ဂ်နီဖာလိုပက္ဇ္ႏွင့္ ယခုႏွစ္အတြင္း ေစ့စပ္လိုက္ျပီးေနာက္ အဲလက္စ္ ရိုဒရီဂြက္ဇ္က ေစ်းကြက္တင္ခဲ့ေသာ လူပ်ဳိဘဝေနအိမ္ ေရာင္းထြက္သြားျပီ

ဂ်နီဖာလိုပက္ဇ္ႏွင့္ ယခုႏွစ္အတြင္း ေစ့စပ္လိုက္ျပီးေနာက္ အဲလက္စ္ ရိုဒရီဂြက္ဇ္က ေစ်းကြက္တင္ခဲ့ေသာ လူပ်ဳိဘဝေနအိမ္ ေရာင္းထြက္သြားျပီ - Property News in Myanmar from iMyanmarHouse.com
2 Sep 2019 12:35 pm တွင် တင်ခဲ့သည်
902 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

New York Yankee ေဘ့စ္ေဘာအဖြဲ႔မွ ကစားသမားေဟာင္း အဲလက္စ္ရိုဒရီဂြက္ဇ္သည္ ဂ်နီဖာလိုပက္ဇ္ႏွင့္ ေစ့စပ္ကာ လက္တြဲလိုက္ျပီးေနာက္ ကယ္လီဖိုးနီးယားျပည္နယ္ရွိ စံအိမ္ႏွင့္ လမ္းခြဲလိုက္ျပီ ျဖစ္သည္။

ရိုဒရီဂြက္ဇ္သည္ အဆိုပါေနအိမ္ကို ရုပ္ရွင္သရုပ္ေဆာင္ Meryl Streep ထံမွ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

Meryl Streep သည္ ေအာ္စကာဆုေပါင္း ၂၁ ဆုအတြက္ အမည္စာရင္းတင္သြင္းခံခဲ့ရသူျဖစ္ျပီး ၃ ဆုရရွိထားသူ ျဖစ္သည္။

၁၉၅၄ ခုႏွစ္တြင္ ေဆာက္လုပ္ခဲ့ေသာေနအိမ္ျဖစ္ျပီး ေလာ့စ္အိန္ဂ်လိျမိဳ႕၊ ေဟာလိဝုဒ္ေဟးလ္အရပ္တြင္ တည္ရွိသည္။

ကန္ေဒၚလာ ၄ ဒသမ ၄ သန္းျဖင့္ ေရာင္းထြက္သြားျခင္းျဖစ္ကာ “သုေတသန စီမံကိန္းအိမ္”ဟုလည္း လူသိမ်ားသည္။

သုေတသနအိမ္မ်ားသည္ ေဆာက္လုပ္ေရးကုန္ပစၥည္းသစ္မ်ား၊ ဒီဇိုင္းနည္းလမ္းသစ္မ်ားအတြက္ စမ္းသပ္သည့္ေနအိမ္မ်ားျဖစ္ျပီး ယခုအခါ ရပ္ဆိုင္းသြားျပီျဖစ္ေသာ Arts & Architecture မဂၢဇင္းမွ ကမကထျပဳကာ ၁၉၄၅ ခုႏွစ္မွ ၁၉၆၆ ခုႏွစ္အၾကား ေဆာက္လုပ္ခဲ့ေသာ Case Study Houses မ်ားႏွင့္ သေဘာသြားျခင္း တူညီသည္။

ရိုဒရီဂြက္ဇ္၏ ေနအိမ္ကို ဒီဇိုင္နာ ဇိုရင္ ဘဲလ္ဘက္စ္က ၁၉၈၀ ျပည့္လြန္ႏွစ္မ်ားအတြင္း ျပန္လည္မြမ္းမံေပးခဲ့ေၾကာင္း Westside Estate Agency မွ အက်ဳိးေဆာင္ ကားလ္ ဂမ္ဘီႏိုက ေျပာၾကားသည္။

ေစ်းကြက္တင္မွတ္တမ္းအရ ေနအိမ္အက်ယ္အဝန္း ၃၇၀၀ စတုရန္းေပရွိကာ အိပ္ခန္း ၄ ခန္း၊ ေရခ်ဳိးခန္း ၃ ခန္း၊ ေရပူကန္၊ အိမ္တြင္းအိမ္ျပင္ မီးလင္းဖိုမ်ား ပါဝင္ေၾကာင္း သိရသည္။

အသက္ ၄၄ ႏွစ္ရွိျပီျဖစ္ေသာ မစၥတာ ရိုဒရီဂြက္ဇ္က ေဟာလိဝုဒ္ေဟးလ္ေနအိမ္ကို ျပီးခဲ့ေသာႏွစ္ ႏိုဝင္ဘာလအတြင္း ကန္ေဒၚလာ ၆ ဒသမ ၅ သန္းျဖင့္ ပထမဆံုးေစ်းကြက္တင္ခဲ့ျပီးေနာက္ ေရာင္းမထြက္ေသာေၾကာင့္ မတ္လအတြင္းတြင္ ကန္ေဒၚလာ ၅ ဒသမ ၂၅ သန္းသို႔ ေစ်းေလွ်ာ့ခ်ေပးခဲ့သည္။

(အဆိုပါ သတင္းကို iMyanmarHouse.com ဝက္ဘ္ဆိုက္ၾကီးတြင္ ေရးသားတင္ျပခဲ့ျပီးျဖစ္ရာ ျပန္လည္ဖတ္ရႈလိုပါက https://www.imyanmarhouse.com/news/read/814183 အင္တာနက္လင့္ခ္တြင္ ဖတ္ရႈႏိုင္ပါသည္)

PropertyShark က ေဖာ္ျပခ်က္အရ မစၥတာရိုဒရီဂြက္ဇ္သည္ အဆိုပါစံအိမ္ကို ၂၀၁၄ ခုႏွစ္အတြင္း ရုပ္ရွင္မင္းသမီး Meryl Streep ႏွင့္ ခင္ပြန္း ဒြန္ ဂမ္မာတို႔ထံမွ ကန္ေဒၚလာ ၄ ဒသမ ၈ သန္းျဖင့္ ဝယ္ယူခဲ့ေၾကာင္း ေဖာ္ျပသည္။

ယခုအေရာင္းအဝယ္တြင္ ဝယ္ယူသြားေသာ ဝယ္လက္မည္သူျဖစ္သည္ကိုမူ မသိရေသးေခ်။

မစၥတာ ရိုဒရီဂြက္ဇ္သည္ အေမရိကန္ ေမဂ်ာလိဂ္ ေဘ့စ္ေဘာတြင္ ၂၂ ရာသီ ကစားခဲ့ျပီး Yankees အသင္းတြင္ ပါဝင္ခဲ့မႈျဖင့္ ထင္ရွားကာ ၁၂ ရာသီ ပါဝင္ခဲ့သည္။ ရိုဒရီဂြက္ဇ္သည္ ေပါ့ပ္ဂီတၾကယ္ပြင့္၊ ရုပ္ရွင္မင္းသမီး ဂ်နီဖာလိုပက္ဇ္ႏွင့္ ယခုႏွစ္ မတ္လအတြင္း ေစ့စပ္ခဲ့သည္။

ျပီးခဲ့ေသာ ဇြန္လအတြင္းတြင္ ၎တို႔စံုတြဲသည္ နယူးေယာက္ျမိဳ ႔လယ္၊ မန္ဟက္တန္အရပ္ရွိ အမွတ္ ၄၃၂ ၊ ပန္းျခံရိပ္သာလမ္း မိုးေမွ်ာ္တိုက္ၾကီးမွ အိပ္ခန္း ၃ ခန္းပါ ကြန္ဒိုခန္းကို ကန္ေဒၚလာ ၁၅ ဒသမ ၇၅ သန္းျဖင့္ ေရာင္းခ်ခဲ့ေသးသည္။

(အဆိုပါသတင္းကိုလည္း iMyanmarHouse.com ဝက္ဘ္ဆိုက္ၾကီးတြင္ ေရးသားတင္ျပခဲ့ျပီးျဖစ္ရာ ျပန္လည္ဖတ္ရႈလိုပါက https://www.imyanmarhouse.com/news/read/797808 အင္တာနက္လင့္ခ္တြင္ ဖတ္ရႈႏိုင္ပါသည္)

လက္ရွိအားျဖင့္ ၎တို႔စံုတြဲမိသားစုအတြက္ ပိုမိုက်ယ္ဝန္းသည့္ စံအိမ္တစ္လံုး ဝယ္ယူရန္ ရွာေဖြလ်က္ရွိေနသည္။

 

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

New York Yankee ဘေ့စ်ဘောအဖွဲ့မှ ကစားသမားဟောင်း အဲလက်စ်ရိုဒရီဂွက်ဇ်သည် ဂျနီဖာလိုပက်ဇ်နှင့် စေ့စပ်ကာ လက်တွဲလိုက်ပြီးနောက် ကယ်လီဖိုးနီးယားပြည်နယ်ရှိ စံအိမ်နှင့် လမ်းခွဲလိုက်ပြီ ဖြစ်သည်။

ရိုဒရီဂွက်ဇ်သည် အဆိုပါနေအိမ်ကို ရုပ်ရှင်သရုပ်ဆောင် Meryl Streep ထံမှ ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

Meryl Streep သည် အော်စကာဆုပေါင်း ၂၁ ဆုအတွက် အမည်စာရင်းတင်သွင်းခံခဲ့ရသူဖြစ်ပြီး ၃ ဆုရရှိထားသူ ဖြစ်သည်။

၁၉၅၄ ခုနှစ်တွင် ဆောက်လုပ်ခဲ့သောနေအိမ်ဖြစ်ပြီး လော့စ်အိန်ဂျလိမြို့၊ ဟောလိဝုဒ်ဟေးလ်အရပ်တွင် တည်ရှိသည်။

ကန်ဒေါ်လာ ၄ ဒသမ ၄ သန်းဖြင့် ရောင်းထွက်သွားခြင်းဖြစ်ကာ “သုတေသန စီမံကိန်းအိမ်”ဟုလည်း လူသိများသည်။

သုတေသနအိမ်များသည် ဆောက်လုပ်ရေးကုန်ပစ္စည်းသစ်များ၊ ဒီဇိုင်းနည်းလမ်းသစ်များအတွက် စမ်းသပ်သည့်နေအိမ်များဖြစ်ပြီး ယခုအခါ ရပ်ဆိုင်းသွားပြီဖြစ်သော Arts & Architecture မဂ္ဂဇင်းမှ ကမကထပြုကာ ၁၉၄၅ ခုနှစ်မှ ၁၉၆၆ ခုနှစ်အကြား ဆောက်လုပ်ခဲ့သော Case Study Houses များနှင့် သဘောသွားခြင်း တူညီသည်။

ရိုဒရီဂွက်ဇ်၏ နေအိမ်ကို ဒီဇိုင်နာ ဇိုရင် ဘဲလ်ဘက်စ်က ၁၉၈၀ ပြည့်လွန်နှစ်များအတွင်း ပြန်လည်မွမ်းမံပေးခဲ့ကြောင်း Westside Estate Agency မှ အကျိုးဆောင် ကားလ် ဂမ်ဘီနိုက ပြောကြားသည်။

ဈေးကွက်တင်မှတ်တမ်းအရ နေအိမ်အကျယ်အဝန်း ၃၇၀၀ စတုရန်းပေရှိကာ အိပ်ခန်း ၄ ခန်း၊ ရေချိုးခန်း ၃ ခန်း၊ ရေပူကန်၊ အိမ်တွင်းအိမ်ပြင် မီးလင်းဖိုများ ပါဝင်ကြောင်း သိရသည်။

အသက် ၄၄ နှစ်ရှိပြီဖြစ်သော မစ္စတာ ရိုဒရီဂွက်ဇ်က ဟောလိဝုဒ်ဟေးလ်နေအိမ်ကို ပြီးခဲ့သောနှစ် နိုဝင်ဘာလအတွင်း ကန်ဒေါ်လာ ၆ ဒသမ ၅ သန်းဖြင့် ပထမဆုံးဈေးကွက်တင်ခဲ့ပြီးနောက် ရောင်းမထွက်သောကြောင့် မတ်လအတွင်းတွင် ကန်ဒေါ်လာ ၅ ဒသမ ၂၅ သန်းသို့ ဈေးလျှော့ချပေးခဲ့သည်။

(အဆိုပါ သတင်းကို iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ရေးသားတင်ပြခဲ့ပြီးဖြစ်ရာ ပြန်လည်ဖတ်ရှုလိုပါက https://www.imyanmarhouse.com/news/read/814183 အင်တာနက်လင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်)

PropertyShark က ဖော်ပြချက်အရ မစ္စတာရိုဒရီဂွက်ဇ်သည် အဆိုပါစံအိမ်ကို ၂၀၁၄ ခုနှစ်အတွင်း ရုပ်ရှင်မင်းသမီး Meryl Streep နှင့် ခင်ပွန်း ဒွန် ဂမ်မာတို့ထံမှ ကန်ဒေါ်လာ ၄ ဒသမ ၈ သန်းဖြင့် ဝယ်ယူခဲ့ကြောင်း ဖော်ပြသည်။

ယခုအရောင်းအဝယ်တွင် ဝယ်ယူသွားသော ဝယ်လက်မည်သူဖြစ်သည်ကိုမူ မသိရသေးချေ။

မစ္စတာ ရိုဒရီဂွက်ဇ်သည် အမေရိကန် မေဂျာလိဂ် ဘေ့စ်ဘောတွင် ၂၂ ရာသီ ကစားခဲ့ပြီး Yankees အသင်းတွင် ပါဝင်ခဲ့မှုဖြင့် ထင်ရှားကာ ၁၂ ရာသီ ပါဝင်ခဲ့သည်။ ရိုဒရီဂွက်ဇ်သည် ပေါ့ပ်ဂီတကြယ်ပွင့်၊ ရုပ်ရှင်မင်းသမီး ဂျနီဖာလိုပက်ဇ်နှင့် ယခုနှစ် မတ်လအတွင်း စေ့စပ်ခဲ့သည်။

ပြီးခဲ့သော ဇွန်လအတွင်းတွင် ၎င်းတို့စုံတွဲသည် နယူးယောက်မြို့လယ်၊ မန်ဟက်တန်အရပ်ရှိ အမှတ် ၄၃၂ ၊ ပန်းခြံရိပ်သာလမ်း မိုးမျှော်တိုက်ကြီးမှ အိပ်ခန်း ၃ ခန်းပါ ကွန်ဒိုခန်းကို ကန်ဒေါ်လာ ၁၅ ဒသမ ၇၅ သန်းဖြင့် ရောင်းချခဲ့သေးသည်။

(အဆိုပါသတင်းကိုလည်း iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ရေးသားတင်ပြခဲ့ပြီးဖြစ်ရာ ပြန်လည်ဖတ်ရှုလိုပါက https://www.imyanmarhouse.com/news/read/797808 အင်တာနက်လင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်)

လက်ရှိအားဖြင့် ၎င်းတို့စုံတွဲမိသားစုအတွက် ပိုမိုကျယ်ဝန်းသည့် စံအိမ်တစ်လုံး ဝယ်ယူရန် ရှာဖွေလျက်ရှိနေသည်။

 

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
CarsDB
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service