မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ - Property Knowledge in Myanmar from iMyanmarHouse.com
368 Views

မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ

Knowledge | Posted by Hnin Ei Khin

ဒီအပတ်အတွက်က အိမ်ခြံမြေဥပဒေအမေးအဖြေကဏ္ဍလေးတစ်ဖန်ပြန်လည်ရောက်ရှိလို့လာပါပြီ။ ဒီအပတ်လေးမှာတော့ အမေးအများဆုံးအိမ်ခြံမြေဥပဒေအမေးအဖြေ (၃)ခုကို တင်ဆက်ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။

⚖️ မေးခွန်း(၁) - ပဋိဉာဉ်တစ်ရပ်သည် မည်သည့်အခြေအနေတွင် ပျက်ပြယ်နိုင်ပါသလဲ။

အလိုအလျောက် ပျယ်ပြယ်ရသော ပဋိညာဉ်များနှင့် နှစ်ဦးသဘောညီချက်အရ ပျက်ပြယ်ခွင့်ရှိသောပဋိညာဉ်များ နှင့်လဲ မတူညီပါ။ ပျက်ပြယ်သောပဋိဉာဉ်တစ်ရပ်ဖြစ်ပေါ်ပါက နစ်နာသူဘက်မှ စာချုပ်ပါ အကျိုးအမြတ်ခံစားသူထံ လျော် ကြေး တောင်းခံနိုင်ပါသည်။ ပျက်ပြယ်ရသော ပဋိညာဉ်ကြောင့် လျော်ကြေးတောင်းဆိုမှုနှင့် ပုဒ်မ - ၇၃ အရ ပဋိညာဉ်ချိုး ဖောက်မှုကြောင့်လျော်ကြေးတောင်းခံမှုမှာလဲမတူညီပါ။ပဋိညာဉ်တစ်ရပ်ပျက်ပြယ်ခြင်းမှာ အရွယ်မရောက်သေးသူပဋိညာဉ် တစ်ရပ်ချုပ်ဆိုခွင့်မရှိသူများ ကိစ္စရပ်များတစ်ခုကြောင့်မဟုတ်ဘဲ ကတိပြုသူတဖက်မှ သေဆုံးခြင်း၊ သဘာဝဘေးအန္တာရယ် ကြောင့် ပျက်စီးခြင်းများနှင့်လဲ သက်ဆိုင်ပါသည်။

ပဋိညာဉ်တစ်ရပ်ချုပ်ဆိုရာတွင် ရိုးရှင်းသောနည်းလမ်းများအတိုင်းသာ စာချုပ်ချုပ်ဆိုမှုပြုရမည်ဖြစ်ပြီး ဥပဒေနှင့် ညီညွတ်သည့် အရည်အချင်းပြည့်မှီသူများမှ စာချုပ်ချုပ်ဆိုရပါမည်။ ပဋိညာဉ်ချုပ်ဆိုသည့်အခါ သွေးဆောင်ခြင်း၊ ခြိမ်း ခြောက်ခြင်း၊ မလျော်သြဇာ သုံးခြင်း ကင်းမှ သဘောတူညီချက် အထမြောက်မည်ဖြစ်ပါသည်။ ဥပဒေနှင့် မဆန့်ကျင်သည့် ပဋိညာဉ်ဖြစ်ရန်လဲ လိုပါသည်။ပဋိညာဉ်တစ်ရပ်တွင် ကတိပြုသူ၊ ကတိလက်ခံသူများနှင့် စာချုပ်၌ပါဝင်သူ အသိသက်သေ အနည်းဆုံး(၂)ဦးလဲရှိပါသည်။

ပျယ်ပြယ်သော သ‌ဘောတူညီချက်နှင့် စပ်လျဉ်း၍ ဖော်ပြထားသည်ကို ပဋိဉာဉ်ဥပဒေပုဒ်မ- ၆၅ တွင် တွေ့ရှိနိုင်ပါ သည်။ ပဋိဉာဉ်တစ်ရပ်မှာမူလကပင် ပျယ်ပြယ်နေသော သဘောတူညီချက်ဖြစ်နေလျှင် ပဋိဉာဉ်ချုပ်ဆိုပြီးသည့် နောက်တွင်လဲ အထမမြောက်ဘဲ ပျယ်ပြယ်မည်ဖြစ်ပါသည်။ ဥပဒေတစ်ရပ်ရပ် ပြဌာန်းလိုက်ခြင်းကြောင့် မူလသဘောတူညီချက် ဆက်လက် မလုပ်ဆောင်နိုင်တော့သည့်အခါတွင်လဲ ပဋိညာဉ်မှာ ပျက်ပြယ်သွားမည်ဖြစ်ပါသည်။ ဥပဒေနှင့်မကိုက်ညီသော မည်သည့်အကြောင်းကြောင့် ပျက်ပြယ်သည်ဖြစ်စေ နစ်နာသူအား တဖက်မှ သဘောတူ ညီများအတိုင်း အကျိုးအမြတ်အား ပြန်လည်ပေးအပ်ရခြင်း၊ နစ်နာကြေး၊ လျော်ကြေးတောင်းခံခြင်း များပြုနိုင်ပါသည်။

ပဋိဉာဉ်တစ်ရပ်မှာ မူလက ဥပဒေနှင့်အညီ ဆောင်ရွက်ခွင့်ရှိ၍ ချုပ်ဆိုကြသော်လည်း စာချုပ်ချုပ်ဆိုပြီး နောက်ပိုင်း မှ အကြောင်းတစ်ခုခုကြောင့် ပျယ်ပြယ်ရသည့် ပဋိညာဉ်အဖြစ် ရောက်ရှိရသည်များလဲ ရှိပါသည်။ ပုဒ်-၅၆ အရ မဖြစ်နိုင်သော ဆောင်ရွက်ချက်တစ်ရပ်အား နှစ်ဦးနှစ်ဖက် သဘောတူညီကြလျှင် မူလထဲက ပဋိညာဉ်ပျက်ပြယ်သည်။ အကြောင်းကိစ္စရပ်တစ်ခုခုကြောင့် ပဋိညာဉ်ပျက်ပြယ်ကာ ဆက်လက်ဆောင်ရွက်ရန် မဖြစ်နိုင်တော့ပါက တဖက်မှ ပဋိညာဉ်ကတိပြုချက်ကို ပုဒ်မ-၅ အတိုင်း နုတ်သိမ်းရန်အတွက် အကြောင်းကြားစာ ပေးပို့နိုင်ပါသည်။ အဆိုပါ ပျက်ပြယ်သော ပဋိညာဉ်တစ်ရပ်ကြောင့်တောင်းဆိုခွင့်ရှိသည်များအား နစ်နာသူဘက်မှ အကြောင်းကြားစာ၌ ထည့်သွင်းပေးပို့နိုင်ပါသည်။ သတ်မှတ်နေ့ရက်တွင် နို့တစ်အကြောင်းကြားစာအတိုင်းတဖက်မှ လိုက်နာဆောင်ရွက်ခြင်း မရှိပါက နစ်နာမှုအတွက် တရားစွဲဆို တောင်းခံရမည်ဖြစ်ကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

 

⚖️ မေးခွန်း(၂) - ပါမစ်မြေတွင် ပါဝင်သည့် စာရွက်စာတမ်းများကို သိလိုပါတယ်ရှင့်။

အိုးအိမ်ဦးစီးဌာနနှင့် စည်ပင်သာယာရေးကော်မတီ၊ မြို့ပြနှင့် မြေစီမံခန့်ခွဲမှုဌာနတို့မှ ထုတ်ပေးသော ပါမစ်မြေဟူ၍ မြေချပါမစ်(၂)မျိုး နှစ်စားရှိပါသည်။ပါမစ်မြေ၊ စလစ်မြေတို့မှာ လူနေထိုင်ရန်အတွက် အိမ်ဆောက်လုပ်နေထိုင်ခွင့်ရှိပါသည်။ ပါမစ်မြေကို ဝယ်ယူမည်ဆိုပါ အိမ်ဆောက်လုပ်သည့်အခါမှ ဂရန်လျှောက်ထားခြင်း ပြုနိုင်မည်ဖြစ်ပါသည်။

အစိုးရစီမံခန့်ခွဲပိုင် ခွင့်ရှိသော မြေအမျိုးအစားတစ်ရပ်ဖြစ်ပြီး နေထိုင်ပိုင်ဆိုင်မှု ခိုင်မာစေရန်အတွက် မြေငှား စာချုပ် ဂရန် လျှောက်ထားမှုပြုရပါမည်။ ပါမစ်မြေအား မဝယ်ယူခင် မြေတိုင်းအမှတ်၊မြေကွက်အမှတ်၊ အမည်ပေါက်၊ အကျယ် အဝန်းဧက စစ်ဆေးရန်လိုပါသည်။ အိုးအိမ်မှ ထုတ်ပေးထားသော ပါမစ်ဆိုပါက အိုးအိမ်ရုံးတွင် စာရွက်စာတမ်းသွားရောက် စစ်ဆေးနိုင်ပြီး စည်ပင်ရုံးတွင် ထုတ်ယူထားသော ပါမစ်ဖြစ်ပါက စည်ပင်ရုံးတွင် သွားရောက်စစ်ဆေးရပါသည်။

ပါမစ်မြေဝယ်ယူရာတွင် အောက်ပါစာရွက်စာတမ်းများ စုံလင်စွာပါဝင်ရပါသည်။

- ပါမစ်အမည်ပေါက် မိသားစု ဓာတ်ပုံမှတ်တမ်း၊(ဓာတ်ပုံနောက်တွင်လဲ ရုံးတံဆိပ်ရိုက်နှိပ်ထားပါသည်။) - အိုးအိမ်ဖွံဖြိုးရေး ဦးစီးဌာန(သို့) စည်ပင်သာယာရေးကော်မတီမှ ထုတ်ပေးထားသော ရွှေ့ပြောင်းသူများ၏ ရာဇဝင်အကျဉ်းချုပ်မှတ်တမ်း မူရင်း။(စာရွက်၏ နောက်တွင် ရုံးတံဆိပ်တုံးများ ခတ်နှိပ်ပါသည်) - အိုးအိမ်ဖွံဖြိုးရေး ဦးစီးဌာန(သို့) စည်ပင်သာယာရေးကော်မတီမှ ထုတ်ပေးထားသော အိမ်ရာဆောက်လုပ်နေထိုင် ခွင့် မှတ်တမ်း၊ အပိုစည်းကမ်းချက်ပါအပါ (၂)မျက်နှာ၊ မူရင်း။ (စာရွက်၏ နောက်တွင် ရုံးတံဆိပ်တုံးများ ခတ်နှိပ်ပါသည်) - မြေနေရာ ချထားပေးခံရသူများ၏ မှီခိုသူများစာရင်း မှတ်တမ်းမူရင်း တို့ပါဝင်ကြောင်း တွေ့ရှိနိုင်ပါသည်။

ပါမစ်မြေနှင့်စပ်လျဉ်းသည့် စာရွက်စာတမ်းများ ပြည့်စုံစွာပါဝင်မှ ပိုင်ဆိုင်မှု ခိုင်မာမှုရှိသည့် မြေငှားဂရန် လျှောက်ထားခြင်းပြုနိုင်မည်ဖြစ်ပါသည်။ ပါမစ်မြေမှာ (၄၀×၆၀)ပေအကျယ်အဝန်း ချထားပေးသည်များပြီး (၂၀×၆၀)ပေ အကျယ်အဝန်း ချထားပေးခြင်းများလဲရှိပါသည်။ (၂၀×၆၀)ပေ အကျယ်အဝန်း (၁၂၀၀)စတုရန်းပေ ပြည့်မှီသည်နှင့် ဂရန်လျှောက်ထားခြင်းပြုနိုင်ပြီး (၄၀×၆၀)ပေမြေကွက်အား (၂)ဦးတခြမ်းစီ ဝယ်ယူခြင်းဖြစ်ပါက ပူးတွဲမြေငှားဂရန်လျှောက်ထား၍ မြေကွက်ခွဲစိတ်ကာ ဂရန်ခွဲပြန်လည် လျှောက်ထားနိုင်ပါသည်။

ပါမစ်ပျောက်ဖြင့်ဂရန်လျှောက်ထားခြင်းများလဲရှိနိုင်ပြီး ဂရန်အသစ်ထုတ်ယူခြင်းနှင့် ပတ်သတ်၍ တစ်စုံ တစ်ယောက်မှ ပါမစ်မူရင်းတင်ပြကာ ကန့်ကွက်လာပါက ထုတ်ပေးသောဂရန်မူရင်းအား ပယ်ဖျက်မည် ကိုသိရှိ ကြောင်း စာသားပါတံဆိပ်တုံး ရိုက်နှက်ပါသည်။ တံဆိပ်တုံးပေါ်တွင် လက်မှတ်ရေးထိုးစေပြီးမှ ဌာနမှ ပါမစ် ပျောက်ဖြင့် ဂရန်လျှောက်ခြင်းအတွက် မြေငှားစာချုပ်(ဂရန်) ထုတ်ပေးမည်ဖြစ်ကြောင်း ဖြေဆိုရေးသားပေးလိုက် ပါသည်။

 

⚖️ မေးခွန်း(၃) - လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ(၇) လျှောက်ထားခြင်းအကြောင်း သိလိုပါတယ်ရှင့်။

လယ်ယာမြေလုပ်ပိုင်ခွင့်ပုံစံ(၇)ဆိုသည်မှာ လယ်ယာမြေကို တရားဝင်လုပ်ပိုင်ခွင့်အသိအမှတ်ပြု လက်မှတ်ပင်ဖြစ် ပါသည်။ ၂၀၁၂ခုနှစ်၊ လယ်ယာမြေဥပဒေအရ လယ်ယာစိုက်ပျိုးမြေအမျိုးအစားထဲတွင် လယ်မြေ၊ယာမြေ၊ ကိုင်းကျွန်းမြေ၊ တောင်ယာ မြေ၊ နှစ်ရှည်ပင် စိုက်ပျိုးသောမြေ၊ ဓနိမြေ၊ ဥယျာဉ်မြေ၊ ဟင်းသီးဟင်းရွက်၊ ပန်းမန်စိုက်ပျိုးသည့် ခြံမြေ၊ မြေနု ကျွန်းမြေတို့ ပါဝင်ပါသည်။

လက်ရှိလယ်ယာမြေကို အသုံးပြုခွင့်ရရှိထားသူမှ ၂၁၁၂ခုနှစ် လယ်ယာမြေဥပဒေနှင့်အညီ အခန်း(၂)၊ ပုဒ်မ-(၄)အရ ပုံစံ(၇) လျှောက်ထားခြင်းပြုနိုင်ပါသည်။ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့အောက်ရှိ ရပ်ကွက်/ကျေးရွာအုပ်စု လယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့မှ တဆင့်မြို့နယ်ဦးစီး ဌာနသို့ ပုံစံ-(၇) လျှောက်ထားခြင်းပြုနိုင်ပါသည်။

လယ်ယာမြေလုပ်ပိုင်ခွင့်လျှောက်ထားသူသည် အောက်ပါအချက်အလက်များဖြင့် ကိုက်ညီရပါမည်။

- လယ်ယာမြေကို အသုံးပြုခွင့်ရရှိထားသော အိမ်ထောင်စု (သို့) အိမ်ထောင်စုဝင်ဖြစ်ရမည်။ - လက်ရှိလယ်ယာမြေဥပဒေ မထွက်ခင်ကတည်းက ဥပဒေနှင့်အညီ လယ်ယာမြေကို လက်ငုတ်လုပ်ကိုင်နေသူဖြစ် ရမည်။ - အသက်(၁၈)နှစ်ပြည့်ပြီးသူ - နိုင်ငံသား၊ဧည့်နိုင်ငံသား(သို့)နိုင်ငံသားပြုခွင့်ရသူ - အဖွဲ့အစည်းဖြစ်ပါက လယ်ယာမြေကို မသုံးပြုခွင့်ရရှိထားသော အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း၊ အစိုးရမဟုတ် သော အဖွဲ့အစည်း၊ကုမ္ပဏီ(သို့)အသင်းအဖွဲ့ဖြစ်ရမည်။ - အကြောင်းထူးမရှိလျှင် သက်ဆိုင်ရာ ရပ်ကွက်(သို့)ကျေးရွာအုပ်စုတွင် အခြေချနေထိုင်သူဖြစ်ရန် လိုပါသည်။

လယ်ယာမြေလုပ်ပိုင်ခွင့်ပုံစံ-(၇) လျှောက်ထားခြင်းအား လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ ခွင့်ပြုပါက မြို့နယ်ဦးစီးဌာန တွင် သတ်မှတ်မှတ်ပုံတင်ကြေးအား ထမ်းဆောင်ကာ ပုံစံ-(၇) ထုတ်ယူနိုင်ပါသည်။

လယ်ယာမြေအားပြန်လည်ရောင်းချခြင်း၊လဲလှယ်ခြင်း၊ပေးကမ်းခြင်း၊အမွေဆက်ခံခြင်းပြုလိုလျှင်လဲ သတ်မှတ် မှတ်ပုံတင်ကြေးနှင့် တံဆိပ်ခေါင်းခွန် ထမ်းဆောင်ကာ ပုဒ်မ-၈ အရ ပုံစံ-(၇) အမည်ပြောင်း ဆောင်ရွက်နိုင် ပါသည်။ လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူသည် မြေခွန်နှင့် အခွန်အခများ ပေးဆောင်ရပါမည်။ပေါင်နှံခြင်းများတွင်လဲ အစိုးရဘဏ်(သို့)အစိုးရကအသိအမှတ်ပြုသော ဘဏ်တွင်သာ ပေါင်နှံခြင်းပြုနိုင်ပါသည်။ လယ်ယာမြေအား လုပ်ပိုင်ခွင့်ရရှိထားသူသည် သတ်မှတ်သီးနှံကိုသာ စိုက်ပျိုးရမည်ဖြစ်ကာ စိုက်ပျိုးမြေအား ချန်လှပ်ထားခွင့်လဲ မရှိကြောင်းနှင့် လယ်ယာမြေကို ခွင့်ပြုမိန့်မရရှိဘဲ အခြားနည်းအသုံးပြုခွင့်လဲ မရှိကြောင်း ဖြေဆိုပေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service