မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။ - Property Knowledge in Myanmar from iMyanmarHouse.com
487 Views

မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။

Knowledge | Posted by Si Thu Aung

၁။ မြေပိုင်ဆိုင်မှုခိုင်မာရန်အတွက် မြေအမျိုးအစား အများအပြားရှိသည့်အနက်မှ ဂရန်မြေသည် လွှဲပြောင်း ရောင်းချရန် အကောင်းဆုံးဖြစ်သည်။ ထို့ကြောင့် မြေငှားဂရန်သစ် ထုတ်ပေးရန် လျှောက်ထားသူ များအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ဖော်ပြထားပါသည်။

မြေငှါးဂရန် ထုတ်ပေးရာတွင် အမျိုးအစား (၂) မျိုးရှိပါသည်။ (က) အစိုးရမြေမှ ဂရန်သစ်စတင်ထုတ်ပေးခြင်းနှင့် (ခ) မူလဂရန်ရှိပြီး မြေကို အကြောင်းအရာအမျိုးမျိုးဖြင့် ဂရန်ထပ်မံလျှောက်ထားခြင်းတို့ ဖြစ်ပါသည်။ ဂရန်သစ် (အစိုးရမြေမှ ဂရန်သစ်လျှောက်ထားခြင်း) မြို့ကွက်သစ်စတင်ဖော်ထုတ်ပေးရာတွင်လည်း (၂)မျိုးရှိပါသည်။

(၁) မြို့ကွက်သစ်ဖော်ထုတ်ရေးလုပ်ငန်းအဖွဲ့မှ ချထားပေးသည့်မြေကွက် များအား ဂရန်ထုတ်ပေးခြင်း၊ (၂) မူလမြို့ဟောင်းရှိ အနေကြာဂရန်လျှောက်ထားခြင်းမရှိသေးသည့် အစိုးရမြေများအား ဂရန်ထုတ် ပေးခြင်းတို့ဖြစ်ပါသည်။ (ကက) မြို့ကွက်သစ်ဖော်ထုတ်ရေးလုပ်ငန်းအဖွဲ့မှ ချထားပေးသည့် မြေကွက်များကို ဂရန်လျှောက်ထားရာတွင် မြေချထားမိန့်၊ မြေကွက်ဖိုး၊ လမ်းဖိုးပေးသွင်းသည့် ငွေရပြေစာများ ပါရှိရပြီး သတင်းစာကြော်ငြာခြင်း မပြုစေဘဲ အချိန်(၂)ပါတ် အတွင်း ဂရန်သစ်ထုတ်ပေးပါသည်။ (ခခ) မူလမြို့ဟောင်းရှိ အစိုးရမြေများကိုခ လျှောက်ထားပါက ဦးစွာပထမမြေပုံရေးကူးခွင့် လျှောက်ထား ရပါမည်။ မြေပုံရေးကူးခွင့်ရရှိပြီးပါက တရားရုံးကျမ်းကျိန်ချက်၊ အိမ်ထောင်စုဇယား၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးထောက်ခံချက်၊ အဆောက်အဦဓါတ်ပုံများဖြင့် အမှုတွဲတည်ဆောက်ပြီး သတင်းစာကြော်ငြာ၍ ကန့်ကွက်မှု အရှုပ်အရှင်း မရှိပါက (၁)လအတွင်း ဂရန်သစ်ထုတ်ပေးပါသည်။

(၃) ဂရန်သစ်လျှောက်ထားမှုများကို အောက်ဖော်ပြပါအတိုင်း အမျိုးအစားများ ခွဲခြား၍ဆောင်ရွက်ပေးပါသည်- (ကက) ဂရန်သစ်၊ (ခခ) ဂရန်သစ်/အမည်ပြောင်း(မြေကွက်ရရှိသူကိုင်တိုင်မဟုတ်ဘဲ ၎င်းထံမှတဆင့်လွှဲပြောင်းရရှိသူမှ အမည်ပြောင်း လျှောက်ထားခြင်း)

(ဂဂ) ဂရန်သစ်/ဦးပိုင်ခွဲ/အမည်ပြောင်း(မြေကွက်ရရှိသူထံမှခွဲစိတ် ၍ လွှဲပြောင်းရရှိသူမှ အမည်ပြောင်း လျှောက်ထားခြင်း) (ဃဃ) အမည်ပေါက်လျှောက်ထားခြင်း(အချို့သောဌာနဆိုင်ရာအဖွဲ့အစည်းများသည် ငွေသွင်းရန် အခက်အခဲရှိ၍ ဂရန်ထုတ်ယူ ခြင်းမပြုဘဲ မြေရာဇဝင်တွင် အမည်ပေါက်ရန်အတွက်သာ လျှောက်ထားခြင်းဖြစ်ပါသည်။ (ခ) ဂရန်ဟောင်း (မူလဂရန်ရှိပြီးမြေကိုအကြောင်းအမျိုးမျိုးဖြင့်ဂရန်ပြန်လည် လျှောက်ထားခြင်း) မူလဂရန်ရှိပြီးမြေကို ဂရန်သက်တမ်းကုန်ဆုံး၍ လည်းကောင်း၊ လွှဲပြောင်း၍လည်းကောင်း၊ ဦးပိုင်ခွဲ၍လည်းကောင်း၊ ဂရန်ပျောက်မိတ္တူလျှောက်၍လည်းကောင်း၊ ဂရန်အမျိုးအစားပြောင်း၍ လည်းကောင်း လျှောက်ထားလာပါက အောက်ဖော်ပြပါအတိုင်း အမျိုး အစားခွဲခြားဆောင်ရွက်ပါသည်- (၁) ဂရန်အမည်ပြောင်း၊ (၂) ဂရန်ဦးပိုင်ခွဲ (ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲဂရန်နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်လျှောင်ထားခြင်း) (၃) ဂရန်သက်တမ်းတိုး (ဂရန်သက်တမ်းကုန်၍ ထပ်မံသက်တမ်းတိုး လျှောက်ထားခြင်း) (၄) သက်တမ်းတိုး၊ အမည်ပြောင်း (အမည်လည်းပြောင်း၊ သက်တမ်း လည်းတိုးမည်) (၅) ဦးပိုင်ခွဲ၊ အမည်ပြောင်း (ဂရန်မြေတစ်ခုကို နှစ်ခု၊ သုံးခုခွဲပြီး အမည်ပြောင်းခြင်း) (၆) ဂရန်ပျောက်၊ သက်တမ်းတိုး၊ အမည်ပြောင်း(သက်တမ်းကုန် ဂရန် ပျောက်ဆုံးပြီး သက်တမ်းတိုး၊ အမည်ပြောင်း လျှောက်ထားခြင်း) (၇) ဂရန်မိတ္တူလျှောက်ထားခြင်း (ဂရန်မူရင်းပျောက်ဆုံးသွား၍ အမည်ပြောင်းခြင်းမပြုဘဲ ဂရန်မိတ္တူ လျှောက်ထားခြင်း) (၈) တောမှမြို့ပြောင်း လျှောက်ထားခြင်း(ယခင်ပုသိမ်ကြီး၊ အမရပူရ မြို့ပြင်ပရှိမြေများကို ထုတ်ပေးထား သည့် တောဂရန်များကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီနယ်နိမိတ်အတွင်း ကျရောက်၍ အမည်မပြောင်းဘဲ မြို့ဂရန်အဖြစ် ပြောင်းလဲ လျှောက်ထားခြင်း) (၉) တောမှ မြို့ပြောင်း အမည်ပြောင်းပါ လျှောက်ထားခြင်း။ (တောဂရန်မှ မြို့ဂရန်အပြင် အမည်ပါ ပြောင်းပေးရန် လျှောက်ထားခြင်း ဖြစ်ပါသည်။)

၂။ အထက်ဖော်ပြပါ ဂရန်လျှောက်ထားမည်ဆိုပါက အောက်ဖော်ပြပါ အထောက်အထား စာချုပ် စာတမ်းများကို ပူးတွဲတင်ပြရပါမည်-

(၁) ကာယကံရှင်၏ မှတ်ပုံတင်မိတ္တူမှန်၊ (၂) ဂရန်စာချုပ်မိတ္တူမှန်၊ (၃) အမွေဆက်ခံဖြစ်ပါက အမွေဆက်ခံပိုင်ဆိုင်ကြောင်း ကြေညာစာချုပ် မိတ္တူမှန်နှင့် ကျမ်းကျိန်ချက်၊ (၄) အရောင်းအဝယ်၊ ပေးကမ်း၊ စွန့်လွှတ်စာချုပ်မိတ္တူမှန်၊ (၅) တရားမမှုဖြစ်သည့်မြေဖြစ်ပါက တရားရုံးဒီကရီ၊ တရားမပုံစံ(၁၀၆) (၆) မြေခွန်ပြေစာမိတ္တူမှန်၊ (၇) အိမ်ထောင်စုဇယားမိတ္တူမှန်၊ (၈) အဆောက်အဦဓါတ်ပုံ၊ (၉) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၏ ထောက်ခံချက်၊ (၁၀) အမည်ပေါက်၊အမွေဆက်ခံသူများ သေဆုံးပါက သေစာရင်းမိတ္တူမှန်များ။

၃။ အထက်ဖော်ပြပါ မြို့ဟောင်းမြေမှ ဂရန်လျှောက်ထားမှုများကို သတင်းစာ ကြော်ငြာပြီး ကန့်ကွက် မရှိ၊ အရှုပ်အရှင်းမရှိပါက (၁)လအတွင်း အပြီးဆောင်ရွက် ပေးနိုင်ပါသည်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်န
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်န
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို
ရေရှည်အသုံးပြုလို့ရအောင် အိမ်သုံးလျှပ်စစ်ပစ္စည်းတွေကို ဘယ်လိုသန့်ရှင်းကြမလဲ
ရေရှည်အသုံးပြုလို့ရအောင် အိမ်သုံးလျှပ်စစ်ပစ္စည်းတွေကို ဘယ်လိုသန့်ရှင်းကြမလဲ
သင့်အိမ်ခန်းအတွင်းက အနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းကောင်း (၅)ခု
သင့်အိမ်ခန်းအတွင်းက အနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းကောင်း (၅)ခု
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ

Upcoming Property Events

From 18 Oct To 19 Oct

INNO CITY

From 18 Oct To 19 Oct

Mingalar Market

From 18 Oct To 19 Oct

INNO CITY

INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service