အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား - Property Knowledge in Myanmar from iMyanmarHouse.com
29 Jun 2025 12:08 pm တွင် တင်ခဲ့သည်
1103 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

ရန်ကုန် သင်္ဃန်းကျွန်းမှ မိတ်ဆွေကြီးဖြစ်တဲ့ သန်းကြွယ်လက်ဖက်ရည်ဆိုင် ပိုင်ရှင် ကိုမြင်နိုင်တစ်ယောက် အလုပ်များနေတဲ့ကြားမှ မောင်ကောင်းဖေ ထံ ဖုန်းဆက်ပြီး ချက်ခြင်းရောက်လာပါတယ်။ ရောက်လာရတဲ့ အကြောင်းကတော့ သူ့လိုပဲ တောင်ဥက္ကလာမှာ လက်ဖက်ရည်ဆိုင်ဖွင့်နေတဲ့ သူ့ရဲ့ ညီကိစ္စအတွက် ရောက်လာတာပါ။ သူ့ညီနဲ့အတူ အဖော်(၂)ယောက်လည်း ပါလာတာကိုတွေ့ရပါတယ်။

လာရင်းကိစ္စကတော့ တောင်ဒဂုံ (..) တိုးချဲ့ရပ်ကွက်မှာ (၄၀x ၆၀) ပါမစ်မြေကွက်ဝယ်ထားတဲ့ ကိစ္စပါပဲ။ စရန်ငွေ (၄၅)သိန်း ပေးပြီးလို့ အပြီးစာချုပ်ပေးဖို့ရယ်။ လိုအပ်ရင် သတင်းစာထည့်ဖို့အတွက်ရည်ရွယ်ပြီး ရောက်လာတာပါ။ စရန်ငွေပေးချေစဉ်က အိမ်ခြံမြေကျွမ်းကျင်သူ ဘယ်သူတွေ ခေါ်သွားသလဲလို့ မေးကြည့်လိုက်တဲ့အခါ ဝယ်သူနဲ့အတူ မောင်ကောင်းဖေထံ ရောက်လာတဲ့ လက်ဖက်ရည်ဆိုင်ပိုင်ရှင်တွေလို့ ပြောပါတယ်။

ဘယ်လိုဝယ်ဖြစ်သလဲလို့မေးကြည့်တော့ On Line ကတွေ့တာလို့ပြောပါတယ်။ မြေကွက်ဝယ်တဲ့အခါ မြေချပါမစ် မူရင်းပြသလားဆိုတော့ မိတ္တူပဲပြပြီး ရောင်းတာလို့ ဆိုပါတယ်။ စည်ပင်မှာ စစ်ပြီးပြီးမယုံရင် ပြန်စစ်ကြည့် အာမခံတယ်လို့ ပြောတာတဲ့ သူတို့ကို ယုံကြည်ပြီး တောင်ဒဂုံက လက်ဖက်ရည်ဆိုင်မှာပဲစာချုပ်ခဲ့ကြပြီး စရန်ငွေ (၄၅)သိန်း ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

ကျန်ငွေ ဘယ်တော့ပေးရမလဲ မေးကြည့်တော့ (၁၀) ရက်လောက်ပဲစောင့်နိုင်မယ်ဆိုတာနဲ့ စရန်ပေးစာချုပ်မှာ ဝန်ခံလက်မှတ်ရေးထိုးပေးခဲ့ရတယ်လို့ ပြောပါတယ်။

မြေကွက်ကို အသေအချာကြည့်ပြီးပြီးလား မေးကြည့်တော့ မြေကွက်လပ် ဖြစ်ပြီး အိမ်ဆောက်မထားရသေးတဲ့ အတွက် ရှင်းတယ်ဆိုပြီး စရန်ငွေပေးခဲ့တာလို့ ဆိုပါတယ်။(၄၀x၆၀) ပြည့်မပြည့် မြေတိုင်းခဲ့သေးလားဆိုတော့ ရေအိုင်ကွက်ကြီးဖြစ်နေလို့ မတိုင်းရသေးဘူးလို့ပြောပါတယ်။ ခြေရင်းခေါင်းရင်းလည်း အိမ်မရှိဘူးလို့ ပြောပါတယ်။

အဲ့ဒီလိုဆိုရင်တော့ မြို့မြေစာရင်းမှာ စစ်ကြည့်မှ ဝယ်မယ်ဆိုပြီး စစ်ကြည့်လိုက်တဲ့အခါ ပါမစ်အမည်ပေါက် မှန်နေတာကိုတွေ့ရတယ်။ မောင်ကောင်းဖေလည်း ဝမ်းသားသွားတယ်။ မောင်ကောင်းဖေက အပြီးအပိုင်စာချုပ်ပေးရမှာဖြစ်လို့ ရောင်းသူရဲ့ မှတ်ပုံတင်မိတ္တူ အိမ်ထောင်စု လူဦးရေစာရင်းတို့လည်း တောင်းပေးခိုင်းလိုက်တယ်။ ပြီးတော့ ဝယ်ယူမည့်မြေကွက်က ရေအိုင်ကြီး ဖြစ်နေတာရယ် ခေါင်းရင်းခြေရင်း အိမ်နီးချင်းမရှိတာရယ် အတွက်ကြောင့် အခုအပြန်မှာ မြေတိုင်းသွားဖို့ မှာကြားလိုက်ပါတယ်။

သူတို့လည်း မောင်ကောင်းဖေ ပြောတဲ့အတိုင်းတောင်ဒဂုံက မြေတိုင်းတစ်ဦးကို ခေါပြီး တိုင်းကြည့်တဲ့အခါ ဟိုဘက်ထိပ် ဒီဘက်ထိပ် ခန့်မှန်းနေစဉ်မှာ ရပ်ကွက်အတွင်းမှ လူ (၄)ဦး ရောက်လာပြီး သူတို့ခွင့်ပြုချက်မရှိဘဲ ဘာလို့မြေတိုင်းတာလည်းဆိုပြီး လာကန့်ကွက်ကြပါတယ်။

ဝယ်သူဘက်ကလည်း စရန်ပေးပြီးလာတိုင်းတာဖြစ်ကြောင်း ပြောပြတဲ့အခါ ဒီမြေကွက်က သူတို့ပိုင်မြေကွက်ဖြစ်ကြောင်း တကယ်လို့ အပြီးငွေချေတဲ့နေ့ကျရင် သူတို့ကိုယ်လည်း မြေကွက်တန်ဖိုးရဲ့ တစ်ဝက်ပေးရမည်ဖြစ်ကြောင်း အတင်းတောင်းဆိုလာပါတယ်။ မြေချပါမစ်မူရင်းပြပါလို့မေးကြည့်တော့လည်း မပြနိုင်ဘူးလို့ ငြင်းကြတယ်။ ဒီလိုအခက်တွေ့တာနဲ့ ရောင်းသူလိပ်စာအတိုင်း ရောင်းသူအိမ်ကိုသွားရှာတဲ့အခါ စရန်ပေးစာချုပ်မှာပါတဲ့ လိပ်စာမှာ ရောင်းသူကို မတွေ့ရဘူး။

 

ဒီလိုဆိုတော့ ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးသွားပြီး အကူအညီတောင်းရတာပေါ့။ ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့ စီစဉ်ပေးချက်အရ ရောင်းသူနဲ့ ကန့်ကွက်သူ(၄)ဦးကိုခေါ်လိုက်တဲ့အခါ ရောင်းသူသာ ရောက်လာပြီး ကန့်ကွက်သူ(၄)ဦးက ရုံးအပြင်ကကြည့်ပြီးပြန်သွားကြပါတယ်။ အဲ့....တစ်ချက်ထူးခြားတာက ၂၀၁၉ ခုနှစ်က နှစ်(၆၀) ဂရန်ရထားတဲ့ ပိုင်ရှိတစ်ဦးလည်း ထပ်ရောက်လာပါတယ်။

အဲ့ဒီမှာ မြေချပါမစ်မိတ္တူ ကိုင်ထားသူနဲ့ ဂရန်မူရင်း ကိုင်ထားသူတို့ အပြန်အလှန် ငြင်းခုံကြပါတယ်။ ဂရန်မူရင်းကိုင်ထားသူက ပါမစ်မိတ္တု ကိုင်ထားသူရဲ့ လက်ထဲမှာရှိတဲ့ ပါမစ်မူရင်းကို စည်ပင်မှာ အပ်နှံပြီးမှ နှစ်(၆၀) ဂရန်ရလာကြောင်း ရှင်းပြပါတယ်။ ဒါပေမဲ့လည်း ပါမစ်မိတ္တူ ကိုင်ထားသူကလည်း အရှုံးမပေးဘူး။ သူ့ပါမစ်ကသာ အဓိကဖြစ်တယ် ။ နှစ် (၆၀) ဂရန်ထွက်နေတာ မဖြစ်နိုင်ဘူးလို့ ဆိုပြီး ငြင်းခုံရပါသေးတယ်။ ဒါပေမဲ့လည်း မြို့တော်စည်ပင်က ထုတ်ပေးထားတာကို သူ မငြင်းနိုင်တော့ပါဘူး။ ဒီတော့မှ ဝယ်သူကိုကျော်ထက် တို့ကလည်း စရန်ပေးထားတဲ့ (၄၅)သိန်းကို အုပ်ချုပ်ရေးမှူးရှေ့မှာ ပြန်ပေးဖို့တောင်းပါတယ်။

ရောင်းသူကလည်း မပေးဘူး။ မပြောဘူး။ ခုလောလောဆယ် ပါမလာသေးလို့ (၃)ရက်လောက်စောင့်ပါ (၃)ရက်ပြည့်တဲ့နေ့မှ လာပေးပါမယ်လို့ ဝန်ခံကတိလက်မှတ်ထိုးပြီး ပြန်သွားပါတယ်။ အခုတော့ (၇)ရက်တောင် ပြည့်သွားပါပြီ ရုံးမှာ လာရောက်ပေးခြင်းလည်းမရှိပါ ။ ၎င်းကိုင်နေကျ ဖုန်းနံပါတ်ကိုလည်း ပိတ်ထားလို့ ဆက်သွယ်၍မရေတော့ပါ။နေရာအနှံ့လိုက်ရှာသော်လည်း အတွေ့မခံပဲ ရှောင်နေပါတယ်။ဒီတော့ လိမ်လည်မှု့နဲ့ တရားစွဲတောင်းဖို့ပဲ ရှိတော့တယ်။

အနှစ်ချုပ်ပြောချင်တာက မြေဝယ်ရင် အလွယ်မတွေးကြပါနဲ့ ကျွမ်းကျင်သူကိုခေါ်ပြီး စစ်ဆေသင့်ပါတယ်။ စရန်ပေးပြီးမှ ကျွမ်းကျင်သူလာခေါ်ရင်လည်း ပိုက်ဆံကလက်လွန်ပြီး ပြန်ရဖို့ ခက်ခဲသွားပြီလေ။အခုမြေကွက်ဝယ်တဲ့ ကိုကျော်ထက်ကိုကြည့်ပါ စရန်ပေးပြီးမှ အပြီးစာချုပ်ဖို့ မောင်ကောင်းဖေထံ ရောက်လာတယ်။ ပါမစ်မိတ္တူယူလာလို့ စည်ပင်မှာ စစ်ဆေးပါတယ်။ အမည်ပေါက်မှန်တယ် ၊ ရပ်ကွက်မှန်တယ် မြေကွက်အမှတ်လည်းမှန်တယ်။ မြေချပါမစ်လည်း မှန်တယ်လို့ သိရတယ်။

ဟော့... ခုလို ပြဿနာဖြစ်လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ နှစ်ဘက်ညှိနှိုင်းကြတဲ့အခါမှာ နှစ်(၆၀) ဂရန်ပိုင်ရှင် ၊မြေပိုင်ရှင်က ပေါ်လာပြန်ရော အခုရောင်းသူက စရန်ငွေကိုပြန်မပေးချင်တော့ရှောင်နေတယ်။ ဖွတ်မရ ဓားမဆုံးတော့မယ် အခြေအနေရောက်သွားပြီး ဒီတော့ ပြောချင်တာက စည်ပင်မြေစီမံဌာနမှာ ပါမစ်အမည်သာရှိနေပြီး နှစ်(၆၀) ရန်အမည်ပေါက်သူ ရဲ့ အမည်က မြေစီမံ ဌာနကိုရောက်မလာသေးတာဟာ မြေတိုင်းဌာန ကနေ မြေစီမံဌာန ကိုရောက်မလာသေးလို့ သာ ပါမစ်အမည်ပေါက်ပဲ ဖြစ်နေတာပေါ့။ ရှင်းနေတာပဲ။

ဒါကြောင့် နှစ်(၆၀) မြေငှါးဂရန်ရထားသူများအနေနဲ့လည်း ဂရန်ရပြီးတာနဲ့ စိတ်အေးမနေကြပါနဲ့ မြေစီမံဌာနကို ရောက်အောင် ဆောင်ရွက်ခဲ့သင့်ပါတယ်။ဥပမာ.... ဘဏ်ငွေချေးရန် မှတ်တမ်းအဖြစ်ထားရှိရန် မြေပုံကူးယူလိုက်ရင် မြေစီမံဌာနမှာ မှတ်သားပြီးသားဖြစ်သွားမှာပေါ့။

နိဂုံးချုပ်ပြောရရင်တော့ ဝယ်သူဘက်က ပါမစ်မိတ္တူကိုဝယ်ခဲ့မိတဲ့ အမှားပါပဲ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

လွှတ်တော်ရှေ့နေမောင်ဖေ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
လိုင်စင်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ‌ရေးသားဖော်ပြပေးလိုက်ပါသည်။
လိုင်စင်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ‌ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service