်း))

စစ္စလီကျွန်းကို အီတလီကုန်းမကြီးနှင့် ဆက်သွယ်မည့် စိတ်ကူးမှ ယခုမှ ထွက်ပေါ်လာခြင်း မဟုတ်။

ဘုရင် Charlemagne ကဲ့သို့ ရောမဧကရာဇ်များမှသည် နောက်ပိုင်း အီတလီအစိုးရအဆက်ဆက် ကြံဆခဲ့ဖူးသည်။

သို့သော် ကုန်ကျစရိတ်၊ အချိန်ကာလနှင့် ငလျင်ဒေသတွင် ဆောက်လုပ်ရမှု၏ စိန်ခေါ်မှုများကြောင့် အကောင်အထည်မဖော်ဖြစ်ခဲ့။

((ဆောက်လုပ်မှု ကုန်ကျစရိတ်))

အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာ မီလိုနီ လက်ထက်တွင်မူ ထိုစိတ်ကူးကို အကောင်အထည်ဖော်ရန် ကြိုးစားလာသည်။

မီလိုနီ အစိုးရအဖွဲ့မှ အခြေခံအဆောက်အအုံ ဝန်ကြီးဖြစ်သူ Matteo Salvini က Messina ရေလက်ကြားတံတားကို ဆောက်လုပ်ရန် ဆော်သြကြိုးပမ်းလာသည်။

တံတား၏ အလျားမှာ ၂ မိုင်ခန့်ရှိမည်ဖြစ်ပြီး ကားများအပြင် ရထားပါ ဖြတ်သန်းနိုင်ရန် ဆောက်လုပ်မည်ဖြစ်ကာ စစ္စလီကျွန်းမှ Torre Faro နှင့် ကုန်းမကြီးမှ Villa San Giovanni တို့ကို ဆက်သွယ်ပေးမည် ဖြစ်သည်။

နောက်ဆုံးခန့်မှန်းချက်များအရ စီမံကိန်းအတွက် ကုန်ကျငွေ ယူရို ၁၃ ဒသမ ၅ ဘီလီယံ (ကန်ဒေါ်လာ ၁၅ ဒသမ ၃ ဘီလီယံ) ခန့် ရှိနိုင်သည်ဟု ဆိုသည်။

ထိုကုန်ကျစရိတ်အနက်မှ အနည်းငယ်သောပမာဏကို ဥရောပသမဂ္ဂက ထောက်ပံ့ပေးမည်ဖြစ်သည်။

သို့သော် ယူရို ၂၅ သန်းသာ ထောက်ပံ့မည်ဖြစ်ရာ ဒီဇိုင်းဆွဲသည့် ကုန်ကျစရိတ်၏ ထက်ဝက်သာ ကာမိသည်ဟု ဆိုသည်။

တံတားဆောက်လုပ်မှုကို ယခုနှစ်ကုန်ပိုင်းတွင် စတင်နိုင်ရန် မျှော်မှန်းထားသည်။

အကယ်၍ ဆောက်လုပ်ပြီးစီးသွားမည်ဆိုပါက Strait of Messina တံတားသည် တူရကီမှ Canakkale တံတားကို ဖြတ်ကျော်ကာ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတား ဖြစ်လာမည် ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com 

Ref: World's Longest Suspension Bridge to Be Built Over Earthquake Fault Line

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...

အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service