စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း - Property Knowledge in Myanmar from iMyanmarHouse.com
445 Views

စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း

Knowledge | Posted by Aye Myat Thu

စုပေါင်းပိုင်အဆောက်အအုံ တည်ထောင်ဆောက်လုပ်လိုသူသည် စုပေါင်းပိုင်စီမံခန့်ခွဲရေးကော်မတီထံ နည်းဥပဒေပုဒ်မ-၅(က) အရ လုပ်ငန်းလိုင်စင်နှင့်တည်ထောင်ခွင့်ပြုမိန့်ရရှိရန် ဦးစွာလျှောက်ထားရသည်။ လျှောက်ထားမှုပြုရာတွင်လဲ ဥပဒေပုဒ်မ-၁၃၊ ပုဒ်မခွဲ(က)နှင့်အညီ ပုံစံ-(၁)ဖြင့် လျှောက်ထားရမည်။ ကုမ္ပဏီအဖွဲ့အစည်း ကုမ္ပဏီတစ်ရပ်ရပ်အနေဖြင့် လျှောက်ထားခြင်းဖြစ်ပါက ကုမ္ပဏီမှတ်ပုံတင်နှင့် သင်းဖွဲ့စည်းမျဉ်းများအပြင် တည်ဆောက်ရေးအတွက် လုပ်ငန်းသဘောတူညီချက် စာချုပ်များပါ ထည့်သွင်းတင်ပြရမည်။

ထို့ပြင် တည်ထောင်သူ၏ လုပ်ငန်းအတွေ့အကြုံ၊ ကိုယ်စားလှယ်လွှဲအပ်ထားသည့် စာရွက်စာတမ်းအထောက်အထားများ၊ အခွန်ထမ်းဆောင်ထားသော အထောက်အထားများပါ တင်ပြရမည်။ တည်ထောင်သူမှ လုပ်ငန်းလိုင်စင်နှင့်အတူ စုပေါင်းပိုင်အဆောက်အအုံ တည်ထောင်ခွင့်ပြုမိန့်ကိုပါ ပူးတွဲလျှောက်ထားနိုင်ပါသည်။ လိုင်စင်သက်တမ်းမှာ (၅)နှစ်ဖြစ်ပြီး သက်တမ်းတိုးမြှင့်ခြင်းလဲ ဆောင်ရွက်နိုင်ပါသည်။

တည်ထောင်ခွင့်ပြုမိန့်ပါ ပူးတွဲလျှောက်ထားလျှင် မြေတည်နေရာပြမြေပုံ၊ မြေတိုင်းမြေပုံ၊ သက်သေခံ မြေပုံနှင့်မြေရာဇဝင်၊ အခန်းဖွဲ့စည်းမှု အဆောက်အအုံပုံစံ၊ မူလလိုင်စင်လျှောက်ပြီးဖြစ်လျှင် လုပ်ငန်းလိုင်စင်၊မြေပိုင်ဆိုင်မှု အထောက်အထား၊ သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်း ခွင့်ပြုချက်၊ အဆောက်အအုံ ကုန်ကျစရိတ်၊ တည်ဆောက်ရေးအချိန်ကာလ၊ လုံခြုံရေး၊ မီးဘေးနှင့် ဘဘာဝဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်မှုများ၊ ကိုယ်စားလှယ်ဖြင့် လျှောက်ထားပါက ဖော်ပြရန်၊ ပူးတွဲတည်ထောင်သူရှိပါက သဘောတူစာချုပ်ပါ တင်ပြရန်၊ စီးပွှားလုပ်ငန်းသုံး အခန်းများပါဝင်ပါက ဖော်ပြရန်၊ မူလအချိုးသင့် ပိုင်ဆိုင်မှုအစု တန်ဖိုးအစရှိသဖြင့် အသေးစိတ် ဖော်ပြရပါမည်။

စုပေါင်းပိုင်အဆောက်အအုံ ပူးတွဲတည်ထောင်သူဆိုသည်မှာလဲ စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာဥပဒေ ပုဒ်မ- ၂၄ ပုဒ်မခွဲ(က)အရ သက်ဆိုင်ရာစီမံခန့်ခွဲရေးကော်မတီမှ ခွင့်ပြုချက်ဖြင့် တည်ထောင်သူက ခန့်အပ်သည့် ပူးတွဲတည်ထောင်သူကို ခေါ်ဆိုပါသည်။ နိုင်ငံခြားသားနှင့် နိုင်ငံခြားကုမ္ပဏီလဲ ထိုထဲတွင် ပါဝင်နိုင်ပါသည်။

တည်ထောင်သူသည် ဘဏ်တစ်ခုခု၌ စုပေါင်းပိုင်အဆောက်အအုံ၏ ရင်းနှီးမြုပ်နှံမှုတန်ဖိုး၏ ၁၅ % တိတိ အား ထည့်ဝင်၍ ဘဏ်စာရင်း ဖွင့်လှစ်ထားရှိရမည်။ တည်ထောင်ခွင့်ပြုမိန့်အား စီမံခန့်ခွဲမှုအဖွဲ့မှ ပုံစံ-(၄)ဖြင့် ခွင့်ပြုမိန့် ထုတ်ပေးမည်ဖြစ်ပါသည်။

ထို့ပြင် စုပေါင်းပိုင်အဆောက်အအုံ ဆောက်လုပ်မည့်မြေသည် စုပေါင်းမြေဖြစ်လာစေရန် မှတ်ပုံတင်ရှိရန်လဲလိုပြီး ပုံစံ-(၆)ဖြင့် ကြေညာချက်တစ်စောင်ပြုလုပ်ရပါမည်။ မြေပိုင်ရှင်က အဆိုပါမြေအား စုပေါင်းမြေအဖြစ် ပြောင်းလဲရန်သဘောတူရမည်။ ထိုအခါမှ အဆောက်အအုံရှိ အခန်းများသည် ဝယ်ယူသူများ မြေပါ အချိုးသင့်ပိုင် ဆိုင်မှုရှိလာမည်ဖြစ်ပါသည်။

မြေအား စုပေါင်းပိုင်ရန်အတွက် မှတ်ပုံတင်ရာတွင် ကျသင့်အခွန်များအား စုပေါင်းပိုင် အဆောက်အအုံ တည်ထောင်သူ (သို့) စုပေါင်းပိုင်အဆောက်အအုံအဖြစ် မှတ်ပုံတင်လိုသူက ထမ်းဆောင်ရမည်။ မြေအား စုပေါင်းပိုင်အဖြစ် မြွတ်ဟကြေညာချက်ပြုလုပ်ပြီး (၄)လအတွင်း စုပေါင်းပိုင်မြေအဖြစ် မှတ်ပုံတင်ရမည်ဖြစ်ကြောင်း ဥပဒေဗဟုသုတအနေဖြင့် ဖော်ပြရေးသားပေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ

Upcoming Property Events

From 09 Aug To 10 Aug

THADAR CONDOMINIUM

From 09 Aug To 10 Aug

Mingalar Market

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service