တရားႏိုင္သည့္ဒီကရီတြင္မပါဝင္ပါက ေျမကိုသာလက္ေရာက္ရျပီး အေဆာက္အအံုကို မရႏိုင္

တရားႏိုင္သည့္ဒီကရီတြင္မပါဝင္ပါက ေျမကိုသာလက္ေရာက္ရျပီး အေဆာက္အအံုကို မရႏိုင္ - Property Knowledge in Myanmar from iMyanmarHouse.com
12 Jul 2019 12:45 pm တွင် တင်ခဲ့သည်
5222 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

### Zawgyi Version ###

ကၽြန္ေတာ္၏ေက်ာင္းေနဖက္ မိတ္ေဆြျဖစ္သူ ဦးထြန္းထြန္းေအာင္က “ ေရွ႕ေနၾကီးေရ ၊ ဧည့္ဝတ္ျပဳခ်င္လို႕ပါ ခင္ဗ်ာ ။ စားေသာက္ရင္းနဲ႕ပဲ စကားေျပာၾကတာေပါ့ ” ဟု ဆိုသျဖင့္ ကၽြန္ေတာ္က “ ဟုတ္ကဲ့ပါဗ်ာ ။ မထင္မွတ္ဘဲ ခ်ိန္းဆိုလိုက္တာက ၊ အေၾကာင္းထူးမ်ား ရွိေနလို႕လာဟင္ ”ဟု ေမးသျဖင့္ သူက “ ရွိပါျပီေကာဗ်ာ သူငယ္ခ်င္းရဲ႕ အၾကံညဏ္ကို အထူးလိုအပ္ေနျပီေလ ” ဟု ဆို၍ ကၽြန္ေတာ္က စကားလမ္းေၾကာင္း ဖြင့္ေပးလိုက္ပါသည္။

ထိုအခါ သူက “ ဒီလိုပါ ၊ ကိုယ္နဲ႕ ျခံေျမကြက္ပိုင္ဆိုင္မႈအတြက္ ၊ အမႈျဖစ္ၾကတဲ့ ပုဂၢိဳလ္ေတြကိစၥကို ၊ သူငယ္ခ်င္းကိုေျပာျပထားဖူးပါတယ္ ၊ မွတ္မိလား မသိဘူး” ဟုဆိုသျဖင့္ ကၽြန္ေတာ္က “ဟာ မွတ္မိတာေပါ့ ၊ သူငယ္ခ်င္းပဲ ႏိုင္မယ္လို႕ေျပာခဲ့ေသးတာပဲ ၊ မႏိုင္ဘူးလား ” ဟု ေျပာသျဖင့္ သူက “ သူငယ္ခ်င္းေျပာသလို ကိုယ္ပဲအႏိုင္ရလိုက္ပါတယ္ ၊ ဒါေပမဲ့ သူတို႕က တရားရႈံးျဖစ္လို႕ ၊ တရားမက်င့္ထံုး ဥပေဒအမိန္႕ ၂၁ ၊ နည္း ၃၅(၁) အရ ၊ အေရႊ႕မေျပာင္းႏိုင္သည့္ပစၥည္းကို ေပးအပ္ရန္ ဒီကရီ ရရွိထားတဲ့ ကိုယ့္အား၊ ယင္းပစၥည္းအား လက္ေရာက္ေပးအပ္ရမွာျဖစ္တယ္ ၊ အခ်င္းျဖစ္ေျမကို တရားႏိုင္မ်ား လက္ဝယ္သို႕ ေပးအပ္ရမွာျဖစ္တဲ့အတြက္ တရားရႈံးတို႕သည္ အခ်င္းျဖစ္ေျမေပၚမွာ ေနထိုင္ခြင့္ မရွိပါ ၊ အခ်င္းျဖစ္ေျမေပၚရွိ အေဆာက္အအံုမွာ သူတို႕က မေျပာင္းေသးဘဲ ေနထိုင္ေနပါတယ္၊ အဲဒါနဲ႕ အႏိုင္ဒီကရီကို အတည္ျပဳေပးရန္ ထပ္ျပီး တရားရုံးမွာ ဇာရီဖြင့္ျပီး အတည္ျပဳခဲ့ပါတယ္ ၊ ကို္ယ့္အေနနဲ႕ တရားရႈံးေတြေနတဲ့ တစ္ထပ္တိုက္ အေဆာက္အအံုေလးကိုေရာ မရႏိုင္ဘူးလား၊ သိခ်င္လို႕ပါ ” ဟု အားတက္သေရာနွင့္ ေမးျမန္းလာပါသည္။

ထို႕ေၾကာင့္ ကၽြန္ေတာ္က “ ဒါကေတာ့ ၊ သူငယ္ခ်င္းျဖစ္တဲ့အမႈမွာ အႏိုင္ဒီကရီခ်ေပးထားကတဲက အခ်င္းျဖစ္ပြားေနတဲ့ ျခံေျမကြက္ကို တရားျပိဳင္မ်ားက တရားလိုျဖစ္တဲ့ သူငယ္ခ်င္း၏ လက္ဝယ္သို႕ေပးအပ္ေစရန္ စရိတ္နွင့္တကြ ၊ ဒီကရီခ်မွတ္ေပးလိုက္တာ မဟုတ္လား ၊ အဲဒိီေတာ့ ေျမကို လက္ေရာင္ေပးအပ္ရန္ ဒီကရီကို အတည္ျပဳရာ၌ ယင္းေျပေပၚတြင္ တရားရႈံးေဆာက္ထားေသာ အိမ္ကိုဖ်က္ယူသြားရန္ ဒီကရီ၌ မပါတဲ့အတြက္ ၊ သူငယ္ခ်င္းအေနနဲ႕ ၊အဲဒီတစ္ထပ္တိုက္အေဆာက္အအံုေလးကိုေတာ့ မရႏိုင္ပါဘူး ”

“ ဒါေပမဲ့ သူငယ္ခ်င္းအေနနဲ႕ သိပ္ျပီး နွစ္သက္ရင္ေတာ့ တရားရႈံးနဲ႕ ညိွႏိႈင္းလိုက္ရင္ ရႏိုင္ပါတယ္ ” “ ဒါေပမဲ့လည္း တရားရံႈးရဲက ဆႏၵေပၚမွာပဲ မူတည္ပါတယ္ ”

“ အခ်င္းျဖစ္ေျမေပၚရွိ အေဆာက္အအံုမွာ တရားရႈံးပိုင္ အေဆာက္အအံုျဖစ္ရာ ၊ တရားရႈံးတုိ႕အား ေျမေပၚရွိ အေဆာက္အအံုမွ ဖယ္ရွားျခင္းသည္ အခ်င္းျဖစ္ေျမအျပင္ တရားရႈံးပိုင္ အေဆာက္အအံုကိုပါ တရားႏိုင္တို႕အား ေပးအပ္သည္ဟု မဆိုႏိုင္ပါ ” “ ဒါေၾကာင့္ တရားရႈံးက ၄င္းပိုင္အေဆာက္အအံုကို ၄င္း၏ဆႏၵအေလ်ာက္ ဖ်က္၍သြားခြင့္ရွိပါတယ္ ” ဟု ေျပာသျဖင့္ ၊ သူက “ သူငယ္ခ်င္းရယ္ ၊ သူတုိ႕က သူတို႕ရဲ႕အေဆာက္အအံုကို မဖ်က္ေသးဘဲ ၊ ဒီအတိုင္းပဲ ထားေနရင္၊ ကိုယ္က ဘယ္လိုလုပ္ရမလဲ ၊ ကိုယ့္ဖာသာ ဖ်က္ဆီးလိုက္ရင္ေရာ ၊ ရမလားဟင္ ” ဟု ေမးလာပါသည္။

သို႕အတြက္ ကၽြန္ေတာ္က “ ဟာ ဒါေတာ့ သြားမလုပ္နဲ႕ ၊ ျပႆနာတက္သြားလိ့္မ္မယ္၊ ဆင္ဖိုးထက္ ခၽြန္းဖိုးကၾကီး ဆိုသလို ျဖစ္သြားဦးမယ္ ၊ နည္းလမ္းေတြရွိပါတယ္ သူငယ္ခ်င္းရယ္ ၊ တရားရႈံးက ဖ်က္ယူလိုသည့္ဆႏၵမရွိ၍ တရားနိုင္၊ တရားရႈံးတို႕ ညွိႏိႈင္းၾကမည္ဆိုပါက နွစ္ဦၤးနွစ္ဖက္ ညွိႏိႈင္းသေဘာတူသည့္အတိုင္း၊ ေဆာင္ရြက္ႏိုင္ပါတယ္၊ သေဘာကေတာ့ သူငယ္ခ်င္းက အဲဒီတစ္ထပ္တိုက္ေလကို ၾကိဳက္နွစ္သက္ေနေလေတာ့ သင့္ေတာ္တဲ့ တန္ဖိုးေပးျပီး ဝယ္ရမွာေပါ့ကြာ ၊ တရားရႈံးကလည္း အေဆာက္အအံုကု မျပီးေရြ႕သြားလို႕ မရႏိုင္ေတာ့ ၊ သူငယ္ခ်င္းနဲ႕ပဲ ေျပလည္ေအာင္လုပ္ေပးလိမ့္မယ္လို႕ ကိုယ္ထင္တယ္ေလ၊ ဒါနဲ႕ ဥပေဒေၾကာင္းအရ ဆက္ေျပာရရင္ အကယ္၍ တရားရႈံးက ဖ်က္သိမ္းျခင္းလည္းမျပဴ ၊ နွစ္ဦးနွစ္ဖက္ ညွိႏိႈင္း၍လည္း သေဘာတူညီခ်က္မရွိပါက တရားႏိုင္သျဖင့္ တရားရႈံးအေပၚ တရားႏိုင္ေျမေပၚတြင္ တည္ေဆာက္ထားသည့္အေဆာက္အအံုကိုဖ်က္ယူေစရန္အတြက္ တရားတေဘာင္ စြဲဆိုရန္ လိုအပ္ပါတယ္၊ အေဆာက္အအံုကို ဖ်က္သိမ္းရန္ ဒီကရီရရွိသည့္အခါမွ ၊ တရားရုံးက ဒီကရီကို အတည္ျပဳရာတြင္ ေျမေပၚရွိ အေဆာက္အအံုုကို ဖ်က္သိမ္းဖယ္ရွားႏိုင္မွာ ျဖစ္တယ္။ အဲဒီေတာ့မွ သူငယ္ခ်င္းဖာသာ ဖ်က္သိမ္းလို႕ ရမယ္ေလ ”

“ ေက်ာက္စိုက္နွင့္ အံုဟုတ္စိန္၊ ေအအိုင္အာ ၊ ၁၉၂၇ ခုနွစ္ ၊ ရန္ကုန္ ၊ စာ-၈၂ ” အမႈတြင္ ေျမကိုလက္္ေရာက္ေပးအပ္ရန္ ဒီကရီခ်မွတ္ရာ၌ ေျမေပၚရွိ တရားရႈံးး၏ အေဆာက္အအံုကို ဖ်က္ရန္ ညြန္ၾကားခြင့္ မရွိေၾကာင္း သံုးသပ္ျပီးေနာက္တရားရုံးက သတ္မွတ္ေပးသည့္ အခ်ိန္ကာလအတြင္း တရားရႈံးအား ၄င္း၏အိမ္ကို ဖ်က္ယူႏိုင္ရန္အတြက္ အခ်ိန္ေပးျခင္းအားျဖင့္ ဒီကရီကို အတည္ျပဳႏိုင္ေၾကာင္း ညႊန္ျပခဲ့တယ္ ”

“ တရားမက်င့္ထံုး ဥပေဒပုဒ္မ ၅၁ (က)အရ ဒီကရီကို အတည္ျပဳသည့္တရားရုံး၏ လုပ္ပိုင္ခြင့္တြင္ ဒီကရီခ်မွတ္ေသာပစၥည္းကို လက္ေရာက္ေပးအပ္ျခင္းျဖင့္ ဒီကရီကို အတည္ျပဳႏိုင္ေၾကာင္း ျပဌာန္းထားပါတယ္ ”

“ ဒါနဲ႕ သူငယ္ခ်င္းေျပာခဲ့တဲ့ တစ္ဖက္က အမႈသည္ေတြဟာ တရားရႈံးေသာ္လည္း ။ အေဆာက္အအံုမွာ မေျပာင္းေသးဘဲ ေနတယ္လို႕ ေျပာခဲ့တယ္ မဟုတ္လား ၊ ဒါကလည္း ဥပေဒနဲ႕အညီ ေျဖရွင္းလို႕ပါတယ္ ”

“ေဒၚေသာင္းညြန္႕နွင့္ ဦးသိန္းတင္ပါ ၂၊ ၂၀၀၁ ခုနွစ္ ၊ ျမန္မာႏိုင္ငံ တရားစီရင္ထံုးမ်ား ။ စာ- ၄၃၀ ” မွာ တရားႏိုင္ဦးသိန္းတင္နွင့္ ေဒၚျမတို႕က အယူခံတရားလို တရားရႈံး ဦးၾကည့္နွင့္ ေဒၚေသာင္းညြန္႕တို႕အေပၚသ ရန္ကုန္တိုင္း ၊ တာေမြျမိဳ႕နယ္ ၊ ေျမတိုင္းရပ္ကြက္အမွတ္ ၇၀ ၊ ေျမကြက္အမွတ္ ၁၇ ဟု ေခၚတြင္ေသာ ၁၆ ေပ x ၈၂ ေပ အက်ယ္အဝန္းရွိ ေျမကြက္ကို လက္ေရာက္ေပးအပ္ေစလိုမႈ စြဲဆိုရာ တိုင္းတရားရုံးက အယူခံတရားျပိဳင္မ်ား စြဲဆိုသည့္အတိုင္း အႏိုင္ဒီကရီ ခ်မွတ္ေပးခဲ့တယ္၊ တရားရုံးခ်ဳပ္က ၁၉၉၇ ခုနွစ္ တရားမ ပထမအယူခံအမွတ္ ၃၂ တြင္ တိုင္းတရားရုံး ဒီကရီကို အတည္ျပဳခဲ့တယ္ ”

“ တရားႏိုင္တို႕ ရရွိထားသည့္ ဒီကရီအရ တရားရႈံးတုိ႕က ၊ အခ်င္းျဖစ္ေျမကို တရားႏိုင္မ်ား၏ လက္ဝယ္သို႕ ေပးအပ္ရမည္ျဖစ္ရာ ၊ တရားရႈံးတို႕သည္ အခ်င္းျဖစ္ေျမေပၚတြင္ ေနထိုင္ခြင့္ မရွိေပ ။အခ်င္းျဖစ္ေျမေပၚရွိ အေဆာက္အအံုတြင္ ေနထိုင္ျခင္းသည္လည္း တရားႏိုင္ဒီကရီ ရရွိထားတဲ့ ေျမေပၚတြင္ ေနထိုင္ျခင္းပင္ ျဖစ္တယ္ ”

“ ဇာရီရုံးက တရားမက်င့္ထံုးဥပေဒအမိန္႕ ၂၁ ၊ နည္း ၃၅ (၁)အရ ၊ ဒီကရီကို အတည္ျပဳရာတြင္ အခ်င္းျဖစ္ေျမကို တရားႏိုင္အား လက္ေရာက္ေပးအပ္ရမွာျဖစ္တယ္၊ ထိုသို႕ လက္ေရာက္ေပးအပ္ရာတြင္ ဒီကရီအရ လိုက္နာရန္ တာဝန္ရွိ ျပီး ပစၥည္းမွ ေျပာင္းေရႊ႕ေပးရန္ ျငင္းဆန္သူအား ဖယ္ရွားႏိုင္မွာ ျဖစ္တယ္”

“အခ်င္းျဖစ္ေျမမွ ထြက္ခြားသြားရန္ျငင္းဆန္သူ တရားရႈံးအား၊ ဖယ္ရွားျခင္းသည္ တရားမက်င့္ထံုးဥပေဒအမိန္႕ ၂၁ ၊ နည္း ၃၅ (၁)ပါ ျပဌာန္းခ်က္နွင့္ အညီ ေဆာင္ရြက္ျခင္းျဖစ္၍ ဒီကရီကို ေက်ာ္လြန္ေဆာင္ရြက္ရာ မေရာက္ပါ ” “ ေဒၚေသာင္းညြန္႕ရဲ႕ အယူခံအား တရားရုံးခ်ဳပ္အထူးခံုရုံးက အထူးအယူခံမႈကို ေအာက္ပါအတိုင္း ျပင္ဆင္ခ်က္ျဖင့္ အတည္ျပဳလိုက္တယ္။

၁။ တရားရႈံးသည္ အခ်င္းျဖစ္ေျမေပၚရွိ အေဆာက္အအံုကို မိမိ၏ဆႏၵအေလ်ာက္ ဖ်က္ယူသြားႏိုင္တယ္၂။ အေဆာက္အအံုအတြက္ တရားႏိုင္နွင့္တရားရုံးတို႕ နွစ္ဦးနွစ္ဖက္ ညွိႏိႈင္းလိုပါက ၊ ညွိႏိႈင္းၾကျပီး နွစ္ဦးနွစ္ဖက္ သေဘာတူညီမႈ ရရွိလွ်င္ ယင္းသေဘာတူညီမႈအတိုင္း ေဆာင္ရြက္ေပးရန္။၃။ နွစ္ဦးနွစ္ဖက္ ညွိႏိႈင္းသေဘာတူညီမႈလည္းမရွိ ၊ တရားရႈံးက မိမိဆႏၵအေလ်ာက္ ၊ အေဆာက္အအံုကို ဖ်က္ယူျခင္းလည္းမျပလွ်င္ ၊ ဇာရီရုံးက တရားမက်င့္ထံုးဥပေဒအမိန္႕ ၂၁ ၊ နည္း ၃၅ (၁) အရ အခ်င္းျဖစ္ေျမကို တရားႏုိင္အား လက္ေရာက္ေပးအပ္ျခင္းျဖင့္ အတည္ျပဳရန္ ။၄။ တရားႏိုင္က တရားရႈံးကအခ်င္းျဖစ္ေျမေပၚမွ အေဆာက္အအံုကိုဖ်က္ယူေစလိုလို႕ ဆံုးျဖတ္လိုက္တယ္ ၊ သူငယ္ခ်င္း ”

Credit: ၾကယ္နီေလး(ဥပေဒ)

### Unicode Version ###

ကျွန်တော်၏ကျောင်းနေဖက် မိတ်ဆွေဖြစ်သူ ဦးထွန်းထွန်းအောင်က “ ရှေ့နေကြီးရေ ၊ ဧည့်ဝတ်ပြုချင်လို့ပါ ခင်ဗျာ ။ စားသောက်ရင်းနဲ့ပဲ စကားပြောကြတာပေါ့ ” ဟု ဆိုသဖြင့် ကျွန်တော်က “ ဟုတ်ကဲ့ပါဗျာ ။ မထင်မှတ်ဘဲ ချိန်းဆိုလိုက်တာက ၊ အကြောင်းထူးများ ရှိနေလို့လာဟင် ”ဟု မေးသဖြင့် သူက “ ရှိပါပြီကောဗျာ သူငယ်ချင်းရဲ့ အကြံညဏ်ကို အထူးလိုအပ်နေပြီလေ ” ဟု ဆို၍ ကျွန်တော်က စကားလမ်းကြောင်း ဖွင့်ပေးလိုက်ပါသည်။

ထိုအခါ သူက “ ဒီလိုပါ ၊ ကိုယ်နဲ့ ခြံမြေကွက်ပိုင်ဆိုင်မှုအတွက် ၊ အမှုဖြစ်ကြတဲ့ ပုဂ္ဂိုလ်တွေကိစ္စကို ၊ သူငယ်ချင်းကိုပြောပြထားဖူးပါတယ် ၊ မှတ်မိလား မသိဘူး” ဟုဆိုသဖြင့် ကျွန်တော်က “ဟာ မှတ်မိတာပေါ့ ၊ သူငယ်ချင်းပဲ နိုင်မယ်လို့ပြောခဲ့သေးတာပဲ ၊ မနိုင်ဘူးလား ” ဟု ပြောသဖြင့် သူက “ သူငယ်ချင်းပြောသလို ကိုယ်ပဲအနိုင်ရလိုက်ပါတယ် ၊ ဒါပေမဲ့ သူတို့က တရားရှုံးဖြစ်လို့ ၊ တရားမကျင့်ထုံး ဥပဒေအမိန့် ၂၁ ၊ နည်း ၃၅(၁) အရ ၊ အရွှေ့မပြောင်းနိုင်သည့်ပစ္စည်းကို ပေးအပ်ရန် ဒီကရီ ရရှိထားတဲ့ ကိုယ့်အား၊ ယင်းပစ္စည်းအား လက်ရောက်ပေးအပ်ရမှာဖြစ်တယ် ၊ အချင်းဖြစ်မြေကို တရားနိုင်များ လက်ဝယ်သို့ ပေးအပ်ရမှာဖြစ်တဲ့အတွက် တရားရှုံးတို့သည် အချင်းဖြစ်မြေပေါ်မှာ နေထိုင်ခွင့် မရှိပါ ၊ အချင်းဖြစ်မြေပေါ်ရှိ အဆောက်အအုံမှာ သူတို့က မပြောင်းသေးဘဲ နေထိုင်နေပါတယ်၊ အဲဒါနဲ့ အနိုင်ဒီကရီကို အတည်ပြုပေးရန် ထပ်ပြီး တရားရုံးမှာ ဇာရီဖွင့်ပြီး အတည်ပြုခဲ့ပါတယ် ၊ ကိုယ့်အနေနဲ့ တရားရှုံးတွေနေတဲ့ တစ်ထပ်တိုက် အဆောက်အအုံလေးကိုရော မရနိုင်ဘူးလား၊ သိချင်လို့ပါ ” ဟု အားတက်သရောနှင့် မေးမြန်းလာပါသည်။

ထို့ကြောင့် ကျွန်တော်က “ ဒါကတော့ ၊ သူငယ်ချင်းဖြစ်တဲ့အမှုမှာ အနိုင်ဒီကရီချပေးထားကတဲက အချင်းဖြစ်ပွားနေတဲ့ ခြံမြေကွက်ကို တရားပြိုင်များက တရားလိုဖြစ်တဲ့ သူငယ်ချင်း၏ လက်ဝယ်သို့ပေးအပ်စေရန် စရိတ်နှင့်တကွ ၊ ဒီကရီချမှတ်ပေးလိုက်တာ မဟုတ်လား ၊ အဲဒီတော့ မြေကို လက်ရောင်ပေးအပ်ရန် ဒီကရီကို အတည်ပြုရာ၌ ယင်းပြေပေါ်တွင် တရားရှုံးဆောက်ထားသော အိမ်ကိုဖျက်ယူသွားရန် ဒီကရီ၌ မပါတဲ့အတွက် ၊ သူငယ်ချင်းအနေနဲ့ ၊အဲဒီတစ်ထပ်တိုက်အဆောက်အအုံလေးကိုတော့ မရနိုင်ပါဘူး ”

“ ဒါပေမဲ့ သူငယ်ချင်းအနေနဲ့ သိပ်ပြီး နှစ်သက်ရင်တော့ တရားရှုံးနဲ့ ညှိနှိုင်းလိုက်ရင် ရနိုင်ပါတယ် ” “ ဒါပေမဲ့လည်း တရားရှုံးရဲက ဆန္ဒပေါ်မှာပဲ မူတည်ပါတယ် ”

“ အချင်းဖြစ်မြေပေါ်ရှိ အဆောက်အအုံမှာ တရားရှုံးပိုင် အဆောက်အအုံဖြစ်ရာ ၊ တရားရှုံးတို့အား မြေပေါ်ရှိ အဆောက်အအုံမှ ဖယ်ရှားခြင်းသည် အချင်းဖြစ်မြေအပြင် တရားရှုံးပိုင် အဆောက်အအုံကိုပါ တရားနိုင်တို့အား ပေးအပ်သည်ဟု မဆိုနိုင်ပါ ” “ ဒါကြောင့် တရားရှုံးက ၎င်းပိုင်အဆောက်အအုံကို ၎င်း၏ဆန္ဒအလျောက် ဖျက်၍သွားခွင့်ရှိပါတယ် ” ဟု ပြောသဖြင့် ၊ သူက “ သူငယ်ချင်းရယ် ၊ သူတို့က သူတို့ရဲ့အဆောက်အအုံကို မဖျက်သေးဘဲ ၊ ဒီအတိုင်းပဲ ထားနေရင်၊ ကိုယ်က ဘယ်လိုလုပ်ရမလဲ ၊ ကိုယ့်ဖာသာ ဖျက်ဆီးလိုက်ရင်ရော ၊ ရမလားဟင် ” ဟု မေးလာပါသည်။

သို့အတွက် ကျွန်တော်က “ ဟာ ဒါတော့ သွားမလုပ်နဲ့ ၊ ပြဿနာတက်သွားလိ့်မ်မယ်၊ ဆင်ဖိုးထက် ချွန်းဖိုးကကြီး ဆိုသလို ဖြစ်သွားဦးမယ် ၊ နည်းလမ်းတွေရှိပါတယ် သူငယ်ချင်းရယ် ၊ တရားရှုံးက ဖျက်ယူလိုသည့်ဆန္ဒမရှိ၍ တရားနိုင်၊ တရားရှုံးတို့ ညှိနှိုင်းကြမည်ဆိုပါက နှစ်ဦၤးနှစ်ဖက် ညှိနှိုင်းသဘောတူသည့်အတိုင်း၊ ဆောင်ရွက်နိုင်ပါတယ်၊ သဘောကတော့ သူငယ်ချင်းက အဲဒီတစ်ထပ်တိုက်လေကို ကြိုက်နှစ်သက်နေလေတော့ သင့်တော်တဲ့ တန်ဖိုးပေးပြီး ဝယ်ရမှာပေါ့ကွာ ၊ တရားရှုံးကလည်း အဆောက်အအုံကု မပြီးရွေ့သွားလို့ မရနိုင်တော့ ၊ သူငယ်ချင်းနဲ့ပဲ ပြေလည်အောင်လုပ်ပေးလိမ့်မယ်လို့ ကိုယ်ထင်တယ်လေ၊ ဒါနဲ့ ဥပဒေကြောင်းအရ ဆက်ပြောရရင် အကယ်၍ တရားရှုံးက ဖျက်သိမ်းခြင်းလည်းမပြူ ၊ နှစ်ဦးနှစ်ဖက် ညှိနှိုင်း၍လည်း သဘောတူညီချက်မရှိပါက တရားနိုင်သဖြင့် တရားရှုံးအပေါ် တရားနိုင်မြေပေါ်တွင် တည်ဆောက်ထားသည့်အဆောက်အအုံကိုဖျက်ယူစေရန်အတွက် တရားတဘောင် စွဲဆိုရန် လိုအပ်ပါတယ်၊ အဆောက်အအုံကို ဖျက်သိမ်းရန် ဒီကရီရရှိသည့်အခါမှ ၊ တရားရုံးက ဒီကရီကို အတည်ပြုရာတွင် မြေပေါ်ရှိ အဆောက်အအုံကို ဖျက်သိမ်းဖယ်ရှားနိုင်မှာ ဖြစ်တယ်။ အဲဒီတော့မှ သူငယ်ချင်းဖာသာ ဖျက်သိမ်းလို့ ရမယ်လေ ”

“ ကျောက်စိုက်နှင့် အုံဟုတ်စိန်၊ အေအိုင်အာ ၊ ၁၉၂၇ ခုနှစ် ၊ ရန်ကုန် ၊ စာ-၈၂ ” အမှုတွင် မြေကိုလက်ရောက်ပေးအပ်ရန် ဒီကရီချမှတ်ရာ၌ မြေပေါ်ရှိ တရားရှုံးး၏ အဆောက်အအုံကို ဖျက်ရန် ညွန်ကြားခွင့် မရှိကြောင်း သုံးသပ်ပြီးနောက်တရားရုံးက သတ်မှတ်ပေးသည့် အချိန်ကာလအတွင်း တရားရှုံးအား ၎င်း၏အိမ်ကို ဖျက်ယူနိုင်ရန်အတွက် အချိန်ပေးခြင်းအားဖြင့် ဒီကရီကို အတည်ပြုနိုင်ကြောင်း ညွှန်ပြခဲ့တယ် ”

“ တရားမကျင့်ထုံး ဥပဒေပုဒ်မ ၅၁ (က)အရ ဒီကရီကို အတည်ပြုသည့်တရားရုံး၏ လုပ်ပိုင်ခွင့်တွင် ဒီကရီချမှတ်သောပစ္စည်းကို လက်ရောက်ပေးအပ်ခြင်းဖြင့် ဒီကရီကို အတည်ပြုနိုင်ကြောင်း ပြဌာန်းထားပါတယ် ”

“ ဒါနဲ့ သူငယ်ချင်းပြောခဲ့တဲ့ တစ်ဖက်က အမှုသည်တွေဟာ တရားရှုံးသော်လည်း ။ အဆောက်အအုံမှာ မပြောင်းသေးဘဲ နေတယ်လို့ ပြောခဲ့တယ် မဟုတ်လား ၊ ဒါကလည်း ဥပဒေနဲ့အညီ ဖြေရှင်းလို့ပါတယ် ”

“ဒေါ်သောင်းညွန့်နှင့် ဦးသိန်းတင်ပါ ၂၊ ၂၀၀၁ ခုနှစ် ၊ မြန်မာနိုင်ငံ တရားစီရင်ထုံးများ ။ စာ- ၄၃၀ ” မှာ တရားနိုင်ဦးသိန်းတင်နှင့် ဒေါ်မြတို့က အယူခံတရားလို တရားရှုံး ဦးကြည့်နှင့် ဒေါ်သောင်းညွန့်တို့အပေါ်သ ရန်ကုန်တိုင်း ၊ တာမွေမြို့နယ် ၊ မြေတိုင်းရပ်ကွက်အမှတ် ၇၀ ၊ မြေကွက်အမှတ် ၁၇ ဟု ခေါ်တွင်သော ၁၆ ပေ x ၈၂ ပေ အကျယ်အဝန်းရှိ မြေကွက်ကို လက်ရောက်ပေးအပ်စေလိုမှု စွဲဆိုရာ တိုင်းတရားရုံးက အယူခံတရားပြိုင်များ စွဲဆိုသည့်အတိုင်း အနိုင်ဒီကရီ ချမှတ်ပေးခဲ့တယ်၊ တရားရုံးချုပ်က ၁၉၉၇ ခုနှစ် တရားမ ပထမအယူခံအမှတ် ၃၂ တွင် တိုင်းတရားရုံး ဒီကရီကို အတည်ပြုခဲ့တယ် ”

“ တရားနိုင်တို့ ရရှိထားသည့် ဒီကရီအရ တရားရှုံးတို့က ၊ အချင်းဖြစ်မြေကို တရားနိုင်များ၏ လက်ဝယ်သို့ ပေးအပ်ရမည်ဖြစ်ရာ ၊ တရားရှုံးတို့သည် အချင်းဖြစ်မြေပေါ်တွင် နေထိုင်ခွင့် မရှိပေ ။အချင်းဖြစ်မြေပေါ်ရှိ အဆောက်အအုံတွင် နေထိုင်ခြင်းသည်လည်း တရားနိုင်ဒီကရီ ရရှိထားတဲ့ မြေပေါ်တွင် နေထိုင်ခြင်းပင် ဖြစ်တယ် ”

“ ဇာရီရုံးက တရားမကျင့်ထုံးဥပဒေအမိန့် ၂၁ ၊ နည်း ၃၅ (၁)အရ ၊ ဒီကရီကို အတည်ပြုရာတွင် အချင်းဖြစ်မြေကို တရားနိုင်အား လက်ရောက်ပေးအပ်ရမှာဖြစ်တယ်၊ ထိုသို့ လက်ရောက်ပေးအပ်ရာတွင် ဒီကရီအရ လိုက်နာရန် တာဝန်ရှိ ပြီး ပစ္စည်းမှ ပြောင်းရွှေ့ပေးရန် ငြင်းဆန်သူအား ဖယ်ရှားနိုင်မှာ ဖြစ်တယ်”

“အချင်းဖြစ်မြေမှ ထွက်ခွားသွားရန်ငြင်းဆန်သူ တရားရှုံးအား၊ ဖယ်ရှားခြင်းသည် တရားမကျင့်ထုံးဥပဒေအမိန့် ၂၁ ၊ နည်း ၃၅ (၁)ပါ ပြဌာန်းချက်နှင့် အညီ ဆောင်ရွက်ခြင်းဖြစ်၍ ဒီကရီကို ကျော်လွန်ဆောင်ရွက်ရာ မရောက်ပါ ” “ ဒေါ်သောင်းညွန့်ရဲ့ အယူခံအား တရားရုံးချုပ်အထူးခုံရုံးက အထူးအယူခံမှုကို အောက်ပါအတိုင်း ပြင်ဆင်ချက်ဖြင့် အတည်ပြုလိုက်တယ်။

၁။ တရားရှုံးသည် အချင်းဖြစ်မြေပေါ်ရှိ အဆောက်အအုံကို မိမိ၏ဆန္ဒအလျောက် ဖျက်ယူသွားနိုင်တယ်၂။ အဆောက်အအုံအတွက် တရားနိုင်နှင့်တရားရုံးတို့ နှစ်ဦးနှစ်ဖက် ညှိနှိုင်းလိုပါက ၊ ညှိနှိုင်းကြပြီး နှစ်ဦးနှစ်ဖက် သဘောတူညီမှု ရရှိလျှင် ယင်းသဘောတူညီမှုအတိုင်း ဆောင်ရွက်ပေးရန်။၃။ နှစ်ဦးနှစ်ဖက် ညှိနှိုင်းသဘောတူညီမှုလည်းမရှိ ၊ တရားရှုံးက မိမိဆန္ဒအလျောက် ၊ အဆောက်အအုံကို ဖျက်ယူခြင်းလည်းမပြလျှင် ၊ ဇာရီရုံးက တရားမကျင့်ထုံးဥပဒေအမိန့် ၂၁ ၊ နည်း ၃၅ (၁) အရ အချင်းဖြစ်မြေကို တရားနိုင်အား လက်ရောက်ပေးအပ်ခြင်းဖြင့် အတည်ပြုရန် ။၄။ တရားနိုင်က တရားရှုံးကအချင်းဖြစ်မြေပေါ်မှ အဆောက်အအုံကိုဖျက်ယူစေလိုလို့ ဆုံးဖြတ်လိုက်တယ် ၊ သူငယ်ချင်း ”

Credit: ကြယ်နီလေး(ဥပဒေ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
kalaw-garden-valley
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service