Knowledge | Posted by Si Thu Aung
၁။ မြေပိုင်ဆိုင်မှုခိုင်မာရန်အတွက် မြေအမျိုးအစား အများအပြားရှိသည့်အနက်မှ ဂရန်မြေသည် လွှဲပြောင်း ရောင်းချရန် အကောင်းဆုံးဖြစ်သည်။ ထို့ကြောင့် မြေငှားဂရန်သစ် ထုတ်ပေးရန် လျှောက်ထားသူ များအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ဖော်ပြထားပါသည်။
မြေငှါးဂရန် ထုတ်ပေးရာတွင် အမျိုးအစား (၂) မျိုးရှိပါသည်။ (က) အစိုးရမြေမှ ဂရန်သစ်စတင်ထုတ်ပေးခြင်းနှင့် (ခ) မူလဂရန်ရှိပြီး မြေကို အကြောင်းအရာအမျိုးမျိုးဖြင့် ဂရန်ထပ်မံလျှောက်ထားခြင်းတို့ ဖြစ်ပါသည်။ ဂရန်သစ် (အစိုးရမြေမှ ဂရန်သစ်လျှောက်ထားခြင်း) မြို့ကွက်သစ်စတင်ဖော်ထုတ်ပေးရာတွင်လည်း (၂)မျိုးရှိပါသည်။
(၁) မြို့ကွက်သစ်ဖော်ထုတ်ရေးလုပ်ငန်းအဖွဲ့မှ ချထားပေးသည့်မြေကွက် များအား ဂရန်ထုတ်ပေးခြင်း၊ (၂) မူလမြို့ဟောင်းရှိ အနေကြာဂရန်လျှောက်ထားခြင်းမရှိသေးသည့် အစိုးရမြေများအား ဂရန်ထုတ် ပေးခြင်းတို့ဖြစ်ပါသည်။ (ကက) မြို့ကွက်သစ်ဖော်ထုတ်ရေးလုပ်ငန်းအဖွဲ့မှ ချထားပေးသည့် မြေကွက်များကို ဂရန်လျှောက်ထားရာတွင် မြေချထားမိန့်၊ မြေကွက်ဖိုး၊ လမ်းဖိုးပေးသွင်းသည့် ငွေရပြေစာများ ပါရှိရပြီး သတင်းစာကြော်ငြာခြင်း မပြုစေဘဲ အချိန်(၂)ပါတ် အတွင်း ဂရန်သစ်ထုတ်ပေးပါသည်။ (ခခ) မူလမြို့ဟောင်းရှိ အစိုးရမြေများကိုခ လျှောက်ထားပါက ဦးစွာပထမမြေပုံရေးကူးခွင့် လျှောက်ထား ရပါမည်။ မြေပုံရေးကူးခွင့်ရရှိပြီးပါက တရားရုံးကျမ်းကျိန်ချက်၊ အိမ်ထောင်စုဇယား၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးထောက်ခံချက်၊ အဆောက်အဦဓါတ်ပုံများဖြင့် အမှုတွဲတည်ဆောက်ပြီး သတင်းစာကြော်ငြာ၍ ကန့်ကွက်မှု အရှုပ်အရှင်း မရှိပါက (၁)လအတွင်း ဂရန်သစ်ထုတ်ပေးပါသည်။
(၃) ဂရန်သစ်လျှောက်ထားမှုများကို အောက်ဖော်ပြပါအတိုင်း အမျိုးအစားများ ခွဲခြား၍ဆောင်ရွက်ပေးပါသည်- (ကက) ဂရန်သစ်၊ (ခခ) ဂရန်သစ်/အမည်ပြောင်း(မြေကွက်ရရှိသူကိုင်တိုင်မဟုတ်ဘဲ ၎င်းထံမှတဆင့်လွှဲပြောင်းရရှိသူမှ အမည်ပြောင်း လျှောက်ထားခြင်း)
၂။ အထက်ဖော်ပြပါ ဂရန်လျှောက်ထားမည်ဆိုပါက အောက်ဖော်ပြပါ အထောက်အထား စာချုပ် စာတမ်းများကို ပူးတွဲတင်ပြရပါမည်-
(၁) ကာယကံရှင်၏ မှတ်ပုံတင်မိတ္တူမှန်၊ (၂) ဂရန်စာချုပ်မိတ္တူမှန်၊ (၃) အမွေဆက်ခံဖြစ်ပါက အမွေဆက်ခံပိုင်ဆိုင်ကြောင်း ကြေညာစာချုပ် မိတ္တူမှန်နှင့် ကျမ်းကျိန်ချက်၊ (၄) အရောင်းအဝယ်၊ ပေးကမ်း၊ စွန့်လွှတ်စာချုပ်မိတ္တူမှန်၊ (၅) တရားမမှုဖြစ်သည့်မြေဖြစ်ပါက တရားရုံးဒီကရီ၊ တရားမပုံစံ(၁၀၆) (၆) မြေခွန်ပြေစာမိတ္တူမှန်၊ (၇) အိမ်ထောင်စုဇယားမိတ္တူမှန်၊ (၈) အဆောက်အဦဓါတ်ပုံ၊ (၉) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၏ ထောက်ခံချက်၊ (၁၀) အမည်ပေါက်၊အမွေဆက်ခံသူများ သေဆုံးပါက သေစာရင်းမိတ္တူမှန်များ။
၃။ အထက်ဖော်ပြပါ မြို့ဟောင်းမြေမှ ဂရန်လျှောက်ထားမှုများကို သတင်းစာ ကြော်ငြာပြီး ကန့်ကွက် မရှိ၊ အရှုပ်အရှင်းမရှိပါက (၁)လအတွင်း အပြီးဆောင်ရွက် ပေးနိုင်ပါသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com